အခန်း ၂၃၁
Vol. 24 Ch. 231
အပိုင်း ၂၃၁
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
"မင်း ငါ့ကို သတ်လို့မရဘူး။ ငါ မင်းကို ဆေးခတ်ထားလို့ မင်းကိုယ်မင်း သတ်သေဖို့လောက်ပဲ ခွန်အားကျန်တော့တယ်။" ဆိုလွန် လှောင်ပြုံးလေးဖြင့် သူမအား စိုက်ကြည့်လိုက်၏။
ထို့နောက် သူ၏ လည်ပင်းကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ "မင်းရဲ့ လည်ပင်းသွေးလွှတ်ကြောကို လှီးချလိုက်။ မိနစ်အနည်းငယ်အတွင်း သွေးထွက်လွန်ပြီး သေသွားလိမ့်မယ်။ နည်းနည်းတော့ ကြည့်ရဆိုးပေမဲ့ မင်း တကယ်သေချင်နေတယ်ဆိုရင်တော့ ဒါက အကောင်းဆုံးနည်းလမ်းပဲ။ ထွက်ပေါက်မရှိတော့တဲ့ သူရဲကောင်းတွေက အမြဲတမ်း သူတို့လည်ပင်းကိုသူတို့ လှီးလေ့ရှိကြတယ်။"
ကွေ့ချင်းရှောင်း ရှင်းရှင်းလင်းလင်း မြင်ရစေရန် သူ၏ လည်ပင်းကို ရှေ့သို့ ဆန့်ထုတ်ပေးလိုက်၏။ ထို့နောက် သူက ဆက်ပြောသည်။ "မှတ်ထား... အဲဒါက ဒီနေရာမှာ။ မှားပြီး တခြားသွေးကြောကို မလှီးမိစေနဲ့။"
ကွေ့ချင်းရှောင်းက အော်ဟစ်လိုက်ပြီး သူမ၏ ဓားမြှောင်ဖြင့် အားနည်းစွာ ရမ်းလိုက်၏။ "ထွက်သွားစမ်း။" ဆိုလွန်၏ အသံနှင့် ပြောသည့် စကားများက အလွန်တရာ ရွံရှာမုန်းတီးဖွယ် ကောင်းလွန်းလှရာ သူမအနေဖြင့် နောက်ထပ် စကားတစ်ခွန်း ထပ်မကြားချင်တော့ချေ။
ဆိုလွန်က လှောင်ပြုံးဖြင့် ပြောလိုက်သည်။ "ကောင်းပြီ... ငါ သွားတော့မယ်။ စကားမစပ်... မင်းက ဘယ်လိုပဲဖြစ်ဖြစ် စားမှာမဟုတ်ဘူးဆိုတော့ နောက်နှစ်ရက်လောက် မင်းဆီ ငါ အစားအသောက်တွေ ပို့ပေးတော့မှာ မဟုတ်ဘူး။ ငါ့ရဲ့ အကြံပေးချက်ကို မှတ်ထားဦး။ သွေးလွှတ်ကြော တည့်တည့်ကိုသာ ချိန်ပြီး လှီးချလိုက်။"
သူမက ငိုကြွေးရင်း အော်ဟစ်လိုက်၏။ "ထွက်သွားစမ်း။" ထို့နောက် မြေပြင်ပေါ်သို့ ခွေကျသွားပြီးနောက် အသံကျယ်ကြီးဖြင့် ရှိုက်ကြီးတငင် ငိုကြွေးရင်း နောက်ဆုံးတွင် သတိလစ်သွားတော့သည်။
**--**--**--**--**--**--**--**
ပြန်သတိရလာသည့်အချိန်၌ သူမ ဓားမြှောင်ကို ဆုပ်ကိုင်ထားဆဲဖြစ်ကြောင်း သတိထားမိလိုက်သည်။ သူမ၏ ဘဝတစ်ခုလုံး ပျက်စီးသွားပြီဟု ခံစားလိုက်ရ၏။ ဆိုလွန်က သူမအား အလွန်အမင်း အရှက်ခွဲခဲ့သောကြောင့် လောကကြီးနှင့် မျက်နှာချင်းဆိုင်ရန်ပင် မဝံ့ရဲတော့ချေ။
ထို့အပြင် သူမကြောင့် ဖခင်ဖြစ်သူ၏ ရေတပ်တစ်ခုလုံးလည်း လုံးဝ မျိုးပြုတ်သွားလေပြီ။ ထို့အတွက်ကြောင့်သေလိုက်ရန်သာ ဆုံးဖြတ်လိုက်တော့၏။
ဓားမြှောင်ကို သူမ၏ နှလုံးတည့်တည့်သို့ ချိန်ရွယ်လိုက်သည်။ အဝတ်အစားများကို ဖယ်ရှားလိုက်ပြီး ပွန်းပဲ့ဒဏ်ရာများ ရနေသော်လည်း လှပနေဆဲဖြစ်သည့် သူမ၏ ရင်ဘတ်ကို ကြည့်လိုက်၏။ ကိုယ့်ကိုယ်ကိုယ် ဓားဖြင့်ထိုးခြင်းက သူမ၏ ပြီးပြည့်စုံလှသော ခန္ဓာကိုယ်အား ထာဝရ ပျက်စီးသွားစေလိမ့်မည်။
ချက်ချင်းပင် သူမ နှလုံးကို ထိုးမည့်အကြံအား လက်လျှော့လိုက်ကာ ဓားသွားကို လည်ပင်း၌သာ ဖိကပ်ထားလိုက်သည်။
ဤနေရာအား လှီးဖြတ်လိုက်ပါက သေချာပေါက် သေမည် ဖြစ်၏။ သို့သော် သွေးထွက်လွန်သွားပါက သူမ၏ လှပသော ခန္ဓာကိုယ်လေးမှာ ကြောက်မက်ဖွယ်ကောင်းသည့် ခြောက်ကပ်နေသော အလောင်းကောင်ကြီးအဖြစ် ကျုံ့ဝင်သွားလိမ့်မည်။
သူမ အံကြိတ်ကာ အတင်းအားယူ၍ လှီးဖြတ်ရန် ကြိုးစားလိုက်သော်လည်းပဲ တကယ်တမ်း၌မူ မလှီးရဲချေ။ နောက်ဆုံး၌ အမှန်တရားကိုသာ သူမ လက်ခံလိုက်ရတော့၏။ သူမထံ၌ ကိုယ့်ကိုယ်ကိုယ် သတ်သေရန် သတ္တိမရှိနေချေ။
ထပ်မံ ငိုကြွေးလိုက်ပြန်ကာ ဓားမြှောင်ကို လွှင့်ပစ်လိုက်ပြီး ထောင့်တစ်နေရာ၌ ကွေးထားကာ ရှိုက်ကြီးတငင် ငိုကြွေးနေမိတော့သည်။
ဆိုလွန်နှင့် လောင်းကြေး၌ နိုင်ချင်ပါက သူမ၏ စိတ်ပိုင်းဖြတ်ထားမှုကို သက်သေပြရန်အတွက် ကိုယ့်ကိုယ်ကိုယ် သတ်သေသင့်၏။ သို့သော် သူမ သေရမည်ကို အလွန်ကြောက်နေမိသည်။
ဆိုလွန်ရှေ့၌ ထိုသို့သော အားနည်းချက်မျိုးကို ပြသလိုက်ရခြင်းက သူမအတွက် အလွန်တရာ အရှက်ရဖွယ် ကောင်းလှသည်။ ခါးသီးစွာ ငိုကြွေးနေရင်းဖြင့်ပင် သူမ နောက်တစ်ဖန် အိပ်မောကျသွားပြန်၏။
နောက်တစ်ကြိမ် သူမ ပြန်နိုးလာရသည့် အကြောင်းအရင်းမှာ ဆာလောင်မှုကြောင့်ပင်။
အိမ်၌ရှိနေစဉ် နောက်ဆုံး ရက်အနည်းငယ်အတွင်း အလွန်အမင်း ဒေါသထွက်နေခဲ့သောကြောင့် သူမ ကောင်းကောင်း မစားသောက်ခဲ့ရသလို ဆိုလွန်၏ လက်ထဲသို့ ကျရောက်ပြီးကတည်းကလည်း တစ်လုတ်မှကို မစားခဲ့ရချေ။ ငိုကြွေးထားမှုများက သူမ၏ အားအင်များအားလုံးကို လုံးဝ ကုန်ခန်းသွားစေခဲ့လေပြီ။
အရှက်ရမှုလှိုင်းလုံးကြီးတစ်ခုက သူမအပေါ်သို့ ရိုက်ခတ်လာ၏။ ဆိုလွန်က သူမအား ဖျက်ဆီးခဲ့သည်။ ဂုဏ်သိက္ခာကို ကာကွယ်ရန်အတွက် သူမ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့သင့်သည်။
ထိုသို့ မလုပ်နိုင်ခဲ့ခြင်းက သူမ အားနည်းကြောင်း သက်သေပြနေ၏။ ယခု ဝမ်းနည်းပူဆွေးမှုနှင့် ဒေါသများအပြင် ဗိုက်ကပါ တဂွီဂွီ မြည်လာလေပြီ။ အလွန်တရာ အရှက်ရဖွယ် ကောင်းလှ၏။
သို့သော် ဆိုလွန်က ပို၍ပင် အရှက်မရှိသေးချေ။ ထိုကောင်က ပြောထားသည့်အတိုင်း အမှန်တကယ်ပင် အစားအသောက် လုံးဝ လာမပို့ခဲ့ချေ။ "ခွေးမသား။ တိရစ္ဆာန်ကောင်။"
ကွေ့ချင်းရှောင်းက အော်ဟစ်ငိုကြွေးလိုက်ပြန်၏။ ထို့နောက် အားအင်ကုန်ခမ်းကာ နောက်တစ်ကြိမ် သတိလစ်သွားပြန်သည်။
နောက်တစ်ကြိမ် ပြန်သတိမရလာခင် အချိန်မည်မျှ ကြာသွားခဲ့သည်ကို မသိတော့ချေ။ လက်ရှိအချိန်၌ အစားအသောက် အနံ့ကြောင့် သူမ နိုးလာခဲ့ရသည်။ ပုံမှန်အားဖြင့် ရွံရှာဖွယ်ကောင်းသည်ဟု ထင်မှတ်ကာ လုံးဝ မစားတတ်သည့် ဝက်သားနီချက်ကိုပင် သူမ အိပ်မက်မက်နေခဲ့မိ၏။
မျက်လုံးဖွင့်လိုက်သောအခါ ဝက်သားနီချက် တစ်ပန်းကန်ကို ကိုင်ကာ ရပ်နေသည့် ဆိုလွန်ကို မြင်လိုက်ရသည်။ ထိုအတွက် ကိုယ့်ကိုယ်ကိုယ် မုန်းတီးနေမိသော်လည်းပဲ သူမ တံတွေးကို ခပ်ပြင်းပြင်း မြိုချလိုက်မိ၏။
ဆိုလွန်က ခေါင်းခါကာ ပြောလိုက်သည်။ "ဝိုး... မင်းက တော်တော် အသက်ပြင်းတာပဲ။ ရှစ်ကြိမ်တောင် ဖျက်ဆီးခဲ့တာကို မင်း ကိုယ့်ကိုယ်ကိုယ် မသတ်သေသေးဘူး။ အခု မင်းက စားတောင် စားချင်နေသေးတယ်ပေါ့။ မင်းရဲ့ ဂုဏ်သိက္ခာတွေ ဘယ်ရောက်သွားပြီလဲ။ မင်းရဲ့ မာနတွေကော ဘယ်ရောက်သွားပြီလဲ။"
ကွေ့ချင်းရှောင်းက အရှက်ရစွာဖြင့် ခြေဆောင့်ကာ အော်ဟစ်လိုက်၏။ "ထွက်သွားစမ်း။ ခွေးမသား။"
ဆိုလွန်က နှာခေါင်းကို ပိတ်ထားလိုက်ကာ ပြော၏။ "မိန်းမချောလေး... မင်း မှန်လေးဘာလေး ကြည့်သင့်တယ်။ မင်းမျက်နှာက ညစ်ပတ်နေပြီး ရေမချိုးရတာလည်း ရက်တွေကြာနေပြီဆိုတော့ နံစော်နေတာပဲ။ အခုချိန်မှာ မင်းက ပြိုင်ဘက်ကင်း အလှလေးဆိုတာ ဘယ်သူက ယုံမှာလဲ။ တကယ်လို့ မင်းကို အပြင်ဘက် ဆွဲထုတ်သွားရင် ဆားချက်ကျေးကျွန်တွေတောင် မင်းကို လိုချင်မှာ မဟုတ်ဘူး။"
ကွေ့ချင်းရှောင်းက အလိုအလျောက်ပင် သူမကိုယ်သူမ နမ်းကြည့်လိုက်မိသည်။ အမှန်တကယ်ပင် ဆိုးရွားစွာ နံစော်နေ၏။ ဤမျှပူပြင်းသည့် ရာသီဥတုမျိုး၌ မည်မျှပင် လှပသည့် မိန်းမချောလေးဖြစ်စေကာမူ ရေမချိုးဘဲ ရက်ပေါင်းများစွာ နေပါက နံစော်နေမည်သာ။
သူမ၏ ဆံပင်များကို စမ်းကြည့်လိုက်ရာ ရှုပ်ပွနေသည်ကို တွေ့လိုက်ရသည်။
အရှက်ရမှုကြောင့် သူမ ထပ်မံ၍ သေချင်စိတ်ပေါက်သွားရပြန်သည်။ ပုံမှန်အားဖြင့် သူမ၏ အသားအရေလေးမှာ လတ်ဆတ်သော ပန်းရနံ့များ သင်းပျံ့နေစေရန်အတွက် မွှေးကြိုင်သော ဆီများဖြင့် တစ်နေ့လျှင် နှစ်ကြိမ် ရေချိုးလေ့ရှိ၏။ ယခုမူ သူမကိုယ်သူမ ညစ်ပတ်နေသည်ဟု ခံစားနေရသည်။
အချို့သော အမျိုးသမီးများအတွက် မိတ်ကပ်မလိမ်းထားခြင်းက ယုံကြည်မှုကို ပျက်စီးစေ၏။
ယခုကဲ့သို့ ညစ်ပတ်ပေရေနေသည့် အချိန်၌ သူမ၏ ယုံကြည်မှုများက ချက်ချင်းပင် ပျောက်ကွယ်သွားရတော့၏။ သူမ၏ မောက်မာမှုသည် သိုင်းပညာများကြောင့် မဟုတ်လေဘဲ ပြီးပြည့်စုံလှသည့် အလှတရားများကြောင့်သာ ဖြစ်သည်။
ပို၍ ဆိုးရွားသွားစေသည်မှာ ဆိုလွန်က မှန်တစ်ချပ်ကို ဆွဲထုတ်လာပြီး သူမကိုယ်သူမ ကြည့်ရန် အတင်းအကျပ် ခိုင်းစေခြင်းပင်။
သူမ ဒေါသတကြီး အော်ဟစ်လိုက်သည်။ "ငါ မကြည့်ဘူး။ အဲဒါကို ဖယ်စမ်း။ ထွက်သွားစမ်း။"
ဆိုလွန်က နှာခေါင်းကို အုပ်ထားရင်း ပြောလိုက်၏။ "ငါ သွားတော့မယ်။ နံစော်နေတာပဲ။ ဝေါ့..."
ဆိုလွန်က ချဲ့ကားပြောဆိုနေခြင်း ဖြစ်သည်။ ဆံပင်များ ရှုပ်ပွနေပြီး အနည်းငယ် နံစော်နေသည့်တိုင်အောင် ထိုဖာသည်မလေးက ပြိုင်ဘက်ကင်းစွာ လှပနေဆဲပင်။
ဆိုလွန်က မျက်နှာတိုက်စွာဖြင့် အစားအသောက်များကို ယူကာ ထွက်သွား၏။
တစ်ယောက်တည်း ကျန်ရစ်ခဲ့သော ကွေ့ချင်းရှောင်းမှာမူ အိပ်မပျော်နိုင်တော့ချေ။ သူမ၏ စိတ်ထဲ၌ အရာတစ်ခုတည်းကိုသာ စွဲလမ်းနေမိ၏။ 'ငါ ကြည့်ရဆိုးနေပြီလား...'
ဤကဲ့သို့ အချိန်မျိုး၌ အသေးအမွှားကိစ္စလေးကို အစွဲအလမ်း မကြီးသင့်ကြောင်း သူမ သိသော်လည်းပဲ မတတ်နိုင်ခဲ့ချေ။ ယခုအချိန်အထိ ရုပ်ရည်အသွင်အပြင်ကိုသာ ဂရုစိုက်နေမိသည့် သူမ၏ အပေါ်ယံဆန်လွန်းမှုများကို သိလိုက်ရသောကြောင့် ဝမ်းနည်းသွားရ၏။
သို့သော် မကြာမီမှာပင် ဆာလောင်မှုက သူမ၏ အချည်းနှီး မာနများကို ဖုံးလွှမ်းသွားတော့သည်။ သူမ အလွန်အမင်း ဆာလောင်လွန်းလှသဖြင့် တစ်ခုခုကို ကိုက်စားချင်စိတ် ပေါက်နေကာ မျက်လုံးများ ပြူးကျယ်နေမိတော့၏။
နောက်နေ့ တစ်နေ့လုံး ကွေ့ချင်းရှောင်းတစ်ယောက် ဆိုလွန် ပြန်အလာကိုသာ စောင့်ဆိုင်းနေမိသည်။ တစ်နာရီမှာ တစ်နှစ်ကဲ့သို့ပင်။
သူမ၏ ဂုဏ်သိက္ခာများ လုံးဝ ပျောက်ဆုံးသွားပြီဖြစ်ကြောင်း ကွေ့ချင်းရှောင်း သတိထားမိလိုက်သည်။ ထမင်းတစ်လုတ် စားရရန်အတွက်နှင့် အရာအားလုံးကို စွန့်လွှတ်ရန် သူမ အသင့်ဖြစ်နေလေပြီ။
**--**--**--**--**--**--**--**
လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က ကွေ့ရှင်းဖူတစ်ယောက် ကျိလီနှင့် အရေးကြီးကိစ္စတစ်ခုကို ဆွေးနွေးရန်အတွက် ကမ်းရိုးတန်းမှ တော်ဝင်မြို့တော်သို့ တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။
ခရီးစဉ် တတိယမြောက်နေ့၌ ယန်ထင်ရီက သူ့အား မီလာခဲ့၏။ သကောင့်သားမှာ လင်ဟိုင်မြို့မှနေ၍ နေ့ရောညပါ မြင်းစီးလာခဲ့ရသောကြောင့် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေကာ သေမတတ်ဖြစ်နေသည့်ပုံ ပေါက်နေသည်။
ယန်ထင်ရီက မောကြီးပန်းကြီးဖြင့် ပြောလိုက်၏။ "မြို့စားကြီး... အမြန်ပြန်မှ ဖြစ်တော့မယ်။ သခင်မလေးက မြို့စားကြီးရဲ့ စစ်တပ်အမိန့်ပေး တံဆိပ်ပြားကို ခိုးသွားပြီး သခင်မကြီးကလည်း သခင်မလေးကို ကျောထောက်နောက်ခံ ပေးထားတယ်။ တတိယ သခင်လေးက သခင်မလေးအတွက် ကလဲ့စားချေပေးဖို့ ကျွန်တော်တို့ရဲ့ ရေတပ်သားတွေကို ဦးဆောင်ပြီး ကျောက်စရစ်ကျွန်းကို သွားတိုက်နေပြီ။"
ကွေ့ရှင်းဖူ၏ မျက်နှာမှာ သိသိသာသာကို ပျက်ယွင်းသွားတော့၏။ သူ ဒေါသတကြီ အော်ဟစ်လိုက်သည်။ "ဘာကွ။ ဒီ သောက်ရူးတွေကတော့။"
ချက်ချင်းပင် မြင်းကိုလှည့်ကာ လင်ဟိုင်မြို့ဆီသို့ အပြေးအလွှား ပြန်သွားလိုက်သည်။
သက်တော်စောင့်ခေါင်းဆောင်က သူ၏အနောက်မှ လိုက်ပါစီးနှင်းရင်း နှစ်သိမ့်ပေးလိုက်၏။ "စိတ်မပူပါနဲ့ မြို့စားကြီး။ သခင်မလေးနဲ့ တတိယ သခင်လေးတို့ ဘာမှဖြစ်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ရေတပ်က ဆိုလွန်ကို အပြတ်ရှင်းဖို့ လုံလောက်တာထက်ကို ပိုနေပါပြီ။"
ကွေ့ရှင်းဖူမှာတော့ ပို၍ပင် ဒေါသထွက်လာကာ မျက်နှာကြီးက နီရဲလာတော့သည်။ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ "မင်းက ဘာသိလို့လဲ။ သူတို့တွေ ဆိုလွန်ကို သတ်ပစ်လိုက်မှာကို ငါ ကြောက်နေတာကွ။ တကယ်လို့ သတ်လိုက်မယ်ဆိုရင်... အဲဒါက သောက်ရမ်း ကြီးမားတဲ့ ကပ်ဘေးကြီးတစ်ခု ဖြစ်သွားတော့မှာကွ။ သောက်ပဲကွာ"
သက်တော်စောင့်ခေါင်းဆောင်မှာ ဇဝေဇဝါ ဖြစ်သွားရ၏။ လက်ရှိအချိန်၌ ဆိုလွန်မှာ လေလွင့်ခွေးတစ်ကောင်ကဲ့သို့ပင်။ သူ့အား သတ်ဖြတ်ခြင်းက တောခွေးတစ်ကောင်ကို သတ်ရသည်နှင့် ဘာမှမကွာခြားချေ။
ဤသည်က မြို့စားကြီး၏ ဂုဏ်သိက္ခာကို ယာယီ ထိခိုက်စေနိုင်သော်လည်း မည်သို့လုပ်၍ ကပ်ဘေးကြီးတစ်ခု ဖြစ်လာနိုင်မည်နည်း။
ဤသည်က သူတို့၏ ဗဟုသုတ ကွာခြားမှုကို ပြသနေခြင်းပင်။ ဆိုလွန်ကို သတ်လိုက်ပါက ပြင်းထန်သော အကျိုးဆက်များ ရှိလာမည်ကို ယန်ထင်ရီ သိထားသော်လည်း အခြားသူများမှာ လုံးဝ မသိကြပေ။
သခင်မ ထူလင်းစီပင်လျှင် အမှန်တရားကို မသိထားချေ။
သမီးဖြစ်သူ ဆိုလွန်အား သတ်လိုက်မည်ကို ကြောက်ရွံ့စွာဖြင့် ကွေ့ရှင်းဖူမှာ အရူးတစ်ယောက်ကဲ့သို့ မြင်းကို ဒုန်းစိုင်းစီးလာ၏။
ကျောက်စရစ်ကျွန်းပေါ်ရှိ လူတိုင်း အသတ်ခံရမည်ဆိုလျှင်ပင် အရေးမကြီးချေ။ ဆိုနင်ပင်း သေဆုံးသွားလျှင်ဖြစ်စေ ၊ ကွေ့ချင်းကျုံးက သူမအား ဖျက်ဆီးလိုက်လျှင်ဖြစ်စေ အရေးမကြီးပေ။
သို့သော် ဆိုလွန် လုံးဝ သေ၍ မဖြစ်ချေ။ သူသာ သေသွားပါက အထက်ပိုင်းမှ တန်ခိုးကြီးမားလှသည့် အင်အားစုတစ်ခုကို ပြင်းပြင်းထန်ထန် စော်ကားလိုက်သလို ဖြစ်သွားမည်ဖြစ်ပြီး ကွေ့မိသားစုမှာလည်း ညတွင်းချင်း အပြတ်ရှင်းခံရပေလိမ့်မည်။
**--**--**--**--**--**--**--**
သို့သော် ကွေ့ရှင်းဖူ လင်ဟိုင်မြို့သို့ ပြန်ရောက်လာသည့် အချိန်၌ မြင်းတပ်ဖွဲ့တစ်ခုက ထိတ်လန့်ဖွယ်ကောင်းသော သတင်းဖြင့် ဆီးကြိုနေ၏။
မြင်းတပ်ဖွဲ့ခေါင်းဆောင်က တင်ပြလိုက်သည်။ "တတိယ သခင်လေးက ကျွန်တော်တို့ရဲ့ ရေတပ်ကို ဦးဆောင်ပြီး ကျောက်စရစ်ကျွန်းကို သွားတိုက်ခဲ့ပေမဲ့ တစ်ယောက်မှ ပြန်မလာကြတော့ဘူး။ သူတို့အားလုံး တိုက်ပွဲကျ သွားပြီလို့ ကျွန်တော်တို့ သံသယရှိပါတယ်။ တတိယ သခင်လေးနဲ့ သခင်မလေး ကွေ့ချင်းရှောင်းတို့ နှစ်ယောက်စလုံး အဖမ်းခံလိုက်ရပါပြီ။"
ကွေ့ရှင်းဖူတစ်ယောက် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
သူက ဒေါသတကြီး ဟိန်းဟောက်လိုက်၏။ "ဘာကွ။ မဖြစ်နိုင်ဘူး။ ငါတို့ရဲ့ ရေတပ်က ကျောက်စရစ်ကျွန်းဆယ်ကျွန်းကိုတောင် ဖျက်ဆီးနိုင်တယ်။ ဆိုလွန်ဆီမှာ ဘယ်လို လှည့်ကွက်တွေပဲ ရှိနေပါစေ ငါ့ရဲ့ ရေတပ်သားတွေကို သူ လုံးဝ အပြတ်ရှင်းနိုင်မှာ မဟုတ်ဘူး။"
ထိုစဉ် ဒုတိယမြောက် သတင်းပို့သူတစ်ဦး ပေါ်လာကာ ကတိုက်ကရိုက် ရေးခြစ်ထားသည့် စာတစ်စောင်ကို သူ့အား ကမ်းပေးလိုက်သည်။
'မြို့စားကြီးထံသို့... ခင်ဗျားရဲ့ သားနဲ့ သမီး ကျွန်တော့်လက်ထဲမှာ ရှိတယ်။ သူတို့ကို အကောင်းအတိုင်း ပြန်လိုချင်ရင် ပြန်ရွေးငွေ ရွှေဒင်္ဂါး သုံးသောင်း ပြင်ဆင်ထားပါ။'
ရွေးကြေးတောင်းသည့် စာ၏ အောက်ဆုံး၌ "ပင်လယ်ဓားပြတစ်ဦး" ဟု လက်မှတ်ရေးထိုးထား၏။ သို့သော် ကွေ့ရှင်းဖူက လက်ရေးကို မမှတ်မိမည်စိုး၍ စာပို့သူမှာ မူလက "ခင်ဗျားရဲ့ သားမက်" ဟု ရေးထိုးထားရာမှ ထိုစာသားကို ခြစ်ထုတ်ကာ ပင်လယ်ဓားပြတစ်ဦးဟု အစားထိုးရေးသားထားခြင်းပင်။
"ဆိုလွန်... ခွေးမသား။"
ကွေ့ရှင်းဖူ၏ လည်ချောင်းထဲမှ သွေးများ ဆန်တက်လာကာ သွေးတစ်ပွက်ကို အန်ချလိုက်ရသည်။
အပိုင်း ၂၃၁ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team