အခန်း ၄၅၇
Vol. 46 Ch. 457
အခန်း (၄၅၇)
" သူက ငါ့ကို သေပြီလို့ ပြောနေတာလား။ မင်းအဖေ မသက်ရှင်ရက် ရှိသေးတယ်ကွ။ ပြီးတော့ မင်းအမေက ငါ့မိန်းမလေ။ ငါ့မိန်းမကို မျက်စိမကျဖို့ လာပြောနေတာလား။ " ရင်ကျန့်က ရရွတ်လိုက်သည်။
" ကျောက်ကောင်း။ " ရင်ကျန့်က ခေါ်လိုက်သည်။
" ကျွန်တော်မျိုး ရှိပါတယ်။ " ကျောက်ကောင်းက ရိုသေစွာ ပြန်ဖြေလိုက်သည်။
" အစားအသောက်တွေ ပြင်ပြီး နေ့လည်ကျရင် ပို့ပေး။ ကြားထဲမှာ ငါ့ကို ဘယ်သူမှမနှောက်ယှက်နဲ့။ " ရင်ကျန့်က လေးနက်စွာ အမိန့်ပေးလိုက်သည်။
" အမိန့်အတိုင်းပါ။ " ကျောက်ကောင်းက ဦးညွှတ်ပြီး ထွက်ခွာသွားသည်။
" ပြန်ရောက်လာပြီလား။ " ရှတုန်အာက ကျောက်ဖုန်း မြန်မြန်ပြန်ရောက်လာသည်ကို မြင်သောအခါ အံ့ဩသွားသည်။
" အမေ အရှင်မင်းကြီးက အမေ့ကို တွေ့ချင်လို့ ခေါ်ခိုင်းလိုက်တယ်။ " ကျောက်ဖုန်းက ရှတုန်အာကို ပြောလိုက်သည်။
" အမေ့ကို ခေါ်တယ်။ " ရှတုန်အာက ထိတ်လန့်သွားပြီး စိုးရိမ်သွားသည်။
" ဟုတ်တယ်။ အရှင်မင်းကြီးက အမေကို တွေ့ချင်လို့ပါ။ အခြားဘာမှမဟုတ်ဘူး။ အမေမသွားချင်ရင်လည်း ကျွန်တော် နန်းတော်ကို ပြန်သွားပြောလိုက်မယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" ရတယ်။ ဒါက အရှင်မင်းကြီးပဲ။ သူက သားကို ဆုလာဘ်တွေ အများကြီး ပေးထားတာ အမေ တွေ့ရမှာပေါ့။ " ရှတုန်အာက ချက်ချင်းပြောလိုက်သည်။
" နန်းတော်ထဲမှာ စိတ်မပူနဲ့ အမေ။ ကျွန်တော်က အခု စစ်ဦးစီးချုပ်ဖြစ်နေပြီ။ ဘယ်သူမှအမေကို မထိရဲပါဘူး။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" အင်းပါ။ " ရှတုန်အာက ခေါင်းညိမ့်လိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် ပျော်ရွှင်သော အရိပ်အယောင်များ ပေါ်လာသည်။ ရင်ကျန့်နှင့်မတွေ့ရသည်မှာ ကြာပြီဖြစ်သောကြောင့် သူမ စိတ်လှုပ်ရှားနေသည်မှာ သဘာဝပင်ဖြစ်သည်။
" ယောကျာ်း ကျွန်မ အမေနဲ့အတူ နန်းတော်ထဲ လိုက်သွားပေးရမလား။ " ဝမ်ယန်က မေးလိုက်သည်။
" အဲ့ဒါ ကောင်းတာပေါ့။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။
" မလိုပါဘူး။ အမေတစ်ယောက်တည်း သွားလိုက်ပါမယ်။ " ရှန်တုန်အာက လက်ကာပြီး ပြောလိုက်သည်။
ရှတုန်အာ၏ အမူအရာကို ကြည့်ပြီး ကျောက်ဖုန်းက အနည်းငယ် သံသယဝင်သွားသော်လည်း အများကြီးမတွေးဘဲ ခေါင်းညိမ့်လိုက်သည်။
ကျန်းထိုင်နန်းဆောင်။
" အရှင်မင်းကြီး ဝူအန်းကျွင်းရဲ့ မိခင် ရောက်လာပါပြီ။ " ရန်ရှောင်၏ အသံက ထွက်ပေါ်လာသည်။
" ဝင်ခဲ့ပါ။ " ရင်ကျန့်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူတို့ဇနီးမောင်နှံ ပြန်ဆုံရတော့မည်ဖြစ်သည်။
ခန်းမတံခါး ပွင့်လာပြီး ရှတုန်အာ၏ ပုံရိပ်က ထွက်ပေါ်လာသည်။ သို့သော် သူက ခန်းမအပြင်ဘက်တွင် နန်းတွင်းကိုယ်ရံတော်တပ်ဖွဲ့ကို မြင်လိုက်ရသည်။
" ရန်ရှောင် အားလုံးခေါ်ပြီး ကျန်းထိုင်နန်းဆောင်နဲ့ ငါးကျန့်အကွာမှာ နေနေ။ ငါ့အမိန့်မရှိဘဲ ဘယ်သူမှ မချဉ်းကပ်စေနဲ့။ "
" နားလည်ပါပြီ။ " ရန်ရှောင်က ခန်းမတံခါးများကို ပိတ်ပြီး ထွက်ခွာသွားသည်။
" တုန်အာ " ရင်ကျန့်က ရှတုန်အာဆီသို့ ပြေးသွားပြီး ချက်ချင်း ပွေ့ဖက်လိုက်သည်။
" အကို " ရှတုန်အာက ခေါ်လိုက်ပြီး သူမ၏ အသံတွင် ဝမ်းနည်းမှုများ ပါဝင်နေသည်။
နှစ်ယောက်လုံး၏ မျက်လုံးများမှ မျက်ရည်များ စီးကျလာပြီး တစ်ယောက်နှင့် တစ်ယောက် တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားကြသည်။
" တုန်အာ စိတ်ချပါ။ ချီနိုင်ငံက မကြာခင် ပျက်စီးတော့မှာ။ နယ်မြေတစ်ခုလုံး ငါ့ လက်ထဲ ရောက်လာတော့မယ်။ အဲ့ဒီအချိန်ကျရင် မင်း ရှတုန်အာက ငါ့ရဲ့ ဇနီး၊ ငါ ကလေးတွေ ဖုန်းအာနဲ့ ရင်အာတို့ကို တစ်ကမ္ဘာလုံးသိပေါင် ကြေညာလိုက်မယ်။ မင်းတို့ ဆုံးရှုံးခဲ့ရတာတွေကို ငါပြန်ပြီး ပေးဆပ်မယ်။ " ရင်ကျန့်က ပြတ်သားစွာ ပြောလိုက်သည်။
" အကို ကျွန်မတို့ မိသားစု အတူရှိနေရင် ရပါပြီ။ အဲ့ဒါတွေ ကျွန်မ မလိုအပ်ပါဘူး။ " ရှတုန်အာက တိုးညှင်းစွာ ပြောလိုက်သည်။
" မင်းမလိုချင်ပေမယ့် ငါ ဒါကို ပေးကိုပေးရမယ်။ " ရင်ကျန့်က ရှတုန်အာကို ကြည့်ပြီး ကြင်နာစွာ ပြောလိုက်သည်။ " တုန်အာ ငါတို့သားက တကယ်ထူးချွန်တယ်။ ချင်နိုင်ငံက တစ်နေ့ကျရင် သူ့အပိုင်ဖြစ်လာလိမ့်မယ်။ ငါ ဖုန်းအာကို စတွေ့တုန်းက ဒီလောက်အရည်အချင်းရှိတဲ့ လူငယ်က ငါ့သားဖြစ်ရင် ကောင်းမှာပဲလို့ တွေးမိခဲ့တယ်။ ကောင်းကင်က အမြင်ရှိတယ်။ သူက တကယ် ငါ့သားဖြစ်နေပြီး မင်းကိုလည်း ငါ့ဆီ ခေါ်လာပေးခဲ့တယ်။ "
" ဖုန်းအာက ဒါကို မလိုချင်ဘူးထင်တယ်။ " ရှတုန်အာက ဖြည်းညင်းစွာ ပြောလိုက်သည်။
" ချင်နိုင်ငံကို မလိုချင်ဘူးလား။ " ရင်ကျန့်က အံ့အားသင့်သွားသည်။
" ဒီနှစ်တွေအတွင်းမှာ ဖုန်းအာက ချင်နိုင်ငံ ပျက်စီးဖို့ ပြင်ဆင်နေခဲ့တယ်။ " ရှတုန်အာက စိတ်ပျက်သွာ ပြောလိုက်သည်။
" ချင်နိုင်ငံက ပျက်စီးမှာလား။ ငါရှိနေရက်နဲ့ ချင်နိုင်ငံက ဘယ်လိုလုပ်ပျက်စီးမှာလဲ။ " ရင်ကျန့်က ပို၍ အံ့အားသင့်သွားသည်။
" ဖုန်းအာပြင်ဆင်နေတာက အကိုရှိနေတဲ့ အချိန်ကို မဟုတ်ဘဲ အဲ့ဒီနောက်အတွက်ပါ။ အကိုရဲ့ သားတွေက ချင်နိုင်ငံကို ဆက်ထိန်းထားနိုင်မှာမဟုတ်ဘူး။ အကိုရင် ကွယ်လွန်သွားရင် ချင်နိုင်ငံက ဖရိုဖရဲဖြစ်ကုန်လိမ့်မယ်လို့ သူက ပြောတယ်။ " ရှတုန်အာက ခေါင်းခါပြီး ပြောလိုက်သည်။
" ဒီကောင်လေးက တကယ် အဝေးကြီး တွေးတတ်တာပဲ။ ဒါပေမယ့် သူပြောတာမှန်တယ်။ ဖုန်းအာကလွဲရင် ငါ့သားတွေထဲမှာ ထူးချွန်တဲ့သူ မရှိဘူး။ ချင်နိုင်ငံကို သူတို့ လက်ထဲအပ်လိုက်ရင် တကယ်ပဲ ရှုပ်ထွေးသွားနိုင်တယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။ " ချင်နိုင်ငံက နိုင်ငံတွေကို သိမ်းပိုက်ခဲ့ပေမယ့် သူတို့ အကြွင်းအကျန်တွေက အရိပ်ထဲမှာ ပုန်းအောင်းနေတုန်းပဲ။ ချင်နိုင်ငံမှာ တစ်ခုခုရှုပ်ထွေးတာ ဖြသ်လာရင် သူတို့က ချင်နိုင်ငံကို ဆန့်ကျင်ဖို့ ထွက်လာကြလိမ့်မယ်။ "
" ဒါပေမယ့် ဒီကောင်လေးက ချင်နိုင်ငံ ပျက်စီးမယ့်အချိန်ကိုတောင် ပြင်ဆင်နေတယ်။ သူဘာတွေ စီစဉ်ထားလဲ ငါ့ကို ပြောပြပါ။ " ရင်ကျန့်က ကျောက်ဖုန်းအကြောင်း ပို၍ သိချင်လာသည်။ ကျောက်ဖုန်းတွင် လျို့ဝှက်ချက်များ ရှိနေသည်ကို သူသိထားသည်။
" ဖုန်းအာက နယ်မြေပေါင်းစည်းပြီးရင် အကိုဆီက နယ်မြေတစ်ခု တောင်းမယ်။ အကိုရှိနေချိန်မှာတော့ သူက သစ္စာရှိလက်အောက်ခံအဖြစ် နေမယ်။ အကိုက သူ့အပေါ် တကယ်ကောင်းတာကိုး။ ဒါပေမယ့် အကိုမရှိတော့တဲ့အချိန် အကိုရဲ့ သားတစ်ယောက် နန်းတက်လို့ ဖရိုဖရဲဖြစ်လာရင် သူက စစ်တပ်ကို ချက်ချင်း စေလွှတ်ပြီး နယ်မြေတွေကို သိမ်းပိုက်မယ်။ ပြီးရင် ကိုယ်ပိုင်မင်းဆက်တစ်ခု တည်ထောင်မယ်လို့ပြောတယ်။ " ရှတုန်အာက ပြုံး၍ ပြောလိုက်သည်။
ရင်ကျန့်က သူ၏ သားကို ဘယ်လောက်သဘောကျလဲ သူမသိနေသည်။ ယခုအချိန်တွင် ပြောပြလိုက်လည်း ဘာမှမဖြစ်ပေ။
" ဒီကောင်လေး သူက ပိုင်ယွဲ့ကို တိုက်ခိုက်ပြီး အဲ့ဒီမှာ တပ်စွဲဖို့ ဘာလို့တောင်းဆိုတာလဲဆိုတာ အခုတော့ နားလည်သွားပြီ။ ဒါက သူ့ရဲ့ အစီအစဉ်ပဲ။ ပိုင်ယွဲ့မှာ တပ်စွဲထားပြီး ရှန်းကျိုးနယ်မြေ ရှုပ်ထွေးလာရင် သူက စစ်တပ်ကို စေလွှတ်မယ်ပေါ့။ " ရင်ကျန့်က ကျောက်ဖုန်း၏ တောင်းဆိုမှုကို သတိရသွားပြီး ရယ်ရမလိုငိုရမလိုဖြစ်သွားသည်။
" ဖုန်းအာက သူ့ညီတွေကို ဒီလောက်တောင် အထင်သေးတာလား။ " ရင်ကျန့်က စိတ်ပျက်စွာ ပြောလိုက်သည်။
" အကို ဖုန်းအာက အနာဂတ်အတွက် အရာအားလုံးကို ထည့်တွက်ထားတာလေ။ ဒါပေမယ့် အကိုက သူ့အဖေဆိုတာ သိသွားရင် စိတ်ပြောင်းသွားပါလိမ့်မယ်။ " ရှတုန်အာက ပြုံး၍ ပြောလိုက်သည်။
" ဒီကောင်လေး ငါက သူ့အဖေဆိုတာ သိသွားရင် ဘယ်လိုတုန့်ပြန်မလဲဆိုတာ ငါပိုသိချင်လာပြီ။ သူ့အဖေ သေတာကို စောင့်ပြီးမှ နယ်မြေကို ပြန်စုစည်းမှာပေါ့။ " ရင်ကျန့်က ပြောလိုက်သည်။
" ဖုန်းအာက ငယ်ငယ်ကတည်းက ရှချူးမှာ ကြီးပြင်းလာတာလေ။ သူ ဘယ်လိုလုပ်သိမှာလဲ။ " ရှတုန်အာက ရင်ကျန့်ကို ကြည့်လိုက်သည်။
" ဟုတ်သားပဲ။ " ရင်ကျန့်က ရယ်မောလိုက်သည်။ ထို့နောက် သူက တစ်စုံတစ်ခုကို သတိရသွားသည်။
" အရင်က ချီအာက ကျန်းထိုင်နန်းဆောင်ရှေ့က ကျောက်တုံးကြီးတွေကို မပြီးတော့ သိုင်းပညာအကြောင်း ပြောခဲ့တယ်။ အဲ့ဒါဘာလဲ။ " ရင်ကျန့်က စိတ်ဝင်တစား မေးလိုက်သည်။
" ဒါက... အကိုကလည်း သူ့အဖေဆိုတော့ သိလို့ရပါတယ်။ ဒီသိုင်းပညာစွမ်းအားက ဒဏ္ဍာရီလာ အင်မော်တယ်စွမ်းအားပဲ။ " ရှတုန်အာက ပြောလိုက်သည်။ သူက လက်ဝါးဖြန့်ပြီး ချီစွမ်းအားတစ်ခုကို စုစည်းလိုက်သည်။ ထို့နောက် သူမက လက်ဝှေ့ရမ်းလိုက်သည်နှင့် ချီစွမ်းအားက ပြေးထွက်သွားပြီး အနီးမှ စားပွဲတစ်လုံးက အပိုင်းပိုင်း ကွဲထွက်သွားသည်။
ရင်ကျန့်က မျက်လုံးများပြူးသွားပြီး အံ့အားသင့်သွားသည်။
" အဲ့ အဲ့ဒါ... ဘာလဲ။ " ရင်ကျန့်က အံ့ဩသွားသည်။
" သိုင်းတာအိုရဲ့ အစစ်အမှန်ချီပါ။ " ရှတုန်အာက ပြုံး၍ ပြောလိုက်သည်။
" ဒါက သိုင်းပညာလား။ " ရင်ကျန့်က မှင်သက်သွားသည်။ သူက မကြာခင် ကမ္ဘာကြီးကို အုပ်စိုးရမည်ဖြစ်သော်လည်း ယခုအချိန်တွင် အလွန်အံ့အားသင့်သွားသည်။ ထိုသို့သော စွမ်းအားမျိုးကို သူတစ်ခါမှ မမြင်ဖူးခဲ့ပေ။
" ဒါက သိုင်းတာအိုရဲ့ အခြေခံအဆင့်ပဲ ရှိပါသေးတယ်။ ရှန်ထျန်းအဆင့်ပါ။ ချီအာတို့ကတော့ ဟောက်ထျန်းအဆင့်ပဲ။ ရှန်ထျန်းအဆင့်က ပိုမြင့်ပြီး အစစ်အမှန်ချီကို ပိုင်ဆိုင်နိုင်တယ်။ " ရှတုန်အာက တည်ငြိမ်စွာ ပြောလိုက်သည်။
" အင်မော်တယ်စွမ်းအား ဒါက အင်မော်တယ်စွမ်းအားပဲ။ ဖုန်းအာက ဒါကို ဘယ်လိုလုပ်ခဲ့တာလဲ။ သူက မင်းကို ဘယ်လိုလုပ် အင်မော်တယ်စွမ်းအားတွေ ပေးခဲ့တာလဲ။ " ရင်ကျန့်က မေးလိုက်သည်။
" ဖုန်းအာက ကျွန်မတို့ကို ကျင့်စဉ်တစ်ခု သင်ပေးထားတယ်။ သူ့အမျိုးသမီးတွေနဲ့ ကလေးတွေအားလုံးလည်း ကျင့်ကြံနိုင်ကြတယ်။ ဖုန်းအာပေးထားတဲ့ ကျင့်စဉ်နဲ့ ဆေးလုံးတွေကြောင့် ကျွန်မလည်း ရှန်ထျန်းအဆင့်ကို ရောက်သွားတယ်။ " ရှတုန်အာက ပြန်ဖြေလိုက်သည်။
" ဒီကောင်လေး ငါ့ရှေ့မှာ ဘယ်တော့မှ မကြောက်တာ အံ့ဩစရာမရှိပါဘူး။ သူက အင်မော်တယ်စွမ်းအားကို ပိုင်ဆိုင်ထားတာကိုး။ " ရင်ကျန့်က ချက်ချင်း နားလည်သွားသည်။
အခြားအရာရှိများဆိုလျှင် သူ၏ ရှေ့တွင် ကြောက်ရွံ့နေမည်ဖြစ်သေည်လည်း ကျောက်ဖုန်းက သူ၏ ရှေ့တွင် ကြောက်ရွံ့မှုမရှိဘဲ အပြန်အလှန်စကားပြောခဲ့သည်။ သူ၏ စွမ်းအားနှင့် ဘုရင်အာဏာကို ကြောက်စရာမလိုသောကြောင့် ဖြစ်သည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့