မာတာနွယ်ပင် … ငါ့ကိုယ်လုပ်တော် ဖြစ်ဖို့ မင်းက အရည်အချင်း ပြည့်မှီတယ်
Vol. 6-10 Ch. 141
အခန်း (၁၄၁) : မာတာနွယ်ပင် … ငါ့ကိုယ်လုပ်တော် ဖြစ်ဖို့ မင်းက အရည်အချင်း ပြည့်မှီတယ်
ရှန်ထျန်းက အရည်များကို အရူးအမူး စုပ်ယူနေစဉ် သူ့မီးစာကျမ်းကလည်း အမြန်နှုန်းဖြင့် လည်ပတ်နေလေ၏။ ဗိုက်ထဲ အရည်အားလုံးနှင့် ပြည့်မသွားခင် အလျှင်အမြန် သန့်စင်ခံနေရပြီး သန့်ရှင်းပြောင်လက်နေအောင် စုပ်ယူခံလိုက်ရသည်။
ရှန်ထျန်းက သူ့တစ်ကိုယ်လုံး ဆဲလ်များ၊ ကြွက်သားများဆီ သန့်စင်ပြီးသား စွမ်းအား ဝင်ရောက်လာကာ အားဖြည့်တင်းလိုက်သလိုမျိုး ခံစားနေမိသည်။
ထိုစဉ် သူ့မောပန်းနွမ်းလျမှုအားလုံး ပြေပျောက်သွားလေသည်။ ပို၍ အရေးကြီးသည်က အံ့ဖွယ်ရစ်ပတ်နွယ်ပင်များ၏ အရည်ကို အားရပါးရ သောက်သုံးပြီးနောက် ရှန်ထျန်းတစ်ယောက် သူ့ခန္ဓာကိုယ်အတွင်း အပြောင်းအလဲကြီးတစ်ခုကို ခံစားမိလာသည်။
တစ်ချိန်တည်းတွင် သူ့နတ်ဘုရားအသိစိတ်အပေါ် မြူခိုး၏ လွှမ်းမိုးသက်ရောက်မှုက အတော်လေး လျော့ကျသွားပြီး သူ့အမြင်စွမ်းအားလည်း သိသိသာသာ တိုးတက်လာသည်။
မူလက ရှန်ထျန်းသည် ဆယ်မီတာဝန်းကျင်သာ မြင်ခဲ့သော်လည်း ယခုအခါ မီတာ ၂၀ မျှ မြင်နိုင်လေပြီ။
အံ့ဖွယ်ရစ်ပတ်နွယ်ပင် အရည်က မြူခိုးရဲ့ မဟာရန်သူတော်များလား …
ရှန်ထျန်း တစ်ယောက် ပျော်ရွှင်သွားကာ ကျန်ရှိနေသော အံ့ဖွယ်ရစ်ပတ်နွယ်ပင် အရည်များကို အားစိုက်ထုတ်ကာ စုပ်ယူပစ်လိုက်သည်။
ထိုစဉ် အံ့ဖွယ်ရစ်ပတ်နွယ်ပင်ကြီးက မျက်စိနှင့် မြင်နိုင်လောက်သည့်အထိ အမြန်အဆန် ကျုံ့လာလေသည်။ ပို၍ အံ့ဩဖို့ကောင်းသည်က အံ့ဖွယ်ရစ်ပတ်နွယ်ပင်ကြီးသည် ရှန်ထျန်း၏ စုပ်ယူအားမှ ရုန်းမထွက်နိုင်ခြင်း ဖြစ်၏။
ရှန်ထျန်း အကုန် စုပ်ယူသွားသည်ကို ထိုင်ကြည့်နေရုံသာ တတ်နိုင်ပေသည်။
“ ဂေ့ ”
ငါးမိနစ်ကြာပြီးနောက် ရှန်ထျန်းက လေချဉ်တက်လိုက်သည်။
အံ့ဖွယ်ရစ်ပတ်နွယ်ပင်ကြီးသည် ခမ်းခြောက်လာပြီး အပြင်အခွံ့သာ ကျန်ရှိလေတော့သည်။
လူသားတစ်ယောက်၏ လက်ချက်ဖြင့် သေသည့်အထိ စုပ်ယူခံရလိမ့်မည်ဟု တစ်ခါမှ တွေးထားဖူးမည် မဟုတ်ချေ။ ဒုတိယအခွင့်အရေးသာ ရရှိလာပါက ဤသရဲသဘက်လို လူသားကို သေချာပေါက် ရန်မစတော့ပေ။
“ အရသာရှိလိုက်တာ … ငါ့ရန်သူတွေထဲမှာ အချိုဆုံးအဖြစ် မှတ်ထားလိုက်ပါ့မယ် ”
ရှန်ထျန်းက နှုတ်ခမ်းထောင့်မှ နောက်ဆုံးသော အရည်စက်လေးကို သပ်ရင်း ပြောလိုက်၏။ အရသာမှာ ဟင်းသီးဟင်းရွက် အသုပ်လို ဖြစ်ကာ အရွက်နံ့သင်းသင်းလေးနှင့် ချိူချိုချဉ်ချဉ် အရသာကောင်းလှသည်။
ပြောရမည်ဆိုလျှင် အရည်ကား မျက်စိပသာဓ မဖြစ်သော်လည်း အရသာ အတော်ကောင်း၏။
အပြင်ခွံ့အား ခန်းမင်လက်စွပ်ထဲ ထည့်သိမ်းလိုက်ပြီးနောက် ရှန်ထျန်းက ကျန်ရှိနေသော နောက်ထပ် နွယ်ပင်အား လှည့်ကြည့်လိုက်သည်။
ထိုနွယ်ပင်ကား ချက်ချင်းဆိုသလို အရမ်းတုန်လှုပ်လာကာ ခန္ဓာကိုယ်တစ်ဝက်ကို ဖြန့်ကျက်ရင်း မြူခိုးရှိရာဆီ ထွက်ပြေးဖို့ ပြင်လိုက်သည်။
နွယ်ပင်တွေကို စားပစ်ချင်လို့တဲ့ ကယ်ကြပါဦး …
ရှန်ထျန်းက အားရပါးရ ပြုံးမိသွားသည်။
ငါ့ကို ရန်မစဖို့ ပြောတုန်းက စကားနားမထောင်တာ ဘယ်သူတွေလဲ … ငါ့ကိုတောင် လာချည်သေးတယ်ပေါ့လေ … အခု ထွက်ပြေးဖို့ အရမ်းနောက်ကျသွားပြီကွ … မင်းရဲ့ အဆီအနှစ်တွေကို နာနာခံခံ ပေးလိုက်စမ်းပါ
ရှန်ထျန်းက နဂို ကြာပစ်ခွင်း သေနတ်ကို ပြန်လည် ယူဆောင်လိုက်ကာ ကျယ်ကျယ်လောင်လောင် အော်ပြောလိုက်သည် “ ကြံ့နက်ချပ်ဝတ် ”
အံ့ဖွယ်ရစ်ပတ်နွယ်ပင် အရည်များကို စုပ်ယူပြီးနောက် ရှန်ထျန်းက သူ့အခြေအနေမှာ ပို၍ မကောင်းနိုင်တော့ကြောင်း ခံစားမိလာသည်။ ယခင် ကုန်ဆုံးသွားသည့် သူ့အတွင်းအားလည်း ပြန်လည် ကောင်းမွန်လာကာ သူ့စွမ်းအင်ဗဟိုချက်လည်း အားပြည့်နေလေ၏။
လက်ရှိ ရှန်ထျန်းက သူ့ခန္ဓာကိုယ်အတွင်းရှိ ပိုလျှံနေသော စွမ်းအားများကို အသုံးချဖို့ တိုက်ပွဲတစ်ခု အလိုရှိနေသည်။
ကြံ့နက်ချပ်ဝတ်က ရှန်ထျန်း ခန္ဓာကိုယ်ကို လွှမ်းခြုံထားသောကြောင့် ကောင်းကင်ဘုံမှ ဆင်းသက်လာသည့် ပြိုင်ဖက်ကင်း စစ်သူကြီးတစ်ယောက်နှယ် ဟိတ်ကြီးဟန်ကြီး ပေးစွမ်းနေသည်။ သူက ကြာပစ်ခွင်း သေနတ်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်ပြီးနောက် သူ့လိပ်နက် နတ်မိုးကြိုးဖြင့် ကြာပစ်ခွင်း သေနတ်ကို ဖုံးအုပ်လိုက်သည်။
“ ငါ့ရန်သူတွေ လှံတံအောက် ပျောက်ကွယ်သွားကြစမ်း ”
ထိုစဉ် ရှန်ထျန်း တစ်ကိုယ်လုံး၌ အားကောင်းသော မိုးကြိုးအရှိန်အဝါများဖြင့် လွှမ်းခြုံထားလေ၏။
ကြံ့နက်ချပ်ဝတ်က ရှန်ထျန်း တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားသောကြောင့် လိပ်နက် ချပ်ဝတ်သွင်ပြင်ကိုပင် မမြင်ရတော့ပေ။ ရှန်ထျန်းအပြင် မည်သူကမှ သူ လိပ်နက်ချပ်ဝတ်ကို ဝတ်ဆင်ထားကြောင်း သိတော့မည် မဟုတ်ချေ။
ငါ့နောက်ဆုံးတိုက်ကွက်ကို ထုတ်သုံးရအောင် လုပ်နေတာပဲ …
ဒါပေမဲ့ အခု မင်း လက်လျော့ရတော့မဲ့ အချိန်ပဲ …
ရှန်ထျန်းက အံ့ဖွယ်ရစ်ပတ်နွယ်ပင်နောက်မှ အသည်းအသန် လိုက်သွားလေသည်။ လိပ်နက်ချပ်ဝတ်နှင့် ကြံ့နက်ချပ်ဝတ်တို့၏ ကာကွယ်မှုအောက်တွင် ရွှေအမြုတေအဆင့် အံ့ဖွယ်ရစ်ပတ်နွယ်ပင်ကြီးပင် သူ့အကာအကွယ်ကို ထိုးဖောက်နိုင်မည် မဟုတ်ပေ။
ငါ့အကာအကွယ်ကို မထိုးဖောက်နိုင်မှတော့ မင်း ခံရမဲ့ အလှည့်ပေါ့ကွာ …
မြူခိုးအတွင်း အင်မတန် ထူးဆန်းသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
မြူခိုးမြို့တော်အတွင်း တခြားနေရာများ၌ ကျင့်ကြံသူများက ကာကွယ်ရေး အစီအရင်အတွင်း နေကြရပြီး အံ့ဖွယ်ရစ်ပတ်နွယ်ပင်များကို သတိထားကာ စောင့်ကြည့်နေကြရသည်။
ထိုစဉ် အခြေတည်အဆင့် ရှန်ထျန်းက ရွှေအမြုတေအဆင့် အံ့ဖွယ်ရစ်ပတ်နွယ်ပင်ကြီးနောက်ကို မျက်လုံးတလက်လက်ဖြင့် လိုက်ဖမ်းနေလေ၏။
ထိုရွှေအမြုတေအဆင့် အံ့ဖွယ်ရစ်ပတ်နွယ်ပင်ကြီးက တုန်လှုပ်မှုကြောင့် ကြောင်အမ်းလုနီးပါး ဖြစ်နေလေပြီ။
မာတာနွယ်ပင်ကြီး ပြောတော့ ငါတို့က အမဲလိုက်သူတွေဆို … အခုတော့ ငါတို့ကို စုပ်ယူပစ်မဲ့ လူသားက ဘယ်လိုလုပ် ပေါ်လာရတာလဲ …
ကယ်ကြပါဦး … အစ်ကိုကြီး၊ အစ်ကို (၂)၊ အစ်ကို (၃)၊ အစ်ကို (၄)၊ အစ်ကို (၅)တို့ရေ ကျွန်တော် သေရတော့မယ်ဗျ …
အံ့ဖွယ်ရစ်ပတ်နွယ်ပင်ကြီးက အသက်လုရင်း ပြေးနေရလေ၏။
ကြံ့နက်ချပ်ဝတ်နှင့် ရှန်ထျန်းက လက်ထဲတွင် လှံကြီးတစ်ဖက် ကိုင်ဆောင်ထားကာ အံ့ဖွယ်ရစ်ပတ်နွယ်ပင်နောက် လိုက်ဖမ်းနေသည်။ ထိုစဉ် သူက ကောင်းကင်ဘုံမှ ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးသဖွယ် ခံစားနေရပြီး အံ့ဖွယ်ရစ်ပတ်နွယ်ပင်ကြီးကို သတ်ပစ်ဖို့ ပုရွက်ဆိတ်တစ်ကောင်ကို သတ်သလောက် ရိုးရှင်းနေသည်။
“ သားရဲတွေ ငါတို့လူသားတွေကို သတ်ပြီးတော့ ပြစ်မှုတွေ ကျူးလွန်ရဲတယ်ဆိုတေ့ာ ဒီနေ့ ငါ … မင်းတို့ကို သင်ခန်းစာ ပေးရမယ်။ ဒီတစ်ခါတော့ ခွင့်လွှတ်ပေးလိုက်မယ်။ နောက်တစ်ခါ နာခံရမယ် …
သေစမ်း … ငါ ဒီတစ်ခါ ခွင့်လွှတ်ပေးမယ် ပြောတာတောင် ငါ့ကို ခိုးကြောင်ခိုးဝှက် အဖွဲ့နဲ့ လုပ်ကြံရဲသေးတယ်ပေါ့လေ … အရှက်မရှိလိုက်တာ။ မင်းတို့တွေ ငါ့ကို အတင်းတွန်းအားပေးတာနော် …. ကြံ့နက်ချပ်ဝတ် ပျောက်ကွယ်ပြီး လိပ်နက်ချပ်ဝတ် ပေါင်းစပ်စမ်း … ”
ရှန်ထျန်း တစ်ကိုယ်လုံး အနက်ရောင် မိုးကြိုးများဖြင့် ပြည့်နှက်နေကော နောက်ထပ် လိပ်နက်ချပ်ဝတ် တစ်လွှာ ဖြစ်ပေါ်လာလေသည်။
ဆန့်ကျင်ဘက် အရပ်ထွက်ပြေးရင်း အကာအကွယ်နှစ်လွှာ ဖြစ်ပေါ်လာသည်။
မီတာရာချီ ရှည်လျားသည့် အံ့ဖွယ်ရစ်ပတ်နွယ်ပင် ကိုးပင်က သူ့နောက် လိုက်လာကြလေ၏။ ယခင် သေလုနီးပါး ကြောက်လန့်နေခဲ့သည့် အံ့ဖွယ်ရစ်ပတ်နွယ်ပင်ကြီးက ယခု ပျော်ရွှင်နေလေပြီ။
ဤတစ်ခါ ရှန်ထျန်း တုန်လှုပ်ရမည့် အလှည့် ဖြစ်၏။
သေစမ်း … ငါ့ရောင်ဝါက အနက်ရောင် မဟုတ်တော့ပါဘူး။ အစိမ်းရောင် ဖြစ်နေပြီကို သူတို့တွေ ဘာလို့ လိုက်လာကြတာတုန်း …
ငါက အခြေတည်အဆင့်ပဲ ရှိသေးတာဆိုတော့ ရွှေအမြုတေအဆင့် အံ့ဖွယ်ရစ်ပတ်နွယ်ပင် တစ်ပင် ရောက်လာရင်ကို အတော်လေး လွန်လွန်းနေပြီလေ … အခုကျ ကိုးပင်တောင်လားကွာ …
တစ်ခုခုများ ထဖောက်တာလား …
သူ့နောက်ရှိ အားကောင်းသော အရှိန်အဝါကိုးခုကို ခံစားမိလိုက်သည့်အခါ ရှန်ထျန်းက ယခင်ဘဝ “Honor of Kings” ဂိမ်းထဲမှ သူ ရထားသော အနေအထား မှန်းဆခြင်း ပညာရပ်ကို ထုတ်သုံးလိုက်သည်။
လှည့်မယ် … ခုန်မယ် … တားမယ် .. နောက်ပြန်လှည့်မယ် … တိုက်ခိုက်မယ်
တစ်မိနစ်အကြာတွင် အံ့ဖွယ်ရစ်ပတ်နွယ်ပင်ကြီးက သူ့လိပ်နက်ချပ်ဝတ်ကို ပေါက်စီလိုမျိုး တင်းတင်းကျပ်ကျပ် ချည်နှောင်ထားလိုက်တော့သည်။
ရှန်ထျန်းက သူတို့အံ့ဖွယ်ရစ်ပတ်နွယ်ပင်ကြီးများကို တစ်ပင်ပြီး တစ်ပင် စုပ်ယူသောက်သုံးပစ်ချင်သော်လည်း သူတို့က အခွင့်အရေးပေးမည့်ဟန် မပေါ်ပေ။
ရှန်ထျန်းက ပါးစပ်ဟ၍ ကိုက်ဖို့ ပြင်သည့်အခါ ကျန်ရှိနေသော နွယ်ပင် ရှစ်ပင်က အစီအစဉ်တကျ နေရာယူသွားလေသည်။ သူသာ လိပ်နက်ချပ်ဝတ်ထဲမှ ခေါင်းထွက်လာပြီး ကိုက်သရွေ့ သူတို့က နွယ်ချောင်းများဖြင့် သူ့အား ရိုက်နှက်ကြလိမ့်မည်။
ဤသည်မှာ ရှက်စရာကောင်းလွန်းသောကြောင့် ရှန်ထျန်းအနေနှင့် ဘာမှမလုပ်နိုင်ချေ။ သူက အတော်လေး ဒေါသထွက်လာမိသည်။
ဟူး … ငါ တော်တော် စိတ်လက်မာန်ပါ လုပ်မိသွားတာပဲ …. အရသာကောင်းကို မတွန်းလှန်နိုင်တော့ဘဲ သတိမမူမိခဲ့ဘူး
အခုတော့ ရွှေအမြုတေအဆင့် အံ့ဖွယ်ရစ်ပတ်နွယ်ပင် အုပ်စုကြား ရောက်နေပြီ။
နောက်တစ်ခါသာ အခွင့်အရေး ရှိရင် သေချာပေါက် မလုပ်တော့ပါဘူး …
ရှန်ထျန်းက သူ့ချပ်ဝတ် အချိန်ကြာကြာနှင့် အကောင်းဆုံး တည်ရှိဖို့အတွက် ဝိညာဉ်ကျောက်တုံး စုပ်ယူခြင်းသာ လုပ်နိုင်ပေသည်။ ကံအပြောင်းအလဲ အခွင့်အရေး မြင်ကွင်း ရောက်လာသည့်အခါ သူ့အနေနှင့် ဤအကျပ်အတည်းကြားမှ လွတ်မြောက်ကာ ဘေးကင်းသွားလိမ့်မည်။
ရှန်ထျန်းက အံ့ဖွယ်ရစ်ပတ်နွယ်ပင်များ၏ နွယ်ချောင်းများကို တားဆီးဖို့အတွက် ဝိညာဉ်ကျောက်တုံးများကိုသာ အကောင်းဆုံး စုပ်ယူနေစဉ် အမျိုးသမီးတစ်ယောက်၏ ငြုတုတု အသံကို ကြားလိုက်ရလေ၏။
“ မြူခိုးမြို့တော်ထဲ ဒီလိုရုပ်ချောချော ကောင်လေး ရှိနေမယ်လို့ ဘယ်သူက တွေးမိမှာလဲ … သူ့ရုပ်ရည်က အထက်ဘုံက ဆင်းလာတဲ့ ထာဝရအရှင်တစ်ပါးလိုဆိုတော့ ငါနဲ့ ထိုက်တန်တယ် …
ကလေးတို့ရေ သူ့ကို ပြန်ခေါ်ခဲ့လိုက် … ငါ သူတော်စင်နယ်ပယ်အဆင့် တက်လှမ်းပြီးတာနဲ့ သူ့ကို တော်ဝင်ကိုယ်လုပ်တော်ဘွဲ့ ချီးမြင့်လိုက်မယ် …
ပြီးရင် သူ့ကို ဝင်ပူးကပ်ပြီးတော့ ရိုက်နှက်မယ် … ခမ်းခြောက်နေအောင် စုပ်ယူပစ်မယ် အဟီးဟီး ”
ရှန်ထျန်းက ပထမစကားတစ်ဝက်ကို ကြားလိုက်ရစဉ်အခါက စိတ်သက်သာရာရသွားမိ၏။ သို့သော်လည်း ဒုတိယပိုင်းကို ဆက်ကြားလိုက်ရသည့်အခါ မျက်နှာကြီး မှောင်မည်းသွားရှာလေသည်။
ရုပ်ချောချောကောင်လေးကို မြင်ပြီးတော့ ဒီလိုတဲ့လား …
ပူးကပ်တာက ထားပါတော့ ရိုက်နှက်မှာက ဘာတုန်း … ပြီးတော့ ခမ်းခြောက်သွားအောင် စုပ်ယူချင်သေးတာတဲ့လား … လွန်လွန်းသွားပြီ။ တကယ်ကို အသည်းနှလုံး မရှိကြဘူးပဲ
နတ်ဆိုးက နတ်ဆိုးပဲ … လူသားချင်း စာနာစိတ် မရှိကြဘူး
ကယ်ကြပါဦး … တစ်ယောက်ယောက် ကယ်ပေးကြပါဦး …
အသက်မပြည့်သေးတဲ့ ကောင်လေးကို နှစ်တစ်ထောင် နတ်ဆိုးမက သိမ်းပိုက်မလို့တဲ့ …