အခန်း ၂၃၂
Vol. 24 Ch. 232
အပိုင်း ၂၃၂
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
“မြို့စားကြီး… မြို့စားကြီး…” ယန်ထင်ရီနှင့် သက်တော်စောင့်ခေါင်းဆောင်တို့က ကွေ့ရှင်းဖူအား ထိန်းရန် အပြေးအလွှား ရှေ့တိုးလာကြ၏။
ကွေ့ရှင်းဖူကမူ သွေးတစ်ပွက် အန်ချလိုက်ပြီး ယိမ်းယိုင်သွားပြီးနောက်မှသာ ခန္ဓာကိုယ်ကို အနိုင်နိုင် ပြန်လည်ထိန်းမှတ်လိုက်ရသည်။
မည်သို့လုပ်ပြီး ရှုံးနိမ့်သွားသနည်း။ ကျောက်စရစ်ကျွန်းပေါ်၌ ဆိုမိသားစု၏ စစ်သည်တော် တစ်ရာနှင့် ဆားချက်ကျေးကျွန် တစ်ထောင်ခန့်သာ ရှိသည် မဟုတ်ပါလော။
ကွေ့မိသားစု၌မူ ရေတပ်သား သုံးထောင်နီးပါး ရှိ၏။ သူ၏ ရေတပ်တစ်ခုလုံးက မည်သို့လုပ်ပြီး အပြတ်ရှင်းခံလိုက်ရသနည်း။
ထို ရေတပ်ကြီးကို တည်ဆောက်ရန်အတွက် နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရ၏။ ရေတပ်ကြီးက လင်ဟိုင်မြို့ကို ကာကွယ်ပေးပြီး ပင်လယ်ပြင်ထက်၌ သူ၏ အာဏာကို ခိုင်မာစေခဲ့သည်။
လက်ရှိအချိန်၌ သူတို့အားလုံး သေဆုံးသွားပြီဖြစ်ရာ မြို့၏ ရေပိုင်နက်ကို မည်သို့ ကာကွယ်ရမည်နည်း။ ကုန်းတပ်တစ်ခုကို တစ်နှစ်အတွင်း လေ့ကျင့်ပေး၍ ရနိုင်သော်လည်း သေသပ်ပြတ်သားသည့် ရေတပ်တစ်ခုကို ပြန်လည်တည်ဆောက်ရန်အတွက် အနည်းဆုံး သုံးနှစ်မှ ငါးနှစ်အထိ အချိန်ယူရပေလိမ့်မည်။
ကွေ့ရှင်းဖူ ဝမ်းနည်းကြေကွဲမှုကြောင့် မျက်ရည်များပင် ဝဲလာရသည်။ လင်ဟိုင်မြို့စားကြီး တစ်ယောက်အနေဖြင့် သူ တစ်သက်နှင့် တစ်ကိုယ် ဤမျှကြီးမားသည့် ဆုံးရှုံးမှုမျိုးကို မကြုံတွေ့ခဲ့ဖူးချေ။
သမီးဖြစ်သူအား အလိုလိုက်ထားမိသည့်အတွက် သူမလေးက အထိန်းအကွပ်မဲ့စွာ ရိုင်းစိုင်းလာ၏။ သူ ဝှက်ထားသည့် စစ်တပ်အမိန့်ပေး တံဆိပ်ပြားကို ထိုကလေးမက မည်သို့လုပ်ပြီး ရှာတွေ့သွားရသနည်း။ သမီးလေးကို သူ အလွန် ချစ်မြတ်နိုးသော်လည်း တံဆိပ်ပြားဆိုသည်မှာ အလွန်အရေးကြီးသည့် လျှို့ဝှက်ချက်တစ်ခု ဖြစ်၏။
တပ်များကို စေလွှတ်ခဲ့သူမှာ ကွေ့ချင်းကျုံး ဖြစ်သော်ငြား တကယ့်လက်သည်များမှာ သူ၏ သမီးဖြစ်သူ ကွေ့ချင်းရှောင်းနှင့် ဇနီးဖြစ်သူ ထူလင်းစီတို့မှန်း ကွေ့ရှင်းဖူ သိနေ၏။
တုန်ယင်နေသည့် မေးရိုးများကို တင်းကျပ်စွာ အံကြိတ်ထားလိုက်သည်။ တကယ်၍ ထိုမိန်းမနှစ်ယောက်သာ သူ့ရှေ့၌ ရှိနေမည်ဆိုပါက ပါးဆယ်ချက်လောက် ရိုက်ပစ်မိမည်မှာ သေချာလှ၏။
သို့သော် သားနှင့်သမီးဖြစ်သူတို့ ဆိုလွန်၏ လက်ထဲသို့ ကျရောက်သွားသည်ကို တွေးမိသောအခါ နာကျင်သွားရပြန်၏။
သားဖြစ်သူ ကွေ့ချင်းကျုံးကမူ ကိစ္စမရှိလှချေ။ သို့သော် သူ၏ အဖိုးတန် သမီးလေးမှာမူ တစ်သက်နှင့်တစ်ကိုယ် မည်သည့် အနှိမ်ခံရမှုမျိုးကိုမှ မကြုံတွေ့ခဲ့ဖူးပေ။
သူ၏ ကလေးမလေးသည် ဘဝတစ်လျှောက်လုံး မင်းသမီးလေးတစ်ပါးကဲ့သို့ အလိုလိုက်ခံခဲ့ရသူ ဖြစ်သည်။ လက်ရှိအချိန်၌ ဆိုလွန်၏ သုံ့ပန်းဖြစ်နေပြီဖြစ်ရာ ထိုကောင်က သူမအား မည်သို့များ အရှက်ခွဲနေမည်နည်း။
ချက်ချင်းဆိုသလိုပင် သူ၏ ဒေါသများက လုံးဝ ပျောက်ကွယ်သွားပြီး နက်ရှိုင်းလှသည့် စိုးရိမ်ပူပန်မှုများက အစားထိုး ဝင်ရောက်လာသည်။ ရေတပ်ကြီး ပျက်စီးသွားပြီဖြစ်ရာ ထိုအရာကို ပြောင်းလဲ၍ မရနိုင်တော့ချေ။
လက်ရှိအချိန်၌ အရေးကြီးဆုံးအရာမှာ သမီးဖြစ်သူအား ကယ်တင်ရန်ပင်။ ထိုတိရစ္ဆာန်ကောင် ဆိုလွန်က သူမအား ဘာတွေများ လုပ်နေမည်နည်း။
**--**--**--**--**--**--**--**
တစ်ချိန်တည်းမှာပင် မြေအောက်အကျဉ်းထောင်ထဲ၌ ကွေ့ချင်းရှောင်းတစ်ယောက် အလွန်အမင်း ဆာလောင်မွတ်သိပ်နေမှုကြောင့် ယောင်ချာချာဖြစ်နေလေပြီ။
မြေပြင်ပေါ်၌ လှဲလျောင်းနေရင်း ဆိုလွန် အစားအသောက် ယူလာပေးပါစေဟုသာ အသည်းအသန် ဆုတောင်းနေမိသည်။ သူမအား အရှက်ခွဲမည်ဆိုလျှင်ပင် ဂရုမစိုက်နိုင်တော့ချေ။ ဆာလောင်မှုကြောင့် သေတော့မည်ဟုသာ ခံစားနေရ၏။
နောက်ဆုံး၌ ဆိုလွန် ပေါ်လာ၏။
ကွေ့ချင်းရှောင်းက သံတိုင်များဆီသို့ အပြေးအလွှား သွားကာ ငိုကြွေးလိုက်သည်။ “ငါ့ကို အစားအစာ ပေးပါ။ ငါ ဆာလွန်းလို့ သေတော့မယ်။”
ဆိုလွန်က မှိုတက်နေပြီး အင်းဆက်တစ်ကောင် တွားသွားနေသည့် မာတောင့်တောင့် ပေါက်စီတစ်လုံးကို ကမ်းပေးလိုက်သည်။ ထို့နောက် ရက်စက်စွာ မေးလိုက်၏။ “စားမလား။”
သူမ၏ ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်။ ထိုအကောင်က သူမအား အရှက်ခွဲနေမှန်းကို သိသလို ဤကဲ့သို့ အရှက်ရဖွယ် ကောင်းလှသည့် လုပ်ရပ်ကို လက်ခံမည့်အစား သေခြင်းတရားကိုသာ ရွေးချယ်သင့်မှန်း သူမ သိ၏။ သို့သော်လည်း သူမ ခေါင်းညိတ်ပြလိုက်မိသည်…။
ဆိုလွန်က မှိုတက်နေသော ပေါက်စီကို ပစ်ပေးလိုက်၏။
သူမ ဖမ်းယူလိုက်ပြီး ချက်ချင်းပင် ပါးစပ်နားသို့ တေ့လိုက်သည်။
သို့သော် ဆိုလွန်က လှမ်းတားလိုက်၏။ “နေဦး။”
ကွေ့ချင်းရှောင်း အေးခဲသွားရသည်။ ဆိုလွန်က ရှေ့သို့ တိုးလာကာ သူမ လက်ထဲမှ ပေါက်စီကို ဆွဲလုလိုက်ပြီး လွှင့်ပစ်လိုက်၏။
ကွေ့ချင်းရှောင်းတစ်ယောက် ထိန်းချုပ်နိုင်စွမ်းမဲ့သွားကာ အော်ဟစ်ငိုကြွေးလိုက်မိသည်။ “ဆိုလွန်… နင် ဘာလုပ်တာလဲ။ ငါ့ကို နှိပ်စက်တာ လုံလောက်ပြီ မဟုတ်ဘူးလား။ သတ်လိုက်တော့။”
ဆိုလွန်၏ လက်နှစ်ဖက်ကို ဆွဲယူကာ သူမ၏ လည်ပင်းဆီသို့ ဆွဲလိုက်သည်။
သို့သော် ဆိုလွန်က အခြားလက်တစ်ဖက်ဖြင့် နွေးထွေးလတ်ဆတ်သော ပေါက်စီတစ်လုံးနှင့် ရေတစ်ခွက်ကို သူမထံ ကမ်းပေးလိုက်၏။ “စားလိုက်။”
အံ့အားသင့်သွားသော ကွေ့ချင်းရှောင်းမှာ သတိဝင်လာသည်နှင့် အငမ်းမရ စားသောက်လိုက်သည်။ အမြန် စားလိုက်သည့်အတွက် နင်သွားရ၏။
ထို့အတွက်ကြောင့် ရေကို အမြန်သောက်လိုက်ရပြီး နာကျင်စွာဖြင့် ချောင်းဆိုးနေမိသည်။ ဆိုလွန်က အကျဉ်းခန်းတံခါးကို ဖွင့်ကာ သူမ၏ ဘေး၌ ဝင်ထိုင်လိုက်ပြီး သူမ အစာမြိုချနိုင်သည်အထိ ကျောကို ညင်သာစွာ ပွတ်သပ်ပေးနေလိုက်၏။
ဆိုလွန် သက်ပြင်းသဲ့သဲ့ချလိုက်ကာ သူမ နင်နေသည်ကို သက်သာစေရန် ရင်ဘတ်ကို ပွတ်သပ်ပေးလိုက်သည်။
ရှုပ်ထွေးလှသော သူ၏ သက်ပြင်းချသံကြောင့် ကွေ့ချင်းရှောင်း ရင်ထဲ၌ တုန်လှုပ်သွားရ၏။ အမုန်းတရားများကို ဖြေဖျောက်ရန်အတွက် သူမအား ခွေးတစ်ကောင်ကဲ့သို့ ဆက်ဆံရန် စီစဉ်ထားသော်လည်း သူမ၏ နောက်ဆုံးကျန်ရစ်နေသည့် ဂုဏ်သိက္ခာအစအနလေးကို ဖယ်ရှားပစ်ရန် မလုပ်ရက်ကြောင်းကို သဘောပေါက်လိုက်သည်။
သူမ အစားအသောက်များကို လျင်မြန်စွာ စားသုံးပြီးနောက် မော့ကြည့်လိုက်၏။ ဆိုလွန်က နောက်ထပ် ပေါက်စီတစ်လုံးကို ကမ်းပေးလိုက်သည်။ “ဒါ နောက်ဆုံးတစ်ခုပဲ။ အခုချိန်မှာ အများကြီး စားလိုက်ရင် အစာအိမ်ကို ထိခိုက်လိမ့်မယ်။”
ဆိုလွန်၏ ထူးထူးခြားခြား ကြင်နာမှုကြောင့် သူမ၏ ရင်လေး ဖိုသွားရသည်။ မာနကြီးသော မင်းသမီးလေး တစ်ပါးကဲ့သို့ ပြုမူခဲ့စဉ်က သူမအား လှောင်ပြောင်ခဲ့၏။
လက်ရှိအချိန်၌ သူမ အလွန်အမင်း သနားစရာကောင်းနေချိန်၌မူ ကြင်နာပြနေသည်။ ဒုတိယမြောက် ပေါက်စီနှင့် ရေကို သောက်ပြီးနောက် ဆာလောင်မှုက ပျောက်ကွယ်သွားကာ သူမ၏ အရှက်ရမှုက တစ်ဖန် ပြန်လည်ရောက်ရှိလာ၏။
သူမ၏ အားနည်းလှသော အပြုအမူအတွက် အလွန်တရာ အရှက်ရသွားမိ၏။ သူမ၏ အရှက်ရဖွယ်အကောင်းဆုံး အခြမ်းကို ထိုလူ၏ရှေ့၌ ဖော်ပြမိသွားလေပြီ။
ဒူးကို ပိုက်ကာ သူမ အသံထွက်၍ ရှိုက်ကြီးတငင် ငိုကြွေးလိုက်မိသည်။ ဆိုလွန်ကမူ သူမ ငိုကြွေးနေစဉ်အတွင်းမှာပင် သူမ၏ ကျောပြင်လေးကို တိတ်ဆိတ်စွာဖြင့် ဆက်လက်ပြီး ပွတ်သပ်ပေးနေမိ၏။
ဆိုလွန်က သူမကို အမှန်တကယ်ပဲ ဂရုစိုက်နေခြင်းလော။
လုံးဝ မဟုတ်ချေ။ ဤသည်က သူမ၏ စိတ်ဓာတ်ကို ချိုးနှိမ်ရန်အတွက် နည်းဗျူဟာတစ်ခုမျှသာ ဖြစ်သည်။
လူတိုင်း၏ ဂုဏ်သိက္ခာ၌ အကန့်အသတ်တစ်ခု ရှိပြီး ထိုစည်းကို ကျော်သွားပါက ဘယ်သောအခါမှ ပြန်လှည့်၍ မရနိုင်တော့ချေ။ အလိုလိုက်ခံထားရသော ကွေ့ချင်းရှောင်းအတွက်မူ ထိုအကန့်အသတ်မှာ မှိုတက်နေသော ပေါက်စီကို စားခြင်းပင်။
သူမ ထိုစည်းကို ကျော်သွားရန် သီသီလေးအလို၌ ပြန်ဆွဲထုတ်ပေးလိုက်ခြင်းဖြင့် ဆိုလွန်က သူမအား သူ့အပေါ် နွေးထွေးသည့် ခံစားချက်မျိုး ခံစားလာရစေရန် ဖန်တီးလိုက်ခြင်း ဖြစ်သည်။
ဤသည်က လူဆိုးတစ်ယောက် ကောင်းမှုတစ်ခု ပြုလုပ်လိုက်သည်ကို မြင်ရသည်နှင့် ဆင်တူလှ၏။
ယခင်က ဆိုလွန် သူမအား ***** ပြုကျင့်ခဲ့စဉ်က သူမ၏ စိတ်ဓာတ်တွေ ပြိုလဲသွားခဲ့သလား။ ထူးဆန်းစွာပင် မပြိုလဲခဲ့ချေ။
အလွန်အမင်း ရုပ်ရည်ချောမောလှသော ဆိုလွန်၏ ဖျက်ဆီးခြင်းကို ခံလိုက်ရမှုက သူမအား လုံးဝ ပြိုလဲသွားစေခဲ့သော်လည်း အပျိုစင်ဘဝထက် သူမ၏ အသက်ကို ပို၍ တန်ဖိုးထားသည့်အတွက် သူမ၏ ဂုဏ်သိက္ခာကိုတော့ မချိုးဖျက်နိုင်ခဲ့ချေ။
ဤသည်က အထက်တန်းလွှာ အမျိုးသမီးတစ်ဦးအနေဖြင့် ညစ်ပတ်နံစော်နေသော သူတောင်းစားတစ်ယောက်၏ အတင်းအဓမ္မ ပြုကျင့်ခံရခြင်းမျိုး မဟုတ်လေဘဲ နာမည်ကြီး မင်းသားတစ်ဦး၏ အတင်းအဓမ္မ ပြုကျင့်ခံလိုက်ရသည်နှင့် တူနေသည့်အတွက်ပင်။
ရုတ်တရက် ဆိုလွန်က မေးလာသည်။ “နာနေတုန်းပဲလား။ ရောင်နေသေးလား။”
ကွေ့ချင်းရှောင်းက ခေါင်းရမ်းလိုက်ပြီး ဆက်၍သာ ငိုကြွေးနေ၏။ ဆိုလွန်က စစ်ဆေးရန်အတွက် သူမ၏ စုတ်ပြဲနေသော ဘောင်းဘီကို ဘေးသို့ ဆွဲဖယ်လိုက်သည်။
လန့်ဖျပ်သွားသော သူမလေးမှာ နောက်သို့ ခုန်ဆုတ်သွားပြီး ထိတ်လန့်တကြားဖြင့် သူ့အား စိုက်ကြည့်နေမိ၏။ သူမကို ထပ်ပြီး အတင်းအဓမ္မ ပြုကျင့်ဦးမည်လား။
ဆိုလွန်က ကြည့်ရှုစစ်ဆေးလိုက်၏။ “ကံကောင်းလို့ မရောင်ဘူးပဲ။”
ပြောပြီးနောက် သူမထံသို့ ဆေးရည်တစ်ပုလင်း ကမ်းပေးလိုက်သည်။ “နာနေရင် ကိုယ့်ဘာသာ လိမ်းလိုက်။”
သူ လှည့်ထွက်သွားရန် ပြင်လိုက်ချိန်၌ သူမ အော်ဟစ်လိုက်၏။ “ဆိုလွန်… နင် ငါ့ကို ဘယ်တော့ လွှတ်ပေးမှာလဲ။”
ဆိုလွန်က နောက်ကျောပေးလျက် လျှောက်သွားလိုက်သည်။ “မကြာခင်ပေါ့”
ခဏအကြာ၌မှ မည်သို့မျှ မရုန်းကန်ဘဲ သူမ၏ ခန္ဓာကိုယ်ကို သူ့အား ပေးကြည့်မိသော အရှက်မဲ့လှသည့် အပြုအမူကို သတိထားမိလိုက်၏။ ချက်ချင်းပင် အဝတ်အစားများကို ပြန်ဖုံးကာ ဒူးကိုပိုက်၍ ထပ်မံ ငိုကြွေးလိုက်ပြန်သည်။
ဆိုလွန်က သူမအား လှည့်စားခြယ်လှယ်နေသော တစ်ချိန်တည်းမှာပင် ဖခင်ဖြစ်သူထံမှ ရွှေဒင်္ဂါး သုံးသောင်းအား ရက်ရက်စက်စက် ခြိမ်းခြောက်တောင်းယူနေကြောင်းကိုမူ သူမ နည်းနည်းလေးမှ မသိချေ။
**--**--**--**--**--**--**--**
ဆိုလွန် ထိုရွေးငွေကို အသည်းအသန် လိုအပ်နေ၏။
ထျန်းရွှေမြို့ကို ပြန်လည်သိမ်းပိုက်ရန် သုံးလပင် မလိုတော့သော အချိန်အတွင်း သူ့အနေဖြင့် အနည်းဆုံး စစ်သည် နှစ်သောင်းပါဝင်သည့် တပ်တစ်ခုကို ဖွဲ့စည်းရမည် ဖြစ်သည်။
ဆိုလွန်၏ အစီအစဉ်မှာ ယန်နိုင်အာ၏ ဖခင်ဖြစ်သူ ပိုင်ဆိုင်သော ငွေရောင်ဝံပုလွေ ကြေးစားစစ်သည်အဖွဲ့ကို အဓိကအင်အားအဖြစ် အသုံးပြုပြီး ရွှေဒင်္ဂါး တစ်သိန်း အကုန်အကျခံကာ လုံလောက်သည့် ကြေးစားစစ်သည်များ ထပ်မံငှားရမ်းပြီး မြို့ကို တိုက်ရိုက် ပြန်လည်သိမ်းပိုက်ရန်ပင်။
ထို့အတွက်ကြောင့် ကြိုတင်ငွေအဖြစ် ရွှေဒင်္ဂါး ငါးသောင်း လိုအပ်နေသော်လည်း မြို့စားကြီး ကျိထင်က နှစ်သောင်းသာ ထုတ်ပေးနိုင်ခဲ့၏။
ဆားလက်မှတ်များကို ရောင်းချခြင်းက များပြားလှသည့် ငွေကြေးပမာဏကို သေချာပေါက် ရရှိစေမည်ဖြစ်သော်လည်း ကုန်သည်များကို စုစည်းပြီး လေလံတင်ရန်အတွက်မူ လပေါင်းများစွာ အချိန်ယူရဦးမည်။
နဂိုမူလ၌ မြို့စားကြီး ကျိထင်ကို အားကိုးရန် စီစဥ်ခဲ့သော်လည်း ဘဏ္ဍာတိုက်မှာ သောက်ကျိုးနည်းလှစွာပင် ဓားပြတိုက်ခံလိုက်ရသည်။
ရွှေဒင်္ဂါး နှစ်သောင်းကိုပင် ရွှေပွဲရုံမှနေ၍ အတင်းအကျပ် ထုတ်ယူခဲ့ရခြင်း ဖြစ်၏။ ကျန်ရှိနေသည့် ရွှေဒင်္ဂါး သုံးသောင်းကို ရှာဖွေရန်အတွက် ဆိုလွန်တစ်ယောက် ခေါင်းခြောက်နေရသည်။
ဤမျှ အရေးကြီးနေသော အချိန်မျိုး၌ ကွေ့မိသားစု၏ ရေတပ်က ကျောက်စရစ်ကျွန်းအား လာရောက်တိုက်ခိုက်လိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။
တိုက်ပွဲမှာ ပြင်းထန်ခဲ့သော်လည်း ရလဒ်ကမူ ပြီးပြည့်စုံလှ၏။ ရေတပ်ကြီး ပျက်စီးသွားပြီး ကွေ့ချင်းရှောင်းနှင့် ကွေ့ချင်းကျုံးတို့မှာ သူ၏ သုံ့ပန်းများ ဖြစ်လာသည်။
ကောင်းကင်ဘုံက ဖန်တီးပေးလိုက်သော ဤအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကာ ဆိုလွန်တစ်ယောက် ကွေ့ရှင်းဖူထံမှ သူ လိုအပ်နေသည့် ငွေအား ခြိမ်းခြောက်တောင်းယူလိုက်တော့၏။
**--**--**--**--**--**--**--**
လင်ဟိုင်မြို့၌မူ ကွေ့ရှင်းဖူတစ်ယောက် အိမ်တော်သို့ပင် ပြန်မသွားနိုင်တော့ချေ။ ဆိပ်ကမ်းသို့ တန်းတန်းမတ်မတ် ပြေးသွားကာ ကျောက်စရစ်ကျွန်းထံသို့ ဦးတည်သွားမည့် သင်္ဘောတစ်စင်းပေါ်သို့ တက်လိုက်သည်။
သမီးဖြစ်သူအား ကယ်တင်ရန်အတွက် ပူလောင်နေသော စိုးရိမ်ပူပန်မှုများဖြင့် သူ နာရီပေါင်းများစွာကြာအောင် ရွက်လွှင့်လာခဲ့၏။
ကွေ့ချင်းရှောင်း သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသော သတ္တမမြောက်နေ့၌ ကွေ့ရှင်းဖူတစ်ယောက် မြို့စားကြီး ကျိထင်၏ သင်္ဘောကြီးပေါ်သို့ ရောက်ရှိလာသည်။
အပိုင်း ၂၃၂ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
Mtl website မှ မပြန်တော့ဘူးဟု သစ္စာဆိုထားသော်လည်း Mtl website မှ ထပ်ပြန်နေရသောအခါ။ ငါလေး ငိုချင်နေပါပြီ ၊ ဘာတွေရေးထားလဲမသိ ရှုပ်ရှက်ခတ်နေတာပဲ။ သိုင်းအဆင့်တွေ မိတ်ဆက်ရင် ငါထပ်ငိုရဦးမယ်။ 🙂🙂🙂