← Chapters

အခန်း ၁၂၄၃

Vol. 104 Ch. 1243

အခန်း ၁၂၄၃

Vol. 104 Ch. 1243

အခန်း ၁၂၄၃ -

လွှမ်းမိုးစွာ မောင်းထုတ်ခြင်း။

“ ဒီရှန်မူက... တကယ်ပဲ ဒီလောက်အထိ အစွမ်းထက်နေတာလား ... ။ ”

တန်ဟန်ဖန်းတစ်ယောက် အံ့အားသင့်လွန်းသဖြင့် မယုံနိုင်လောက်အောင် ဖြစ်သွားရလေသည်။ လမ်းခရီးတစ်လျှောက်၌ သူတို့အားလုံးသည် စုရီကို အားကိုးရာမရှိ၊ ကြောက်တတ်ရွံ့တတ်သည့် နောက်ခံ ကောင်းသော ကလေးတစ်ဦးအဖြစ်သာ သတ်မှတ်ထားခဲ့ကြသည်။

စုရီမှ လက်လှိုင်းဖြင့် သူတော်စင် အင်မော်တယ်(၆၀)ကို သတ်လိုက်သောအခါ ဤမျှ ရက်စက်ပြင်းထန်လမ့်မည်ဟု မမျှော်လင့်ထားမိချေ။

အမှောင်ထဲတွင် ချောင်းမြောင်းနေသော သူတော်စင်အင်မော်တယ်များ သည်လည်း မျက်လုံးများ ပြူးကျယ်သွားကြသည်။

ပြိုင်ဘက်ကင်း သူတော်စင် အင်မော်တယ်များကို တစ်ချက်တည်းဖြင့် စကားမဆိုဘဲ သတ်လိုက်သည်လော။

မည်သို့သော ဘီလူးတစ်ကောင်နည်း။ သူတို့နားလည်ထားသော သိမြင်နိုင်မှုများထက် များစွာကျော်လွန်နေသည်။

တန်ယုယန်မှာ အဆိုးဆုံးဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ရှန့်မူသည် အမည်ခံ အင်မော်တယ် တစ်ပါးဖြစ်ကြောင်း သူမ သိထားသောကြောင့်ပေပင်။

ထိုအဆင့်ဖြင့် သူမကဲ့သို့ ပြိုင်ဘက်ကင်း သူတော်စင်အင်မော်တယ်ရှစ်ပါးကို အမှုန့်ခြေ ပစ်လိုက်ခြင်းသည် အဓိပ္ပါယ်မရှိချေ။

ဤအရာက သူမအတွက် အတွေးအခေါ်များကို လုံးဝ ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေသည်။

“ ဒီလောကကြီးမှာ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်တဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်မျိုး တကယ်ပဲ ရှိနေတာလား ... ။ ”

သူတို့အားလုံး အသိတရားများ ပြန်မဝင်နိုင်သေးမီမှာပင် စုရီသည် အမှောင်ထဲ ကျန်ရှိနေသော လူရိပ်များထံ လှည့်ကြည့် လိုက်တော့၏။

ထိုခဏတွင် လူတိုင်း သူတို့၏ တံဆိပ်များကိုချိုးကာ အလင်းတန်းသဖွယ် ထွက်ပြေးသွားကုန်သည်။

“ ဒီကောင်က ဘာဖြစ်လို့ ဒီလောက် ကြောက်စရာ ကောင်းနေရတာလဲ ... သူ့ရဲ့ ခွန်အားက တကယ်ပဲ ဘီလူးလား။ ”

“ မြန်မြန် ပြေး ... ။ ”

“ အားလုံး သတိထားကြ ... ။ ”

ပတ်ဝန်းကျင်တစ်ခုလုံး ထိတ်လန့်တုန်လှုပ်မှုနှင့် ဒေါသသံများ ပြည့်နှက်နေတော့သည်။

မူလက တိုက်ပွဲအပြီး အခွင့်အရေးကို ရယူလိုသော လူရိပ်များမှာ လန့်ဖျန့်သွားကြပြီး ကျိန်ဆဲလျက် ထွက်ပြေးကြ၏။

ထိုထဲတွင် ပြိုင်ဘက်ကင်း သူ‌တော်စင်အင်မော်တယ်အဆင့် လူအချို့ ပါရှိနေသည်။

“ နောက်ဆုံးတော့ ဒါက ကောင်းကင်ဘုံ အမဲလိုက်ပြိုင်ပွဲပဲ သေခြင်းနဲ့ရှင်ခြင်းအပေါ် ဆုံးဖြတ်နိုင်တဲ့ စစ်မြေပြင်မဟုတ်ဘူး ...

... သူတို့အားလုံးကို သတ်ပစ်ဖို့ အခွင့်အရေးက နည်းနည်းတော့ နည်းနေတာ သဘာဝပါပဲ ... ။ ”

စုရီက နှမြောတသစွာဖြင့် တိုးတိုးလေး ညည်းတွားလိုက်၏။ ထို့နောက် လက်ဝှေ့ရမ်းပြီး ကျန်ရှိနေခဲ့သော ရတနာများကို သိမ်းဆည်း လိုက်လေသည်။

ထိုထဲတွင် ထူးထူးခြားခြား ခရမ်းရောင် ရှေးဟောင်းဓားတစ်လက်ပါရှိသည်။ ထိုဓားက သူ့အာရုံကို ဆွဲဆောင်နေသော်လည်း အချိန် မဟုတ်သေးသဖြင့် သိမ်းဆည်းလိုက်၏။

အရာအားလုံးပြီးနောက် ဝတ်ရုံပေါ်မှ ဖုန်မှုန့်များကို အသာအယာ ခါထုတ်လျက် တန်ယုယန်နှင့် အခြားသူများထံ ဖြည်းညင်းစွာ လျှောက်လှမ်းလာခဲ့သည်။

သူ ချဉ်းကပ်လာသည်ကို မြင်သောအခါ တန်ယုယန်နှလုံးသား၌ တုန်လှုပ်ဖွယ်လှိုင်းများ ဖြစ်ပေါ်လာ၏။

မျက်နှာပေါ်တွင် သိမ်မွေ့ရှုပ်ထွေးသော အမူအရာများစွန်းထင်းလျက် စကားလုံးများ ပျောက်ဆုံးနေတော့သည်။

တန်ဟန်ဖန်းနှင့် အခြားသော တန်မိသားစုဝင်များမှာ ရှက်ရွံ့သောခံစားချက် များစွာနှင့် ခေါင်းများငုံ့ထားကြ၏။

စုရီမှ စကားမပြောနိုင်မီမှာပင် တန်ဟန်ဖန်းသည် တစ်ကိုယ်လုံးတုန်ရီလျက် ကြောက်ရွံ့စွာ တောင်းပန်တိုးလျှိုးလေသည်။

“ ရှန့်မူ ... ငါ ... ငါ အရင်က မျက်စိကန်းခဲ့ဖူးလို့ မင်းကိုစိတ်အနှောင့်အယှက် ဖြစ်စေခဲ့မိပါတယ် ... မင်းအနေနဲ့ သဘောထား ကြီးစွာ ငါ့ကို အပြစ်မယူဖို့မျှော်လင့်ပါတယ်။ ”

တန်ဟန်ဖန်း တစ်ကိုယ်လုံးတုန်ရီလျက် ခေါင်းငုံ့တောင်းပန်လိုက်သည်ကို မြင်သောအခါ ကျန်ရှိနေသော တန်မိသားစုဝင်များသည်လည်း တွန့်ဆုတ်မနေရဲတော့ဘဲ တောင်းပန်ကြ၏။

ဤမြင်ကွင်းကို စောင့်ကြည့်နေသော တန်ယုယန်ရင်ထဲ၌ ရှင်းပြရခက်သည့်ခံစားချက် တစ်ခု ဖျတ်ခနဲ ပေါ်ပေါက်လာသည်။

လမ်းခရီးတစ်လျှောက်လုံးတွင် သူမ၏မိသားစုသည် ရှန့်မူအပေါ်လူပိုအဖြစ် သတ်မှတ်ခဲ့သည်။

ဤအရာက သူမကိုပင် အလွန်စိတ်အနှောင့်အယှက် ဖြစ်စေသော်လည်း အခြေအနေအရ စိတ်ထဲ၌သာထားခဲ့ရ၏။

“ ကောင်းပြီ တောင်းပန်နေဖို့မလိုဘူး ဒါကအသေးအဖွဲပဲ ငါဘယ်တုန်းကမှ စိတ်ထဲ မထားခဲ့ဘူး။ ”

စုရီမှ ပေါ့ပေါ့ပါးပါးပင် တုန့်ပြန်၏။ ထိုစကားကြောင့် လူတိုင်းသက်ပြင်းချနိုင်သွား တော့သည်။ သို့သော် နောက်တစ်စက္ကန့်တွင် စုရီ၏စကားကြောင့် မျက်လုံးပြူးသွား၏။

“ ဒါပေမယ့် ... မင်းတို့အားလုံး ထွက်သွားသင့်နေပြီ။ ”

တန်ဟန်ဖန်းမှ အံ့အားသင့်သွားသည်။

“ ငါ ဘာကိုဆိုလိုတာလဲ မင်းတို့တွေ သိသင့်တယ် ... အခုဆိုရင် ရက်နှစ်ဆယ်ကျော် သွားခဲ့ပြီ မင်းတို့က တန်တုယန်ရဲ့နောက်ကနေ ဒီအတိုင်း အလကားလိုက်နေခဲ့တာ ဘာတစ်ခုမှ ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်ခဲ့တာမရှိဘူး ...

... ဒါပေမယ့် မင်းတို့ ရရှိခဲ့တဲ့ ရတနာတွေကတော့ ဘယ်တုန်းကမှ မနည်း ခဲ့ပါဘူး။ ”

စုရီက ပြောကြားလိုက်သည်။ ဤစကားကြောင့် တန်ဟန်ဖန်းနှင့် အဖွဲ့မှာ မျက်နှာများ ချက်ချင်း နီမြန်းသွားကြ၏။

ဤရှန်မူသည် သူတို့ကို 'ဝန်ထုပ်ဝန်ပိုး' ဟု ပွင့်ပွင့်လင်းလင်း စွပ်စွဲနေချေပြီ။ တန်ယုယန်ပင် စုရီ၏ပြတ်သားမှုကြောင့် အနည်းငယ် အံ့အားသင့်သွားတော့၏။ စုရီက ဂရုမစိုက်ဘဲ ဆက်ပြောသည်။

“ တန်ယုယန်က မင်းတို့အပေါ် အရမ်းကြင်နာလွန်းတယ် မင်းတို့မှာအသိတရား ရှိနေရင် အခုချက်ချင်း ထွက်သွားကြတာ အကောင်းဆုံးပဲ ...

... ဒီနေ့အထိ သူမရဲ့ ကာကွယ်မှုသာ မပါလာခဲ့ရင် မင်းတို့ရဲ့အစွမ်းနဲ့ ထွက်သွားရမှာ သဘာဝပဲမဟုတ်လား ဒါကို ဘယ်သူ့ထက်မဆို မင်းတို့ပိုသိပါတယ်။ ”

ဤတစ်ကြိမ်တွင် တန်ဟန်ဖန်းက မကျေမနပ်ဖြင့် ပြန်လည်ချေပလာတော့သည်။

“ ဟမ့် ... ရှန့်မူ ... မင်းရဲ့ မြင့်မြတ်တဲ့အဆင့်အတန်းနဲ့ အစွမ်းထက်တဲ့ ခွန်အားကိုတော့ ငါတို့အသိအမှတ်ပြုပါတယ် ဒါပေမယ့် ဒီကိုလာတဲ့လမ်းမှာ မင်းကကော ဘာတွေများ ပံ့ပိုးပေးခဲ့လို့လဲ ...

... မင်းက ငါတို့ကို ဝန်ထုပ်ဝန်ပိုးလို့ ပြောနေပေမယ့်လည်း လမ်းတစ်လျှောက်လုံး မင်းရဲ့စွမ်းဆောင်ရည်က ငါတို့ထက်တောင် ပိုဆိုးသေးတယ်မဟုတ်လား။ ”

သူ့စကားကြောင့် ကျန်ရှိနေသော တန်မိသားစုဝင်များက ထောက်ခံကြသည့် အသွင်ဖြင့် တိတ်ဆိတ်နေ၏။ စုရီမှ လှောင်ပြုံးဖြင့်၊

“ ငါက မင်းတို့နဲ့ ငြင်းခုံနေဖို့ဆန္ဒမရှိဘူး မင်းတို့ကိုထွက်သွားစေချင်ရုံပဲ ... ကောင်းပြီ မင်းတို့က ငြင်းခုံချင်နေမှတော့ ... ဒီမှာကြည့်။ ”

-ဟု ဆိုလိုက်တော့သည်။

“ ဝှစ် ... ။ ”

တစ်ဆက်တည်းမှာပင် သူ့လက်ဖဝါးကို လှန်လိုက်သောအခါ သွေးစွန်းနေသော နတ်ဆိုး အမြုတေများ၊ ဧရာမလက်သည်းကြီးများနှင့် အင်္ဂါအစိတ်အပိုင်းများ ထွက်ပေါ်လာ၏။

“ ဒီရတနာတွေရဲ့ ဘယ်ကလာလဲ မင်းတို့တွေ မှတ်မိကြဦးမယ်ထင်ပါတယ်။ ”

တန်ဟန်ဖန်အပါအဝင် လူတိုင်း မျက်ခုံးပြူးကုန်ကြ၏။ တန်ယုယန်သည်ပင် အံ့အားသင့်သွားသည်။ ထိုရတနာပစ္စည်းများက အတိတ်ကတိုက်ပွဲများကို ပြန်ပြောင်း သတိရလာစေသည်။

လမ်းခရီးတစ်လျှောက်လုံးတွင် သူတို့အဖွဲ့သည် အသက်အန္တရာယ်ကြုံရလုနီးပါး ဘေးဒုက္ခများစွာနှင့် ရင်ဆိုင်ခဲ့ရသော်လည်း အကြိမ်တိုင်း၌ ဒဏ်ရာမရဘဲ လွတ်မြောက် ခဲ့ကြသည်။

ဥပမာအားဖြင့် သွေးနတ်ဆိုးရေကန်၌ အာကာသနိယာမများကို နားလည်ထားခဲ့သည့် သွေးငှက်မိစ္ဆာနှင့် ဆုံခဲ့ဖူးသည်။

ထိုစဉ်က သူမသည်ပင် အလွန်အမင်း စိုးရိမ်ထိတ်လန့်ခဲ့ပြီး ဤဘေးမှလွတ်မြောက်ရန် ကြီးမားသောပေးဆပ်မှုမျိုး လုပ်ရတော့မည်ဟု ထင်မှတ်ထားခဲ့သည်။

သို့သော် မမျှော်လင့်ဘဲ ထိုသွေးငှက်မိစ္ဆာသည် တစ်စုံတစ်ရာအပေါ် အလွန်အမင်း ကြောက်ရွံ့သွားသည့်အလား ရုတ်တရက် ထွက်ပြေးသွား၏။

ယခုမူ စုရီလက်ထဲတွင် သားရဲ အပိုင်းအစများအဖြစ် ရောက်ရှိနေခဲ့ချေပြီ။ သည့်ပြင် ဧရာမသားရဲလက်သည်းကြီးမှာလည်း အနက်ရောင်မီးခိုးဝံပုလွေတောထဲတွင် သူတို့ကို ဒုက္ခပေးခဲ့သော မျောက်ဝံနတ်ဆိုးကြီး၏ လက်သည်းဖြစ်သည်။

အရိုးဖြူသဲကန္တာရမှ ရွှေရောင် ကင်းမြီးကောက်ဘုရင်နှင့် အခြားသော နတ်ဆိုး သားရဲတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်း များသည်လည်း ရှိနေသေး၏။

ထိုရတနာတိုင်းသည် ဘုရင်အဆင့် သားရဲကြီးများပေပင်။ ဆိုလိုသည်မှာ လမ်းခရီး၌ ဤရှန့်မူသည် သူမတို့ကို တိတ်တဆိတ် ကာကွယ်ပေးနေပုံရ၏။

တန်ဟန်ဖန်းနှင့် ကျန်ရှိနေသော နတ်မိသားစုဝင်များမှာ အံ့အားသင့်ကုန်သည်။ ထိုရတနာများ၏ မူလအစကို သူတို့ မသိဘဲ မည်သို့ နေမည်နည်း။

သူတို့အားလုံး လမ်းခရီးတွင် ကံကောင်းထောက်မစွာဖြင့် ဘေးကင်းနေခဲ့ သည်ဟု ထိုစဉ်ကပင် ထင်မှတ်ထားခဲ့၏။

မည်မျှ ရှက်စရာပေနည်း။ ဆိုလိုသည်မှာ တစ်ဖက်လူသည် အဖွဲ့အတွက်ဝန်ထုပ်ဝန်ပိုး မဟုတ်ခဲ့ချေ။ ယင်းကြောင့် မည်သူသည် ဝန်ထုပ်ဝန်းပိုးဖြစ်သည်ကို မြင်လာစေ၏။

“ အခု မင်းတို့ထွက်သွားလို့ရပြီ။ ”

စုရီက အေးစက်စွာ ပြောလိုက်သည်။ ဤတစ်ကြိမ်တွင် မည်သူတစ်ဦးတစ်ယောက်မျှ ကန့်ကွက်ဝံ့ခြင်း မရှိတော့ချေ။ သူတို့အားလုံးမှာ ရှက်ရွံ့စွာဖြင့် တံဆိပ်များကိုချေမွှလိုက်ကြ၏။

တန်ယုယန်သည်လည်း သူတို့ကို မတားဆီးခဲ့ချေ။ ရှေ့ဆက်ရမည့် ခရီးစဉ်နှင့် တိုက်ပွဲများတွင် ဤအထက်တန်းစားများမှာ အမှန်ပင် ဝန်ထုပ်ဝန်ပိုးဖြစ်လာပေမည်။

လမ်းခရီးတစ်လျှောက် သူမသည် သူတို့အပေါ် အကောင်းမွန်ဆုံတရားမျှတစွာ ဆက်ဆံခဲ့ပြီး ရတနာများ ခွဲဝေပေးခဲ့၏။

လုံ‌လောက်သည်ထက် ပိုနေချေပြီ။ သည့်ပြင်ဗဟိုဒေသသို့ ဆက်သွားမည့်ခရီးစဉ်မှာ အမှန်ပင် အန္တရာယ်များလှ၏။ ထိုသူများ အသက်ကို အာမမခံနိုင်ချေ။

“ သွားကြစို့ ... ဒီနေရာကနေ အရင် ထွက်သွားရအောင်။ ”

စုရီက တွန့်ဆုတ်ခြင်းမရှိ ထွက်ခွာသွားလေသည်။ ယခုသူသည် ခရီးကို ဦးဆောင်သူ ဖြစ်ချေ၏။

တန်ယုယန်မှ တွန့်ဆုတ်နေသော်လည်း မိုက်မဲသူမဟုတ်ချေ။ စုရီနောက်သို့ ချက်ချင်း လိုက်ပါသွားတော့၏။

များမကြာမီတွင် ထိုပုံရိပ်နှစ်ခုသည် ကောင်းကင်အောက်တွင် တဖြည်းဖြည်း တိုးဝင် ပျောက်ကွယ်သွားကြလေသည်။

***

All Chapters