← Chapters

အခန်း ၁၂၄၅

Vol. 104 Ch. 1245

အခန်း ၁၂၄၅

Vol. 104 Ch. 1245

အခန်း ၁၂၄၅ -

နတ်ဘုရားနယ်ပယ်အတွက် လျှို့ဝှက်ချက်။

လျှို့ဝှက်အင်မော်တယ်မြေနှင့် စုရီကိုချိတ်ဆက်ပေးလိုက်ခြင်းဖြင့် အခြားသော အင်အားကြီးဂိုဏ်းများက လိုက်လံစုံစမ်းလျှင်ပင် မည်သည့်သဲလွန်စမျှ ရှာတွေ့နိုင်မည် မဟုတ်ချေ။

“ ဒါနဲ့ ... ထိုက်ကျင်းရတနာတစ်ခုက နတ်ဘုရားနာကျည်းခြင်းနယ်မြေမှာ တကယ်ပဲ ပေါ်လာခဲ့တာလား။ ”

အကြီးအကဲတစ်ဦးမှ သတိရသွားသည်။ ထိုက်ကျင်းရတနာဟူသည် သူတို့အတွက်ပင် စိတ်ဝင်စားစရာဖြစ်နေသေး၏။

ဤကဲ့သို့သော ရတနာမျိုးကို အင်မော်တယ်နယ်မြေတစ်ခုလုံးတွင် ရှာဖွေရန် မဖြစ်နိုင်သလောက်ပေပင်။ ပွင့်ပွင့်လင်းလင်း ဝန်ခံရပါမူ သူတို့ကဲ့သို့ အဖိုးကြီးများကိုပင် လုယူချင်စိတ်ပေါက်အောင် ဆွဲဆောင်နိုင်၏။

ယခင်က ဤမျှ ထူးခြားဆန်းပြားသော ရတနာမျိုးကို ကောင်းကင်ဘုံအမဲလိုက်ပွဲတွင် တစ်ခါမျှတွေ့ရှိဖူးခြင်းမရှိချေ။

“ သူတို့ရဲ့ ဖော်ပြချက်တွေအရတော့ အဲဒီသားရဲအရေခွံဟာ ထိုက်ကျင်းရတနာဖြစ်ဖို့ တကယ်ဖြစ်နိုင်ချေများပါတယ်။ ”

အကြီးအကဲတစ်ပါးမှ လေးနက်စွာ မှတ်ချက်ပေး၏။ ခဏအတွင်းမှာပင် လူအုပ်ကြီး တစ်ခုလုံးသည် ကွဲပြားသောအတွေးများဖြင့် တိတ်ဆိတ်ကုန်၏။

တန်လင်းချီ၏ နှလုံးသားမှာ ချက်ချင်း တင်းကျပ်သွားပြီး တစ်ခုခု မှားယွင်းနေသည်ကို သဘောပေါက်လိုက်လေသည်။

ထိုက်ကျင်းရတနာဟူသည် အင်မော်တယ်နယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိနေသော ဧကရာဇ်များကိုပင် သွေးဆောင်နိုင်စွမ်းရှိသည်။

ယခု စုရီလက်ထဲတွင် ဤကဲ့သို့သော အမြင့်မြတ်ဆုံး ရတနာတစ်ပါး ရှိနေခြင်းသည် ဒုက္ခများကို ဆွဲဆောင်နေပေတော့မည်။

သာမန်လူတစ်ဦးသည် အပြစ်ကင်းသော်လည်း ထိုလူသည်ရတနာကို ပိုင်ဆိုင်သော် ရာဇဝတ်မှု ဖြစ်လာပေမည်။ ဤစကားပုံသည် ယခုသက်သေပေပင်။

“ ဒါပေမယ့် ... တကယ်လို့ အဲဒါက အမြင့်မြတ်ဆုံးအဆင့် ရတနာတစ်ခုသာဆိုရင် ဘယ်လိုလုပ်ပြီး သာမန်အင်မော်တယ်တစ်ပါးက အလွယ်တကူ နှိမ်နင်း ထိန်းချုပ်နိုင်မှာလဲ။ ”

တန်ကျင်းဟွာက ရုတ်တရက် လှောင်ပြောင်သည့်လေသံဖြင့် ဖြတ်ပြောလိုက် တော့၏။

“ အမြင့်မြတ်ဆုံးရတနာတစ်ပါးရဲ့ စွမ်းအားကို အင်မော်တယ်ဘုရင်တွေတောင် ဒီလိုရတနာမျိုးကို ထိန်းချုပ်ဖို့ ခက်ခဲပါတယ်။ ”

ဤစကားသည် လူအများစု၏ ထောက်ခံမှုကိုချက်ချင်း ဆွဲဆောင်နိုင်ခဲ့သည်။ အမှန်ပင် အမြင့်မြတ်ဆုံးအဆင့်ရတနာများ၏ စွမ်းအားသည် ကြီးမားလွန်း၏။

အင်မော်တယ် ဘုရင်များပင် စိတ်ကြိုက် ခြယ်လှယ်နိုင်ခြင်းမရှိလေရာ ရှန့်မူကဲ့သို့သော သူတော်စင်အင်‌မော်တယ် တစ်ပါးအတွက် ဆိုဖွယ်မရှိတော့ချေ။

“ ဘာပဲဖြစ်ဖြစ် ဒါက သာမန် ရတနာတွေထက်သာလွန်မှာတော့ အမှန်ပါပဲ ရှန့်မူထွက်လာရင် မမှန်တရားကို သိရအောင် ထုတ်ပြခိုင်းရမှာပဲ။ ”

တစ်စုံတစ်ဦးမှ အကြံပြု၏။ တန်ကျင်းဟွာတစ်ယောက် မျက်နှာချက်ချင်း မည်းမှောင်သွားပြီး အေးစက်စက်လေသံဖြင့် ထိုသူကို ပြန်လည် သတိပေးလိုက်လေသည်။

“ မင်းဟာ ဂုဏ်သိက္ခာရှိတဲ့ အင်မော်တယ်တစ်ပါး ဖြစ်ပြီးတော့ ... ဂျူနီယာ အင်မော်တယ်တစ်ယောက်ရဲ့ အခွင့်အရေးကို လုယူချင်နေတာလား ...

... မှတ်ထားပါ ဒီကောင်းကင်ဘုံ အမဲလိုက်ပြိုင်ပွဲကို ငါ့တန်မိသားစုက အိမ်ရှင် အဖြစ် လက်ခံကျင်းပတာပဲ ... ဒီပွဲမှာပါဝင်တဲ့ ဘယ်သူမဆို သူတို့ရဲ့ အခွင့်အရေးကို အပြည့်အဝပိုင်ဆိုင်ခွင့်ရှိတယ် ...

... မင်းတို့လို အဖိုးကြီးတွေက ဝင်ရောက်စွက်ဖက်ခွင့် သိမ်းယူခွင့်မရှိဘူးဆိုတာ သတိရပါ ... မင်းတို့ရဲ့ ကောက်ကျစ်တဲ့ အတွေးတွေကို ရပ်သင့်ပြီ ...

... မဟုတ်ရင် ငါ့တန်မိသားစုကို ရက်စက်တယ်လို့ အပြစ်မတင်ကြနဲ့ ဒါက ကောင်းကင်ဘုံအမဲလိုက်ပွဲရဲ့ စည်းမျဉ်းပဲ။ ”

ဤတစ်ကြိမ်တွင် သူ့အသံသည် ခြိမ်းခြောက်လိုသော အငွေ့အသက်များပါဝင် နေပြီး ပတ်ဝန်းကျင်တစ်ခုလုံး ပဲ့တင်ထပ် သွားတော့၏။

ဤသည်မှာ စုရီရရှိခဲ့သောရတနာကို မည်သူမျှလာရောက်မထိပါးရန် တန်မိသားစုမှ ရပ်ကြည့်နေမည်မဟုတ်ကြောင်း ပြသလိုက်ခြင်း ဖြစ်လေသည်။

သို့မှသာ တန်လင်းချီရင်ထဲတွင် သက်ပြင်းချနိုင်၏။ အကြီးအကဲတန်ကျင်းဟွာ၏ ပြတ်သားသောဆုံးဖြတ်ချက်သည် ဒုက္ခများကို စုရီအတွက် ကူညီဖြေရှင်းပေးရာရောက်ချေပြီ။

မည်သို့ပင် ဆိုစေကာမူ ယနေ့ ရောက်ရှိနေသူများထဲ အမည်ခံအင်‌မော်တယ် ဘုရင်များ ပါရှိချေ၏။ တန်ကျင်းဟွာသည်ပင် အင်‌မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းရန် အခွင့်အရေးတစ်ခုသာလိုပေတော့သည်။

ထို့ကြောင့် စုရီသည် မည်မျှပင် ကောင်းကင်ကိုလွန်ဆန်နေပါစေ အင်မော်တယ် ဘုရင်တစ်ပါးကို ရင်ဆိုင်နိုင်မည်မဟုတ်ဟု ယုံကြည်၏။

လက်ရှိ အင်‌မော်တယ်မြေတွင် ကောင်းကင်တာအိုသည် ပြေလျော့လာပြီဖြစ်ရာ အင်မော်တယ်ဘုရင်များ၏ နိုးထမှုများကို မကြာခဏဆိုသလို ကြားလာရသည်။

သူတို့၏ တန်မိသားစုတွင်ပင် ဘိုးဘေး ‌ရွှေရောင်သက်တံသည် ဘိုးဘွားပိုင်မြေအတွင်း ပြန်လည်နိုးထလာသည်မှာ မကြာသေးချေ။

ဘိုးဘေး၏ ကျင့်ကြံမှုသည် မြင့်မြတ်သူအဆင့်တွင်တည်ရှိသည်။ ထိုသို့သော တည်ရှိမှုထံမှ ဆုံးဖြတ်ချက်ကို ရရှိထားသဖြင့် တန်မိသားစုသည် စုရီကို ပံ့ပိုးသွားရန် ရွေးချယ်ဝံ့ခြင်းဖြစ်သည်။

မည်သို့ပင် ဆိုစေကာမူ ဤနေရာရှိ လောဘရမ္မက်ကြီးသော အမည်ခံအင်မော်တယ် ဘုရင်အချို့သည် လွယ်လွယ်ကူကူ လက်လျော့ အရှုံးပေးမည်မဟုတ်ကြောင်း သိရှိထား၏။

အဘယ့်ကြောင့်ဆိုသော် အင်အားစု အသီးသီးရှိ တွင်းအောင်ဖားအိုကြီးများစွာသည် ယနေ့ခေတ်တွင် ပြန်နိုးထလာနေကြချေပြီ။

အကယ်၍ စုရီရရှိခဲ့သော ရတနာသည် အမှန်တကယ်ပင် အမြင့်မြတ်ဆုံးရတနာတစ်ပါး ဖြစ်နေသော် ထိုဖားအိုကြီးများသည် တွင်းထဲမှ ထွက်လာကာ သေချာပေါက်လုယူရန် ကြိုးစားလာကြပေလိမ့်မည်။

ထိုအချိန်တွင် အင်မော်တယ်မြေတစ်ခုလုံး ပွက်လောရိုက်သွားမည်မှာ သေချောလေသည်။ ကံကောင်းသည်မှာ ရှန့်မူအသွင်ယူထားသဖြင့် (၅၀%)သောဒုက္ခများကို ရှောင်ရှားနိုင်၏။

ထိုအချိန်တွင် နတ်ဘုရား နာကျည်းခြင်းနယ်မြေကြီး၏ လူသူကင်းဝေးပြီး ဆိတ်ငြိမ်သော တောင်တန်းတစ်ခုတွင် စုရီနှင့် တန်ယုယန်မှာ အနားယူနေသည်။

စုရီသည် ကုလားထိုင်ပေါ်တွင် သက်တောင့်သက်သာ ထိုင်နေပြီး သူ့လက်ထဲရှိ ရွှေရောင်သားရဲအရေခွံကို စူးစိုက်ကြည့်ရှုနေ၏။

ထိုသားရဲအရေခွံသည် ပိုးသားကဲ့သို့ နူးညံ့နေပြီး တစ်ပေခွဲခန့် အရွယ်အစားရှိနေကာ မျက်နှာပြင်ပေါ်တွင် ရွှေရောင်အလင်းတန်းများ မှိတ်တုတ်မှိတ်တုတ် တောက်ပနေသည်။

“ ရှန့်မူ ... ဒါကတကယ်ပဲ ထိုက်ကျင်း ရတနာတစ်ခုလား။ ”

ဘေးတွင်ရှိနေသော တန်ယုယန်က မေးမြန်းလိုက်သည်။ စုရီမှ အနည်းငယ် ခေါင်းညိတ်ပြပြီး၊

“ ဟုတ်တယ် ... ဒါပေမယ့် ကံမကောင်းတာက ဒီရတနာရဲ့မူလစွမ်းအင်တွေ ကုန်ဆုံးလုနီးပါးဖြစ်နေပြီ သိပ်ပြီး အသုံးမဝင်တော့ဘူး။ ”

-ဟု နှမြောတသစွာ တုန့်ပြန်ဖြေကြား လိုက်တော့၏။

ထိုက်ကျင်းအဆင့် ရတနာဖြစ်သော သားရဲအရေခွံတစ်ခုသည်ပင် အချိန်ကာလ၏ တိုက်စားခြင်းကို မခံနိုင်ချေ။

နှစ်ပေါင်းများစွာ ကုန်လွန်ပြီးနောက် ၎င်း၏မူလစွမ်းအားများမှာ ခန်းခြောက်လုနီးပါး အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်၏။

အချိန်စီးဆင်းမှုအောက်တွင် မည်သည့်အရာမျှ ထာဝရမတည်တံ့နိုင်ဘဲ အရာအားလုံး ဖုန်မှုန့်အဖြစ်ပြောင်းလဲ သွားပေလိမ့်မည်။

“ ဒါဆို ... ဒီရတနာထဲမှာ ဝှက်ထားတဲ့ လျှို့ဝှက်ချက်တွေကိုရော ခွဲခြားသိမြင်နိုင်လား။ ”

တန်ယုယန်မှ အရေးကြီးသည်ကို မေးမြန်းလိုက်သည်။ သားရဲအရေခွံအတွင်း နတ်အာရုံကို ထည့်သွင်းလျက်၊

“ ငါ စမ်းကြည့်ပါရစေ။ ”

-ဟု ဆိုကာ စုရီတစ်ယောက် တိတ်ဆိတ်သွားတော့၏။

ခဏအတွင်းမှာပင် စုရီသည် ရှေးဦးခေတ်ဆီသို့ ရောက်ရှိသွားတော့သည်။ မရေမတွက်နိုင်သော ထူးဆန်းသည့်ပုံရိပ်များ တဖျတ်ဖျတ်ပေါ်လာချေပြီ။

ထို့နောက် မြင်ကွင်းမှာ ရုတ်တရက် ပြောင်းလဲသွားပြီး မြင့်မားထည်ဝါလွန်းသော နတ်တောင်ကြီးတစ်တောင် ပေါ်လာ၏။

ထိုတောင်ကြီးပေါ်တွင် ပြင်းထန်သော နှင်းမုန်တိုင်းများ တိုက်ခတ်နေကာ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ပိန်ပိန်ပါးပါး လူတစ်ယောက် ရပ်နေသည်။

သူ့ခန္ဓာကိုယ်သည် လှံတစ်စင်းပမာ မတ်မတ်ရပ်နေပြီး ခေတ်အဆက်ဆက်အပေါ် အုပ်စိုးသော အရှင်သခင်တစ်ဦးကဲ့သို့ပေပင်။

သူ့ဘေးတွင်မူ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးရပ်နေလျက် လက်ထဲတွင် လှံတစ်စင်းကိုင်ဆောင်ထား၏။ ဤသည်မှာ အစေခံတစ်ဦးပေပင်။

“ ဟမ့် ... အဲဒီနတ်ဘုရားတွေက ငါ့ကို နတ်ဘုရားဖြစ်ခွင့်မပေးဘဲ တားဆီးနေတာဟာ အကြောင်းရင်းနှစ်ရပ်ကြောင့်ဆိုတာ ငါ ခန့်မှန်းနိုင်ပြီ။ ”

အဖြူရောင်ဝတ်စုံနှင့် လူက ကောင်းကင်ပေါ်မော့ကြည့်ကာ၊

“ ပထမအချက်က ... သူတို့ရဲ့ပလ္လင်ကို ခြိမ်းခြောက်ခံရပြီး သေမျိုးအဖြစ်ပြုတ်ကျမှာမျိုး စိုးရိမ်နေကြတယ်၊ ဒုတိယအချက်ကတော့ ... သူတို့ကိုယ်တိုင်က ငါ့နတ်ဘုရားတစ်ပါး ဖြစ်လာမှာပို မလိုလားတာပဲ။ ”

-ဟု ရေရွတ်လိုက်၏။

စကားပြောနေစဉ် အဖြူဝတ်လူ၏ မျက်ခုံးများကြား၌ နက်ရှိုင်းသောသတ်ဖြတ်ခြင်း ရည်ရွယ်ချက်များ ပေါ်ထွက်လာသည်။

“ ရယ်စရာကောင်းလိုက်တာ ... သူတို့က ငါ့ကိုကျွန်အဖြစ်သတ်မှတ်ပြီး ဒီကမ္ဘာပေါ်မှာပဲ ဆက်နေဖို့စေခိုင်းချင်နေတယ် ဒါကတကယ်ပဲ ငါ့လောင်ချန်နင်ကို လျှော့တွက်နေတာ ... ။ ”

“သခင် ... တကယ်လို့ မအောင်မြင်ရင်ရော... ။ ”

“ ငါနတ်ဘုရားတစ်ပါး ဖြစ်လာနိုင်တဲ့ လမ်းကိုမြင်ပြီးပြီ ... အခု ငါလိုအပ်နေတာက အခွင့်အရေးတစ်ခုပါ ... နတ်မီးတောက်ကို ထွန်းညှိနိုင်မယ့် အခွင့်အရေးမျိုးပဲ ...

... ငါအောင်မြင်ရင် နတ်ဘုရားတစ်ပါး ဖြစ်လာမယ် မဟုတ်ရင် ငါသေမယ် ဘာအတွက် ကြောက်နေရမှာလဲ။ ”

ထိုသို့ပြောပြီးနောက် အဖြူရောင်ဝတ်စုံနှင့် လူသည် အနက်ရောင်ဝတ် အစေခံအိုကြီးထံသို့ ပြန်လှည့်ကြည့်ကာ၊

“ ငါထွက်သွားပြီးရင် မင်းက ဒီတောင်ကိုကာကွယ် စောင့်ရှောက်ရမယ်။ ”

- ဟု မှာကြားလိုက်သည်။

အနက်ရောင်ဝတ် အစေခံအိုကြီးမှာ မျက်လုံးများ နီရဲလျက် ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွားပြီး၊

“ သခင် ... တခြား ရွေးချယ်စရာ မရှိတော့ဘူးလား။ ”

-ဟု တိုးလျှိုးမေးမြန်းလိုက်သည်။

အဖြူရောင်ဝတ်စုံနှင့် လူက ငြင်းပယ်သည့်အနေဖြင့် ခေါင်းခါပြလိုက်သည်။ ထို့နောက် ရွှေရောင် သားရဲအရေခွံတစ်ခုကို အစေခံအိုကြီးထံပေးအပ်ကာ၊

“ ဒီတိမ်အလင်းကောင်းကင်သားရဲ အရေခွံထဲမှာ နတ်ဘုရားဖြစ်နိုင်တဲ့လျှို့ဝှက်ချက် ရေးထားတယ် မပျောက်ပျက်စေနဲ့ ...

... သတိရပါ ... မင်းအနေနဲ့ မြင့်မြတ်သူတစ်ပါး မဖြစ်မချင်း ဖွင့်မဖတ်နဲ့ မဟုတ်ရင် မင်းနားလည်မှာ မဟုတ်ဘူး။ ”

သည့်နောက် အဖြူရောင်ဝတ်စုံနှင့် လူသည် သက်ပြင်းချလျက်၊

“ နောင်တစ်ချိန်မှာ နတ်ဘုရားဖြစ်နိုင်မဲ့လမ်းက ဒီလောကကနေ လုံးဝပျောက်ကွယ်သွားလိမ့်မယ် ...

... အဲဒီအချိန်မှာ မင်းဒီလျှို့ဝှက်ချက်ကို ဖတ်ရှုနားလည်ခဲ့ရင်တောင်မှ နတ်ဘုရားတစ်ပါး ဖြစ်လာနိုင်တဲ့ အခွင့်အရေးမျိုး ... မင်းဘဝမှာ ရနိုင်တော့မယ်မထင်ဘူး။ ”

-ဟု စိတ်မကောင်းစွာ ရေရွတ်လိုက်သည်။ နှစ်ယောက်သား အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်သွား၏။ အဆုံးတွင် အဖြူဝတ်လူမှ၊

“ ကောင်းပြီ ... ငါ သွားရတော့မယ်။ ”

-ဟုဆိုကာ ကောင်ကင်ပေါ် ဝုန်းခနဲ ပျံတက်သွားလေသည်။

လေထုအလယ် တောက်ပသော ကြယ်တံခွန်အလား နတ်မီးတောက်များ ဝိုင်းခြုံ လောင်မြိုက်လာ၏။ ကြည့်နေဆဲမှာပင် ကောင်းကင်သည် ပြိုကျအက်ကွဲလာသည်။

ထူထပ်ပြီး လေးလံသော ကပ်ဘေးတိမ်တိုက်များ ပေါ်ထွက်လာပြီး တားမြစ်စွမ်းအားများ စုပြုံလာသည်။

ယင်းသည် ကောင်းကင်ဘုံကို အပြစ်လုပ်ထားသော တစ်စုံတစ်ဦးတက်ရောက် လာသဖြင့် သတ်ဖြတ်လိုသည့်ခံစားချက်မျိုး ပေးစွမ်းနေချေပြီ။

“ လောင်ချန်နင် ... မင်းဟာ နောက်ဆုံးတော့ပြန်လမ်းမရှိတဲ့ လမ်းပေါ်ကို ခြေချဖို့ ဆုံးဖြတ်လိုက်ပြီပဲ။ ”

“ ဟမ့် ... နတ်မီးတောက်ကို ထွန်းညှိပြီး နတ်ဘုရားတွေကို စိန်ခေါ်ဖို့ ... ကြိုးစားချင်လား မင်း သေထိုက်တယ်။ ”

ရုတ်တရက် ကောင်းကင်၏ နက်ရှိုင်းလွန်းသော အရပ်ထံမှ ဆန်းကြယ်သည့် အသံများ ဆူညံလာတော့သည်။

အသံကိုကြားရုံဖြင့်ပင် ပြင်းထန်သော ဖိအားများခံစားရစေ၏။ ထို့သော် အဖြူဝတ်လူမှ ဂရုမစိုက်ဘဲ လှံတစ်စင်းကဲ့သို့ ပျံတက်နေရာက၊

“ နတ်ဘုရားတွေလား ... ဒါက အင်မော်တယ်နယ်ပယ်ထက် ပိုမြင့်တဲ့ နယ်ပယ် တစ်ခုပါပဲ ဘာများထူးဆန်းလို့လဲ ...

... မင်းတို့ကိုယ်မင်းတို့ ကောင်းကင်ဘုံ တစ်ခုလုံးရဲ့ အုပ်စိုးရှင်တွေလို့ ထင်နေတာလား ဟာသပဲ ဟားဟားဟား ... ။ ”

-ဟု ကျယ်လောင်စွာတုန့်ပြန်လိုက်၏။

“ ဝုန်း ... ။ ”

ထို့နောက်တွင် ကျယ်လောင်လွန်းသော ပေါက်ကွဲသံကြီး ပဲ့တင်ထပ်သွားကာ အဖြူဝတ် လူ၏ ပုံရိပ်သည် ကောင်းကင်ထဲ ဝင်ရောက် ပျောက်ကွယ်သွားတော့၏။

တစ်ဆက်တည်းမှာပင် မြင်ကွင်းများအားလုံးသည် မှန်တစ်ချပ်ကဲ့သို့ ကွဲအက်လျက် အပိုင်းပိုင်းအစစဖြစ်ကုန်ကာ ပျောက်ကွယ်သွားလေသည်။

မြင်ကွင်းအားလုံး ငြိမ်သွားသည်နှင့် ဖျက်ဆီးခြင်း၊ ရှုပ်ထွေးခြင်းနှင့် သွေးထွက်သံယို အငွေ့အသက်များဖြင့် ပြည့်နှက်နေ၏။

များမကြာခင် ကောင်းကင်ကပ်ဘေးကြီး ကျဆင်းလာကာ အထွတ်အထိပ်မြင့်မြတ်သူများ ဝမ်းနည်းပူဆွေးစွာ အော်ဟစ်နေသံများ ကြားလာရတော့သည်။

နေရာအနှံ့အပြားတွင် ထိုကပ်ဘေးကြီးကြောင့် ခန္ဓာကိုယ်ပေါက်ကွဲ သေဆုံးနေသည့် မြင်ကွင်းများပေါ်လာ၏။

မြင်ကွင်းသည် အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။ သွေးမိုးများ ရွာသွန်းလျက် ကောင်းကင်နှင့် မြေကြီးကြား ဝမ်းနည်းပူဆွေးကုန်၏။

“ ဘာလို့လဲ ... ဘာလို့လဲ။ ”

ဤသည်မှာ တစ်ဖက်သတ် သတ်ဖြတ်ခြင်းပေပင်။ မြင့်မြတ်သောအဆင့်သို့ တက်ရောက်နိုင်သူတိုင်းအတွက် ကောင်းကင်မှ အပြစ်အဖြစ်ရှုမြင်နေချေပြီ။

ထိုအသတ်ခံရသူများထဲတွင် အဖြူရောင်ဝတ်စုံနှင့်လူ၏ အစေခံဖြစ်သော အနက်ရောင်ဝတ် အစေခံအိုကြီးလည်း ပါဝင်နေခဲ့လေသည်။

သူ့ တစ်ကိုယ်လုံး သွေးများဖြင့် ဖုံးလွှမ်းနေပြီး အသက်ငင်သောအခြေအနေ၌ နာကျည်းမှုများဖြင့် ကောင်းကင်ထံ မော့ကြည့်နေ၏။

ထိုနေရာတွင် ကပ်ဘေးမိုးတိမ်များ စုဖွဲ့နေပြီး လျှပ်စီးများ တဖျတ်ဖျတ်လက်ကာ ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်အချို့ ရပ်နေချေပြီ။

“ သခင် ... ဒီအစေခံအိုကြီးက နောက်ဆုံးတော့ သခင်နတ်ဘုရားတစ်ပါးအဖြစ် ပြန်လာတာကို မစောင့်နိုင်တော့ပါဘူး ... ။ ”

အနက်ရောင်ဝတ် အစေခံအိုကြီးက တိုးတိုးလေး ရေရွတ်လိုက်သည်။ ထို့နောက်တွင် သူ့ခန္ဓာကိုယ်သည် ကပ်ဘေးများအောက်တွင် ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

စုရီတစ်ယောက် ‌ရွှေရောင်သားရဲအရေခွံကို ကိုင်ဆောင်လျက် မရေမရာ ဖြစ်မှုများနှင့်အတူ တိတ်ဆိတ်သွားတော့သည်။

***

All Chapters