← Chapters

လူသား … မင်းကို ခမ်းခြောက်သွားအောင် စုပ်ပစ်မယ်

Vol. 6-10 Ch. 139

လူသား … မင်းကို ခမ်းခြောက်သွားအောင် စုပ်ပစ်မယ်

Vol. 6-10 Ch. 139

အခန်း (၁၃၉)  :  လူသား … မင်းကို ခမ်းခြောက်သွားအောင် စုပ်ပစ်မယ်

“ သေစမ်း … ငါ့စွမ်းအားကို မြည်းစမ်းကြည့်ကြစမ်း ”

ချင်ယွင်တိ၏ မျက်လုံးမှေးမှေးတို့က အေးစက်စက် အကြည့် ပြောင်းလဲသွားကာ ယင်ယန် နတ်ဆိုးဖောက်ခွင်း သေနတ် ၃၆ လက်ကို ထုတ်ယူလိုက်တော့သည်။

ဘန်း ဘန်း ဘန်း …

သီးသန့်ပြုလုပ်ထားသော သံမဏိကျည်ဆန်များက မိုးရွာသွန်းသဖွယ် နေရာအနှံ့ ပြန့်ကျဲသွားကာ အံ့ဖွယ်ရစ်ပတ်နွယ်ပင်များ၏ အရည်များ စီးကျလာစေသည်။

တစ်ချိန်တည်းတွင် ကျန်းယွင်ရှီး၏ ဒေါသတကြီး အသံထွက်ပေါ်လာလေ၏ “ ချင်ယွင်တိ … ပစ်မှတ်ကို တိတိကျကျ ချိန်ပစ်စမ်း ”

ဝေါင်း …

ကျည်ဆန် နှစ်ချက်ကို တားဆီးလိုက်ရသောကြောင့် ကျားဖြူသဏ္ဍာန်၏ ဟိန်းဟောက်သံက ကောင်းကင်ကိုပင် တုန်ခါသွားစေသည်။

ချင်ယွင်တိ၏ နတ်ဘုရားအသိစိတ် တားဆီးခံထားရမှုက သူ့တိကျမှုအပေါ် သက်ရောက်မှု ရှိလာပြီး ပစ်မှတ်ချိန်နှုန်း အတော်လေး လျော့ကျသွားစေသည်။ သူက လျှောက်ပစ်ခတ်နေသောကြောင့် ကျန်းယွင်ရှီးကို မတော်တဆ ထိမှန်သွားလုနီးပါး ဖြစ်သွားခဲ့ရသည်။

ရှန်ထျန်းက မြို့၌  မြူခိုးများ ဆက်တိုက် ဖုံးလွှမ်းလာသည်ကို မြင်လိုက်သောအခါ မျက်မှောင်ကြုတ်မိသွားသည်။

“ ညီလေးယွင်တိ  … ယင်ယန် နတ်ဆိုးဖောက်ခွင်း သေနတ်အတွက် နတ်ဘုရားအသိစိတ်ကို ထပ်မသုံးနဲ့တော့။ လက်ထဲ ကိုင်ထားပြီးတော့ သုံးလိုက် … မဟုတ်ရင် မင်းရဲ့ နတ်ဘုရားအသိစိတ်က အတိအကျ မထိန်းချုပ်နိုင်ရင် ငါတို့ရော မင်းဘာသာရော  ပြန်ထိခိုက်မိလိမ့်မယ်။ အရမ်းအန္တရာယ်များတယ်”

ချင်ယွင်တိက နတ်ဆိုးဖောက်ခွင်း သေနတ် ၁၈ လက်ကို ရှုန်းမုန့်နှင့် အခြားလူများကို မပေးလိုက်ခင် အတွေးနက်နေသေး၏။

“မင်းတို့က တစ်ယောက်ကို သုံးလက်စီ ယူထားလိုက် … ဒါတွေနဲ့ ကိုယ့်ဘာသာ ကာကွယ်ထား။ ငါတို့ ပြန်ရောက်မှ သေနတ်တွေ ပြန်ပေး … ”

ချင်ယွင်တိက ဆက်တိုက်ဆိုသလို နောက်ထပ် နတ်ဆိုးဖောက်ခွင်း သေနတ် ၈ လက်ကို ရှန်ထျန်းဆီ ပေးလိုက်သည်  “ အစ်ကိုရှန် … ကျွန်တော်က ဆယ်လက်ဆို လုံလောက်ပြီ ”

ရှန်ထျန်းက မငြင်းတော့ဘဲ သေနတ်ရှစ်လက်ကို ခန်းမင်လက်စွပ်ထဲ ထည့်ထားလိုက်တော့သည်  “အားလုံး တစုတစည်းတည်း နေကြ … လူစုမကွဲစေနဲ့ ”

မြူခိုးများ၏ သိပ်သည်းနှုန်းက မြင့်မားလာသည့်အတွက် မြင်ကွင်းပင် သေချာမမြင်ရတော့ပေ။ သူတို့ လူစုကွဲသွားသည်နှင့် အပေါင်းအပါများအတွက် ပြန်ရှာတွေ့ဖို့ ခက်ပေမည်။

တကယ်တော့ ကျန်းယွင်ရှီးက အံ့ဖွယ်ရစ်ပတ် နွယ်ပင်သုံးပင်နှင့် စတင်တိုက်ခိုက်နေလေပြီ။ သူမက မြူခိုးအတွင်း ရောက်ရှိသွားကာ အခြားသူများ၏ အစအနပင် မတွေ့ရတော့ပေ။

အရှင်းဆုံးပြောရလျှင် ကျန်းယွင်ရှီး မရှိတော့သည့်နောက် ရှန်ထျန်းက အနည်းငယ် စိတ်ပူလာမိသည်။ သူက သူမ၏ ဘေးကင်းမှုအတွက် စိတ်ပူနေခြင်း မဟုတ်ပေ။ သူမတွင် ရွှေရောင် ရောင်ဝါစက်ဝန်းကို ပိုင်ဆိုင်ထားသောကြောင့် သူမ အလိုရှိလျှင်ပင် သေဖို့ခက်ခဲပေမည် မဟုတ်ပါလော။

ရှန်ထျန်းက သူ့အတွက်သူ စိုးရိမ်လာမိသည်။ သူ့အစိမ်းပုတ် ရောင်ဝါစက်ဝန်းက ဤကပ်ဘေးမှ ဖြတ်သွားဖို့ လုံလောက်မည့်ဟန် မပေါ်ပေ။

အခု သူတို့က မြူခိုးတွေမှ လွတ်ရာ အနောက်ဘက် မြို့ဝင်ပေါက်ဆီသာ ဒုန်းဆိုင်းဦးတည်သွားနေကြသည်။

သူတို့က လက်ထဲမှာ နတ်ဆိုးဖောက်ခွင်း သေနတ်ကို ကိုင်ဆောင်ထားကြရင်း အနောက်ဘက် မြို့ဝင်ပေါက်ဆီ အမြန်နှုန်းဖြင့် သွားနေကြသည်။ အံ့ဖွယ်ရစ်ပတ်နွယ်ပင်များ ပေါ်လာသည်နှင့် ဆက်တိုက် ပစ်လွှတ်လိုက်ကြသည်။

လူများစွာ၏ ဆက်တိုက် တိုက်ခိုက်မှုကို တောင့်ခံနိုင်သည့် အံ့ဖွယ်ရစ်ပတ်နွယ်ပင် မရှိသည့်အတွက် သူတို့အနေနှင့် ယာယီအားဖြင့် လုံခြုံနေသည်ဟု ဆိုနိုင်ပေသည်။

အနောက်ဘက် မြို့ဝင်ပေါက်ကို မြင်လိုက်ရသည့်အခါ ထိုနေရာမှ စူးစူးဝါးဝါး အော်သံကြီးကို ကြားလိုက်ကြရသည်။ ရွှေအမြုတေ ကျင့်ကြံသူက အနောက်ဘက် မြို့ဝင်ပေါက်မှ ခြေတစ်လှမ်း လှမ်းမိစဉ် ဧရာမ အစိမ်းပုတ်ရောင် နွယ်ပင်ကြီးက သူ့ရင်ဘတ်ဆီ ထိုးစိုက်သွားလေသည်။

ကျင့်ကြံသူ ရင်ဘတ်မှ သွေးများ ပန်းထွက်လာလေ၏။ ထို့နောက် ချက်ချင်းဆိုသလို သူ့ခန္ဓာကိုယ်ကား အမြင်နှင့် သိသာလောက်အောင်အထိ ခမ်းခြောက်လာတော့သည်။

မြူခိုးများက အရှေ့ဘက်မှ ပြန့်လာကာ အနောက်ဘက် မြို့ဝင်ပေါက်အထိ မရောက်သေးသော်လည်း နောက်ကွယ်မှ ကြိုးကိုင်သူကား အစကတည်းက မည်သူမှ လွတ်မသွားရလေအောင် အစီအစဉ်တကျ ရက်ရက်စက်စက် ကြံစည်ပြီးသား ဖြစ်နေသည်။ သူတို့က ပြင်ဆင်မှုများ အလျှံအပယ် ပြုလုပ်ထားပြီးသား ဖြစ်၏။

ဘုန်း …

အံ့ဖွယ်ရစ်ပတ်နွယ်ပင်များက မြေပြင်မှ မီတာသုံးရာအထိ ရှည်လျား၏။ သူတို့သုံးပင်က ကနဦး ဝိညာဉ်အဆင့် နွယ်ပင်များ ဖြစ်ကြပေသည်။

တစ်ချိန်တည်းတွင် မြူခိုးက မြူခိုးမြို့တော်၏ အနောက်ဘက် မြို့ဝင်ပေါက်နားအထိ ရောက်လာလေပြီ။ သူတို့၏ နောက်ဆုံးမျှော်လင့်ချက်လေး ပျက်သုန်းသွားပြီ ဖြစ်၍ အားလုံးက ဤမြူခိုးမြို့တော်အတွင်း၌ ပိတ်မိနေတော့သည်။

ထိုစဉ် မြူခိုးမြို့တော်အတွင်း နေရာအနှံ့မှ စူးစူးဝါးဝါး အော်သံများ မကြာမကြာ ထွက်လာလေသည်။

ရှန်ထျန်းက မျက်မှောင်ကြုတ်မိလိုက်သော်လည်း စိတ်ပျက်ခြင်း မရှိပေ။ အကြောင်းမှာ ဖန်ချန်း၏ ရောင်ဝါစက်ဝန်းထဲမှ မြူခိုးမြို့တော်ကို မြင်တွေ့ဖူးသောကြောင့် ဖြစ်၏။

မြူခိုးမြို့တော်၏ ဤမြင်ကွင်းမှာ အလွန်စိတ်အားငယ်ဖို့ ကောင်းနေသော်လည်း မြို့တော်က လုံးဝပျက်သုန်းသွားခြင်း မဟုတ်ပေ။ တခြားနည်းဖြင့်ဆိုရလျှင် အပြည့်အဝ မျှော်လင့်ချက် ကင်းမဲ့နေခြင်း မဟုတ်သေးပေ။ ပိုကောင်းဖို့အတွက် အပြောင်းအလဲ ဖြစ်လာနိုင်သေး၏။ သူတို့က ထိုအကူးအပြောင်း ရောက်သည့်အချိန်အထိ တောင့်ခံနိုင်ဖို့သာ လိုအပ်ပေသည်။

ထိုအတွေးဖြင့် ရှန်ထျန်းက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်

“ မကြောက်ကြနဲ့ … ဒီလရောင်သက်တန့် တည်းခိုဆောင်ထဲမှာ ကာကွယ်ရေး အစီအရင် ရှိတယ်။ ကျွန်တော့်နောက် လိုက်ခဲ့ကြ ”

တည်ငြိမ်အေးဆေးနေသော ရှန်ထျန်းကို မြင်လိုက်ရသည့်အခါ ချင်ယွင်တိတို့အနေနှင့်  ရှန်ထျန်းကား ထိတ်ထိတ်ပျာပျာ မဖြစ်ဘဲ အေးဆေးဖြစ်နေသည့်အတွက် မလေးစားဘဲ မနေနိုင်ကြတော့ပေ။

ဆရာနတ်မင်း ( အစ်ကိုကြီးရှန်) က တကယ်ကို နာမည်အတိုင်း အရမ်းအားကိုးရတာပဲ … သူ့ရဲ့ အေးဆေးတည်ငြိမ်ပုံအရဆို အရာအားလုံးက သူ့ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ပုံပဲ …

ဆရာနတ်မင်း (အစ်ကိုကြီးရှန်) ဒီမှာ ရှိနေတာ လုံခြုံသလို ခံစားရတယ် …

ရှန်ထျန်းက သူတို့ တွေးနေသည့်အရာကို မသိသလို မှန်းဆဖို့ အချိန်လည်း မရှိချေ။

လက်တွေ့၌ မြူခိုးများက မြူခိုးမြို့တော်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီ ဖြစ်သောကြောင့် ပုံရိပ်ယောင်များ ဖြစ်လာစေသည်။ ရှေ့တိုးလိုက်ပါသော်လည်း လမ်းကြောင်းသွေဖယ်ကာ စက်ဝန်းသဏ္ဍာန် နောက်ပြန်လျှောက်လာသလို ဖြစ်နေကြသည်။

ဤသို့သော အခြေအနေမျိုးအောက်၌ လရောင်သက်တန့် တည်းခိုးဆောင်ဆီ ပြန်သွားဖို့ ကိစ္စရပ်ကား သိပ်မလွယ်ကူလှချေ။

ထိုစဉ် ဧရာမ အစိမ်းပုတ်ရောင် ကျောက်တုံးကြီးက သူတို့ဆီ ပြုတ်ကျရောက်လာတော့မည်ဟန် ပေါ်ပေါက်လာသည်။

ရှန်ထျန်း၏ အမူအယာမှာ ပြောင်းလဲသွားပြီး ဘေးသို့ မြန်မြန် ရှောင်လိုက်ရသည်။

ဝုန်း …

ရှန်ထျန်းတို့ အဖွဲ့ရှေ့မှောက် ဧရာမအပေါက်ကြီး ဖြစ်လာသည်။ ထို့နောက် အစိမ်းပုတ်ရောင် ကျောက်တုံးက တဖြည်းဖြည်းချင်း ကွဲအက်လာလေ၏။ ထိုကျောက်တုံး၌ ကနဦး ဝိညာဉ်အဆင့် အံ့ဖွယ်ရစ်ပတ်နွယ်ပင် ရှိနေသည်မှာ ထင်ရှားလှသည်။

ကျောက်တုံး ကွဲအက်လာနှုန်းမှာ အလွန်မြန်ဆန်လာပြီး အရည်စက်များ စီးကျလာသည်။

ထို့နောက် ကပ်ဘေးသဖွယ် နွယ်ပင်ကြီးက သူတို့ကို လမ်းပိတ်ထားလိုက်တော့သည်။

“ အသွင်ပြောင်းဖို့ အချိန်အကြာကြီး ယူနေတာလား ဟမ် … မင်းကို ဘယ်လိုနှောင့်ယှက်မလဲ ကြည့်ထား ”

ရှန်ထျန်းက ယင်ယန် မိုးကြိုးဖောက်ခွဲရေးအဆောင် ရာချီထုတ်ကာ ထိုကျောက်တုံး အက်ကြောင်းထဲ ပစ်လွှတ်လိုက်သည်။ ထို့နောက် သူ့ခန်းမင်လက်စွပ်မှ လိပ်နက် ချပ်ဝတ်နှင့် လိပ်နက် ဒိုင်းကာတို့ကို ထုတ်ပြီး ဝတ်ဆင်ထားလိုက်သည်။

သူက ထူထည်းသော ချပ်ဝတ်ကို ဝတ်ဆင်ထားရင်း အားလုံးရှေ့မှ ပေါ်လာလေသည်။ သူ့ကာကွယ်ရေး စွမ်းရည်ကို အပြည့်အဝအထိ အသက်သွင်းထားလိုက်၏။

နောက်အခိုက်အတန့်လေး၌ ရှန်ထျန်းက ယင်ယန် မိုးကြိုးဖောက်ခွဲရေးအဆောင်များကို အသက်သွင်းချလိုက်သည်။

ဝုန်း …

အားကောင်းသော ပေါက်ကွဲမှုကြောင့် အနီးအနားရှိ အိမ်ခေါင်မိုးများပင် လွှင့်ထွက်သွားလေသည်။ နားကွဲလုမတတ် ပေါက်ကွဲသံက မိုးကြိုးသံလိုမျိုး ကောင်းကင်အထက် ပဲ့တင်ရိုက်သွားသည်။

ကောင်းကင်မှ အစိမ်းပုတ်ရောင် အရည်များလည်း မိုးသဖွယ် ရွာသွန်းလာကာ အားလုံးက ခေါင်းမှခြေဆုံး စိုစွတ်သွားစေသည်။

ကံကောင်းသည်က ဖောက်ခွဲရေးအဆောင်များက အံ့ဖွယ်ရစ်ပတ်နွယ်ပင် ကျောက်တုံးထဲ ပေါက်ကွဲသွားသည့်အတွက် နောက်ပိုင်းအကျိုးဆက်က သိပ်အားမပြင်းခြင်း ဖြစ်၏။

လိပ်နက် ချပ်ဝတ်နှင့် ဒိုင်းကာတို့ကြောင့် ရှန်ထျန်းက အပျက်အစီးမရှိ တောင့်ခံနိုင်လိုက်သည်။

ကံမကောင်းစွာဖြင့် မိုးကြိုးဖောက်ခွဲရေး အဆောင်ရာချီ အသုံးပြုခဲ့သော်လည်း အံ့ဖွယ်ရစ်ပတ်နွယ်ပင်အား သတ်ဖို့ မလုံလောက်ခဲ့ပေ။

ထိုပေါက်ကွဲမှုအပြီးတွင် နွယ်ပင်က ရှန်ထျန်းကို ပို၍ အာရုံစိုက်သွားတော့သည်။

ထိုစဉ် ပေါက်ကွဲမှုကြောင့် ကွေ့ကုန်းကုန်းနှင့် အခြားလူများက လွှင့်ထွက်သွားလေသည်။ တခြားနည်းဖြင့်ပြောရလျှင် ရှန်ထျန်းသာ တစ်ကိုယ်တော် ကျန်ရှိနေခဲ့ခြင်း ဖြစ်၏။

ရှန်ထျန်းတစ်ယောက် အံ့ဖွယ်ရစ်ပတ်နွယ်ပင် အသွင်ပြောင်းလာသည်ကို ကြည့်ပြီး သူ့အမူအယာမှာ ဖြည်းဖြည်းချင်း တောင့်တင်းသွားတော့သည်။

ငါ မှားသွားပြီ … အစကတည်းက ဒီကို မလာခဲ့သင့်ဘူး …

ရှန်ထျန်းက ရှုံ့မဲ့မဲ့ ဖြစ်လာမိသည်။

ငါ လူမသိသူမသိ သိုသိုသိပ်သပ် မနေခဲမိဘူးပဲ … ကောင်းကင်တာအိုက ငါ့ကို သတ်ချင်လွန်းနေတာလား ဒါမှမဟုတ် ငါကိုက ကိုယ့်ဘာသာ အထင်ကြီးမိသွားတာလားကွာ …

ငါက ကံကြမ္မာကောင်းလွန်းနေတဲ့ ဖန်ချန်းရဲ့ ကံကြမ္မာ အပြောင်းအလဲ အခွင့်အရေးကြီးကို တကယ်ကြီး  လုယူရဲခဲ့တာလား

အခုတော့ မြို့ကိုတောင် ပျက်သုန်းသွားနိုင်တဲ့ ကပ်ဘေးကြီးကို ရင်ဆိုင်ရတော့မယ် …

ဒီကပ်ဘေးက မြို့တစ်မြို့လုံးကို ပျက်သုန်းသွားအောင် လုပ်ဖို့ မလုံလောက်မှန်း၊ ကျန်းယွင်ရှီးနဲ့ ချင်ယွင်တိတို့က သူတို့ကံကောင်းမှုကြောင့် သေချာပေါက် အသက်ရှင်နိုင်မှန်း သိထားပေမဲ့ ငါ့အတွက်တော့ မဖြစ်နိုင်ဘူး … ငါလေး စိမ်းတာ မလုံလောက်သေးဘူး

ဟူး နောက်တစ်ခါသာ အခွင့်အရေးရှိမယ်ဆိုရင် သေချာ‌ပေါက် နောက်ထပ် မလုပ်တော့ပါဘူး

ရှန်ထျန်းက သူ့ဘာသာ ရေရွတ်လိုက်သည်။ ဤကနဦး ဝိညာဉ်အဆင့် နွယ်ပင်ကြီးက ရှန်ထျန်း ဘာပြောနေသည်ကို မသိသော်လည်း ဤသတ္တဝါလေး သေရမည်ကိုတော့ သိထားသည်။

မီတာသုံးရာ ရှည်လျားသည့် ခန္ဓာကိုယ်ကြီးက ကောင်းကင်အထက် မြင့်တက်လာကာ ရှန်ထျန်းဆီ ရုတ်တရက် ခုန်ဝင်လာသည်။ ခန္ဓာကိုယ်အလယ်၌ နှစ်ပိုင်းပြတ်လုနီးပါး ဖြစ်နေသည့် ဒဏ်ရာကြီး ရှိနေသည်။

ထိုသို့ဆိုလျှင်ပင် အံ့ဖွယ်ရစ်ပတ်နွယ်ပင်ကြီးသည် ဤသတ္တဝါလေးအား သတ်ဖို့ ယုံကြည်ချက် အပြည့်အဝ ရှိပေသည်။

ထိုသတ္တဝါလေး သေသည် ဖြစ်စေ၊ ရှင်သည် ဖြစ်စေ နွယ်ပင်အား သူ့ပါးစပ်မှ ဖောက်ကာ အားရဖွယ် မြင်ကွင်းမျိုး ကြည့်ချင်မိသေးသည်။ သူ့ခန္ဓာကိုယ်မှ အဆီအနှစ်တိုင်းကို ဝါးမျိုပစ်ပြီး အသားနှင့် သွေးတို့ကို သူ့ကြောင့် ဖြစ်သွားရသည့် အပျက်အစီးအတွက် အသုံးပြုရပစ်မည်။

ဒီလူသားကို ခမ်းခြောက်သွားအောင် စုပ်ပစ်ချင်နေပြီ …

All Chapters