← Chapters

အခန်း ၄၅၅

Vol. 46 Ch. 455

အခန်း ၄၅၅

Vol. 46 Ch. 455

အခန်း (၄၅၅)

" ဟားဟား ယွီချင်းပြောတာမှန်တယ်။ ဂုဏ်သတင်းအကြီးဆုံးက ဘယ်သူလဲလို့ မေးရင် ငါတို့ချင်နိုင်ငံက ဝူအန်းကျွင်းပဲ ရှိတယ်။ " ရင်ကျန့်က ရယ်မောပြီး ပြောလိုက်သည်။

" အရှင်မင်းကြီးက မြော်အမြင် ကြီးမားလှပါတယ်။ " ယွီလျောင်က ပြောလိုက်သည်။

" ဝူအန်းကျွင်း နွေဦးပြီးရင် သွားဖို့ပြင်ဆင်ထားပါ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" အမိန့်ကို လက်ခံပါတယ်။ " ကျောက်ဖုန်းက ကျေနပ်စွာ ပြန်ပြောလိုက်သည်။

" ကောင်းပြီ။ ဆီးနှင်းဘေးအန္တရာယ်နဲ့ ပက်သက်ပြီး ဆက်ဆွေးနွေးကြတာပေါ့။ " ရင်ကျန့်က ပြောလိုက်သည်။

ထိုကိစ္စနှင့်ပက်သက်၍ နန်းတော်မှ အရင်းအမြစ်များ ခွဲဝေပေးပြီး အစိုးရရုံးများကို ကယ်ဆယ်ရေးအား အစွမ်းကုန်လုပ်ဆောင်ရန်သာ တိုက်တွန်းနိုင်သည်။ အခြားနည်းလမ်းမရှိပေ။

" အခုထိတော့ ကျောက်မီးသွေးမရှိသေးဘဲ ထင်းမီးသွေးဘဲရှိသေးတယ်။ အနာဂတ်မှာ ဒါတွေကို ဖန်တီးဖို့လိုတယ်။ ဝါဂွမ်းမျိုးတွေကိုတော့ အနာဂတ်မှာ အနောက်ဘက်နယ်စပ်ကို တိုက်ခိုက်ပြီး လုယူဖို့ပဲရှိတယ်။ " ကျောက်ဖုန်းက စိတ်ထဲမှ တွေးလိုက်သည်။

ကျောက်စံအိမ်။

နောက်ဖေးခြံဝင်းက သီးသန့်ပြုလုပ်ထားသော သိုင်းလေ့ကျင့်ကွင်းဖြစ်သည်။ ကိုယ်ရံတော်များ ဝန်းရံထားပြီး အတွင်းလူမဟုတ်လျှင် ဝင်ခွင့်မရှိပေ။

" ခုတ်ပိုင်းစမ်း " ​ကျောက်ချီက အော်ဟစ်လိုက်ပြီး သူ၏ ဓားကို ဝှေ့ရမ်းလိုက်သည်။ ချီစွမ်းအားမှ ဖြစ်ပေါ်လာသော ဓားအလင်းတန်းက ထွက်ပေါ်လာပြီး ရှေ့မှ သစ်သားတိုင်ကို ပိုင်းဖြတ်သွားသည်။ ကျောက်ချီက ဆက်လက်လှုပ်ရှားနေပြီး ဓားချီများ တစ်ခုပြီးတစ်ခု ထွက်လာကာ သစ်သားအပိုင်းအစများကို ပိုင်းဖြတ်သွားသည်။ သူက ရှန်ထျန်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

" တော်တယ်။ " ကျောက်ဖုန်းက လျှောက်လာပြီး ကျေနပ်စွာ ချီးကျူးလိုက်သည်။

" အဖေ ကျွန်တော် ရှန်ထျန်းအဆင့်တစ်ကို တည်ငြိမ်အောင်လုပ်ပြီးပါပြီ။ ညီမလေးလည်း ရှန်းထျန်းအဆင့်ကို ရောက်ခါနီးပြီ။ " ကျောက်ချီက ပျော်ရွှင်စွာ ပြောလိုက်သည်။

" ကောင်းကောင်းလေ့ကျင့်ပါ။ ရှန်ထျန်းအဆင့်က စဦးအဆင့်ပဲရှိသေးတယ်။ မင်းတို့ရဲ့ အနာဂတ်လမ်းကြောင်းက ရှည်လျားပါတယ်။ " ကျောက်ဖုန်းကို ကျောက်ချီကိုကြည့်ပြီး ပြောလိုက်သည်။

" စိတ်ချပါ အဖေ။ သား ကြိုးစားလေ့ကျင့်ပါမယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

" ပြီးတော့ အပြင်လူတွေရှေ့မှ မင်းတို့ရဲ့ ကျင့်ကြံမှုကို မပြနဲ့။ " ကျောက်ဖုန်းက ထပ်မံသတိပေးလိုက်သည်။

" စိတ်ချပါ အဖေ။ " ကျောက်ချီက ချက်ချင်း ပြန်ပြောလိုက်သည်။

" အဲ့ဒါကောင်းတယ်။ " ကျောက်ဖုန်းက သူ၏ စွမ်းအားဖြင့် ဘယ်သူကိုမှ ဂရုစိုက်စရာမလိုသော်လည်း ချင်နိုင်ငံတွင် ချင်ဘုရင်က အုပ်ချုပ်နေဆဲ ဖြစ်သောကြောင့် ပြဿနာများ မဖြစ်လိုပေ။

" လင်းအာ မင်းလည်း ကြိုးစားလေ့ကျင့်ရမယ်။ အဲ့ဒါမှ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်လိမ့်မယ်။ " ကျောက်ဖုန်းက ကျောက်လင်းကိုကြည့်ပြီး ပြောလိုက်သည်။

" ဟုတ်ကဲ့။ " ကျောက်လင်းက ခေါင်းညိမ့်လိုက်သည်။

" အဖေ ညီလေးနဲ့ ညီမလေးတို့ ဘယ်တော့စလေ့ကျင့်ကြမှာလဲ။ " ကျောက်ချီက မေးလိုက်သည်။

" အနည်းဆုံး ခြောက်နှစ်လောက်ကျမှပေါ့။ " ကျောက်ဖုန်းက ကျောက်ချီ၏ ခေါင်းကို ပွတ်ပြီး ပြောလိုက်သည်။ ထို့နောက် သူ၏ ကျင့်ကြံခြင်းအခန်းသို့ လျှောက်သွားသည်။

" ရတနာသေတ္တာတွေကို ဖွင့်မယ်။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။

" အဆင့်သုံးရတနာသေတ္တာတွေကို ဖွင့်နေပါပြီ။ "

" အဆင့်လေး ​ဗာမီလီယံသစ်ပင်ဆယ်ပင်ကို ရရှိပါတယ်။ "

" ကောင်းကင်အဆင့် အဆင့်နိမ့် ယန်ကိုးပါးကျင့်စဉ်ကို ရရှိပါတယ်။ " စနစ်မှ အသိပေးချက် ထွက်ပေါ်လာသည်။

" ​ဗာမီလီယံသစ်ပင် အရင်ဘဝက ဝတ္ထုတွေထဲမှာတော့ ဒီစိတ်ဝိညာဉ်သစ်သီးကို စားရင် စွမ်းအားတိုးတယ်လို့ ကြားဖူးတယ်။ သေချာဂရုစိုက်ပျိုးထောင်ပေးရင် အခြားသူတွေရဲ့ ကျင့်ကြံမှုအတွက် အထောက်အကူဖြစ်နိုင်တယ်။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။

" ယန်ကိုးပါးကျင့်စဉ်ကို အနာဂတ်မှာ ကျောက်ချီတို့ကို သင်ပေးလို့ရတယ်။ " ကျောက်ဖုန်းက ခဏစဉ်းစားပြီး ဆုံးဖြတ်ချက်ချလိုက်သည်။

ကျောက်ဖုန်းက အနာဂတ်တွင် သိုင်းတာအိုမင်းဆက်တစ်ခု တည်ထောင်ရန် ရည်ရွယ်ထားသည်။ သူက ထိုအင်ပါယာကို ထိန်းချုပ်ထားနိုင်သကဲ့သို့ သူ၏ သားသမီးများကလည်း ထိန်းချုပ်ထားနိုင်ရမည်ဖြစ်သည်။ ၎င်းအတွက် ကျင့်ကြံမှုက အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

ဤကမ္ဘာတွင် သိုင်းပညာများ မရှိသေးပေ။ ကျောက်ဖုန်းက သိုင်းတာအို၏ ဘိုးဘေးပင်ဖြစ်သည်။ အနာဂတ် ကျင့်ကြံခြင်းကို ဖြန့်ဝေသည်နှင့် ကျောက်ဖုန်းင အနက်ရှိုင်းဆုံးပညာရပ်များကို ပိုင်ဆိုင်ထားမည်ဖြစ်ပြီး ၎င်းတို့က သူ၏ မိသားစုအတွက်ဖြစ်သည်။

" စိတ်ဝိညာဉ်စမ်းချောင်းနားမှာ ​ဗာမီလီယံသစ်ပင်ကို စိုက်လိုက်ရင် မြန်မြန်ကြီးထွားလာလိမ့်မယ်။ " ကျောက်ဖုန်းက မျက်လုံးများမှိတ်လိုက်ပြီး သူ၏ နတ်ဘုရားအာရုံက ကမ္ဘာငယ်ဆီသို့ ရောက်သွားသည်။

ကမ္ဘာငယ်ထဲတွင် နေမရှိသော်လည်း စိတ်ဝိညာဉ်စွမ်းအားရှိသောကြောင့် အလင်းရောင်ရှိနေသည်။ ထို့အပြင် ကမ္ဘာငယ်၏ ပိုင်ရှင်ဖြစ်သော ကျောက်ဖုန်းက နေ့နှင့်ညကို ထိန်းချုပ်နိုင်သည်။

ကမ္ဘာငယ်ထဲတွင် အရာအားလုံးက အဆင်ပြေချောမွေ့နေသည်။ သူတို့က နေထွက်လာလျှင် အလုပ်လုပ်ကြပြီး နေဝင်လျှင် အနားယူကြသည်။ စစ်ဘေးကို ခံစားခဲ့ရသော သူတို့အတွက် ၎င်းက အိပ်မက်တစ်ခုလိုပင်ဖြစ်သည်။ ကမ္ဘာငယ်ထဲတွင် ကိုယ်ပိုင်ပစ္စည်းမရှိဘဲ အရာအားလုံးကို ယန်ထင်က ထိန်းချုပ်ထားသော်လည်း အနာဂတ်တွင် အပြင်လောကကဲ့သို့ တိုးတက်လာမည်ဖြစ်သည်။

" တကယ်ကို စည်ကားနေတာပဲ။ ကြက်တွေဘဲတွေလည်း ရှိတယ်။ အခွင့်အရေးရရင် ယင်ပုနဲ့ အခြားသူတွေကို တိရစ္ဆာန်တွေ ဖမ်းခိုင်းရမယ်။ " ကျောက်ဖုန်းက စိတ်ထဲမှ ကျေနပ်သွားသည်။

သူက ပျက်စီးနေသော ကမ္ဘာငယ်ကို ယခုအခြေအနေထိရောက်အောင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ၎င်းက သူ့ကို ဖန်ဆင်းရှင်တစ်ယောက်ကဲ့သို့ ခံစားနေရသည်။

" အဲ့ဒီကောင်က တော်တော်သက်သောင့်သက်သာ နေနေတာပဲ။ " ကျောက်ဖုန်း၏ အကြည့်က စိတ်ဝိညာဉ်စမ်းချောင်းရှိရာသို့ ရောက်သွားသည်။ နဂါးနက်က စိတ်ဝိညာဉ်စမ်းချောင်းနားတွင် အိပ်ပျော်နေပြီး စိတ်ဝိညာဉ်စွမ်းအားများက သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်နေသည်။

အချိန်ကြာပြီးနောက် စိတ်ဝိညာဉ်စမ်းချောင်းက ယခု ကျန့်တစ်ရာကျော်ရှည်သော ရေကန်ကြီးတစ်ခု ဖြစ်နေပြီဖြစ်သည်။ ထိုရေအားလုံးက စိတ်ဝိညာဉ်စွမ်းအားများဖြစ်ပြီး တန်ဖိုးမဖြတ်နိုင်ပေ။

" အခွင့်အရေးရရင် ကျောက်ချီနဲ့ အခြားသူတွေကို ဒိထဲမှာ စိမ်ခိုင်းရမယ်။ ဒါက သူတို့ရဲ့ မွေးရာပါပါရမီကို အထောက်အကူဖြစ်စေလိမ့်မယ်။ " ကျောက်ဖုန်းက တွေးလိုက်သည်။ သူက ​ဗာမီလီယံသစ်ပင်များကို ယူပြီး မြေကြီးထဲသို့ စိုက်လိုက်သည်။ ထို့နောက် သူက စိတ်ဝိညာဉ်စမ်းချောင်းမှ ရေကို ထိန်းချုပ်ပြီး ​ဗာမီလီယံသစ်ပင်များကို လောင်းလိုက်သည်။

စိတ်ဝိညာဉ်စွမ်းအားများကြောင့် ​ဗာမီလီယံသစ်ပင်များက လျင်မြန်စွာ ကြီးထွားလာကြသည်။ ခဏအတွင်း ၎င်းတို့က လက်သီးဆုပ်အရွယ်သစ်ပင်များ ဖြစ်လာသည်။

" ကြီးထွားမှုနှုန်းအရဆိုရင် ​ဗာမီလီယံသစ်ပင်တွေက တစ်နှစ်လောက်ဆိုရင် အသီးသီးလာလိမ့်မယ်။ စိတ်ဝိညာဉ်စွမ်းအားက အချိန်ကိုတောင် အစားထိုးနိုင်တယ်။ " ကျောက်ဖုန်းက စိတ်ထဲမှ တွေးလိုက်ပြီး သူ၏ စိတ်ဝိညာဉ်အာရုံကို ကမ္ဘာငယ်မှ ပြန်ဆုတ်ခွာသွားသည်။

" ကျန်းမင် " ကျောက်ဖုန်းက ခေါ်လိုက်သည်။

" အရှင် ကျွန်တော်ရှိပါတယ်။ " ကျန်းမင်က ခန်းမထဲသို့ ဝင်လာသည်။

" ယန်ထင်ကို အမိန့်တစ်ခုထုတ်လိုက်ပါ။ ဒုက္ခသည်တွေကို စုစည်းတာအပြင် ကုန်းနေရေနေသတ္တဝါတွေကိုလည်း ဖမ်းခိုင်းလိုက်ပါ။ အင်မော်တယ်ဝိုင်ခန်းမကိုလည်း ဝယ်ခိုင်းလိုက်ပါ။ ပမာဏတစ်ခုကို ရောက်ရင် ငါကိုယ်တိုင် လာယူမယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" နားလည်ပါပြီ။ " ကျန်းမင်က အမိန့်ကို လက်ခံပြီး ထွက်ခွာသွားသည်။

" နောက်တစ်ခုကတော့ ကျင့်ကြံတာကိုပဲ အာရုံစိုက်ပြီး နွေဦးရောက်တဲ့အထိ စောင့်ရမယ်။ အခု ငါ့ရဲ့ စွမ်းရည်တွေအားလုံး ရှစ်ထောင်ကျော်သွားပြီဆိုတော့ ကိုးထောင်ကျော်အောင် လုပ်ရမယ်။ " ကျောက်ဖုန်းက စိတ်ထဲမှ တွေးလိုက်သည်။ သူက စတင်ကျင့်ကြံလိုက်ပြီး စိတ်ဝိညာဉ်စွမ်းအားများက သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်။

အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်း တစ်နှစ်ကြာသွားခဲ့သည်။

ရှချူးခရိုင်ရှိ ကျောက်စံအိမ်တွင် ကျောက်ဖုန်း၏ မိသားစုက စုဝေးနေကြသည်။ ရှတုန်အာက ထိပ်ဆုံးတွင် ထိုင်နေပြီး ကျောက်ဖုန်းနှင့် သူ၏ ဇနီးများလည်း ထိုင်နေကြသည်။

" ဒီနေ့က နှစ်သစ်ကူးနေ့ပဲ။ ကျွန်တော် အများကြီး မပြောတော့ဘူး။ စားသောက်ကြမယ်။ ကလေးတွေလည်း ပျော်ပျော်ပါးပါး ဆော့ကြပါ။ " ကျောက်ဖုန်းက ဝိုင်ခွက်ကို မြှောက်ပြီး ပြောလိုက်သည်။

" အရင်ဆုံး အမေ့အတွက် မင်္ဂလာရှိဖို့ ဂုဏ်ပြုကြတာပေါ့။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" အမေ့အတွက်။ " အမျိုးသမီးများအားလုံးက မတ်တပ်ရပ်ပြီး ဝိုင်ခွက်များကို မြှောက်လိုက်ကြသည်။

ရှတုန်အာက ပြုံး၍ သူမ၏ ဝိုင်ခွက်ကို မြှောက်လိုက်သည်။ သူမက ပုံမှန်ဆို ဝိုင်မသောက်သော်လည်း ယနေ့က နှစ်သစ်ကူးဖြစ်သောကြောင့် သူမ၏ သားသမီးများနှင့်အတူ အနည်းငယ် သောက်နေသည်။

" ချီအာ မင်းရဲ့ ညီလေးတွေ ညီမလေးတွေနဲ့ အဘွားကို ကန်တော့ကြ။ " ကျောက်ဖုန်းက ကျောက်ချီနှင့် ကလေးများကို ကြည့်ပြီး ပြောလိုက်သည်။

" ဟုတ်ကဲ့။ " ကျောက်ချီက ခေါင်းညိမ့်လိုက်ပြီး အကိုကြီးဆုံးအနေဖြင့် သူက ညီငယ်ညီမငယ်လေးများကို ခေါ်ကာ ရှတုန်အာရှေ့တွင် ဒူးထောက်လိုက်ကြသည်။

" အဘွားကျန်းမာပါစေ။ " ကလေးများက ပျော်ရွှင်စွာ ပြောလိုက်ကြသည်။

" ကောင်းတယ်။ မင်းတို့ ကြီးပြင်းလာတာကို ကြည့်ရတာ အဘွားရဲ့ ဘဝကတော့ ပြည့်စုံသွားပါပြီ။ " ရှတုန်အာက အလွန်ဝမ်းသာနေသည်။ ၎င်းက သူမ လိုချင်တောင့်တခဲ့သော အရာဖြစ်သည်။ သားမြေးများနှင့် ပြည့်စုံနေသော မိသားစုတစ်ခု အမှန်တကယ် ဖြစ်လာခဲ့ပြီဖြစ်သည်။

" အမေ အခု ကမ္ဘာကြီးက ပေါင်းစည်းတော့မယ်။ ကျွန်တော်က ဒိနှစ်သစ်ကူးပြီးရင် ချီနိုင်ငံကို တိုက်ခိုက်ဖို့ စစ်တပ်ကို ဦးဆောင်သွားမှာ။ အမေ တကယ်ပဲ ရှချူးမှာ နေချင်တာလား။ ကျွန်တော်တို့နဲ့အတူ ရှန်းယန်ကို မလိုက်ခဲ့ဘူးလား။ ဒီမှာဆို အမေတစ်ယောက်တည်း အထီးကျန်နေမှာပေါ့။ " ကျောက်ဖုန်းက ထပ်မေးလိုက်သည်။

ရှတုန်အာက ကျောက်ဖုန်းကို ကြည့်ပြီး ပြုံးလိုက်သည်။ " ကောင်းပြီလေ။ "

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters