← Chapters

အခန်း ၁၂၄၈

Vol. 104 Ch. 1248

အခန်း ၁၂၄၈

Vol. 104 Ch. 1248

အခန်း ၁၂၄၈ -

ကောင်းကင်လောင်မြိုက်ခြင်းကျမ်း ... ။

ကွင်းပြင်တစ်ခုလုံးရှိ လူအုပ်ကြီး၏ မျက်နှာအမူအရာများသည် မရေမရာဖြစ်လျက် တုန်လှုပ်ချောက်ချားနေကြသည်။

ဤရှန်မူသည် အလွန်အစွမ်းထက်၏။ လက်ဖဝါးတစ်ချက်တည်းဖြင့် ယွီလင်ဖန်းကို အနိုင်ယူပြီးနောက် လူတိုင်းထံ မျက်နှာမူလာချေပြီ။

သူတို့အတွက် ဂုဏ်သိက္ခာကို စိန်ခေါ်ခံလိုက်ရခြင်းဖြစ်၏။ နှလုံးသားထဲ၌ ဒေါသများ တောက်လောင်လာပြီး စုရီအပေါ် ထားရှိသော အကြည့်များသည်လည်း သတ်ဖြတ်လိုခြင်းဆန္ဒများ ပါဝင်လာသည်။

ထိုအချိန်တွင် ဘုန်းကြီးကျိုးယွင်သည် လက်အုပ်ချီလျက်၊

“ အော်မိတောဖော ... ဒီသနားစရာကောင်းတဲ့ ဘုန်းကြီးလေးက နောက်ဆုတ်ဖို့ ဆန္ဒရှိပါတယ်။ ”

-ဟု ပြောကြားလာ၏။

“ ဘာလဲ ... ။ ”

လူတိုင်း ဘုန်းကြီးကျိုးယွင်ထံသို့ လှည့်ကြည့်လိုက်ကြသည်။ အကြောက်တရား ကင်းပြီး ရက်စက်လွန်းသော ကတုံးသည် သည်းခြေပျက်သွားပုံရ၏။

“ ကျိုးယွင် ... မင်းက ကြောက်ရွံ့ခြင်းကင်းမဲ့ပြီး စိန်လိုမာကျောတဲ့ တာအိုနှလုံးသားကို ပြုစုပျိုးထောင်ထားတာ မဟုတ်ဘူးလား … ဘာလို့ နောက်ဆုတ် သွားရတာလဲ။ ”

ဝမ်ချန်ဖန်မှ မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်၏။ ကျိုးယွင်က တည်ငြိမ်ပြီး နူးညံ့သော မျက်နှာအမူအရာဖြင့်၊

“ ကြောက်ရွံ့မှု မရှိဆိုတာ ... မိုက်မဲစွာသေခြင်းမျိုး မဟုတ်ဘူး ဒီသနားစရာ ဘုန်းကြီးလေးက အရှုူံးကို လက်ခံနိုင်တယ်။ ”

-ဟု တုန့်ပြန်ပြောကြားလိုက်သည်။

တစ်ဆက်တည်းမှာပင် ကရုဏာသက်ဟန်ရှိသော မျက်နှာထားဖြင့် ဝမ်ချန်ဖန်းထံပြန်ကြည့်ကာ၊

“ ဒကာလေးချန်ဖန်လဲ ... ဒီဘုန်းကြီးရဲ့စေတနာကို နားလည်ပြီး မြန်မြန် နောက်ဆုတ်သင့်တယ်။ ”

-ဟု ထပ်လောင်း အကြံပြုလိုက်၏။

“ ဟားဟားဟား ... ။ ”

ဝမ်ချန်ဖန်သည် ဒေါသထွက်လွန်းသဖြင့် ကျယ်လောင်စွာ လှောင်ရယ်မောမိတော့သည်။ ဤခေါင်းပြောင်သောရဟန်းသည် အမှန်ပင် ကြောက်တတ်သည်မှာ ရှက်စရာကောင်း၏။

“ ငါလည်း နောက်ဆုတ်မယ်။ ”

ဤသည်မှာ တန်ယုယန်ဖြစ်၏။ လူတိုင်း တိတ်ဆိတ်ကုန်သည်။ သေချာပေါက် ရှန့်မူနှင့် လုံ‌လောက်သည်ဟု ယူဆနေပုံရ၏။

“ တခြားဘယ်သူရှိသေးလဲ။ ”

စုရီမှ လူအုပ်ကြီးထံ ဝေ့ကြည့်ကာ မေးမြန်းလိုက်သည်။ မည်သူမျှ ပြန်မဖြေကြချေ။ လူတိုင်း၏ မျက်နှာပေါ်တွင် မရေမရာ ဖြစ်နေသော အမူအရာများသာရှိနေ၏။

“ ကောင်းပြီ ... မင်းတို့ ဘယ်သူမှ နောက်မဆုတ်ဘူးဆိုရင် မြန်မြန်တက်လာကြ ငါတကယ် အလျင်လိုနေတယ် ...

... လက်ဖျစ်ဆယ်တွတ်အတွင်းမှာ ... ဘယ်သူမှ မလှုပ်ရှားဘူးဆိုရင် ... မင်းတို့ အရှုံးပေးတယ်လို့ ငါ သတ်မှတ်မယ်။ ”

စုရီမှ စိတ်မရှည်စွာ ပြောကြားလိုက်၏။ ဤသည်မှာ ရန်စရုံတင်မကဘဲ အမိန့်ပေးခြင်း သည်လည်းမည်ချေပြီ။

“ အားလုံး အတူတူတက်ပြီး သူ့ဆန္ဒအတိုင်းမမေ့နိုင်စရာ သင်ခန်းစာတစ်ခု ပေးကြရအောင်။ ”

ထိုက်ချင်းဂိုဏ်းမှ စုန့်ပိုင်လီက အေးစက်စွာပြောကြားလိုက်သည်။ လူတိုင်း ခေါင်းညိတ်ကုန်၏။

“ ခဏနေပါဦး ... ။ ”

ထိုစဉ် ကုန်းနန်ဖန်က ရှေ့သို့ တစ်လှမ်းတက်လာပြီး၊

“ မင်းတို့အားလုံး ခဏစောင့်ပေးပါ ဒီတိုက်ပွဲကို ... ငါတစ်ယောက်တည်းပဲ အရင် ကြိုးစားပါရစေ။ ”

-ဟု တောင်းဆိုလိုက်၏။

“ ဒီနေ့ဟာ ငါ့ရဲ့တာအိုတိုက်ပွဲပဲ။ ”

ထိုသို့ပြောကြားလိုက်သည်နှင့် သူ၏ တာအိုဝတ်ရုံများက လေထဲတဖျပ်ဖျပ်ခတ်ကာ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများကို ထုတ်လွှတ်လိုက်တော့သည်။

“ တကယ့်ကို ပြိုင်ဘက်ကင်း သူတော်စင်အင်မော်တယ်တစ်ပါးပဲ ဒီလိုစရိုက် လက္ခဏာနဲ့ မာနတစ်ခုတည်းနဲ့တင် လူတိုင်းကို ထားခဲ့နိုင်နေပြီ။ ”

တန်ယုယန်မှ ချီးကျူးလိုက်သည်။ စုရီသည်ပင် အနည်းငယ် အံ့သြသွားပြီး၊

“ ရှန်ဝူတောင်ရဲ့ကုန်းမျိုးနွယ်ဝင် မျိုးဆက်တစ်ယောက်အနေနဲ့ ... ဒီလောက်အထိ မာနကြီးတဲ့မင်းက ဘာလို့ထိုက်ချင်းဂိုဏ်းမှာ လက်အောက်ခံနေရတာလဲ။ ”

-ဟု မေးမြန်းလိုက်သည်။

သူ့မေးခွန်းကြောင့် ထိုက်ချင်းဂိုဏ်း၏ တပည့်များမှာ မျက်မှောင်ကြုတ်သွားကြသည်။ တစ်ဖက်လူ စကားများသည် မည်သည့် အဓိပ္ပါယ်နည်း။

သူတို့၏ ဂိုဏ်းကို စော်ကားပြီး ပြဿနာရှာနေခြင်းပင်လော။ ကုန်းနန်ဖန်းက မျက်လုံးများကို အနည်းငယ် မှေးစင်းလျက်၊

“ ငါက ကုန်းမျိုးနွယ်ရဲ့ မျိုးဆက်တစ်ယောက်ဖြစ်သလို ထိုက်ချင်း ဂိုဏ်းရဲ့ ဆက်ခံသူတစ်ယောက်လည်း ဖြစ်တယ် မင်းရဲ့မေးခွန်းက မလိုအပ်ဘူးလို့ထင်တယ်။ ”

-ဟု ခပ်အေးအေး တုံ့ပြန်လာသည်။

“ ငါသိသလောက်တော့ ... ဓမ္မအဆုံးခေတ်မတိုင်ခင်က ကုန်းမျိုးနွယ်စုနဲ့ ထိုက်ချင်းဂိုဏ်းဟာ သွေးကြွေးရန်ငြိုးတွေရှိတဲ့ အင်အားစုနှစ်ခုပါ ပြန်လည်သင့်မြတ်ဖို့ မဖြစ်နိုင်ခဲ့ကြပါဘူး ... ။ ”

ဤမေးခွန်းမျိုးသည် အမှန်ပင် မလိုအပ်ကြောင်း မြင်သာ၏။ အဘယ့်ကြောင့် ကပ်ဘေးကြီးအတွင်း၌ ထိုက်ချင်းဂိုဏ်းသည် ကုန်းမျိုးနွယ်ကို ကယ်တင်ခဲ့ကြောင်း မည်သူ မဆို သိထားချေပြီ။

“ အချိန်ဖြုန်းမနေနဲ့ ... ငါမင်းကို မေးမယ် ... မင်း ငါနဲ့တိုက်ရဲလား။ ”

“ ကောင်းပြီ ... မင်း အရင် လှုပ်ရှားပါ။ ”

ကုန်းနန်ဖန်မှ စကားမဆိုဘဲ ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ ကောင်းကင်နှင့် မြေကြီး တစ်ခုလုံး သိမ့်သိမ့်တုန်သွားလေသည်။

သူ့ပတ်ဝန်းကျင်တွင် ဥပဒေများ သိုင်းခြုံလာပြီး ရွှေရောင်တောက်ပနေသော ရှေးဟောင်းဓားရှည်ကြီးတစ်လက် လေထဲ ထွက်ပေါ်လာတော့၏။

ကုန်းနန်ဖန်မှ ထိုဓားရှည်ကြီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည့်အခါ၌ သူ့အရှိန်အဝါသည် လျှပ်တပြက်အတွင်း ရတနာဓားအလား ထင်မှားသွားတော့သည်။

ဘေးမှကြည့်နေကြသူများပင် သူတို့၏ မျက်လုံးများထဲ၌ စူးရှသော နာကျင်မှုနှင့်အတူ ကြောက်ရွံ့မှုများကို ခံစားလိုက်ရ၏။

ပို၍ အံ့သြစရာကောင်းသည်မှာ... ကုန်းနန်ဖန်၏နောက်ကွယ်ရှိ လေဟာနယ်တွင် အလင်းစက်ဝန်းများသဖွယ် လှိုဏ်ဂူဆယ်လုံး ပေါ်လာလေသည်။

ထိုနတ်ဘုရား လှိုဏ်ဂူများ၏ အလယ်ဗဟိုတွင် ရွှေကျီးကန်းတစ်ကောင်၏ ပုံရိပ်ထင်ဟပ်လာကာ အတောင်ပံများကို ဖြန့်ကျက်လိုက်တော့၏။

“ ကျီး ... ။ ”

ပေထောင်ပေါင်းများစွာ အတွင်း လေဟာနယ်ကို အရည်ဖျော်နေသောနတ်ဘုရား မီးတောက်များ ဝုန်းခနဲ ထုတ်လွှတ်လာသည်။

ဤသည်မှာ အင်‌မော်တယ် အာကာသပေပင်။ နတ်ဘုရားလှိုဏ်ဂူဆယ်ခုမှာ ရွှေကျီးကန်းကိုဗဟိုပြုလျက် လည်ပတ်နေသည့် စကြာဝဠာတစ်ခုဖြစ်ချေ၏။

“ ဒါ ... ဒါက ကုန်းမျိုးနွယ်ရဲ့ ကောင်းကင်လောင်ကျွမ်းသော ကမ္ဘာဦးကျမ်းပဲ ထာဝရညဧကရာဇ်ကိုယ်တိုင် အားနည်းချက်ကို ပြုပြင်ပေးထားတာ ...

... အထွတ်အထိပ် တည်ရှိသူတွေတောင် ဒီကျမ်းအောက်မှာ ... သူတို့ရဲ့အားနည်းချက်ကို ဖော်ပြမိကြတယ်လို့ နာမည်ကြီးတယ်။ ”

တစ်စုံတစ်ယောက်က ထိတ်လန့် တုန်လှုပ်စွာဖြင့် အော်ဟစ်ပြောကြားလိုက်၏။ လူတိုင်း စိတ်လှုပ်ရှားလာချေပြီ။ ကုန်းနန်ဖန်မှာ အမှန်ပင် ထူးကဲသော ပါရမီရှင်ပေပင်။

သူ့ ထက်မြက်မှုသည် ကောင်းကင်ကိုပင် အန်တုနေ၏။ တစ်ဖက်တွင် စုရီသည်လည်း အနည်ငယ် အံ့အားသင့်လာသည်။

ဤကုန်းနန်ဖန်သည် ကောင်းကင် လောင်ကျွမ်း ကမ္ဘာဦးကျမ်းကို ဒသမအဆင့် အထိ လေ့ကျင့်ထားနိုင်ချေပြီ။

နတ်ဘုရားလှိုဏ်ဂူများသည် အဆင့်တစ်ဆင့်ကို ကိုယ်စားပြုချေ။ ၎င်းထံမှ အဆုံးမဲ့ မီးဥပဒေများကို ထောက်ပံ့ပေးပေမည်။

ထိုစဉ် ကုန်းနန်ဖန်သည် ပြင်းထန်သော တိုက်ခိုက်မှုကို စတင်လိုက်ပြီးဖြစ်သည်။ ဓားမှာ လျှပ်စီးအလား ပြုတ်ကျလာ၏။

သူ့နောက်မှ လှိုဏ်ဂူဆယ်လုံးသည် ဟိန်းဟောက်ကာ အဆုံးမဲ့မီးတောက်များစွာကို ထုတ်ပေးလာသည်။ ထိုအချိန်တွင် လေဟာနယ် တစ်ခုလုံးမှာ အရည်ပျော်သွားပြီး အရာခပ်သိမ်း ပြင်းထန်စွာ လောင်ကျွမ်းခံနေပုံရ၏။

ပတ်ဝန်းကျင်ရှိ သူတော်စင် အင်မော်တယ်များအားလုံးသည် ချွေးစေးများ ဖုံးလွှမ်းလာပြီး ဆုတ်ခွာလိုက်ရသည်။

ဤကြောက်မက်ဖွယ်ကောင်းသော ဓားချက်ကိုရင်ဆိုင်နေရသောစုရီသည် လုံးဝပင် ထိတ်လန့်ခြင်းမရှိဘဲ လက်ချောင်းများပူးလျက် ဓားတစ်ချောင်းကဲ့သို့ အသုံးပြုကာ တုန့်ပြန် လိုက်တော့သည်။

“ ဝုန်း ... ။ ”

ဖျက်ဆီး၍မရသော စွမ်းအားများကို သယ်ဆောင်ထားသည့် ကုန်းနန်ဖန်၏ဓားသည် လေထုအလယ် နှစ်ခြမ်းကွဲသွားချေပြီ။

ပေါက်ကွဲသံကြီးမှာ ကောင်းကင်ကို တုန်ဟည်းစေပြီး မြင့်တက်လာသော နတ်ဘုရား မီးလျှံများမှာ လွင့်ပြယ်ကုန်တော့၏။

မဝေးလှသောနေရာ၌ ရပ်ကျန်ခဲ့သော ကုန်းနန်ဖန်၏ဝတ်ရုံများမှာ တန်ပြန်စွမ်းအား ရိုက်ခတ်မှုဒဏ်ကြောင့် အပိုင်းအစများအဖြစ်သို့ ပြောင်းလဲပြန့်ကျဲသွားလေသည်။

ကုန်းနန်ဖန်ဟူသည် သူတော်စင် အင်မော်တယ်အဆင့်တွင် ရှားရှားပါးပါး ပြိုင်ဘက်ကင်းသူဖြစ်၏။

သူ့ခွန်အားအပြည့် ဓားချက်သည် ဤနေရာရှိအခြားပြိုင်ဘက်ကင်း သူတော်စင် အင်မော်တယ်ကိုပင် ခြိမ်းခြောက်နိုင်၏။

ယခုမူ ရှန်မူသည် လက်ဓားဖြင့်ပင် အလွယ်တကူ ချိုးဖျက်ပြနေသည်။ အံ့အားသင့် စရာပေပင်။

“ ကောင်းကင်ကို လောင်မြိုက် ... ။ ”

ကုန်းနန်ဖန်မှ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ့ကျင့်ကြံမှုကို မြှင့်တင်၏။ ကြောက်စရာကောင်းသော တိုက်ခိုက်မှုတစ်ခု ထပ်မံထွက်ပေါ်လာပြန်သည်။

ထိုအချိန်တွင် အရည်ပျော်နေသော ချော်ရည်မြစ်ကြီးတစ်စင် ကောင်းကင်ယံကို ဖြတ်သန်းကာ ကျဆင်းလာ၏။

အကန့်အသတ်မဲ့ လွှမ်းမိုးနိုင်သော မီးတာအိုဥပဒေများသည် ဤကမ္ဘာကြီးကို လုံးဝ သန့်စင်ပစ်တော့မည့်အတိုင်းပေပင်။

“ ဝုန်း ... ။ ”

သို့သော်လည်း ဤမျှ ကြောက်စရာကောင်းသော တိုက်ခိုက်မှုမှာ ထပ်မံ၍ စုရီ၏လက်ဓားအောက်၌ ပျက်ပြယ် သွားစေပြန်သည်။

သက်ရောက်မှုသည် စုရီအပေါ် ခြေတစ်လှမ်းမျှပင် လှုပ်ရှားဆုတ်ခွာသွားအောင် မစွမ်းဆောင်နိုင်ခဲ့ချေ။

ကျိုးယွင်ခမျာ ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။ ကံကောင်းထောက်မစွာဖြင့် သူ ရှုံးနိမ့်ခြင်းကို ဝန်ခံထား၍သာပင်။

မဟုတ်သော် အရူးအမူး ဆက်ပြီး တိုက်ခိုက်ရန်ဆန္ဒရှိနေပါက ဤဓားအောက်တွင် လုံးဝကြေမွသွားပြီး အဆုံးသတ်မှာ သနားစရာ ကောင်းနေပေလိမ့်မည်။

“ အရာအားလုံး လောင်မြိုက်ခြင်း။ ”

ကုန်းနန်ဖန်မှ ထပ်မံ တိုက်ခိုက်ပြန်သည်။ အနိုင်အရှုံးကို လျစ်လျူရှုထားပြီး သူ၏ဝိညာဉ်၊ သွေးနှင့်ချီထံ လောင်မြိုက်ပစ်လိုက်၏။

ဤအချိန်တွင် ဓားအင်မော်တယ်တစ်ပါးအလား ကြီးစိုးပြီး ထက်ရှသော အသွင်ကိုပေးချေပြီ။

သူ့နောက်ရှိ နတ်ဘုရား လှိုဏ်ဂူဆယ်လုံးသည် ပေါက်ကွဲတော့မည့် အလား ပွက်ပွက်ဆူလာတော့၏။

“ ကျီး ... ။ ”

ရွှေကျီးကန်းက ကျယ်လောင်စွာ အော်ဟစ်လျက် ဒေါသတကြီး မီးဥပဒေများကို အရှိန်မြှင့်တင်ပေးနေသည်။ ယခုအချိန်တွင် ကုန်းနန်ဖန်းပြသနေသည့် စွမ်းပကားသည် ပြိုင်ဘက်ကင်းဟူသော ဘွဲ့ထူးနှင့် အမှန်တကယ် ထိုက်တန်လှ၏။

ကံမကောင်းစွာဖြင့် သူ့ပြိုင်ဘက်မှာ စုရီဖြစ်နေသည်။ အရေးအကြီးဆုံးမှာ စုရီသည် ဤဓားကျမ်း၏ အားနည်းချက်များကို ပြုပြင် ပေးထားသူပေပင်။

ထို့ကြောင့် မီးမြစ်ကြီးသည် သူ့အပေါ် လေပြေအလား ဖြတ်ကျော်သွားချေပြီ။ ယင်းမှာ အနာဂါတ်ကို ကြိုမြင်နေသည့်အလား ခြေလှမ်း တစ်လှမ်းမျှ မလှုပ်ဘဲရပ်နေတော့၏။

ထိုအမူအရာက ကုန်းနန်ဖန်ကို မျက်ခုံးပင့်မိသည်။ တစ်ဖက်လူသည် သူ့ဓားကို မြင်နိုင်ပုံရ၏။

ဤဓား၏ စစ်မှန်သောခွန်အားသည် ပြိုင်ဘက်လှုပ်ရှားမှုစတင်သည်နှင့် လိုက်ပါ လာမည်ဖြစ်သည်။ ယခုကဲ့သို့ မလှုပ်ခြင်းဖြင့် ဓားချက်မှာ လေပြေအလား ပျက်ပြယ်ချေပြီ။

သူ့ဗီဇအသိမှလည်း ကြောက်စရာကောင်းသော သတိပေးချက်ကို ရရှိနေသည်။ ၎င်းမှာ လျှို့ဝှက်ချက်များနှင့် အားနည်းချက်များကို ပြိုင်ဘက်မှ ကြိုတင် သိမြင်နေသည်ဟု ခံစားလာရ၏။

“ မင်းက အင်မော်တယ်ဘုရင်အဆင့်နဲ့ ဝေးနေသေးတာ အံ့သြစရာမရှိပါဘူး နတ်ဘုရား လှိုဏ်ဂူဆယ်လုံးကို တစ်ခုတည်းအဖြစ် ပေါင်းစည်းဖို့ နည်းလမ်းရှာမတွေ့သေးဘူး။ ”

စုရီမှ မှတ်ချက်ပေးလိုက်သည်။ ထို့နောက် လက်ကိုဝှေ့ရမ်းလိုက်ရာ မြောက်များစွာသော ဓားအလင်းတန်းများ ထွက်ပေါ်လာပြီး ကုန်းနန်ဖန်ထံ ထိမှန်သွားတော့၏။

“ ဝုန်း ... ။ ”

ကုန်းနန်ဖန် ခန္ဓာကိုယ်ကြီးသည် နောက်သို့လွင့်စင်သွားကာ ပေရာပေါင်းများစွာ အကွာတွင် ရောက်ရှိရပ်တန့်သွားသည်။

အသွင်အပြင်သည် ဖရိုဖရဲဖြစ်နေပြီး မျက်နှာမှာဖြူဖျော့လျက် သူ့နောက်ကျောပေါ်ရှိ နတ်ဘုရားလှိုဏ်ဂူဆယ်လုံးမှာ မှိန်ဖျော့ သွားတော့သည်။

“ မင်းဘာလို့ ဝှက်ဖဲနဲ့ ရတနာတွေကို ထုတ်မသုံးသေးတာလဲ။ ”

စုရီမှ မေးမြန်းလိုက်၏။

“ ဒါက တာအိုတိုက်ပွဲတစ်ပွဲပဲ ... ငါ့မာနကဒီလိုလုပ်ဖို့ ခွင့်မပြုဘူး။ ”

“ ဟားဟားဟား ... ဒီလို မာနမျိုး ရှိတာ ကောင်းတယ် ဒါပေမယ့် လက်ရှိအခြေအနေအရ မင်း ရှုံးသွားပြီ။ ”

ကုန်းနန်ဖန်မှ တိတ်ဆိတ်သွားပြီး အနည်းငယ်လက်ခံရခက်နေ၏။ လောကတွင် ဤမျှ ကြောက်စရာကောင်းသော ပြိုင်ဘက်မျိုး ရှိနေရသည်ကို နားမလည်နိုင်တော့ချေ။

“ စီနီယာအစ်ကိုကုန်း ... ငါတို့အားလုံး အတူတူတိုက်ကြရအောင် ... ။ ”

ထိုက်ချင်ဂိုဏ်းမှ စုန့်ပိုင်လီက အကြံပြုလိုက်သည်။ သို့သော် ကုန်းနန်ဖန်မှ ခေါင်းခါလျက်၊

“ ငါ ပြောပြီးပြီ ... ဒီပွဲဟာငါ့ရဲ့တာအိုတိုက်ပွဲပဲ။ ”

-ဟု ငြင်းဆန်၏။ ထို့နောက် စုရီထံ မော့ကြည့်ကာ၊

“ မင်းက ငါ့ရဲ့ကုန်းမျိုးနွယ်စု ထိုက်ချင်းဂိုဏ်းအောက်မှာ အမှုထမ်းနေတာကို ဘယ်လိုပဲလှောင်ပြောင်ပါစေ ငါဘိုးဘေးတွေရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင်မလုပ်ဘူး ဒီနေ့ ငါရှုံးတယ်။ ”

-ဟု ဆိုကာ တံဆိပ်ပြားကို ချိုးပစ်လိုက်လေသည်။

ချက်ချင်းပင် သူ့ပုံရိပ်သည် အလင်းတန်းအဖြစ်ပြောင်းလဲကာ လွင့်ပါး ပျောက်ကွယ်သွားတော့၏။

ဤမြင်ကွင်းကြောင့် လူတိုင်း တိတ်ဆိတ်သွားလေသည်။ အတောက်ပဆုံး ပြိုင်ဘက်ကင်း သူတော်စင်အင်မော်တယ်သည် အမှန်ပင် လက်လျော့သွားချေ၏။

“ ငါလည်း မင်းကို အဲဒီလိုပဲ မျှော်လင့်နေပါတယ် ... ။ ”

စုရီက ကုန်းနန်ဖန်ပျောက်ကွယ်သွားသော လေဟာနယ်ထံကြည့်ကာ တိုးတိုးလေး ရေရွတ် လိုက်တော့သည်။

***

All Chapters