အခန်း ၁၂၄၄
Vol. 104 Ch. 1244
အခန်း ၁၂၄၄ -
အကြီးအကဲ ... ကိစ္စကြီးတစ်ခုဖြစ်သွားပြီ။
“ မမျှော်လင့်ဘဲနဲ့ ... ဒီတစ်ကြိမ် ကောင်းကင်ဘုံအမဲလိုက်ပြိုင်ပွဲက ရှန့်မူလိုမျိုး လျှို့ဝှက်ပြီးရက်စက်တဲ့ ကျွမ်းကျင်သူတစ်ဦး ပေါ်ထွက်လာစေတာပဲ။ ”
အမှောင်ထဲတွင် နက်ရှိုင်းစွာ ပုန်းကွယ်နေသော လူရိပ်အချို့သည် စုရီတို့ ထွက်သွားရာသို့ မျှော်ကြည့်ကာ ကြောက်ရွံ့နေခဲ့၏။
အဖွဲ့တွင် အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး လင်းယုန်ကဲ့သို့မျက်လုံးများနှင့် မီးခိုးရောင် မျက်ခုံးမွှေးများ ပိုင်ဆိုင်ထားသည့် လူရွယ် အသန်မာဆုံးပေပင်။
သူ့အမည်မှာ ‘ဖေကျန်း’ဖြစ်၏။ သူသည် ထိုက်ယီဂိုဏ်း၏ ပြိုင်ဘက်ကင်း သူတော်စင် အင်မော်တယ်တစ်ပါးပေပင်။
ပြိုင်ဘက်ကင်း သူတော်စင်မ အင်မော်တယ်များကြား၌ပင် သူကဲ့သို့သော တည်ရှိမှုသည် အဆင့်သစ်၌ ရှိနေချေ၏။
“ တစ်ယောက်တည်းနဲ့ ပြိုင်ဘက်ကင်း သူတော်စင်အင်မော်တယ် ရှစ်ပါးလုံးကို ဖိနှိပ် ခြေမှုန်းနိုင်ခဲ့တာက ... တကယ် ကြောက်စရာ ကောင်းလွန်းပါတယ်။ ”
ထိုစဉ်က တိုက်ပွဲတွင် ထိုပြိုင်ဘက်ကင်း သူတော်စင်အင်မော်တယ်များမှာ အနည်းငယ် ပေါ့လျော့ခဲ့သည်။ သည့်ပြင် သူတို့သည် ဂိုဏ်းငယ်များမှ တပည့်များသာဖြစ်၏။
“ အင်မော်တယ်မြေမှာ သူ့လိုအစွမ်းရှိတဲ့ ကျင့်ကြံသူတစ်ယောက်အကြောင်း ငါတစ်ခါမှ မကြားဖူးပါဘူး။ ”
ကျန်လူများသည်လည်း အံ့အားသင့်တုန်လှုပ်စွာဖြင့် သံသယဖြစ်လျက် ဆွေးနွေးလာကြသည်။
“ သွားကြစို့ ... အစ်ကိုကြီးဝမ်ချန်ဖန်းနဲ့ ချက်ချင်းသွားတွေ့ရမယ် ရှန့်မူနဲ့တန်ယုယန်က အဲဒီဗဟိုဒေသလျှို့ဝှက်နယ်မြေဆီကို သေချာပေါက် ဦးတည်နေတယ်။ ”
ဖေကျန်းက ဆုံးဖြတ်ချက်ချလိုက်သည်။ သူတို့၏ အစ်ကိုကြီးထံ ဤတိုက်ပွဲသတင်းကို ပို့ဆောင်ရပေမည်။
လူတိုင်းက စိုးရိမ်တကြီးဖြင့် သဘောတူလိုက်ကြသည်။ ရှန့်မူသည် လွန်စွာ အစွမ်းထက်ပြီး ရက်စက်ကြမ်းကြုတ်သူဖြစ်၏။
ထိုပြိုင်ဘက်ကင်း သူတော်စင် အင်မော်တယ်ရှစ်ပါးသည် ဂိုဏ်းငယ်များမှ ဖြစ်သော်လည်း ပြိုင်ဘက်ကင်း သူတော်စင် အင်မော်တယ်များဖြစ်နေဆဲပေပင်။
အရေးကြီးသည်မှာ ရှန့်မူတွင် တိုင်ကျင်းအဆင့် အင်မော်တယ်ရတနာတစ်ပါး ရရှိထားချေပြီ။ ဤမျှအရေးကြီးသော ကိစ္စရပ်ကို အစ်ကိုကြီးဝမ်ချန်ဖန်းထံ အမြန်ဆုံး သတင်းပို့ရန် လိုအပ်ပေ၏။
တစ်ချိန်တည်းမှာပင် ထိုထက်ပို၍ဝေးလံသော အရပ်တွင် ပုန်းအောင်း နေကြသော ကျင့်ကြံသူများသည်လည်း တစ်ဦးပြီးတစ်ဦး ဆုတ်ခွာကုန်ကြသည်။
သူတို့သည်လည်း သက်ဆိုင်ရာ အင်အားစုများထံ ပြန်လည်သတင်းမို့ရပေမည်။ ထိုက်ကျင်းအဆင့် အခွင့်အရေးဟူသည် လုံးဝ နတ်ဘုရားအဆင့် ရတနာဖြစ်၏။
***
ကောင်းကင်ဘုံအမဲလိုက်ပြိုင်ပွဲ စတင်ခဲ့သည်မှာ ရက်ပေါင်း(၂၂)ရက်တိုင်အောင် ကြာမြင့်ခဲ့ပြီဖြစ်သည်။
ကောင်က်ငဘုံ နတ်ဆိုး တောင်တန်း ပြင်ပရင်ပြင်ကြီးတွင် ဖယ်ရှားခံရသောလူအများ ပြန်လည်ထွက်ပေါ်လာ၏။
ဤသည်မှာ စုရီ၏ အကြည့်ကြောင့် ချက်ချင်းထွက်ပြေးလာသော ပြိုင်ပွဲဝင်များနှင့် ဒေသအသီးသီးမှ အန္တရာယ်များကြောင့် ထွက်ခွာလာသူများပေပင်။
“ သူတော်စင် အင်မော်တယ် ထောင်ဂဏန်းထဲက (၈၃၀)ကို အဖယ်ရှားခံရပြီး အဲဒီထဲကမှ (၁၃၀)သေဆုံးတယ် ဒီတစ်ကြိမ် ပြိုင်ပွဲက အရင်နှစ်တွေကထက် အများကြီး ပိုကြမ်းကြုတ်တာပဲ။ ”
အကြီးအကဲတစ်ဦးမှ သက်ပြင်းချကာ မှတ်ချက်ပေးသည်။ သူ့ဘေးရှိ အကြီးအကဲမှာ မုတ်ဆိတ်မွှေးများကို ပွတ်သပ်လျက်၊
“ ပြိုင်ဘက်ကင်း သူတော်စင် အင်မော်တယ်တွေက နတ်ဘုရားနာကျည်းခြင်း နယ်မြေရောက်မှပဲ ထိပ်တိုက်တွေ့ဆုံမှုတွေ ရှိလာလိမ့်မယ်။ ”
“ မှန်တယ် ... သူတို့ရဲ့ နောက်ဆက်တွဲတိုက်ပွဲတွေက ပိုပြီးပြင်းထန် ရက်စက်လာမှာ ဒါပေမယ့် ဒီကောင်းကင်ဘုံ အမဲလိုက်ပြိုင်ပွဲမှာ ဘယ်သူ ...
... ပထမနေရာကို ရမလဲဆိုတာတော့ တကယ်ပဲ ခန့်မှန်းဖို့ မဖြစ်နိုင်သေးဘူး အချိန်ကို စောင့်ကြည့်ရဦးမယ်။ ”
“ ငါ့အမြင်အရတော့ ပထမနေရာကို ကုန်းနန်ဖန်းကပဲ ရရှိမှာ သေချာသလောက်ပဲ လွန်ခဲ့တဲ့ငါးရက်က သူဟာ နတ်ဘုရား နာကျည်းခြင်းနယ်မြေကို ဝင်ရောက်နေပြီ။ ”
ထို့နောက် စကားဝိုင်းသည် ပို၍ စည်ကားလာတော့၏။ အခြားသောအကြီးအကဲ များမှလည်း သူတို့၏ ထင်ကြေးကို ပြောကြားလာသည်။
“ တကယ်တို ... ဝမ်ချန်ဖန်း၊ ဖေကျန်းနဲ့ ချူးပိုင်တန်တို့လို လူငယ်အင်မော်တယ်တွေက ဒီပြိုင်ပွဲမှာ အံ့မခန်းပါပဲ အခုထွက်လာကြတဲ့ ပြိုင်ပွဲဝင်အများစုဟာ သူတို့နဲ့တွေ့ပြီး ရှုံးနိမ့်ခဲ့ကြရတာမဟုတ်လား။ ”
ထိုသို့သော ဆွေးနွေးမှုများကို ကြားရသောအခါ ပြိုင်ပွဲမှ ဖယ်ရှားခံခဲ့ရသည့် ကျင့်ကြံသူအားလုံး စိတ်ပျက်အားငယ်လျက် ခါးသီးမှုကို ခံစားလာရတော့သည်။
သို့သော် ထိုပြိုင်ဘက်ကင်း ပါရမီရှင်များနှင့်ယှဉ်သော အမှန်တကယ်ပင် နိမ့်ကျနေသည်ကို သူတို့ ဝန်ခံရပေမည်။
“ ဟမ့် ... တစ်ခုခု ဖြစ်သွားပြီ။ ”
“ ဘယ်လိုလုပ်ဖြစ်နိုင်မှာ ငါ့ဂိုဏ်းက သူတော်စင်အင်မော်တယ်တွေ အားလုံးကို တစ်ပြိုက်နက်တည်း သတ်လိုက်တာလား။ ”
“ အကြီးအကဲ ဒီမှာ ငါတို့ ဂိုဏ်းရဲ့ ပြိုင်ဘက်ကင်းပါရမီရှင် လီရှောင်နဲ့အဖွဲ့ဝင်တွေ အသက်မီးအိမ်ငြိမ်းကုန်ပြီ ... ။ ”
“ မြန်မြန် ... ဘယ်လိုလုပ်ပြီး ငါ့ဂိုဏ်းရဲ့ တပည့်တွေ တစ်ယောက်မကျန်သေကုန်တာလဲ တစ်ခုခု ဖြစ်သွားလား။ ”
“ ဘာလို့ တစ်ချိန်မှာ လူတိုင်း အသက်မီးအိမ်ငြိမ်းကုန်ရတာလဲ ဘယ်သူ ဒါကို လုပ်နေတာလဲ ... အထဲမှာ ကပ်ဘေးတစ်ခုခု ဖြစ်ခဲ့တာလား။ ”
ရုတ်တရက် လူအုပ်ကြီးအတွင်း ဆူညံပွက်လောရိုက်ကုန်တော့၏။ အသက် မီးအိမ်များ ငြိမ်းကုန်သည့် ဂိုဏ်းငယ်များသည် အင်မော်တယ်မြေတွင် ထိပ်တန်းမဟုတ်သော်မှ အထက်တန်းစားများဖြစ်၏။
ဆိုလိုသည်မှာ အရိုးဖြူနတ်ဆိုးဂိုဏ်းမှ လီရှောင်၊ လျူတင်းအင်မော်တယ်နတ်တောင်မှ ဖူယွမ်ကျိ၊ ခရမ်းရောင်ဓားနန်းတော်မှ ဟွမ်ပေရီ၊ စစ်မှန်သောတာအိုဂိုဏ်းမှ ထောင်ရုရွှမ်း စသည်တို့သည် သူတော်စင်အင်မော်တယ် အဆင့် သတ်မှတ်ချက်တွင်း ပါဝင်သည်။
သူတို့အပါအဝင် တပည့်တစ်ရာကျော် သေဆုံးရခြင်းသည် လုံးဝတုန်လှုပ်ဖွယ်လှိုင်းကြီး ပေပင်။ လူတိုင်းက ထိုဂိုဏ်းများထံ စူးစမ်းဟန် မော့ကြည့်လာကြသည်။
တန်လင်းချီသည်ပင် မျက်မှောင်ကြုတ်သွား၏။ ထိုစဉ်ကောင်းကင်ဘုံ နတ်ဆိုးတောင်မှ လေဟာနယ်လှိုင်းတွန့်များ ထွက်ပေါ်လာကာ လူရိပ်များ ပျံထွက်လာကြ၏။
“ အကြီးအကဲ တစ်ခုခု ဖြစ်သွားပြီ။ ”
“ အကြီးအကဲ ငါတို့ အစ်ကိုကြီး အသတ်ခံလိုက်ရပြီ။ ”
“ အကြီးအကဲ ... အဲဒီလူ အရမ်းရက်စက်တယ် ငါ့ရဲ့ ဂျူနီယာတွေ အကုန်လုံးကို သူသတ်ပစ်တယ်။ ”
“ အကြီးအကဲ နတ်ဘုရား နာကျည်းခြင်းနယ်မြေမှာ ထိုက်ကျင်းအဆင့် ကံကြမ္မာပေါ်လာပြီး လူတစ်ယောက်ရခဲ့တယ် တိုက်ပွဲက အရမ်းရက်စက်တယ်။ ”
ချက်ချင်းပင် အကြီးအကဲများကြား လေထုမှာပြောင်းလဲသွားတော့၏။ သူတို့ဂိုဏ်းမှ တပည့်များ အကုန်သေကုန်သည်လော။
သူတို့ဂိုဏ်းမှ ပြိုင်ဘက်ကင်း သူတော်စင်အင်မော်တယ်နှင့် တပည့်အားလုံး သေဆုံးသွားသည်လော။
ထိုကျင်းအဆင့် ရတနာပေါ်လာသည်လော။ မည်သူသည် ပြိုင်ပွဲအတွင်း၌ ရက်ရက်စက်စက် သတ်ဖြတ်နေသနည်း။
“ အသေးစိတ်ပြောပြစမ်း။ ”
“ ဟမ့် ငါ့ဂိုဏ်းက တပည့်တွေကို ဘယ်သူသတ်တာလဲ မြန်မြန်ပြောပြစမ်း။”
“ ဘယ်လူမိုက်က ငါ့ဂိုဏ်းရဲ့ ပြိုင်ဘက်ကင်းသူတော်စင်ကို သတ်ပြီးတော့ သေခြင်းတရားကို တောင်းဆိုနေတာလဲ။ ”
“ ဘာတွေဖြစ်ကုန်တာလဲ ထိုက်ကျင်းကံကြမ္မာကို ဘယ်သူရသွားလဲ ငါ့ကို မြန်မြန်ပြောပါ။ ”
ထိုမြင်ကွင်းကြောင့် အခြားသော ဂိုဏ်းကြီးများသည်လည်း စိတ်ဝင်စားလာပြီး အကြောင်းရာကို စူးစမ်းလာကြ၏။
ဤသည်မှာ သေချာပေါက် ကိစ္စကြီး တစ်ခုပေပင်။ ထိုက်ကျင်းကံကြမ္မာသည် မည်မျှ ရှားပါးအဖိုးတန်ကြောင်း သူတို့သိထား၏။
အထူးသဖြင့် နောက်ဆုံးအနိုင်ရသူမှာ သူတို့ဂိုဏ်းမှတစ်စုံတစ်ဦးဖြစ်စေရန် စိတ်ထဲမှ မျှော်လင့်မိတော့သည်။
များမကြာခင် အဖြစ်အပျက်ကို ပြန်ပြောင်းပြောဆိုနေသံများသာ ပဲ့တင်ထပ် နေတော့၏။
ယင်းက လူအုပ်ကြီးကို မှင်သပ်တိတ်ဆိတ်သွားစေသည်။ ဤသည်မှာ လူတိုင်းမျှော်လင့်ချက်ထက် ကျော်လွန်နေ၏။
လူတစ်ယောက်ကို အမဲလိုက်ခဲ့သော လူအုပ်ကြီးမှာ လုံးဝပျောက်ကွယ်သွားခြင်းပင်။ သူတို့အားလုံးသည် လူတစ်ယောက်တည်း၏ အနိုင်ယူသတ်ခြင်းကို တကယ်ခံလိုက်ရ၏။
“ ရှန့်မူ ... ။ ”
လူတိုင်းက ထိုအမည်ကြောင့် တန်မိသားစုထံ လှည့်ကြည့်လိုက်ကြလေသည်။ သူတို့ အားလုံးသည် ဤလူကို မရင်းနှီးချေ။
တန်မိသားစု အဆက်အသွယ်ဖြင့် ဝင်ရောက်လာသည့် လူငယ်အဖြစ်သာသိ၏။ ယခုမူ ထိုလူငယ်သည် လူတိုင်းကို သုတ်သင် ရှင်းလင်းပစ်ခဲ့သည်။
သူတော်စင် အင်မော်တယ် (၁၀၀) နီးပါးဖြစ်ချေ၏။ ယင်းမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းပေပင်။ မိစ္ဆာအလားဖြစ်၏။
ဤအမှန်တရားသည် အလွန် တုန်လှုပ်ဖွယ်ကောင်းလှသဖြင့် တက်ရောက် လာသော အကြီးအကဲများအားလုံး အသက်မဲ့ကုန်လေသည်။
ကောင်းကင်ဘုံအမဲလိုက်ပြိုင်ပွဲ၏ အထင်ရှားဆုံး အင်မော်တယ်င်များဖြစ်ကြသည့် ကုန်းနန်ဖန်းနှင့် ဝမ်ချန်ဖန်းတို့သည်ပင် ဤမျှ ကြီးကျယ်ခမ်းနားပြီး စွမ်းဆောင်ရည်ကို မပြသနိုင်ခဲ့ကြချေ။
တစ်နည်းအားဖြင့်ဆိုရသော် ယင်းသည် ကောင်းကင်ဘုံအမဲလိုက်ပြိုင်ပွဲ သမိုင်းမှတ်တမ်း တစ်လျှောက် စံချိန်သစ်ပေပင်။
မယုံနိုင်စရာအကောင်းဆုံးနှင့် အခမ်းနားဆုံးသော တိုက်ပွဲကြီးဖြစ်ခဲ့မည်မှာ သေချာနေသည်။
ပို၍ ထိတ်လန့်စရာ ကောင်းသည်မှာ ထိုရှန့်မူသည် ဤအမှုကို လက်လှိုင်းဖြင့်သာ သတ်ဖြတ်ခဲ့ခြင်းပေပင်။
“ လူတစ်ယောက်က သူတော်စင် အင်မော်တယ်(၆၀)ကို တစ်ချက်တည်းသတ်ပစ် လိုက်တာလား ... ဒီရှန့်မူက ထူးဆန်းအံ့သြဖို့ ကောင်းတဲ့လူပဲ။ ”
အကြီးအကဲတစ်ယောက် အံ့အားသင့်စွာ ရေရွတ်လိုက်လေသည်။ တစ်ဆက်တည်းမှာပင် လူတိုင်းသည် တန်မိသားစုထံ လှည့်ကြည့်လာတော့၏။
“ တာအိုတန် ... ရှန့်မူရဲ့ နောက်ခံက ဘာလဲ။”
အဆုံးတွင် သည်းမခံနိုင်ကြတော့ဘဲ တန်ကျင်းဟွာထံ လှည့်၍ မေးမြန်းလိုက်ကြ၏။ ချက်ချင်းပင် တိတ်ဆိတ်ကုန်ပြီး လူတိုင်း တန်ကျင်းဟွာအဖြေကို နားစွင့်လာသည်။
တန်ကျင်းဟွာတစ်ယောက် အလွန်အံ့အားသင့်နေလျက်မှ တည်ငြိမ်စွာဖြင့် ကူကယ်ရာမဲ့စွာ ပြုံးပြလိုက်တော့၏။ ထို့နောက်၊
“ ရိုးရိုးသားသားပြောရရင် ငါလည်း သေချာမသိပါဘူး တာအိုရှန့်မူရဲ့ နောက်ခံက အတော်လေး လျှို့ဝှက်ဆန်းကြယ်တယ် သူက အင်မော်တယ်နယ်မြေရဲ့ မည်သူမျှမသိနိုင်တဲ့ ...
... လျှို့ဝှက်အင်မော်တယ် နယ်မြေတစ်ခုကနေထွက်လာပြီး တန်မိသားစုနဲ့ ဆက်သွယ်လာတာပါ။ ”
-ဟု လျှို့ဝှက်ချက်တစ်ခုပမာ လှည့်စား ပြောဆိုလိုက်တော့သည်။
“ ဟမ့် ... လျှို့ဝှက်အင်မော်တယ်မြေလား။”
ချက်ချင်းပင် လူအုပ်ကြီးသည် ရှန့်မူ၏ နောက်ခံနှင့်ပတ်သက်၍ ထင်ကြေးအမျိုးမျိုး တွက်ဆလာကြတော့သည်။
ထိုအချင်းအရာများထံ ဘေးမှ ရပ်ကြည့်နေသော တန်လင်းချီမှာမူ စိတ်ထဲတွင် ရယ်ချင်စိတ်များ ဖြစ်သွားရသည်။
အကြီးအကဲ ကျင်းဟွာ၏ လိမ်ညာမှု အရည်အသွေးမှာ အမှန်ပင် အထွတ်အထိပ် အဆင့်ပေပင်။ ထို့ကြောင့်ပင် ဤအဆင့် အဖိုးကြီးများကို မြေခွေးအိုကြီးများဟု တင်စားကြခြင်းဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ ရှန့်မူအဖြစ် ဟန်ဆောင်ထားသည့် စုရီကို အမည်မသိသော လျှို့ဝှက်အင်မော်တယ်မြေမှလာသည် ဟူသည့် မိတ်ဆက်မှုအရ အနာဂါတ်ပြဿနာများကို များစွာလျော့ချနိုင်စေပေမည်။
အင်မော်တယ်မြေတွင် ထိုသို့သော လျှို့ဝှက်ဇုန်များမှာ မရှားချေ။ အထူးသဖြင့် ယခု ကဲ့သို့ ကောင်းကင်းတာအိုပြောင်းလဲနေသည့် အခါသမယမျိုးတွင် နိုးထလာသော ရှေးဟောင်း အင်မော်တယ်မိသားစုများကို နေရာအနှံ့တွင် ကြားနေရချေပြီ။ ပြီးပြည့်စုံသော မုသားပေပင်။
***