အခန်း ၄၅၆
Vol. 46 Ch. 456
အခန်း (၄၅၆)
" အမေ တကယ်ပြောနေတာလား။ ကျွန်တော်တို့နဲ့အတူ ရှန်းယန်ကို တကယ်လိုက်မှာလား။ " ကျောက်ဖုန်းက အံ့အားသင့်သွားပြီးနောက် ဝမ်းသာသွားသည်။
" တကယ်ပေါ့။ မင်းက မိသားစုတစ်ခုလုံးကို ဟိုခေါ်ဒီခေါ်လုပ်နေရတာ တကယ် ဒုက္ခရောက်တယ်။ ပြီးတော့ ဖုန်းအာ အခု မင်းက အာဏာလည်းရထားတဲ့အပြင် သိုင်းပညာလည်း တတ်ထားတယ်။ အမေ ဘာစိတ်ပူစရာလိုသေးလို့လဲ။ " ရှတုန်အာက ပြုံး၍ ပြောလိုက်သည်။
" အမေ နောက်ဆုံးတော့ စိတ်ပြောင်းသွားပြီပေါ့။ " ကျောက်ဖုန်းက ခေါင်းညိမ့်ပြီး ပြောလိုက်သည်။ " စိတ်ချပါ။ ကျွန်တော်ရှိနေသမျှ ကမ္ဘာပေါ်မှ ဘယ်သူအှ အမေ့ကို ထိခိုက်အောင် မလုပ်စေရဘူး။ "
သူက ထိုသို့ပြောရန် အမှန်တကယ် ယုံကြည်မှုရှိနေပြီဖြစ်သည်။ အင်မော်တယ်များ ရောက်လာလျှင်တောင် ကျောက်ဖုန်းက သူ၏ မိသားစုတစ်ခုလုံးကို ကမ္ဘာငယ်ထဲသို့ ထည့်သွင်းထားနိုင်သည်။ သူက တိုက်ပွဲတွင် မနိုင်လျှင်တောင် လွတ်မြောက်နိုင်စွမ်းရှိသည်။
" ဒီနှစ်သစ်ကူးပြီးရင်တော့ ကျွန်တော်တို့ မိသားစု ရှန်းယန်ကို ပြန်ကြမယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။ သူ၏ အမေက ရှန်းယန်သို့လိုက်ရန် သဘောတူလိုက်သောကြောင့် သူက အလွန်ဝမ်းသာနေသည်။
" ကောင်းပါပြီ။ " ရှတုန်အာက ပြုံး၍ ခေါင်းညိမ့်လိုက်သော်လည်း သူမ၏ စိတ်ထဲတွင် စိုးရိမ်စိတ်အနည်းငယ် ရှိနေသည်။
နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော်လည်း ရှန်းယန်က သူမအတွက် ကြောက်စရာကောင်းသော နေရာတစ်ခု ဖြစ်နေဆဲ ဖြစ်သည်။ နန်းတော်ထဲတွင် သတ်ဖြတ်ခြင်းများ ပြည့်နှင်နေပြီး သူမ အသက်ဆုံးရှုံးလုနီးပါးဖြစ်ခဲ့ရသောနေရာဖြစ်သည်။ ၎င်းတို့ကို သူမက ဘယ်တော့မှ မေ့နိုင်မည်မဟုတ်သော်လည်း ယခု သူမ၏ သားက ဘာကိုမှကြောက်စရာမလိုသော သတ္တိကိုပေးခဲ့သည်။
ကျန်းထိုင်နန်းဆောင်။
ရင်ကျန့်၏ စိတ်ထဲတွင် စိတ်လှုပ်ရှားမှုများ၊ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။
" တုန်အာ မင်း နောက်ဆုံးတော့ ရှန်းယန်ကို ပြန်လာတော့မှာပေါ့။ ကမ္ဘာကြီးကို ပေါင်းစည်းနိုင်တော့မှာပါ။ မကြာခင် မင်းကို တစ်ကမ္ဘာလုံးသိအောင် ကြေညာလိုက်မယ်။ ဖုန်းအာနဲ့ ရင်အာတို့ရဲ့ အဆင့်အတန်းကိုလည်း ထုတ်ပြောတော့မယ်။ ငါတစ်ယောက်မဟုတ်တော့ဘူး။ ငါ့ ဇနီးနဲ့ ငါ့ကလေးတွေအားလုံး ပြန်ဆုံတော့မယ်။ " ရင်ကျန့်က မျှော်လင့်ချက်များဖြင့် တွေးလိုက်သည်။
ရှန်းယန်မြို့၏ အပြင်ဘက်တွင် ကိုယ်ရံတော်လေးထောင်၏ စောင့်ရှောက်မှုနှင့်အတူ ရထားလုံးအချို့က ရှန်းယန်မြို့ဆီသို့ လာနေသည်။ ချင်နိုင်ငံတွင် ကိုယ်ရံတော်လေးထောင်ရှိသောလူက ကျောက်ဖုန်းတစ်ယောက်သာ ရှိသည်။ ကျောက်ဖုန်းက ရာထူးတိုးလာသည်နှင့်အမျှ သူ၏ ကိုယ်ရံတော်အရေအတွက်ကလည်း လေးထောင်ထိ ရောက်သွားခဲ့သည်။
သူ၏ ကိုယ်ရံတော်လေးထောင်နှင့် ကျောက်ဖုန်းက ရှန်းယန်ကို သိမ်းပိုက်နိုင်သည်။ အချိန်ကြာလာပြီးနောက် သူ၏ ကိုယ်ရံတော်များထဲတွင် ဟောက်ထျန်းအဆင့်ခုနှစ်အောက်မရှိတော့ဘဲ ရှန်းထျန်းအဆင့်များစွာ ရှိနေသည်။
" အမေ ကျွန်တော်တို့ ရှန်းယန်ကို ရောက်ပြီ။ " ကျောက်ဖုန်းက လိုက်ကာကို လှပ်ပြီး ရှန်းယန်မြို့တံခါးကို ပြလိုက်သည်။
" ၂၈နှစ်တောင်ရှိသွားပြီ။ ငါ ပြန်ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ " ရှတုန်အာက စိတ်ထဲမှ ရေရွတ်လိုက်သည်။
ကျောက်ဖုန်း၏ ရထားလုံးက မြို့တံခါးသို့ ရောက်သောအခါ တာဝန်ကျစစ်သည်များက လာရောက်နှုတ်ဆက်ကြသည်။
" ဝူအန်းကျွင်းကို ကြိုဆိုပါတယ်။ " စစ်သည်များက ဦးညွှတ်ပြီး ပြောလိုက်ကြသည်။
" အားလုံးကို ကျေးဇူးတင်ပါတယ်။ " ကျန်းမင်က ကျောက်ဖုန်းကိုယ်စားပြောလိုက်ပြီး ကိုယ်ရံတော်များနှင့်အတူ မြို့ထဲသို့ ဝင်ရောက်သွားသည်။
ကျောက်စံအိမ်သို့ ရောက်သောအခါ ရှတုန်အာက ရထားလုံးပေါ်မှ ဆင်းပြီး ရှေ့မှ စံအိမ်ကြီးကို ကြည့်လိုက်သည်။ ရင်ကျန့်နှင့်အတူ ရှန်းယန်ကို ပြန်ရောက်ခါစတွင် နန်းတော်၏ ပတ်ဝန်းကျင်ကို လျှေုက်လည်ခဲ့ဖူးသည်။
" အမေ ဒီနေ့ကစပြီး စံအိမ်မှာ အေးအေးဆေးဆေးနေပါ။ ကျွန်တော်တို့မိသားစု နောက်ဆုံးတော့ ဟိုပြေးဒီပြေး လုပ်စရာမလိုတော့ဘူး။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" ကောင်းပါပြီ။ " ရှတုန်အာက ခေါင်းညိမ့်ပြီး ပြောလိုက်သည်။
" ယန်အာ ပြီးရင် အမေကို စံအိမ်ထဲ လိုက်ပြလိုက်ဦး။ " ကျောက်ဖုန်းက ဝမ်ယန်ကို ပြောလိုက်သည်။
" အင်း အမေကို သေချာလိုက်ပြလိုက်ပါမယ်။ " ဝမ်ယန်က ပြုံး၍ ပြန်ဖြေလိုက်သည်။
ထို့နောက် သူတို့က စံအိမ်ထဲသို့ ဝင်သွားကြသည်။ စံအိမ်ထဲမှ အစေခံခုနှစ်ရာရှစ်ရာလောက်က စုဝေးနေကြသည်။ ကျောက်ဖုန်း၏ စံအိမ်က အလွန်ကြီးမားသည်။ ချင်ဘုရင်ပေးသော အစေခံများအပြင် ယန်ထင်မှ ဝူချန်များလည်း ရှိနေသည်။
" သခင်မကြီးကို ကြိုဆိုပါတယ်။ " ရှတုန်အာ ရောက်လာသောအခါ အိမ်တော်ထိန်းက ဦးဆောင်ပြီး အစေခံအားလုံးက ဒူးထောက်လိုက်ကြသည်။
" အားလုံးထကြပါ။ " ရှတုန်အာက ချက်ချင်း လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ် သခင်မကြီး။ " အစေခံအားလုံးက ပြောလိုက်ကြသည်။
အစေခံအများစုက မသက်မသာ ခံစားလိုက်ရသည်။ သူတို့က သခင်မကြီးနှင့်ပက်စက်၍ လေးစားကြောက်ရွံ့ကြသည်။ အကယ်၍ သခင်မကြီးက သဘောထားတင်းမာသူဖြစ်လျှင် သူတို့အတွက် ကောင်းသော ကိစ္စမဟုတ်ပေ။
" ကောင်းပြီ။အားလုံး သွားကြတော့။ ငါ့အမေ စိတ်သဘောထားနူးညံ့ပါတယ်။ အရင်အတိုင်းပဲနေကြပါ။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" ဟုတ်ကဲ့ပါ သခင်။ " အစေခံများက ဦးညွှတ်ပြီး ထွက်ခွာသွားကြသည်။
" တပ်မှူးရန်ရှောင် ရောက်လာပါတယ်။ ပြီးတော့ လက်ဆောင်ပစ္စည်းရထားလုံးတွေလည်း ဆယ်စီးကျော်ပါပါတယ်။ " ကျန်းမင်က ပြောလိုက်သည်။
သူ၏ နောက်တွင် ရန်ရှောင်က လက်ဆောင်ပစ္စည်းများနှင့်အတူ ရောက်လာသည်။
" တပ်မှူးရန်ရှောင် ဘာကိစ္စရှိလို့လဲ။ " ကျောက်ဖုန်းက ပြုံး၍ မေးလိုက်သည်။
" အရှင်မင်းကြီးက ဝူအန်းကျွင်းရဲ့ မိခင် ရှန်းယန်ကို ရောက်လာတယ်ဆိုလို့ လက်ဆောင်တွေ ပို့ခိုင်းလိုက်တာပါ။ " ရန်ရှောင်က ပြုံး၍ ပြောလိုက်သည်။
" အရှင်မင်းကြီးကို ကျေးဇူးတင်ကြောင်း ပြောပေးပါဦး။ " ကျောက်ဖုန်းက ပြန်ပြောလိုက်သည်။
ချင်ဘုရင်၏ အမြန်နှုန်းကို သူတကယ် အံ့အားသင့်ရသည်။ သူပြန်ရောက်လာပြီး မကြာမီ ချင်ဘုရင်က လက်ဆောင်များ ပေးပို့လိုက်သည်။ သူ မြို့ထဲဝင်သည်နှင့် ချင်ဘုရင်က ချက်ချင်း ပြင်ဆင်ခဲ့ခြင်းဖြစ်ပေလိမ့်မည်။
" ဖုန်းအာ သား နန်းတော်ထဲကို သွားပြီး အရှင်မင်းကြီးကို ကျေးဇူးတင်စကားပြောသင့်တယ်။ " ရှတုန်အာက ပြုံး၍ ပြောလိုက်သည်။
" ယန်အာ အမေ့ကို ကောင်းကောင်းဂရုစိုက်လိုက်ပါ။ ငါ နန်းတော်ကို ခဏသွားလိုက်ဦးမယ်။ " ကျောက်ဖုန်းက ဝမ်ယန်ကို ပြောလိုက်သည်။
" သွားပါ ယောကျာ်း။ ကျွန်မတို့ အမေကို ဂရုစိုက်လိုက်ပါမယ်။ " ဝမ်ယန်က ချက်ချင်း ပြန်ပြောလိုက်သည်။
ကျန်းထိုင်နန်းဆောင်အတွင်း ရင်ကျန့်က အစီရင်ခံစာများ စစ်ဆေးနေသေည်လည်း သူ၏ အာရုံက ပျံ့လွင့်နေသည်။ ရှတုန်းအာ ရှန်းယန်ကို ရောက်နေပြီဆိုတာ သိပြီးနောက် သူမဆီသို့ ချက်ချင်း ပြေးသွားချင်နေသည်။
" တုန်အာကို နန်းတော်ကို တန်းခေါ်လိုက်ရမလား။ ဘာပဲဖြစ်ဖြစ် ကျောက်ဖုန်းရဲ့ အမေဆိုတော့ ကိစ္စမရှိဘူး။ အခု ချီနိုင်ငံပဲ ကျန်တော့တယ်။ " ရင်ကျန့်က ရှတုန်အာကို ခေါ်ရန် စဉ်းစားနေမိသည်။
" ဝူအန်းကျွင်း ရောက်လာပါပြီ။ " ခန်းမ၏ အပြင်ဘက်မှ ကျောက်ကောင်း၏ အသံက ထွက်ပေါ်လာသည်။
" ဝင်ခဲ့ပါ။ " ရင်ကျန့်က အသိပြန်ဝင်လာပြီး အမိန့်ပေးလိုက်သည်။
" အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ " ကျောက်ဖုန်းက လေးနက်စွာ ဦးညွှတ်လိုက်သည်။
" ဒီတစ်ခါ ပြန်လာတာ တော်တော်မြန်တာပဲ။ တစ်လတောင် မပြည့်သေးဘူး။ " ရင်ကျန့်က ပြုံးလိုက်သည်။
" ကျွန်တော်မျိုး အမေက ရှန်းယန်ကို လိုက်လာဖို့ သဘောတူလိုက်လို့ပါ။ အခုဆို ဟိုပြေးဒီပြေး မလုပ်ရတော့ဘူးပေါ့။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" အဲ့ဒါ တကယ်ကောင်းပါတယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" ရှချူးက ရှန်းယန်နဲ့ဆို မိုင်တစ်ထောင် ဝေးတယ်။ အခုလိုပြေးလွှားနေရတာ တော်တော်ပင်ပန်းနေပြီ။ အမေ့ကို မြို့တော်ကို ခေါ်တိုင်း သူက ငြင်းနေတာ။ ဒီတစ်ခါတော့ သဘောတူလိုက်တယ်။ " ကျောက်ဖုန်းက ပျော်ရွှင်စွာ ပြောလိုက်သည်။
" ဟားဟား အခုတော့ မင်းအမေကို အေးအေးဆေးဆေး ပြုစုနိုင်ပြီပေါ့။ " ရင်ကျန့်က ရယ်မောလိုက်သည်။
" ငါ မင်းအမေနဲ့ မတွေ့ဖူးသေးဘူး။ မင်းပြန်ရောက်ရင် မင်းအမေကို နန်းတော်ကို လာခိုင်းလိုက်ပါ။ ဒီလောက်ထူးချွန်တဲ့သူမျိုးကို ပျိုးထောင်နိုင်တာ ဘယ်လိုလူမျိုးလဲဆိုတာ ကြည့်ချင်သေးတယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" ဒါဆို ကျွန်တော်မျိုးပြန်ရောက်ရင် အမေကို နန်းတော်ကို လွှတ်လိုက်ပါမယ်။ " ကျောက်ဖုန်းက ငြင်းဆန်ခြင်းမရှိဘဲ ပြောလိုက်သည်။
" ကောင်းပြီ။ " ရင်ကျန့်က စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိမ့်လိုက်သည်။
ကျောက်ဖုန်းက ထိုနေရာတွင် ဆက်ရပ်နေသည်ကို မြင်သောအခါ ရင်ကျန့်က အံ့ဩသွားသည်။
" မင်းက ဘာလို့မပြန်သေးတာလဲ။ "
" အရှင်မင်းကြီး ကျွန်တော်မျိုးက အခုမှရောက်တာလေ။ " ကျောက်ဖုန်းက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
" ငါမင်းအမေနဲ့တွေ့ချင်တယ်။ မင်းအရင်ပြန်တော့။ မင်းနဲ့ ဆွေးနွေးစရာမရှိဘူး။ ဒါနဲ့ နှစ်တွေအရည်ပျော်သွားပြီဆိုတော့ ချီနိုင်ငံကို တိုက်ဖို့ အကောင်းဆုံးအချိန်ပဲ။ လာမယ့် ရက်အနည်းငယ်အတွင်းမှာ ယွင်းကျုံးကို သွားပြီး ချီနိုင်ငံကို တိုက်ခိုက်ဖို့ စစ်တပ်ကို ဦးဆောင်ပါ။ ရိက္ခါပစ္စည်းတွေလိုအပ်ရင် ငါ့အမိန့်နဲ့ ထုတ်လိုက်ပါ။ " ရင်ကျန့်က ပြောလိုက်သည်။
ထို့နောက် သူက ဝူအန်းစခန်း၏ ကျားတံဆိပ်နှင့် အမိန့်တော်ကို ထုတ်ပြီး ကျောက်ဖုန်းကို ပေးလိုက်သည်။ ၎င်းကို မြင်သောအခါ ကျောက်ဖုန်းက နားမလည်နိုင်ဖြစ်သွားသဘ်။ နန်းတော်ထဲဝင်တိုင်း ချင်ဘုရင်က သူ့ကို စကားများစွာပြောပြီး ချက်ချင်း မပြန်ခိုင်းခဲ့ပေ။
ယနေ့တော့ အခြေအနေက လုံးဝပြောင်းပြန်ဖြစ်သည်။ စဉ်းစားစရာ အချက်တစ်ချက်သာ ရှိသည်။ ချင်ဘုရင်က သူ့အမေကို စိတ်ဝင်စားနေတာလား။
" အရှင်မင်းကြီး နန်းတော်ထဲမှာ လှပတဲ့ မိန်းမပျိုတွေ အများကြီးရှိပါတယ်။ ကျွန်တော်မျိုး မိခင်ကိုတော့ မျက်စိမကျလိုက်ပါနဲ့။ ကျွန်တော်မျိုး ဖခင် ဆုံးတာ ဆယ်စုနှစ်ကျော်ကြာပြီဆိုပေမယ့် ကျွန်တော်မျိုးမိခင်က ဂုဏ်သိက္ခါစောင့်ထိန်းသူပါ။ ဒါကြောင့် မသင့်လျော်တာတွေ မလုပ်ပါနဲ့။ " ကျောက်ဖုန်းက စိတ်မသက်မသာဖြင့် ပြောလိုက်သည်။
" ထွက်သွားစမ်း။ " ရင်ကျန့်က မျက်လုံးပြူးသွားပြီး ဒေါသတကြီး အော်လိုက်သည်။
" ဟုတ်ကဲ့။ ကျွန်တော်မျိုး သွားပါပြီ။ " ကျောက်ဖုန်းက အမိန့်တော်နှင့် ကျားတံဆိပ်ကို ကိုင်ပြီး သက်ပြင်းချကာ ထွက်ခွာသွားသည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့