← Chapters

အခန်း ၄၅၈

Vol. 46 Ch. 458

အခန်း ၄၅၈

Vol. 46 Ch. 458

အခန်း (၄၅၈)

" ဖုန်းအာက အင်မော်တယ်အမွေအနှစ်ရခဲ့လို့ ကျင့်ကြံခြင်းလမ်းစဉ်ကို စတင်ခဲ့တာလို့ပြောတယ်။ " ရှတုန်အာက ပြောလိုက်သည်။

" ဒီကလေးက အတော်ကံကောင်းတာပဲ။ " ရင်ကျန့်က အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။

" ဒါဆို ဒီကမ္ဘာမှာ အင်မော်တယ်တွေ တကယ်ရှိတာပေါ့။ ဒါပေမယ့် အင်မော်တယ်တွေက ရှာရလွယ်တာမဟုတ်ဘူး။ ဖုန်းအာက ကံကောင်းပြီး သူတို့ရဲ့ အမွေအနှစ်ကို ရခဲ့တာ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" အကို ကွေ့ကူကျိကလည်း အင်မော်တယ်တစ်ယောက်ပါ။ " ရှတုန်အာက ရုတ်တရက် ပြောလိုက်သည်။

" ဘာ... ကွေ့ကူကျိက အင်မော်တယ်တစ်ယောက်လား။ " ရင်ကျန့်က နောက်တစ်ကြိမ် အံ့အားသင့်သွားသည်။

" ဖုန်အာက ကွေ့ကူကို သွားပြီး ကွေ့ကူကျိနဲ့စကားပြောခဲ့တယ်။ အရင်ကတည်းက ကွေ့ကူကျိက ထာဝရတည်ရှိနေပြီး ကမ္ဘာကြီးရဲ့ ပြောင်းလဲမှုတွေကို စောင့်ကြည့်နေတယ်။ ချင်နိုင်ငံပျက်သုဉ်းသွားပြီး ဖုန်းအာက မင်းဆက်တစ်ခုကို တည်ထောင်ခဲ့ရင် ကွေ့ကူကျိက တောင်ပေါ်ကဆင်းလာပြီး ကူညီမယ်လို့ ပြောခဲ့တယ်။ " ရှတုန်အာက ဆက်ပြောလိုက်သည်။

" ဖုန်းအာက မင်းဆက်တစ်ခု တည်ထောင်စရာမလိုတော့ဘူး။ ချင်နိုင်ငံက သူ့ဟာပဲ။ ကွေ့ကူကျိ သူ့တပည့်တိုင်းက ကမ္ဘာကို တုန်လှုပ်စေနိုင်တယ်။ သူက အင်မော်တယ်တစ်ယောက်ဖြစ်လိမ့်မယ်လို့ မထင်ခဲ့ဘူး။ " ရင်ကျန့်က စိတ်လှုပ်ရှားစွာဖြင့် ပြုံးလိုက်သည်။ သူက သူ၏ သားအကြောင်းကို ပိုသိလာရုံသာမက ကမ္ဘာကြီးအကြောင်းကိုလည်း အမှန်အတိုင်း နားလည်သွားသည်။

" အကို ဖုန်းအာက သစ္စာရှိပြီး ဖြောင့်မတ်တဲ့သူပဲ။ သူ့အပေါ် ကောင်းတဲ့သူတွေကို သူ အမြဲမှတ်ထားတယ်။ သူ့အပေါ် မကောင်းတာလုပ်တဲ့သူတွေကိုတော့ လက်စားပြန်ချေတယ်။ အကိုက သူ့အပေါ် ကောင်းကောင်းဆက်ဆံခဲ့လို့ သူ့စိတ်ထဲမှတ်ထားမှာပါ။ မဟုတ်ရင် သူက အဲ့ဒီအဆိပ်ဆေးလုံးတွေအကြောင်း ပြောမှာမဟုတ်သလို အစစ်ကိုလည်း ပေးမှာ မဟုတ်ဘူး။ " ရှတုန်အာက ပြောလိုက်သည်။

"ဖုန်းအာ တကယ်လိုချင်တာက ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးတစ်ခု ဖြစ်နိုင်ပါတယ်။ " ရင်ကျန့်က ပြောလိုက်သည်။

" ဟုတ်တယ်။ သူက အကိုရင်နဲ့ တူတယ်။ " ရှတုန်အာက ခေါင်းညိမ့်လိုက်သည်။

" အခု မင်း စိတ်ပူစရာမလိုတော့ဘူး။ ငါ မင်းကို ကောင်းကောင်းကာကွယ်ပေးနိုင်ပြီ။ " ရင်ကျန့်က ရှတုန်အာကို ပွေ့ဖက်ပြီး ပြောလိုက်သည်။

" အကိုရင် အခု ကျွန်မက အရင်တုန်းက အားနည်းတဲ့ ရှတုန်အာမဟုတ်တော့ဘူး။ " ရှတုန်အာက သူမလက်ကို မြှောက်ပြီး ပြောလိုက်သည်။

" ဟုတ်ပါတယ်။ အခုဆိုရင် တုန်အာက အင်မော်တယ်ဖြစ်တော့မှာကိုး။ " ရင်ကျန့်က ပြုံး၍ မနာလိုသော အရိပ်အယောင်များဖြင့် ပြောလိုက်သည်။

" စိတ်ချပါအကို။ အကိုနဲ့ ဖုန်းအာတို့ တစ်ယောက်နဲ့တစ်ယောက် သိသွားကြရင် သူက အကိုကိုလည်း သင်ပေးမှာပါ။ " ရှတုန်အာက နှစ်သိမ့်ပေးလိုက်သည်။

" သူသာ ငါ့ကို မသင်ပေးရင် မင်းပဲ သူ့ကို ဆုံးမပေးရမယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" မင်း ပြန်သွားရင် ဖုန်းအာကို ငါက သူ့အဖေဆိုတာ မပြောနဲ့ဦး။ ကမ္ဘာကြီး ပေါင်းစည်းပြီးမှ လူတွေအားလုံးရှေ့မှာ သူ့ကို အံ့အားသင့်အောင် လုပ်ရမယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

ရင်ကျန့်၏ အမူအရာကို မြင်သောအခါ ရှတုန်အာက ပြုံးလိုက်သည်။ အချိန်အတော်ကြာသွားခဲ့သည်။

" အရှင်မင်းကြီး နေ့လည်ရောက်နေပါပြီ။ နေ့လည်စာပြင်လိုက်ရတော့မလား။ " ခန်းမအပြင်ဘက်မှ ကျောက်ကောင်း၏ အသံက ထွက်ပေါ်လာသည်။

ထိုအသံကို ကြားသောအခါ ရင်ကျန့်နှင့် ရှန်တုန်အာတို့က လူချင်းခွဲလိုက်လိုက်ကြသည်။

" တုန်အာ မင်းမပြန်ခင် နေ့လည်စာ အတူစားကြမယ်။ ငါတို့အတူ မစားရတာ ကြာလှပြီ။ မင်းအဖေကို မင်း ပြန်ရောက်နေပြီလို့ ငါ ပြောပြီးပြီ။ မင်း သူနဲ့ မကြာခင်တွေ့ရလိမ့်မယ်။ " ရင်ကျန့်က နွေးထွေးစွာ ပြောလိုက်သည်။

" အင်း။ " ရှတုန်အာက ခေါင်းညိမ့်လိုက်သည်။

" ထမင်းပွဲ ပြင်ကြ။ "

ခန်းမတံခါးများ ပွင့်​လာပြီး ကျောက်ကောင်းက အစေခံများနှင့်အတူ ဝင်လာသည်။ ရင်ကျန့်နှင့် မျက်နှာချင်းဆိုင်ထိုင်နေသော ပုံရိပ်ကို မြင်သောအခါ ကျောက်ကောင်းက ထိတ်လန့်သွားပြီး ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရသည်။

ကျောက်ကောင်းက ချဉ်းကပ်သွားသော်လည်း မော့ကြည့်ဘဲ ခေါင်းငုံ့ပြီး ခိုးကြည့်လိုက်သည်။ အစေခံအဖွဲ့တစ်ခု ရောက်လာပြီး ထမင်းပွဲများ ပြင်လိုက်ကြသည်။

" သွားကြတော့။ " ရင်ကျန့်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။

" ဟုတ်ကဲ့။ " အစေခံများက ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။

ကျောက်ကောင်းက ရှတုန်အာကို တစ်ချက် ကြည့်လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူ၏ စိတ်တစ်ခုလုံး တုန်လှုပ်သွားသည်။

" သူမပဲ။ အရင်တုန်းက မိန်းကလေးရှဆိုတာ သူမပဲ။ သူမအသက်ရှင်နေသေးတယ်။ ဘယ်လိုလုပ်အသက်ရှင်နေသေးတာလဲ။ အရှင်မင်းကြီးက အားလုံးကို ထွက်သွားခိုင်းတာ အံ့ဩစရာမရှိတော့ဘူး။ " ကျောက်ကောင်းက အလွန်တုန်လှုပ်သွားသည်။

သူက ရှတုန်အာကို ဘယ်လိုလုပ်မှတ်မိဘဲနေမှာလဲ။ ရင်ကျန့်က ကျောက်နိုင်ငံမှ ပြန်ရောက်လာချိန်တွင် နန်းတော်၏ အပြင်ဘက်ရှိ သံအိမ်တွင် နေထိုင်ခဲ့ပြီး ကျောက်ကောင်းကလည်း လိုက်ပါခဲ့သည်။ ထိုနေရာတွင် ရှတုန်အာလည်း ရှိနေခဲ့သည်။ ထိုအချိန်က စံအိမ်ရှိ လူတိုင်းက ရှတုန်အာမှာ သခင်မဖြစ်ကြောင်း သိထားကြသည်။

ကျောက်ကောင်းက ဘာမှမပြောရဲဘဲ အပြင်သို့ ထွက်လာပြီး ခန်းမတံခါးကို ပိတ်လိုက်သည်။ အပြင်သို့ ရောက်သောအခါ သူက တစ်စုံတစ်ခုကို တွေးမိသွားသည်။

" သူမ အသက်ရှင်နေသေးရင် မိဖုရားခေါငကြီးနေရာက ဘယ်လိုလုပ်မလဲ။ ဒါနဲ့ အရှင်မင်းကြီးက ဝူအန်းကျွင်းရဲ့ အမေကို ခေါ်လိုက်တာဆို။ ဒါဆိုရင်..." ကျောက်ကောင်းက မျက်လုံးများပြူးသွားပြီး အသက်ရှူမြန်လာသည်။ သူက အကြီးမားဆုံး လျို့ဝှက်ချက်တစ်ခုကို သိရှိသွားသည်။

" ကျောက်ဖုန်းက မိန်းကလေးရှရဲ့သား၊ အရှင်မင်းကြီးရဲ့သားပဲ။ " ကျောက်ကောင်းက တုန်လှုပ်စွာဖြင့် တွေးလိုက်သည်။ ထိုအချက်သာ မှန်လျှင် ချင်နိုင်ငံ၏ အနာဂတ်က ပြောင်းလဲသွားပေလိမ့်မည်။

" ကျောက်ဖုန်းသာ အရှင်မင်းကြီးရဲ့သား တကယ်ဆိုရင် သူက ချင်နိုင်ငံရဲ့ အကြီးဆုံးမင်းသားပဲ။ အနာဂတ်ချင်မင်းဆက်က လုံးဝ ပြောင်းလဲသွားလိမ့်မယ်။ " ကျောက်ကောင်းက အလွန်ထိတ်လန့်သွားပြီး ဘာလုပ်ရမှန်းမသိတော့ပေ။

သူက ဟူဟိုက်၏ ဆရာဖြစ်သည်။ သူ၏ လက်ရှိအာဏာက ချင်ဘုရင်ဆီမှ ရလာခြင်းဖြစ်ပြီး ချင်ဘုရင်သာ ကွယ်လွန်သွားလျှင် အကုန်ပျက်စီးသွားပေလိမ့်မည်။ ကျောက်ကောင်းက အာဏာကို ဆုံးရှုံးရမည်စိုးသောကြောင့် မင်းသားဟူဟိုက်ကို ထောက်ခံခဲ့သည်။ သို့သော ယခု အခြေအနေက လုံးဝ ပြောင်းလဲသွားခဲ့သည်။

ကျန်းထိုင်နန်းဆောင်။

ရင်ကျန့်နှင့် ရှတုန်အာတို့က နှစ်ပေါင်းနှစ်ဆယ့်ရှစ်နှစ်အတွင်း ပထမဆုံးအကြိမ် ထမင်းအတူ စားနေကြသည်။ နေ့လည်စာစားပြီး တစ်နာရီကြားပြီးသောအခါ။

" ရန်ရှောင် ကျောက်သခင်မကို ကျောက်စံအိမ်ကို ကိုယ်တိုင်လိုက်ပို့လိုက်ပါ။ " ရင်ကျန့်၏ အသံက ထွက်ပေါ်လာသည်။

" အမိန့်အတိုင်းပါ။ " ရန်ရှောင်က ကျယ်လောင်စွာ ပြန်ဖြေလိုက်သည်။

" သခင်မ ကြွပါ။ " ရန်ရှောင်က ရိုသေစွာ ပြောလိုက်သည်။

ရှတုန်အာက ခေါင်းညိမ့်ပြီး အဆင်သင့်ပြင်ထားသော ရထားလုံးပေါ်သို့ တက်သွားလိုက်သည်။

ကျန်းထိုင်နန်းဆောင်အတွင်း။

ရင်ကျန့်၏ အကြည့်များက လွမ်းဆွတ်မှုများဖြင့် ပြည့်နှက်သွားသည်။

" သိပ်မကြာတော့ပါဘူး။ မကြာခင် ငါတို့မိသားစု အတူတူနေရတော့မှာပါ။ ဒါပေမယ့် ဖုန်းအာ မင်းက ငါ့ကို တကယ်အံ့ဩစေခဲ့တာပဲ။ မင်းက အင်မော်တယ်အမွေအနှစ်ကို ရထားလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး။ မင်းက ငါ့သား ချင်နိုင်ငံရဲ့ အနာဂတ်ဆက်ခံသူဆိုတာ သိသွားရင် မင်းရဲ့ အမူအရာကို ငါ ကြည့်ချင်သေးတယ်။ " ရင်ကျန့်က မျှော်လင့်ချက်များဖြင့် ပြုံးလိုက်သည်။

ကျောက်ကောင်းက အစေခံများကို ခေါ်ပြီး ခန်းမထဲသို့ ဝင်လာကြသည်။ သူတို့က ပန်ကန်များကို သိမ်းဆည်းပြီး ပြန်ထွက်ခါနီးတွင် ရင်ကျန့်က ကျောက်ကောင်းကို ကြည့်လိုက်သည်။

" မင်း နေခဲ့ဦး။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။

ကျောက်ကောင်း၏ ခြေလှမ်းများက ရပ်တန့်သွားပြီး စိုးရိမ်စိတ်များ ဝင်လာသည်။ သို့သော် သူက ဖြည်းညင်းစွာ လှည့်ပြီး ရင်ကျန့်ကို ဦးညွှတ်လိုက်သည်။

" အရှင်မင်းကြီး အမိန့်ရှိပါ။ "

" မှတ်မိလား။ " ရင်ကျန့်က ကျောက်ကောင်းကို အေးစက်စွာ ကြည့်လိုက်ရသည်။

ကျောက်ကောင်းက ကြောက်စိတ်ကို မထိန်းနိုင်တော့ဘဲ ဒူးထောက်ကျသွားသည်။

" ကျွန် ကျွန်တော်မျိုး မှတ်မိပါတယ်။ ဒါပေမယ့် ကျွန်တော်မျိုး ဘယ်သူ့ကိုမှ မပြောပါဘူး။ ပေါက်ကြားသွားရင် အရှင်မင်းကြီး ကျွန်တော်မျိုးကို ကွပ်မျက်နိုင်ပါတယ်။ " ​ကျောက်ကောင်က ကြောက်ရွံ့စွာ ပြောလိုက်သည်။

ရင်ကျန့်၏ ဘေးတွင် နှစ်ပေါင်းများစွာ အမှုထမ်းခဲ့သူဖြစ်သဖြင့် ရင်ကျန့်က အလွန်ရက်စက်သူဖြစ်ကြောင်း ကောင်းကောင်းနားလည်ထားသည်။

ရင်ကျန့်၏ တားမြစ်ချက်ကို ဖောက်ဖျက်လျှင် သေဒဏ်ကျမည်ဖြစ်သည်။ ရှတုန်အာက ရင်ကျန့်၏ တားမြစ်ချက်ဖြစ်သည်။

" မင်းက ၁၈ ယောက်မြောက်မင်းသားအတွက် အရာရှိတွေ စုစည်းနေတယ်ဆိုတာ သတင်းတွေ ထွက်နေတယ်။ " ရင်ကျန့်က တည်ငြိမ်စွာ ပြောလိုက်သည်။

ကျောက်ကောင်း၏ မျက်နှာပေါ်တွင် ချွေးစေးများ စီးကျလာသည်။

" ကျွန် ကျွန်တော်မျိုး မ မလုပ်ရဲပါဘူး။ နောက် နောက်ဘယ်တော့မှ မလုပ်တော့ပါဘူး။ ကျွန်တော်မျိုးက အရှင်မင်းကြီးရဲ့ အစေခံပါ။ ဘယ်တော့မှ စည်းမကျော်ရဲပါဘူး။ မင်းသားဟူဟိုက်ကို ကူညီရတဲ့ အကြောင်းရင်းက သူက ကျွန်တော်မျိုးရဲ့ တပည့်ဖြစ်နေလို့ပါ။ အခုကစပြီး မင်းသားဟူဟိုက်ရဲ့ဆရာလည်း မလုပ်တော့ပါဘူး။ သူနဲ့လည်း မတွေ့တော့ပါဘူး။ ကျွန်တော်မျိုး တစ်သက်လုံး အရှင်မင်းကြီးအပေါ် သစ္စာရှိပါမယ်။ " ကျောက်ကောင်းက အလွန်ကြောက်ရွံ့နေသည်။

" ဒါဆို ဘာလို့ရပ်နေသေးတာလဲ။ " ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။

" နားလည်ပါပြီ နားလည်ပါပြီ။ " ကျောက်ကောင်းက ဦးညွှတ်ပြီး တုန်ယင်စွာဖြင့် ထွက်ခွာသွားသည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters