အခန်း ၄၅၉
Vol. 46 Ch. 459
အခန်း (၄၅၉)
" အခုဆိုရင် ဖုန်းအာက သူ့ရဲ့ အတောင်တွေကို ဖြန့်ကျက်နိုင်ပြီ။ နန်းတွင်းကလည်း အပြောင်းအခဲကို ကြိုဆိုနေပြီ။ နောက်ထပ်ဖုံးကွယ်ထားစရာမလိုတော့ဘူး။ သူတို့ရဲ့ ရည်ရွယ်ချက်တွေကို စောစောဖျက်ဆီးပြီး နောင်လာမယ့်ရက်တွေမှာ ငြိမ်ငြိမ်းချမ်းချမ်းနေတာ ပိုကောင်းတယ်။ " ရင်ကျန့်က တွေးလိုက်သည်။
ဖုစုနှင့် ဟူဟိုက်ကို တိုက်ခိုက်စေခြင်းမှာ လူအများ၏ အာရုံကို လွှဲပြီး ကျောက်ဖုန်းကို မြန်မြန် ပြီးထွားစေချင်သောကြောင့်ဖြစ်သည်။ အကြောင်းမှာ အစပိုင်းတွင် ဖုစုကို ထောက်ခံသူများက အလွန်များပြီး ဟူဟိုက်ထွက်ပေါ်လာချိန်တွင် အခြေအနေက ပြောင်းလဲသွားခဲ့သည်။
သို့သော် ယခု သူ၏ သားက သာမန်လူများ ထိခိုက်အောင် မလုပ်နိုင်သော အင်မော်တယ်စွမ်းအားကို ပိုင်ဆိုင်ထားသောကြောင့် ရင်ကျန့်က ကြောက်စရာမလိုတော့ပေ။
" သိုင်းတာအို အင်မော်တယ်စွမ်းအား။ ငါတကယ်သိချင်နေပြီ။ " ရင်ကျန့်က မျှော်လင့်ချက်များဖြင့် ရေရွတ်လိုက်သည်။
ဟူနန်းဆောင်အတွင်း။
" တော်ဝင်ရထားလုံးမှူး ရောက်လာပါပြီ။ " ခန်းမအပြင်ဘက်မှ အော်ဟစ်သံ ထွက်ပေါ်လာသည်။ ကြင်ယာတော်ဟူနှင့် ဟူဟိုက်တို့က ချက်ချင်း ထရပ်ပြီး ပြုံးလိုက်ကြသည်။
ကျောက်ကောင်းက ဖြည်းညင်းစွာ ဝင်လာပြီး သူ၏ မျက်နှာက ဖြူဖတ်ဖြူရော်ဖြစ်နေသည်။
" ဆရာ ဘာဖြစ်လာတာလဲ။ " ဟူဟိုက်က ကျောက်ကောင်းက်ု ကြည့်ပြီး မေးလိုက်သည်။
" တစ်ခုခုဖြစ်ခဲ့လို့လား။ " ကြယ်ယာတော်ဟူကလည်း စိုးရိမ်စွာဖြင့် မေးလိုက်သည်။
" သခင်မ၊ မင်းသား ဒီနေ့ကစပြီး ကျုပ် မင်းသားရဲ့ ဆရာနေရာကနေ နုတ်ထွက်ပါတော့မယ်။ " ကျောက်ကောင်းက စိတ်ပျက်အားငယ်စွာဖြင့် ပြောလိုက်သည်။ ဤရွေးချယ်မှုကိုသာ မလုပ်ခဲ့လျှင် သူက ကျန်းထိုင်နန်းဆောင်မှာပင် သေဆုံးရပေလိမ့်မည်။
" ဘာလို့လဲ။ " ကြင်ယာတော်ဟူနှင့် ဟူဟိုက်တို့က တုန်လှုပ်သွားကြသည်။
" သခင်မ ကောင်းကင်အမိန့်ကြောင့်သာမဟုတ်ရင် ကျုပ် မပြောဘဲ မနေပါဘူး။ " ကျောက်ကောင်းက စိတ်ပျက်စွာဖြင့် ပြောလိုက်သည်။ ချင်နိုင်ငံတွင် ကောင်းကင်အမိန့်ဆိုသည်မှာ ချင်ဘုရင်၏ အမိန့်ကို ဆိုလိုသည်။
" အရှင်မင်းကြီးလား။ " ကြင်ယာတော်ဟူက မျက်နှာပျက်သွားသည်။
" သခင်မ ကျုပ်အများကြီး မပြောနိုင်ဘူး။ မင်းသားက အဲ့ဒီနေရာအတွက် ဘယ်တော့မှ စိတ်မကူးတော့ပါနဲ့။ မဟုတ်ရင် ဖြစ်လာမယ့်အကျိုးဆက်က ခန့်မှန်းလို့ မရပါဘူး။ ဒါက ကျုပ် နောက်ဆုံးအကြံပြုတာပါ။ ခွင့်ပြုပါဦး။ " ကျောက်ကောင်းက ဦးညွှတ်ပြီး ခန်းမထဲမှ ထွက်ခွာသွားသည်။
ကျန်းထိုင်နန်းဆောင်တွင် ကြောက်စရာကောင်းသော အဖြစ်အပျက်ပြီးနောက် သူက ဤနေရာတွင် ကြာကြာမနေရဲတော့ပေ။ ယခုအချိန်တွင် သူအသက်ရှင်ရန်အတွက် ဟူဟိုက်နှင့် ဆက်ဆံရေးကို ဖြတ်တောက်ရမည်ဖြစ်သည်။
ကြင်ယာတော်ဟူနှင့် ဟူဟိုက်တို့က စိတ်ပျက်သွားကြသည်။
" အမေ တကယ် ဘာတွေဖြစ်နေတာလဲ။ ကျောက်ကောင်းက ဘာလို့ဆရာတပည့်ဆက်ဆံရေးကို ဖြတ်လိုက်တာလဲ။ " ဟူဟိုက်၏ မျက်နှာက မဲမှောင်သွားသည်။ ယခင်က ဆရာဟုခေါ်ခဲ့သော်လည်း ယခု နာမည်ခေါ်လိုက်ခြင်းက ဟူဟိုက်၏ စိတ်သဘောထားကို ဖော်ပြနေသည်။
" မင်းရဲ့ ခမည်းတော်ဆီမှာ တစ်ခုခုဖြစ်လာပုံပဲ။ မင်းရဲ့ ခမည်းတော်ကြောင့်သာ မဟုတ်ရင် ကျောက်ကောင်းက မင်းကို စွန့်ပစ်မှာ မဟုတ်ဘူး။ " ကြင်ယာတော်ဟူကလည်း စိတ်ရှုပ်ထွေးနေသည်။
" ဖုစုရဲ့ အဘိုးက နိုင်ငံကို သစ္စာဖောက်ထားတောင် ခမည်းတော်က ဖုစုကိုပဲ သဘောကျနေတာလား။ ကမ္ဘာကြီးကို သိမ်းပိုင်ပြီးရင် ခမည်းတော်က ဖုစုကို အိမ်ရှေ့စံမင်းသားအဖြစ် ရွေးချယ်မှာလား။ မရဘူး။ ကျွန်တော် ဒါကို လက်မခံနိုင်ဘူး။ " ဟူဟိုက်က ရူးသွပ်စွာဖြင့် ပြောလိုက်သည်။
" ဒီလမ်းကို လျှောက်ပြီးပြီဆိုတော့ နောက်ပြန်လှည့်လို့မရတော့ဘူး။ ဖုစုက လူကောင်းယောင်ဆောင်ထားပေမယ့် သူ့လက်အောက်က လူတွေက မကောင်းဘူး။ သူသာ အိမ်ရှေ့စံမင်းသားဖြစ်လာရင် ငါတို့ သားအမိနှစ်ယောက် လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ " ကြင်ယာတော်ဟူက အံကျိတ်ပြီး ပြောလိုက်သည်။ ယခု သူတိုက တိုက်ခိုက်နေကြပြီဖြစ်သောကြောင့် ရည်မှန်းချက် မအောင်မြင်မချင်း ရပ်တန့်မည်မဟုတ်ပေ။ သူတို့သာ ရှုံးနိမ့်သွားလျှင် သေလမ်းသာ ရှိသည်။
" ဒါပေမယ့် အခု ကျောက်ကောင်းက ကျွန်တော်တို့ကို မထောက်ခံတဲ့အပြင် စွန့်လွှတ်ဖို့တောင် ပြောနေတယ်။ ဒါက ခမည်းတော်ဆီက သတင်းတစ်ခုခုရထားလို့ပဲ။ တကယ်လို့ သတင်းဆိုးသာဆိုရင် တကယ်ကြောက်စရာကောင်းမှာပဲ။ " ဟူဟိုက်က စိုးရိမ်စွာ ပြောလိုက်သည်။
" မကြေညာသရွေ့ ဘာမှမဖြစ်ဘူး။ " ကြင်ယာတော်ဟူက အစီအစဉ်တစ်ခုခုရှိနေပုံရသည်။
" ဒါဆို ကျောက်ကောင်းကရော။ " ဟူဟိုက်က မေးလိုက်သည်။
" သူက အစေခံပဲ။ သူရှိရှိမရှိရှိ အရေးမကြီးဘူး။ အရင်တုန်းက သူ့ကို စည်းရုံးခဲ့တာ အရှင်မင်းကြီးရဲ့ အနီးကပ်အစေခံဖြစ်နေလို့ပဲ။ အခုအဆင်မပြေရင် ထားလိုက်တော့။ နန်းတွင်းမှာ မင်းကို ထောက်ခံမယ့်သူတွေ အများကြီး ရှိသေးတာပဲ။ " ကြင်ယာတော်ဟူက ပြောလိုက်သည်။
" ဟုတ်ကဲ့။ " ဟူဟိုက်က ပြောလိုက်သည်။
ကျောက်စံအိမ်။
" အမေ ပြန်ရောက်လာပြီပေါ့။ " ကျောက်ဖုန်းက ပြုံး၍ မေးလိုက်သည်။
" အင်း။ " ရှတုန်အာက ခေါင်းညိမ့်လိုက်သည်။
" ဘာလို့ ဒီလောက်ကြာနေတာလဲ။ " ကျောက်ဖုန်းက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
" အရှင်မင်းကြီးက နေ့လည်စာ စားခိုင်းနေလို့ပါ။ " ရှတုန်အာက ပြန်ဖြေလိုက်သည်။
" အရှင်မင်းကြီးက အမေ့ကို ဘာမှမလုပ်ဘူးမလား။ " ကျောက်ဖုန်းက စိုးရိမ်စွာ မေးလိုက်သည်။
" ဖုန်းအာ သားဘာတွေပြောနေတာလဲ။ သူက ဘုရင်လေ။ အမေကို ဘာလုပ်မှာမလို့လဲ။ " ရှတုန်အာက ဒေါသမနှင့် ပြောလိုက်သည်။
" ဟားဟား ဘာကြောင့်လဲတော့မသိဘူး။ အရှင်မင်းကြီးက ဒီနေ့ထူးဆန်းနေသလိုပဲ။ " ကျောက်ဖုန်းက စိတ်မသက်မသာဖြင့် ပြုံးလိုက်သည်။
ထိုအချိန်တွင် ဝမ်ကျန့်နှင့် သူ၏ ဇနီးတို့က ရောက်လာသည်။ ရှတုန်အာက သူတို့ကို ပြုံး၍ နှုတ်ဆက်လိုက်သည်။
" ဦးလေး " ဝမ်လီက လျှောက်လာပြီး ကျောက်ဖုန်းကို လေးစားစွာ ကြည့်လိုက်သည်။
" ကောင်းပြီ။ ဒီနေ့ အိမ်မှာပဲ ထမင်းစားကြတာပေါ့။ ကျန်းမင် အိမ်မှာသိမ်းထားတဲ့ ဝိုင်ကောင်းတွေ ထုတ်လိုက်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" ခမည်းခမက် ရောက်လာတယ်ဆိုလို့ လာတွေ့တာပါယ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" ယောက္ခမကြီး မိသားစုတွေပဲ အဲ့ဒီလောက် ယဉ်ကျေးစရာမလိုပါဘူး။ ကျွန်တော်လည်း ယောက္ခမကြီးဆီကို လာလည်မလို့ စီစဉ်ထားပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" ကောင်းပြီ။ အားလုံး ရပ်မနေကြနဲ့။ အထဲဝင်ထိုင်ကြလေ။ " ရှတုန်အာက ပြောလိုက်သည်။
" ခန်းမထဲကို လာကြပါ။ " ကျောက်ဖုန်းက ပြုံးပြီး ရှေ့မှ ဦးဆောင်သွားသည်။
ခန်းမထဲသို့ ရောက်ချိန်တွင်။
" အရှင် တရားရေးဝန်ကြီးနဲ့ သူ့သားက လာလည်ပါတယ်။ " ဟန်ချန်းယန်က လာရောက်အစီရင်ခံလိုက်သည်။
၎င်းကို ကြားသောအခါ ကျောက်ဖုန်း၏ အကြည့်က ရှတုန်အာဘေးမှ ကျောက်ရင်ဆီသို့ ရောက်သွားသည်။
" ရင်အာ မင်းအတွက် ရောက်လာကြတာပဲ။ သူတို့ကို ဝင်ခိုက်လိုက်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" ဟုတ်ကဲ့။ " ဟန်ချန်းယန်က ချက်ချင်း ထွက်ခွာသွားသည်။
ခဏကြာသောအခါ လီစီနှင့် လီယောင်တို့က ရောက်လာကြသည်။
" ဝူအန်းကျွင်းကို နှုတ်ဆက်ပါတယ်။ " လီစီက ရောက်လာပြီး ကျောက်ဖုန်းကို ရိုသေစွာ နှုတ်ဆက်လိုက်သည်။
" တရားရေးဝန်ကြီး ထိုင်ပါဥိး။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" ဝူအန်းကျွင်း အခမ်းအနားတွေ လုပ်ဖို့ မလိုပါဘူး။ ကျုပ်ဒီနေ့လာတာ ကျုပ်သားအတွက်ပါ။ " လီစီက ပြုံး၍ ကျောက်ရင်ကို ကြည့်လိုက်သည်။
" တရားရေးဝန်ကြီး ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်း ပြောလို့ရပါတယ်။ ဒီနေ့တော့ ကျုပ် မိသားစုတစ်ခုလုံး ရှိနေပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" ဒီနေ့တော့ ကျုပ်သားကိုယ်စား ဝူအန်းကျွင်းရဲ့ ညီမ မိန်းကလေးကျောက်ရင်ကို လာရောက်ကမ်းလှမ်းတာပါ။ " လီစီက ပြောလိုက်သည်။
" ကျုပ် ရှန်းယန်ကို လာကတည်းက ကျုပ်ညီမရဲ့ အိမ်ထောင်ရေးက သူမရဲ့ ရွေးချယ်မှုလို့ လူသိရှင်ကြား ပြောခဲ့တာပဲ။ သူမ သဘောကျတဲ့သူရှိရင် ကျုပ်က အပြည့်အဝ ထောက်ခံမှာပါ။ မရှိရင်လည်း ဘယ်သူမှ သူမကို အတင်းအကျပ် လုပ်လို့မရဘူး။ ကျုပ် ကျောက်ဖုန်းရဲ့ ညီမက ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့မှ အကျိုးအမြတ်အတွက် အိမ်ထောင်ပြုမှာ မဟုတ်ဘူး။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။
" ဝူအန်းကျွင်း ရင်အာနဲ့ ကျွန်တော်တို့က အချင်းချင်း မေတ္တာမျှနေကြပါပြီ။ ကျွန်တော် ရင်အာကို ဘယ်တော့မှ မကောင်းမဆက်ဆံပါဘူး။ ဒီဘဝမှာ ရင်အာကလွဲပြီး ဘယ်သူမှ မယူပါဘူးလို့ ကတိပြုပါတယ်။ " လီယောင်က ကျောက်ရင်ကို လေးနက်စွာ ကြည့်လိုက်သည်။
သူတို့စတွေ့သော နေ့ကတည်းက လေးနှစ်တောင်ကြာသွားပြီဖြစ်ပြီး လီယောင်က အမှန်တကယ် သစ္စာရှိခဲ့သည်။ သူက ကျောက်ရင်ကို စတင်သဘောကျချိန်ကစပြီး လေးနှစ်လုံးလုံး သူ၏ ခံစားချက်များကို ဖော်ပြခဲ့ပြီး အခြားအမျိုးသမီးများနှင့်လည်း ပက်သက်မှုမရှိခဲ့ပေ။ သူက အားလပ်ချိန်တိုင်း ကျောက်ရင်နှင့်သာ အချိန်ကုန်ခဲ့သည်။
လီယောင်က ဝူအန်းကျွင်း၏ ညီမကို လိုက်နေသည်အား တစ်တပ်လုံးသိကြပြီး လူအများက စောင့်ကြည့်နေကြသည်။ လေးနှစ်တိုင်တိုင် ကျောက်ရင်စိတ်လှုပ်ရှားသွားသည်မှာ သဘာဝပင်ဖြစ်သ်။
" ရင်အာ သူပြောတာ အမှန်ပဲလား။ " ကျောက်ဖုန်းက ကျောက်ရင်ကို ကြည့်ပြီး မေးလိုက်သည်။
" ဟုတ်ကဲ့။ " ကျောက်ရင်က ရှက်ရွံ့စွာဖြင့် ခေါင်းညိမ့်လိုက်သည်။
" အမေ လီယောင်ကို ဘယ်လိုထင်လဲ။ " ကျောက်ဖုန်းက ရှတုန်အာကို မေးလိုက်သည်။
" သူက လူတော်တစ်ယောက်ပါ။ ရင်အာ သဘောကျရင်တော့ အမေက ဘာမှတားဆီးမှာ မဟုတ်ပါဘူး။ " ရှတုန်အာက ပြုံး၍ ပြောလိုက်သည်။
" ဝူအန်းကျွင်း ဒါဆို ခွင့်ပြုပေးပြီလား။ " လီယောင်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
" ငါပြောပြီးပြိိလေ။ ရင်အာသာ ခေါင်းညိမ့်ရင် ငါမတားပါဘူး။ " ကျောက်ဖုန်းက ပြန်ပြောလိုက်သည်။
" အမေလည်း သဘောတူပါတယ်။ ဒါပေမယ့် နန်းတော်ကို သွားပြီး အရှင်မင်းကြီးရဲ့ သဘောထားကို မေးကြည့်ရင် ပိုကောင်းလိမ့်မယ်။ " ရှတုန်အာက ပြောလိုက်သည်။
" ဟုတ်သားပဲ။ ယောင်အာ ဒီကိစ္စက အရှင်မင်းကြီးရဲ့ ခွင့်ပြုချက်လိုသေးတယ်။ " လီစီက ချက်ချင်း နားလည်သွားသည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့