← Chapters

အခန်း ၄၆၀

Vol. 46 Ch. 460

အခန်း ၄၆၀

Vol. 46 Ch. 460

အခန်း (၄၆၀)

ကျောက်ဖုန်းက ချင်နိုင်ငံ၏ စစ်ဦးစီးချုပ်ဖြစ်ပြီး စစ်အင်အားတစ်ခုလုံးကို ထိန်းချုပ်ထားသည်။ ထို့အပြင် လီစီကလည်း တရားရေးဝန်ကြီးဖြစ်ပြီး အာဏာကလည်း ကြီးမားသည်။ ထိုကိစ္စက ရင်ကျန့်၏ ခွင့်ပြုချက်သာမရှိလျှင် ပြဿနာဖြစ်လာနိုင်သည်။ ပိုဆိုးသည်မှာ အကျိုးစီးပွားအတွက် ပူးပေါင်းသည်ဟု အခြားအရာရှိများက စွပ်စွဲနိုင်သည်။

ထို့ကြောင့် ချင်ဘုရင်၏ ခွင့်ပြုချက်လိုအပ်သည်။ သို့သော် ရှတုန်အာက ထိုအချက်ကို မတွေးမိခဲ့ပေ။ ကျောက်ရင်မှာ ရင်ကျန့်၏ သမီးဖြစ်သောကြောင့် အဖေတစ်ယောက်အနေဖြင့် ရင်ကျန့်၏ ခွင့်ပြုချက် လိုအပ်သည်ဟု ယူဆခြင်းဖြစ်သည်။

" ဒါဆို ကျွန်တော်တို့ အခုနန်းတော်ကို သွားကြမလား။ " လီယောင်က ချက်ချင်း ပြောလိုက်သည်။

" မင်းကလည်း လောလိုက်တာ။ " လီစီက လီယောင်ကို ကြည့်ပြီး ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။

" အဖေ ဒါက ကျွန်တော်ဘဝရဲ့ အရေးကြီးဆုံးကိစ္စပါ။ ဘယ်လိုလုပ်စိတ်ရှည်ရမှာလဲ။ ကျွန်တော် ရင်အာကို မြန်မြန်လက်ထပ်ပြီး အိမ်ခေါ်သွားချင်နေပြီ။ " လီယောင်က ခံစားချက်များဖြင့် ပြောလိုက်သည်။

" ဝူအန်းကျွင်း ဒါဆို ကျုပ်ကို ခွင့်ပြုပါဦး။ ကျုပ်သားက စိတ်မရှည်ဖြစ်နေတော့ နန်းတော်ကို သွားပြီး အရှင်မင်းကြီးရဲ့ ခွင့်ပြုချက်ကို ယူရဦးမယ်။ " လီစီက ကျောက်ဖုန်းကို ပြောလိုက်သည်။

" သွားပါ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

လီစီတို့ သားအဖနှစ်ယောက်က ထွက်သွားခဲ့သည်။

" ရင်အာ မင်း သေချာတယ်နော်။ ဒီလိုကိစ္စက ဆုံးဖြတ်ပြီးရင် နောက်ဆုတ်လို့မရတော့ဘူး။ " ကျောက်ဖုန်းက ကျောက်ရင်ကို ကြည့်ပြီး ပြောလိုက်သည်။

" အစ်ကို လီယောင်က လူကောင်းတစ်ယောက်ပါ။ အစ်ကိုက ညီမကို ရွေးချယ်ခွင့်ပေးထားတဲ့အတွက် ညီမ လီယောင်ကိုပဲ ရွေးချယ်ပါမယ်။ " ကျောက်ရင်က ပြတ်သားစွာ ပြောလိုက်သည်။

" ကောင်းပြီ။ ငါရှိနေသရွေ့ မင်း လီမိသားစုထဲရောက်သွားရင်တောင် သူတို့မင်းကို ဘာမှမလုပ်ရဲပါဘူး။ မင်းကို ထိတဲ့လူကို အဆပေါင်းများစွာ ပြန်ပေးဆပ်ခိုင်းမယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ဒီနေ့ ပျော်စရာတစ်ခု တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး။ မဆိုးဘူး။ ရင်အာ မင်း လူရွေးတော်တာပဲ။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် ဦးလေးဝမ်။ " ကျောက်ရင်က ပြန်ပြောလိုက်သည်။

" ကျွန်တော်တို့ ရင်အာအတွက် လက်ဖွဲ့တွေ အများကြီး ပြင်ဆင်ပေးဖို့ လိုမယ်ထင်တယ်။ " ကျောက်ဖုန်းက ကျောက်ရင်ကို ကြည့်ပြီး ပြုံး၍ ပြောလိုက်သည်။

ကျန်းထိုင်နန်းဆောင်။

" ကျွန်တော်မျိုးတို့ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။ " လီစီနှင့် လီယောင်တို့က ရင်ကျန့်ကို ဦးညွှတ်လိုက်ကြသည်။

" မင်းတို့နှစ်ယောက်လာတာ အရေးကြီးကိစ္စရှိလို့လား။ " ရင်ကျန့်က မေးလိုက်သည်။

" ဒီနေ့တော့ အရေးကြီးကိစ္စလေး ရှိနေပါတယ်။ ဒါက မိသားစုကိစ္စပါ။ " လီစီက ပြုံး၍ ပြောလိုက်သည်။

" ပြောပါ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" ကျွန်တော်မျိုး သားရဲ့ လက်ထပ်ပွဲအတွက် အရှင်မင်းကြီးရဲ့ ခွင့်ပြုချက် လာတောင်းတာပါ။ " လီစီက ဦးညွှတ်ပြီး ပြောလိုက်သည်။

" လီယောင်လည်း အသက်သုံးဆယ်နီးပါးရှိနေပြီပဲ။ အိမ်ထောင်ပြုရမယ့်အချိန်ကို ရောက်နေပြီပေါ့။ " ရင်ကျန့်က ပြောလိုက်ပြီး တစ်စုံတစ်ခုကို သတိရသွားသည်။ " လီယောက်က ကျောက်မိသားစုက မိန်းကလေးကို သဘောကျနေတယ်လို့ကြားတယ်။ "

" အရှင်မင်းကြီး ကျွန်တော်မျိုးနဲ့ ဝူအန်းကျွင်းရဲ့ ညီမတို့က မေတ္တာမျှနေကြလို့ ဝူအန်းကျွင်းရဲ့ ခွင့်ပြုချက်ရထားပေမယ့် ဝူအန်းကျွင်း မိသားစုက အဆင့်အတန်းမြင့်မားလို့ အရှင်မင်းကြီးရဲ့ ခွင့်ပြုချက်ကို တောင်းခံတာပါ။ " လီယောင်က ရင်ကျန့်ကို ဦးညွှတ်ပြီး ပြောလိုက်သည်။

ရင်ကျန့်က ထိုကိစ္စကို အံ့ဩခြင်းမရှိပေ။ လွန်ခဲ့သည့်လေးနှစ်အတွင်း လီယောင်၏ အကြောင်းက နန်းတွင်းတွင်လည်း ပျံ့နှံ့နေခဲ့သည်။ လီယောင်က ကျောက်ရင်ကိုသာ စွဲလန်းနေပြီး အခြားမိန်းမများကို စိတ်မဝင်စားသောကြောင့် သူ့ကို အချစ်ရူးဟုပင် ခေါ်ကြသည်။

" မင်း ဒါကို သေချာစဉ်းစားပြီးပြီလား။ မင်း ကျောက်ရင်ကို လက်ထပ်ပြီးတဲ့အခါ သူမကို ထိခိုက်အောင်လုပ်ရင် ကျောက်ဖုန်းက မင်းကို အလွတ်ပေးမှာမဟုတ်သလို ငါကလည်း မင်းကို အလွတ်မပေးဘူး။ မင်းဆီရောက်သွားမှ သူမ ဝမ်းနည်းရတာမျိုး ငါမလိုလားဘူး။ " ရင်ကျန့်က သတိပေးလိုက်သည်။

" စိတ်ချပါ အရှင်မင်းကြီး။ ကျွန်တော်မျိုးက ရင်အာကို ဘယ်တော့မှ မကောင်းမဆက်ဆံပါဘူး။ ဒီဘဝမှာ ရင်အာကလွဲပြီး အခြားဘယ်သူ့ကိုမှ လက်မထပ်ဘူးလို့လည်း ဝူအန်းကျွင်းကို ကတိပေးပြီးပါပြီ။ " လီယောင်က ချက်ချင်း ပြန်ဖြေလိုက်သည်။

" မင်းသေချာလား။ " ရင်ကျန့်က လေးနက်စွာ မေးလိုက်သည်။

" သေချာပါတယ်။ " လီယောင်က ပြတ်သားစွာ ပြောလိုက်သည်။

" မင်းစကားကို ငါမှတ်ထားမယ်။ နောင်တစ်ချိန် ဒီကတိကို ဖျက်ရင် ငါမင်းကို အလွတ်မပေးဘူး။ " ရင်ကျန့်က သတိပေးလိုက်သည်။

" ကျွန်တော်မျိုး အမြဲ မှတ်သားထားပါမယ်။ " လီယောင်က ခေါင်းညိမ့်လိုက်သည်။

" အရှင်မင်းကြီးက ကျောက်ရင်ကို ကျွန်တော်မျိုးနဲ့ လက်ထပ်ခွင့်ပြုပြီလား။ " လီယောင်က ဝမ်းသာစွာ ပြောလိုက်သည်။

" ကျောက်ဖုန်းက သဘောတူပြီးသားပဲ။ ငါက ဘာလို့ငြင်းရမှာလဲ။ ပြီးတော့ ဒီ​နှစ်တွေအတွင်း ကျောက်ရင်အပေါ် မင်းရဲ့ စိတ်ရင်းအမှန်ကိုလည်း ငါသိပါတယ်။ ကျောက်ရင်ကို ဝမ်းနည်းအောင် မလုပ်မိပါစေနဲ့။ ဒီတစ်ခုပဲ တောင်းဆိုတာပါ။ " ရင်ကျန့်က ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ်။ " လီယောင်က ချက်ချင်း ဦးညွှတ်လိုက်သည်။

" မင်းတို့ မင်္ဂလာရက်ကို ဖုန်းချန်ကို တိုင်ပင်ပြီး ရွေးခိုင်းလိုက်။ အခုတော့ မဟုတ်ဘူး။ ချီနိုင်ငံကို သိမ်းပြီးမှရမယ်။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ " လီယောင်က ပြောလိုက်သည်။

တစ်ဖက်တွင် လီစီက အတွေးနက်နေသည်။ ရင်ကျန့်က ကျောက်မိသားစုအပေါ် စိုးရိမ်မှုက သာမန်ထက်ပိုသည်ကို သူရိပ်မိသည်။ ထိုစိုးရိမ်မှုမျိုးက မိဘတစ်ယောက်၏ စိုးရိမ်မှုနှင့် တူနေသည်။

" အရှင်မင်းကြီးက ဝူအန်းကျွင်းကို သူ့သားလို့ သဘောထားပြီး သူ့ညီမမင်္ဂလာ​ပွဲကိုတောင် ဂရုစိုက်နေတာလား။ ဖုန်းချန်ကို မင်္ဂလာရက်ရွေးခိုင်းတာက မင်းသား မင်းသမီးတွေပဲ ရနိုင်တဲ့ အခွင့်အရေးပဲ။ ဝူအန်းကျွင်းရဲ့ မိသားစုအပေါ် အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှုက တကယ်ကို ​အနှိုင်းမဲ့ပဲ။ ယောင်အာရဲ့ ရွေးချယ်မှုက တကယ်မှန်ကန်တာပဲ။ အနာဂတ်မှာ တစ်ခုခုဖြစ်လာရင်တောင် လီမိသားစုက ပျက်စီးမှာမဟုတ်ဘူး။ " လီစီက တွေးလိုက်သည်။

" လီယောင် မင်းသွားလို့ရပြီ။ " ရင်ကျန့်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။

" အမိန့်အတိုင်းပါ။ " လီယောင်က ဝမ်းသာစွာဖြင့် ပြောလိုက်သည်။ ကျောက်ရင်နှင့် လက်ထပ်ရန်အတွက် မည်သည့်အတားဆီးမှ မရှိတော့ပေ။

" လီယောင်ရဲ့ လက်ထပ်ပွဲကို ဘယ်လိုမြင်လဲ။ " လီယောင်ထွက်သွားပြီးနောက် ရင်ကျန့်က လီစီကို ကြည့်ပြီး မေးလိုက်သည်။

" အရှင်မင်းကြီး ကျွန်တော်မျိုးက သဘောတူပါတယ်။ ဒါက ယောင်အာရဲ့ ကိုယ်ပိုင် ရွေးချယ်မှုပါ။ ကျွန်တော်မျိုးမှာ ဒီသားတစ်ယောက်ပဲရှိတော့ ဘယ်လိုလုပ်ငြင်းနိုင်မှာလဲ။ အမှန်အတိုင်းပြောရရင် လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကျွန်တော်မျိုး သူ့ကို စွန့်လွှတ်ခိုင်းဖူးပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာ သူ့ဆန္ဒကို မလွန်ဆန်နိုင်ပါဘူး။ " လီစီက ပြုံး၍ ပြောလိုက်သည်။

" ရင်အာ မင်းအိမ်ကို ရောက်ရင် သူမနဲ့ ပက်သက်တဲ့ သတင်းဆိုးကို ငါမကြားချင်ဘူး။ " ရင်ကျန့်က ဖြည်းညင်းစွာ ထရပ်ပြီး လေးနက်စွာ ပြောလိုက်သည်။

လီစီက ထိတ်လန့်သွားသည်။ ရင်ကျန့်က ကျောက်မိသားစုအပေါ် ယခုလောက်ထိ ကြီးမားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

" စိတ်ချပါ အရှင်မင်းကြီး။ ကျောက်မိသားစုက မိန်းကလေး ကျွန်တော်မျိုး လီမိသားစုထဲဝင်လာတာ ကျွန်တော်မျိုးအတွက် ဂုဏ်ယူစရာပါ။ လီမိသားစုက သူမကို ကောင်းကောင်းဆက်ဆံမှာပါ။ " လီစီက ပြောလိုက်သည်။

" ရင်အာက ကျောက်မိသားစုက သမီးမဟုတ်ဘူး။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။

" ​ဘာ... " လီစီက နားမလည်နိုင်ဖြစ်သွားသည်။

" သူမက ရင်မိသားစုကပဲ။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။

လီစီက မျက်လုံးများ ပြူးကျယ်သွားပြီး မယုံကြည်နိုင်ဖြစ်သွားသည်။ " ရင် ရင်မိသားစုက သမီးလား။ ဒါ ဒါဆို..."

" ဘာလဲ မယုံဘူးလား။ " ရင်ကျန့်က ပြုံးလိုက်သည်။

" အရှင်မင်းကြီး ဝူအန်းကျွင်းတို့ မောင်နှမနှစ်ယောက်က ရှချူးမှာ မွေးတာလေ။ ဘယ်လိုလုပ် ရင်မိသားစုက ဖြစ်နိုင်မှာလဲ။ အရင် ချန်အန်းကျွင်းမှာ မျိုးဆက်တွေ ကျန်သေးလို့လား။ " လီစီက စမ်းသပ်ပြီး မေးလိုက်သည်။

" ချန်ကျောင်းရဲ့ သမီးလို့ ဘယ်သူပြောလဲ။ " ရင်ကျန့်က ပြုံး၍ မေးလိုက်သည်။

" ချန်အန်းကျွင်းရဲ့ သမီးမဟုတ်ရင် တော်ဝင်မိသားစုကလား။ " လီစီက နားမလည်နိုင်စွာဖြင့် ပြောလိုက်သည်။

" သူမက ငါ့သမီးပဲ။ " ရင်ကျန့်က တိုက်ရိုက်ပြောလိုက်သည်။

" ဟမ် " လီစီက ရုတ်တရက် ထရပ်ပြီး မျက်လုံးများ ပြူးကျယ်သွားသည်။

" ဒါမဖြစ်နိုင်ဘူး။ အရှင်မင်းကြီးရဲ့ သားသမီးတွေက ဘယ်လိုလုပ် သာမန်လူတွေကြားမှာ ရှိနေနိုင်မှာလဲ။ ကြင်ယာတော်တွေအကုန် နန်းတော်မှာပဲ။ ဒါ ဒါပေမယ့်..." လီစီက ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွားသည်။

လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော်က တော်ဝင်မိသားစုနှင့် ဝန်ကြီးများ ပစ်မှတ်ထားခဲ့သော အမျိုးသမီး၊ ချင်နိုင်ငံ၏ မိဖုရားဖြစ်လုနီးပါးဖြစ်ခဲ့သော အမျိုးသမီး၊ သမားတော် ရှဝူချယ်၏ သမီး ရှတုန်အာပင်ဖြစ်သည်။ လီစီက ခဏပဲ တွေ့ခဲ့ရသော ကျောက်ဖုန်း၏ မိခင်ကို တွေးမိသွားသည်။

" မင်းတွေးတာမှန်တယ်။ ရင်အာက တုန်အာနဲ့ ငါ့ရဲ့ သမီးပဲ။ " ရင်ကျန့်က တည်ငြိမ်စွာ ပြောလိုက်သည်။

" ဒါဆို ဝူအန်းကျွင်းကရော။ " လီစီက ရုတ်တရက် မေးလိုက်သည်။

" ရင်အာနဲ့ ဖုန်းအာက မောင်နှမတွေလေ။ ရင်အာက ငါ့သမီးဆိုမှတော့ ဖုန်းအာက ဘယ်သူ့သားလို့မင်းထင်လဲ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" ကျောက်ဖုန်းက အရှင်မင်းကြီးရဲ့ သားပေါ့။ " လီစီက တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။ သူက အလွန်ကြီးမားသော လျို့ဝှက်ချက်တစ်ခုကို ကြားလိုက်​ရခြင်းဖြစ်သည်။

All Chapters