← Chapters

ကိုယ်ထည်မာ ကျင့်စဉ်၊ ထူးကဲရုပ်လွန် အဆင့်

Vol. 6-10 Ch. 143

ကိုယ်ထည်မာ ကျင့်စဉ်၊ ထူးကဲရုပ်လွန် အဆင့်

Vol. 6-10 Ch. 143

အခန်း (၁၄၃)  : ကိုယ်ထည်မာ ကျင့်စဉ်၊ ထူးကဲရုပ်လွန် အဆင့်

မြူခိုးများက မြူခိုးဟင်းလင်းပြင် ချောင်ကြိုချောင်ကြားမကျန် နေရာယူထားပြီး တိတ်ဆိတ်မှုက နေရာအနှံ့ ကြီးစိုးနေလေသည်။

ထိုစဉ် အံ့ဖွယ်ရစ်ပတ်နွယ်ပင် လေးပင်က သေဘေးမှ ထွက်ပြေးရသလိုမျိုး ကရောသောပါး ပြေးလာလေသည်။ အံ့ဖွယ်ရစ်ပတ်နွယ်ပင် နှစ်ပင်က ရှေ့ကနေ ဦးဆောင်နေပြီး ကျန်နှစ်ပင်က နောက်ကနေ လိုက်လာလေသည်။ သူတို့၏ နွယ်များဖြင့် လှောင့်ချိုုင့်တစ်လုံးကို ရက်လုပ်ထားကြသည်။

ထိုလှောင်ချိုင့်အတွင်းရှိ လူမှာ လိပ်နက်ချပ်ဝတ်အပြင် နောက်ထပ် လိပ်နက်ချပ်ဝတ် အကာအရံတစ်လွှာပါ ဝတ်ဆင်ထားသော ရှန်ထျန်းကလွဲ၍ တခြားသူ မဟုတ်ချေ။ သူ့ကာကွယ်ရေး စွမ်းရည်က တုနှိုင်းမဲ့ ဖြစ်နေလေ၏။

ချပ်ဝတ်က သူ့အား မားမားမတ်မတ် ကာကွယ်ပေးထားသောကြောင့် အံ့ဖွယ်ရစ်ပတ်နွယ်ပင်များက သူ့အား ယာယီဘာမှမလုပ်နိုင်ကြသော်လည်း ရှန်ထျန်းက အလွန်စိုးရိမ်နေမိသည်။

နွယ်ပင်များက သူ့အား နောက်ကွယ်မှ ကြိုးကိုင်သူဆီ ခေါ်သွားနေခြင်း ဖြစ်၏။ မာတာနွယ်ပင်ကြီးဟု ခေါ်သော နတ်ဆိုးမဆီ ဖြစ်၏။ ကနဦး ဝိညာဉ်အဆင့် အံ့ဖွယ်ရစ်ပတ်နွယ်ပင် ဆယ်ပင်ကျော် လွှတ်ပေးနိုင်သည့် တည်ရှိမှုမျိုး ဖြစ်လေရာ ကျင့်ကြံဆင့်က စိတ်ကူးကြည့်၍ ရမည် မဟုတ်ပေ။

အကယ်၍ သူတို့သာ သူ့အား မာတာနွယ်ပင်ကြီးဆီ ပေးအပ်လိုက်လျှင် သူ့လိပ်နက်ချပ်ဝတ်လည်း တောင့်ခံနိုင်ဖို့ အခွင့်အရေးရှိတော့မည် မဟုတ်ချေ။

မဟုတ်သေးဘူး … ထိုင်ပြီး သေဖို့အချိန် စောင့်နေလို့တော့ မဖြစ်ဘူး …ဒီကပ်ဘေးကြီးကို ကျော်လွှားရမယ်

ရှန်ထျန်းက လှောင်ချိုင့်သည် တုတ်ခိုင်ပြီး ကြီးမားသော နွယ်များဖြင့် ရက်လုပ်ထားကြောင်း သိလိုက်ရသည်။ ထိုစဉ် သူ့တွင် ဖြေရှင်းနည်းတစ်ခု စဉ်းစားမိသွားလေ၏။

အံ့ဖွယ်ရစ်ပတ်နွယ်ပင်တွေက အင်မတန် ကြံ့ခိုင်သော အပင်အဖြစ် လူသိများလေရာ ထိပ်တန်းအဆင့် ဓမ္မအသုံးအဆောင်ပစ္စည်းနှင့်ပင် ဖြတ်ပစ်ဖို့ ခက်ခဲလှသည်။

ရှန်ထျန်း သူ့ကိုယ်ပေါ်တွင် သယ်ဆောင်ထားသော အားပြင်းသည့် လက်နက်မှာ ကြာပစ်ခွင်း သေနတ်၊ ခရမ်းရွှေတူ၊ ဓားသခင် အမှတ်အသားပြားနှင့် ကျောက်စိမ်းရေစင်ဓားသာ ဖြစ်၏။

ယခင် ရှန်ထျန်းက နတ်ရေစင် ဝိညာဉ်အသျှင်ဆီမှ ကြာပွတ်ရှည်တစ်ချောင်း ရခဲ့သော်လည်း အဆင့်မှာ အလွန်မြင့်နေသည့်အတွက် ရှန်ထျန်းအနေနှင့် ယခုလက်ရှိအထိ အသုံးမပြုနိုင်ခဲ့ပေ။ ထို့ကြောင့် ရှန်ထျန်းအတွက် ကြာပွတ် အသုံးဝင်မှုမှာ သိပ်မမြင့်မားသော်လည်း ခရမ်းရွှေတူ လက်နက်လောက်လည်း အသုံးမဝင်ပေ။

“ ဒီနွယ်ကိုင်းတွေကို ဖြတ်ပစ်ဖို့ဆိုရင် ချွန်ထက်နေတဲ့ လက်နက် လိုတယ်။ အဲဆိုရင် ခရမ်းရွှေတူက မကိုက်ဘူး။ ကြာပစ်ခွင်း သေနတ်ကလည်း အလယ်အလတ် စိတ်ဝိညာဉ်အဆင့် ရှိသေးတယ်ဆိုပေမဲ့ ဖြတ်တာခုတ်တာထက် ထိုးဖောက်ဖို့အတွက် ပိုအသုံးဝင်တာ … ”

ရှန်ထျန်းက အတွေးနက်နေစဉ် “ အဲဆို ပိုင်းဖြတ်ပစ်ဖို့ အကောင်းဆုံး လက်နက်က လျန်အာ ပေးထားတဲ့ ကျောက်စိမ်းရေစင်ဓားပဲ ကျန်တော့တယ် ”

ရှန်ထျန်းက အတွေးကို အကောင်ထည်ဖော်ချလိုက်သည်။ သူက ကျောက်စိမ်းရေစင်ဓားကို ဆွဲထုတ်ကာ နွယ်လှောင်ချိုင့်အား ရုတ်ချည်း ခုတ်ချပစ်လိုက်သည်။ ဓားဖြင့် ပိုင်းဖြတ်ချလိုက်သည့်အခါ ရေစင် သွန်းလောင်းလိုက်သည့်နှယ် ဖြစ်ပေါ်လာသည်။

ရွှပ် …

ကျောက်စိမ်းရေစင်ဓားက အံ့ဖွယ်ရစ်ပတ်နွယ်ပင် တစ်ပင်ကို ဖြတ်ချနိုင်လိုက်သော်လည်း တစ်ဝက်လောက်ရောက်သည့်အခါ ရှေ့ဆက်မသွားနိုင်တော့ပေ။ တစ်ချိန်တည်းတွင် အံ့ဖွယ်ရစ်ပတ်နွယ်ပင်က ကွေးနိုင်ဆန့်နိုင်လုပ်နိုင်သည့်အတွက် ရှန်ထျန်းက ဓားကို ဆွဲယူဖို့ ပြင်လိုက်သည့်အချိန် တင်းတင်းကျပ်ကျပ် စိုက်ဝင်နေကြောင်း သတိထားမိလိုက်သည်။

အကယ်၍ သူသာ ဓားကို မဆွဲနှုတ်ဘဲ လိပ်နက်ချပ်ဝတ်ထဲ အချိန်မီ နောက်ပြန်ဆုတ်ခဲ့လျှင် အံ့ဖွယ်ရစ်ပတ်နွယ်ပင်များက သူ့ကျောက်စိမ်းရေစင်ဓားကို လုယူသွားနိုင်သည်။

ရှန်ထျန်း၏ တိုက်ခိုက်မှုက အံ့ဖွယ်ရစ်ပတ်နွယ်ပင်များ၏ ရစ်ပတ်မှုကို ပိုမို တင်းကျပ်လာစေကာ နွယ်ပင် မျက်နှာပြင်အထက်၌ အံ့ဖွယ်ဆန်းကြယ် သင်္ကေတများ စတင် ပေါ်လာလေ၏။

ထိုသင်္ကေတများက အံ့ဖွယ်ရစ်ပတ်နွယ်ပင်များ၏ မွေးရာပါ စွမ်းရည် ဖြစ်သလို  သူတို့၏ ခန္ဓာကိုယ် ပိုမို တောင့်တင်းသန်မာလာစေဖို့ စွမ်းအင်လှည့်ပတ်ရာ လမ်းကြောင်းလည်း ဖြစ်၏။ အကြောင်းမှာ နွယ်ပင်များက သင်္ကေတများ၏ အကာအကွယ်ရှိနေသောကြောင့် ကျောက်စိမ်းရေစင်ဓားပင် မပိုင်းဖြတ်နိုင်ခြင်း ဖြစ်၏။

သူ့တိုက်ခိုက်မှုက အလုပ်မဖြစ်သည်ကို မြင်ကာ ရှန်ထျန်းတစ်ယောက် မျက်မှောင်ကြုတ်မိသွားသည်။

ထိုနတ်ဆိုးများနှင့် ရင်ဆိုင်ဖို့ ပြဿနာများလွန်းလှပေသည်။

 ငါ ဘာလုပ်ရမလဲ … ကျောက်စိမ်းရေစင်ဓားကို အားကောင်းလာစေဖို့ ဘာလုပ်နိုင်ဦးမလဲ …

အကယ်၍ ဓားသခင် အမှတ်အသားပြားသာ အသုံးပြုနိုင်ဦးမည်ဆိုလျှင် ရှန်ထျန်းက ဓားတစ်ချက်ဖြင့် ထွက်ပြေးနိုင်သည့်အတွက် ဤမျှစိုးရိမ်ကြီးနေမည် မဟုတ်ပေ။ သို့သော်လည်း ကံဆိုးစွာဖြင့် ကနဦး ဝိညာဉ်အဆင့် အံ့ဖွယ်ရစ်ပတ်နွယ်ပင်နှင့် ရင်ဆိုင်ရစဉ်အခါက ဓားသခင် အမှတ်အသားပြားကို တစ်ခါအသုံးပြုပြီးသွားလေပြီ။

ဓားသခင် အမှတ်အသားပြားက ဝိညာဉ်ကျောက်တုံးများ စုပ်ယူကာ စွမ်းအားပြန်လည်ဖြည့်တင်းနေဆဲ ဖြစ်၏။ အနည်းဆုံးတော့ နှစ်နာရီလောက် ကြာပေဦးမည်။

ပြဿနာကား နောက်ထပ် နှစ်နာရီကြာပြီးနောက် သူတို့ မာတာနွယ်ပင်ကြီးဆီ ရောက်ပြီးသွားလျှင် မည်သို့လုပ်ရဲမည်နည်း။ ထိုအခါ ဓားသခင် အမှတ်အသားပြားလည်း အသုံးမဝင်တော့ချေ။

ရှန်ထျန်းက ရုတ်ချည်းဆိုသလို အတွေးကောင်းတစ်ခု ထပ်တွေးမိသွားသည်။

၂၁ ရာစု၌ လူသားမျိုးနွယ်သည် အင်မတန် ကြောက်ဖို့ကောင်းသည့် ရေဖြတ်စက် ကို တီထွင်ဖန်တီးခဲ့ကြသည်။

နောက်ကွယ်မှ သဘောတရားမှာ ရေကို ဖိအားများများပေး၍ ရေပြင်းအားကို ပြွန်ပေါက်လေးမှတဆင့် ရေကို ထုတ်လွှင့်လိုက်ခြင်း ဖြစ်၏။ ရေစီးနှုန်းမှာ အလွန်မြန်ဆန်သောကြောင့် အရွေ့စွမ်းအင် အားကောင်းလာကာ သံမဏိနှင့် စကျင်ကျောက်ပြားတို့ကို အလွယ်တကူ ဖြတ်တောက်နိုင်လေသည်။

ယခင် ရှန်ထျန်းတစ်ယောက် လေးလံအဆီအနှစ် ရေစင်ကို ရရှိစဉ်အခါက ဓားသဏ္ဍာန်ဖွဲ့စည်းဖို့ စဉ်းစားခဲ့မိသည်။ နှုန်းက အရမ်းမမြန်ဆန်ကောင်း မမြန်ဆန်နိုင်သော်လည်း ထုထည်အားဖြင့် ကြောက်စရာကောင်းသွားနိုင်သည်။

ရှန်ထျန်းက လေးလံအဆီအနှစ် ရေစင်အား အသေးစိတ် လက်နက်ပုံသွင်းရာ၌ အင်မတန် ခက်ခဲကြောင်း သိလိုက်ရသည်။

တစ်ဖက်တွင် လေးလံအဆီအနှစ် ရေစင်အား ခရမ်းရွှေတူပေါ်၌ အလွယ်တကူ ပေါင်းစပ်နိုင်ကာ အားပြင်းသော ရိုက်ချက်များ ထုတ်လွှင့်နိုင်ပေသည်။

ထို့ကြောင့် ရှန်ထျန်းက သတ်ဖြတ်ရေး တိုက်ကွက်အတွက် ခရမ်းရွှေတူကို အသုံးပြုဖို့ ရွေးချယ်ထားခြင်း ဖြစ်၏။

သို့သော်လည်း ရှန်ထျန်းက နွယ်လှောင်ချိုင့်အတွင်း ရောက်နေစဉ် ကိုယ့်ကန့်သတ်ချက်ကို ကျော်ဖြတ်ရတော့မည်။ လေးလံအဆီအနှစ်ရေစင်ကို ကျောက်စိမ်းရေစင်ဓားဆီ အောင်အောင်မြင်မြင် ပေါင်းစပ်နိုင်မှသာ ထွက်ပြေးဖို့ အခွင့်အရေး ရှိလာပေမည်။

ရှန်ထျန်းက အသက်ပြင်းပြင်းရှုကာ ကျောက်ကပ်ရှိရာဆီ အသာပုတ်လိုက်ပြီး လေးလံအဆီအနှစ် ရေစင်အား ရွေ့လျားစေလိုက်သည်။ သူက လေးလံအဆီအနှစ် ရေစင်ကို ကျောက်စိမ်းရေစင်ဓားဆီ ပေါင်းစပ်စေနိုင်ဖို့ အပါးလွှာဆုံးအခြေအနေအထိ ဖိနှိပ်ထားကာ အကောင်းဆုံး ကြိုးစားနေလေ၏။

မည်မျှပင် သူ ကြိုးစားစေကာမူ ကျောက်စိမ်းရေစင်ဓား၏ ထက်ရှမှုကို အောင်အောင်မြင်မြင် မဖွဲ့စည်းနိုင်ချေ။ ရှန်ထျန်းအနေနှင့် အတားအဆီး ရှိနေသလို ခံစားနေရ၏။

ငါ ဘာလိုနေတာလဲ …

ရှန်ထျန်းက မျက်မှောင်ကြုတ်လိုက်မိသည်။

လေးလံအဆီအနှစ် ရေစင်က အရင်ကလောက် မနာခံတော့ဘူးလို့ ဘာလို့ ခံစားမိနေပါ့လိမ့် …

လေးလံအဆီအနှစ် ရေစင်သည် သူ့အား အရူးအမူး တွယ်ကပ်နေကာ ပထမတွေ့တွေ့ချင်းဖြင့် သူနှင့် ပေါင်းစပ်သွားရသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူက လေးလံအဆီအနှစ် ရေစင်ကို ကောင်းကောင်း မထိန်းချုပ်နိုင်သေးပေ။

ခဏနေပါဦး …

ရှန်ထျန်းက ရုတ်ချည်း ဉာဏ်အလင်းပွင့်သွားလေ၏။

သူ မိုးကြိုးဧကရာဇ် ကိုယ်ထည်မာကျင့်စဉ်ကို လှည့်ပတ်သည့်အခါ လေးလံအဆီအနှစ် ရေစင်က ချက်ချင်း လှုပ်လှုပ်ရှားရှား ဖြစ်လာလေသည်။ ထို့နောက် မီးစာကျမ်းကို ပြောင်းကာ လှည့်ပတ်လိုက်သည့်အခါ ပြန်ငြိမ်ကျသွားလေ၏။

ပြောရလျှင် မီးစာကျမ်းသည် လေးလံအဆီအနှစ် ရေစင်ကို ပဲ့ကိုင်နိုင်စွမ်း ရှိလေသည်။

သူသာ မီးစာကျမ်းကို ကျင့်ကြံပြီး ကိုယ်ထည်မာအဆင့်ကို ချိုးဖောက်နိုင်သွားလျှင် လေးလံအဆီအနှစ် ရေစင်အပေါ် ထိန်းချုပ်နိုင်စွမ်း ပိုမို မြင့်မားလာမည်လား …

ရှန်ထျန်းက သူ့တွက်ချက်မှုမှာ ဖြစ်နိုင်ကြောင်း ယုံကြည်နေလေ၏။

နတ်ဆိုးတွေက ငါ့ကို ဖမ်းထားမှတော့ ထိုင်ပြီး ဘာမှမလုပ်တာထက်စာရင် အခွင့်အရေးကို ဖမ်းဆုပ်ကြည့်ကြတာပေါ့ …

ထိုအတွေးဖြင့် ရှန်ထျန်းက ခန်းမင်လက်စွပ်ထဲမှ ဝိညာဉ်ကျောက်တုံး အိတ်လိုက်ထုတ်ကာ ဝိညာဉ်ချီများကို အသည်းအသန် စုပ်ယူလိုက်တော့သည်။ တစ်ချိန်တည်းတွင် သူက အံ့ဖွယ်ရစ်ပတ်နွယ်ပင်များကိုလည်း ထုတ်ကာ စွမ်းအားသိပ်သည်းနေသည့် အရည်များကို စုပ်ယူသောက်သုံးပစ်လိုက်သည်။

ရှန်ထျန်း ခန္ဓာကိုယ်က အဆင့်တက်လှမ်းဖို့ရာအတွက် အံ့ဖွယ်ရစ်ပတ်နွယ်ပင်၏ အရည်များကို အလိုအလျောက် စုပ်ယူသွားသည်။

ဝိညာဉ်ကျောက်တုံးများလည်း တစ်တုံးပြီး တစ်တုံး အမှုန့်ဖြစ်လာသလို အံ့ဖွယ်ရစ်ပတ်နွယ်ပင်များလည်း အခွံသာကျန်သည်အထိ စုပ်ယူခံလိုက်ရသည်။ သူ့တစ်ကိုယ်လုံးရှိ ဆဲလ်များနှင့် သွေးကြောတိုင်းကား စွမ်းအားကူးပြောင်းလိုက်သလို အားအင်အပြည့်အဝ ဖြစ်လာသည်။

ရှန်ထျန်းက သူ့ရုပ်ပိုင်းဆိုင်ရာသည် အဆုံးအစွန်အထိ သန်မာသွားကြောင်း ခံစားမိလိုက်သည်။ သူ့ခန္ဓာကိုယ်ထဲရှိ ချီနှင့် သွေးများက ပြဒါးကဲ့သို့ ဖြစ်လာကာ တစ်ဟုန်ထိုး စီးဆင်းနေသည့်  မြစ်တစ်စင်းသဖွယ် အသံများပဲ့တင်ထွက်လာသည်။

သူ့ကြွက်သား၊ သွေးကြောနှင့် အာရုံကြောများက အပြင်းအထန် တုန်ခါနေကြသည်။ သူ့နှလုံးသားထဲမှ ကျားတစ်ကောင် တည်ရှိနေသည့်အလား ဟိန်းဟောက်ပစ်လိုက်ချင်မိသည်။

ရှန်ထျန်းက အနီရောင် ချီအငွေ့အသက်များကို လွှင့်ထုတ်ရင်း အသက်ပြင်းပြင်း ရှုသွင်းလိုက်သည်။

ဤသည်မှာ ကိုယ်ထည်မာ ချီစွမ်းအား ဖြစ်ပြီး ကိုယ်ထည်မာအဆင့်ကို ချိုးဖောက်ကာ ထူးကဲရုပ်လွန်အဆင့်သို့ ဝင်ရောက်လုနီးပါး ဖြစ်နေသည့် လက္မဏာရပ် ဖြစ်၏။

ရုပ်ပိုင်းဆိုင်ရာကို အဆုံးအစွန်အထိ သန့်စင်လိုက်ခြင်းက သန့်ရှင်းစင်ကြယ်သော အဆီအနှစ် စွမ်းအားတို့ ဖြစ်ပေါ်လာစေသည်။

ဤချီအငွေ့အသက်က “ ကြံ့ခိုင်မှုနှင့် ယန်” အင်္ဂါရပ်ရှိပြီး နတ်ဆိုးများနှင့် မိစ္ဆာများ၏ သဘာဝရန်သူ ဖြစ်ပေသည်။

အကယ်၍ အခြေတည်အဆင့်က ထာဝရလမ်းစဉ်အတွက် ပထမမြောက် ချီသန့်စင်ခြင်းအဆင့် ဖြစ်မည်ဆိုလျှင် ထူးကဲရုပ်လွန်အဆင့်က နတ်ဘုရားကိုယ်ထည်မာ ကျင့်စဉ်၏ အပြောင်းအလဲ မှတ်ကျောက်တစ်ခု ဖြစ်၏။

ကိုယ်ထည်မာ ချီစွမ်းအား ဖွဲ့တည်နိုင်မှသာ တကယ့် နတ်ဘုရား ကိုယ်ထည်မာ လေ့ကျင့်သူဟု မှတ်ယူနိုင်ပေသည်။

ထိုစဉ် ရှန်ထျန်းက ဤအဆင့်ကို ကျော်ဖြတ်ပြီး လောကအသစ်တစ်ခုထဲ ရောက်ရှိသွားလေသည်။

ချီစွမ်းအားက သူ့ခန္ဓာကိုယ်ကို သန့်စင်အားဖြည့်ပေးထားသောကြောင့် သာမန်အခြေအနေ မဟုတ်တော့ချေ။ ထို့ကြောင့် ဤအဆင့်နာမည်မှာ “ထူးကဲရုပ်လွန်အဆင့် ” ဖြစ်နေရခြင်း ဖြစ်၏။

All Chapters