အခန်း ၄၂
Vol. 5 Ch. 42
42 01
အပိုင်း (၄၂) သိုးကောင်လုံးကင်
ဒီနေ့ ငါးကောင်တောင် ရတယ်
ထို့ကြောင့် ရှုရှင်းသည် ပျော်ရွှင်လွန်းသဖြင့် အိမ်ပြန်လမ်းတွင် အပြုံးမရပ်တော့ချေ။ ထိုညနေပိုင်းတွင် ယန်မော့ကတဆင့် အခြားသူနှစ်ယောက်အား မည်သည့်အတွက်ကြောင့် အကောင်ပေါက် မွေးချင်ကြောင်း ပြောပြလိုက်သည်။ ယန်မော့က သူတို့ကို မည်သို့ ပြောလိုက်မှန်း မသိပေ။ သို့သော် မေးခွန်းများ မမေးတော့ပါပေ။ ဒီအတိုင်း အကောင်ငါးကောင်ကိုသာ ကောင်းကောင်း ဂရုစိုက်မည်ဟု ကတိပေးကြသည်။
ထိုငါးကောင်က မွေးထားပြီးသည်မှာ မကြာလောက်သေးပေ။ သူတို့သည် ထိုအချိန်က သေချာ မကြည်မိခဲ့ပေ။ အိမ်ပြန်ရောက်မှသာ အားလုံး၏ အမွှေးများက ဖြူနေသော်လည်း မျိုးစိတ်မတူကြောင်း သိလိုက်သည်။ နှင်းဝံပုလွေ အကောင်ပေါက် နှစ်ကောင်နှင့် ကျားဖြူ နှစ်ကောင် ဖြစ်သည်။ တွင်းထဲမှ ကျားမ နှင့် ဝံပုလွေမ အလောင်းများကို ကြည့်ခြင်းအားဖြင့် အံ့အားသင့်စရာ မကောင်းပါပေ။ ကံဆိုးသည်မှာ ကလေးများကို မည်သို့ပင် ဂရုစိုက်ပြီး ကျွေးကျွေး အသက်ရှင်အောင် မထားနိုင်ခဲ့ချေ။ ဝံပုလွေပေါက် တစ်ကောင်ကလည်း တတိယနေ့တွင်ပင် အားနည်းသွားပြီး အသက်မရှင်နိုင်ခဲ့ချေ။ ရှုရှင်းကလည်း ထိုအခြေအနေကြောင့် ရက်ပေါင်းများစွာ ဝမ်းနည်းခဲ့သေးသည်။
ကျန်သော လေးကောင်ကမူ အတော်လေး ကျန်းမာရေးကောင်းသည်။ နေရာလပ် နယ်မြေမှလည်း ထွက်နိုင်၏။ ထို့ကြောင့် သူတို့ လေးယောက်က အစည်းအဝေး သေးသေးလေး ထိုင်လိုက်ကြပြီး တစ်ယောက်တစ်ကောင်စီ တာဝန်ယူမွေးရန် ဆုံးဖြတ်လိုက်ကြသည်။
တိရစ္ဆာန်များ၏ ဆင်ကဲပြောင်းလဲနိုင်စွမ်းရည်က အလွန်မြင့်သည်။ ရှစ်ဆယ့်ငါးရာခိုင်နှုန်းနီးပါး ဖြစ်သည်။ ထိုအကောင်ပေါက် လေးကောင်က အနာဂတ်တွင် သူတို့၏ နံဘေးမှနေပြီး ရင်ဆိုင်တိုက်ခိုက်ပေးမည့် အပေါင်းအဖော်များ ဖြစ်သည်။ ထို့ကြောင့် ခံစားချက်များ အချင်းချင်း နားလည်မှုများကို အစောပိုင်းကတည်းက ညှိယူထားသင့်သည်။
အဆုံးသတ်တွင် ရှုရှင်းက သူမမွေးချင်နေသော ကျားဖြူလေး(ကြောင်ကြီး) အမလေးကို ရရှိခဲ့သည်။ ယန်မော့ကမူ နှင်းဝံပုလွေ အထီးကို ရွေး၏။ ပုရှန်းဝမ်ကလည်း ကျားဖြူအထီးကို ရွေးလိုက်သည်။ မူချီမိုင်ကမူ နှင်းဝံပုလွေ အထီးလေးကို လက်မလွှတ်နိုင်ခဲ့ချေ။
အကောင်လေးကောင်လုံးက အကောင်ပေါက်လေးများ ဖြစ်သည်။ နို့သောက်သော အဆင့်အတောအတွင်းတွင် ရှုရှင်းက နေရာလပ် နယ်မြေ ဒုတိယ ထပ်မှ ကျွဲနို့လတ်လတ်ဆတ်ဆတ်ကို ညှစ်ယူကာ မီးဖိုခန်းထဲသို့ ထည့်ထားပေးသည်။ ထို့အပြင် မတူညီသော အရောင်နှင့် နို့ပုလင်းလေးပုလင်းကို ယူကာ တစ်ယောက်တစ်ပုလင်းစီ ယူကာ အလွယ်တကူ တိုက်သည်။
သူတို့လေးယောက်က လေ့ကျင့်နေချိန်တွင် ထိုအကောင်ပေါက်လေး လေးကောင်ကို အနားတွင် အတူထားထားပြီး အတူတကွ ဆော့စေသည်။ ထိုလေးကောင်ထဲတွင် မူချီမိုင်က သူ၏ နှင်းဝံပုလွေလေးနှင့် အရင်းနှီးဆုံးဖြစ်သည်။ လေ့ကျင့်နေချိန်ကလွဲပြီး ကျန်သော အချိန်တိုင်းတွင် မခွဲနိုင်အောင် ဖြစ်နေသည်။
ရှုရှင်းက ကျားဖြူလေးနားသို့ အချိန်တန်ကြာအောင် ကပ်ချိန်တိုင်းလိုလို ယန်မော့ကလည်း သဝန်တိုလာတတ်ပြီး ‘ငါက ဒီကျားဖြူလေးလောက်တောင် အရေးမကြီးဘူးပဲ’ နှင့် ‘သူ့ကို အေးစက်တဲ့ ညမှာ ဘယ်လိုကြောင့် တစ်ယောက်တည်း ပစ်ထားရက်တာလဲ’ စသဖြင့် ပြောတတ်သည်။
သို့သော် ထိုအမျိုးသားတွင် ပြိုင်ဘက်ကင်းလောက်အောင် ချောမောသော မျက်နှာလည်း ရှိသည်။ ထိုသို့ ယူကြုံးမရ ဖြစ်သလိုမျိုး စိတ်ဓာတ်ကျသည့် မျက်နှာမျိုးဖြင့် ပြောလာသည့် အချိန်တိုင်းလိုလို ရှုရှင်းကလည်း သူမကိုယ်သူမ နှလုံးသားမဲ့ပြီး မျက်နှာများတတ်သော အမှိုက်ကောင်ဟု ခံစားရတတ်သည်။ ယန်မော့ကိုလည်း အမှန်တကယ် မကိုင်တွယ်နိုင်ပေ။ ထို့ကြောင့် အချစ်သစ်ကိုသာ လက်လျော့ပြီး အချစ်ဟောင်းဆီသာ ပြန်သွားရသည်။
ယခင်တစ်ခေါက် သူတို့ လက်နက်တိုက်တွင် တွေ့ခဲ့သော အသင်းကြောင့် ရှုရှင်းတို့က အခြားသော လက်နက်တိုက်များသို့ ဆက်မသွားတော့ချေ။ သူတို့သည် ထိုကလေးလေးကောင်ကိုသာ အာရုံစိုက်ပြီး မွေးကာ လေ့ကျင့်ပေးနေသည်။ သူတို့ကို သူတို့လည်း တိုးတက်အောင် လုပ်သည်။
မူချီမိုင်က စစ်တပ်ရေးရာ ကိစ္စများကို မကြာခဏ ဆိုသလို ကိုင်တွယ်နေကြ ဖြစ်သည့် အလျောက် အထူးအင်အားစုများနှင့် ရင်းနှီးသည်။
ထိုအသင်းက အပြာရောင် ဝတ်စုံများကိုသာ ဝတ်ဆင်ထားသည်။ သို့သော် သူတို့၏ ဟန်အမူအရာကတဆင့် အသေးစိတ် အချက်အလက် အချို့ကို ဖော်ပြသည်။ ထို့ကြောင့် သူတို့သည်လည်း အထူးတာဝန်ကို ထမ်းဆောင်ပြီး အထူးစေလွှတ်ခံထားရသော အထူးအဖွဲ့ဖြစ်ကြောင့် သံသယဝင်စရာပင် မရှိပေ။ သူတို့၏ အရေအတွက်နှင့် ပေါင်းထည့်လိုက်သော် အထူးအင်အားစုအသင်းဖြစ်ကြောင်း သိနိုင်သည်။
42 02
ထိုကဲ့သို့သော အထူးအသင်းမျိုးက လက်နက်တိုက်တစ်ခုကို သိမ်းယူသွားသည် ဆိုကတည်းက လက်နက် တိုက်များထဲမှ တစ်ခုတွင် မည်သည့် အရာကိုမှ ရှာမတွေ့လျှင် သေချာပေါက် အခြားသော နေရာများသို့ ခပ်မြန်မြန်သွားပြီး စောင့်ကြပ်ကြမည် ဖြစ်သည်။ ထို့ကြောင့်လှုပ်ရှားရန် အခွင့်အရေး မရှိလောက်တော့ပါပေ။
ထို့အပြင် ထောင်ချောက်များကိုပင် ကြိုတင်စီစဉ်ထားလောက်ကာ သူတို့ရောက်လာမည့် အချိန်ကိုပင် စောင့်ဖမ်းလောက်သည်။
သူတို့ကလည်း ထိုကဲ့သို့ လက်နက်တိုက်လေးများကို ပစ္စည်းအနည်းငယ်လောက်နှင့် သွားမည်ဆိုပါက ကိုယ့်ကိုယ်ကိုယ် သက်သေသည်နှင့် မခြားနားလောက်ပေ။
ရှုရှင်းတို့ကလည်း မှန်ကန်သည်။ ရှောင်လုံတို့အဖွဲ့က ထိုနေ့က ပြန်သွားပြီးသည်နှင့် အထက်မှသူများကို အထူးနည်းလမ်းများနှင့် ဆက်သွယ်ကာ လက်နက်တိုက်များအားလုံးကိုပင် တစ်ရက်တည်းနှင့်အပြောင်ရှင်းပစ်လိုက်သည်။ သူတို့သည် ရည်ရွယ်ချက်ရှိရှိဖြင့် တစ်ခုကို ချန်ထားပေးခဲ့သေးပြီး ရှုရှင်းတို့ကို ထပ်မံလှုပ်ရှားအောင် မြှားထားသေး၏။ သို့ရာတွင် သူတို့သည် တစ်ပတ်လုံးလုံး စောင့်သည်။ မည်သူ့ကိုမှ မမြင်ရသည့်အတွက် လက်လျော့လိုက်ရသည်။
နေ့ရက်များက ကုန်လွန်လာသည်နှင့်အမျှ ပုံမှန်မဟုတ်သော အပူချိန်ကြောင့်သာ မဟုတ်လျှင် ရှုရှင်းကပင် ကမ္ဘာအဆုံးသတ်ကာလ မရောက်လာတော့ဟု ထင်မှတ်မိလောက်သည်။
အကောင်ငယ်လေး လေးကောင်က တဖြည်းဖြည်း ကြီးထွားလာကြသည်။ နှစ်လတည်းနှင့်တင် ယခင်က စခေါ်လာခဲ့ချိန်ကကဲ့သို့ ပိန်ကပ်ကာ သေခါနီး အကောင်းများနှင့်မတူတော့ပေ။
ထိုလေးကောင်သည် နေ့တိုင်းလိုလို အလွန်တက်ကြွသည်။ အိမ်မှ ပစ္စည်းတော်တော်များများကိုလည်း ဖြဲတတ်၏။ ရှုရှင်းတို့ မိသားစုက သူတို့ကို အလိုလိုက်လိုစိတ် မရှိပေ။ ထို့ကြောင့် သုံးလသား အရွယ်တွင် စတင်ကာ လေ့ကျင့်ပေးကြသည်။
အခုတလော ဧည့်ခန်းထဲတွင် အပူပေးစက်ကို စတင်ကာ ဖယ်လာပြီး သူတို့အား အပြင်ဘက်မှ အပူချိန်နှင့် ကျင့်သားရအောင် လုပ်ပေးသည်။
နောက်ထပ် တစ်ရက်ခန့် အနားယူပြီးနောက် နောက်တစ်နေ့ မနက်စောစောတွင် ယန်မော့က အိပ်ယာမှ ကြိုထသည်။
ရှုရှင်းကလည်း နေရာလပ် နယ်မြေထဲမှ သိုးတစ်ကောင်လုံးကို ထုတ်ပေးထားပြီးသား ဖြစ်သည်။
မနေ့ညက အိပ်ယာမဝင်ခင်ကတည်းက ရှုရှင်းသည် တီဗီစီးရီးကို ကြည့်နေရင်း တိုက်တိုက်ဆိုင်ဆိုင် ညစာပါတီတစ်ခုတွင် သိုးကောင်လုံးကင်စားသည့် အခန်းကို မြင်လိုက်ရသည်။ သိုးကောင်လုံးကင် မစားရသည်မှာ အချိန်တန်ကြာပြီ ဖြစ်သော ရှုရှင်းကလည်း အလွန်အမင်း လောဘကြီးကာ အိပ်မက်ထဲတွင်ပင် သရေကျနေသည်။
ယန်မော့သည်လည်း အမှန်တကယ်ပင် မတတ်နိုင်တော့ပေ။ ထို့ကြောင့် နောက်တစ်နေ့မနက်စောစော ထကာ သိုးတစ်ကောင်လုံးကို စတင်ကာ နှပ်ပေးပြီး ညပိုင်းတွင် ကင်စားရုံသာ တတ်နိုင်တော့သည်။
ရှုရှင်းက ယန်မော့အား နေရာလပ်နယ်မြေ၏ ဒုတိယထပ်တွင် မွေးထားသော သိုးအရှင်တစ်ကောင်ကို ပေးထားသည်။ အကောင်ကလည်း အတော်လေး ကြီး၏။ ယန်မော့က သိုးကို ဆွဲချလာသောအခါတွင်မူ မူချီမိုင်နှင့် ပုရှန်းဝမ်တို့က ထွက်လာကာစဖြစ်သည်။ သူတို့သည်လည်း ကူညီကာ ဝိုင်းဆွဲပေးကြပြီး အောင်မြင်စွာနှင့် သတ်လိုက်နိုင်သည်။
နောက်ပိုင်း သိုးတစ်ကောင်လုံးကို ပြင်ဆင်ရသောအဆင့်က အလွန်ရှုပ်ထွေးသလို အရသာကလည်း အလွန်အမင်းကို ဆွဲဆောင်နိုင်၏။ သံမဏိပြားပေါ်တွင် သိုးတစ်ကောင်လုံးကို မီးသွေးမီးဖြင့် ကင်သောအခါ တဆစ်ဆစ် အသံများထွက်လာသည်။ တစက်စက်ကျလာသော ဆီအပူများကတင် ဆွဲဆောင်မှုအ ပြည့်နှင့် ဖြစ်ကာ တစ်ခန်းလုံးက မွေးကြိုင်နေတော့သည်။
ဆိုးသွမ်သော အကောင်ငယ်လေး လေးကောင်ကလည်း ရနံ့၏ ဆွဲဆောင်မှုကို ခံရသည်။ သူတို့သည်လည်း ထိုသိုးကောင်လုံးကင်နားတွင် ရှုရှင်းနှင့်အတူ ပေါင်းထိုင်ပြီး မျက်တောင်ပင် မခတ်ဘဲ စောင့်ကြည့်နေကြ၏။ အကြီးဆုံးတစ်ကောင်က တံတွေးကို ထိန်းချုပ်နိုင်သေးသည်။(စာစစ်_ဟဲ့ အူတက်) သို့သော် အကောင်ငယ်လေး လေးကောင်ကမူ သားရေ တမြားမြားကျနေသည်။ တံတွေးများက ကြမ်းပြင်တွင်ပင် အိုင်နေသည်။ ထို့ကြောင့် ယန်မော့ကလည်း ရီရခက် ငိုရခက် ဖြစ်သွားသည်။ ရေလောင်းရန် ထွက်လာသောပုရှန်းဝမ်က ထိုမြင်ကွင်းကို မြင်ပြီး အော်ရယ်တော့သည်။
42 03
ရှုရှင်းက ပူရှန်းဝမ်ကို ဒေါသတကြီး ကြည့်သည်။ အခြားသောညစာများကို ပြင်ဆင်ရန်သာ ထွက်သွားလိုက်သည်။ သူမက ဆက်ကြည့်နေမည် ဆိုပါက အမှန်ပင် သရေကျလာလောက်သည်။
ထိုသို့ဖြင့် စိတ်ရှည်သည်းခံစွာ စောင့်ဆိုင်းပြီးချိန်တွင် သိုးကောင်လုံးကင်ကို ပါးစပ်ထဲသို့ ထည့်လိုက်သောအခါ အမှန်တကယ်ထိုက်တန်သည်ဟု ခံစားရလေသည်။ တစ်ကိုက်တည်းနှင့်တင် အရသာက ပွက်ပွက်ဆူကာ ပျော်ဝင်သွားသလို ခံစားရသည်။ ပျော်ရွှင်မှုကို အပြည့်အဝစ ခံစားရသည်။
သိုးသားက မီးသွေးမီးဖြင့် အချိန်တန်ကြာအောင် ကင်ထားသောကြောင့် အတော်လေးကို မွှေးနေပြီးသား ဖြစ်သည်။ ထို့အပြင် ငရုတ်ကောင်းနှင့် ဆားအနှစ်အချဉ်က အရသာ ပိုကဲသွားစေသည်။ နူးညံ့ကာ ကြွပ်ရွပြီး လတ်ဆတ်ကာ အငံအစပ် အရသာ အစုံမျိုးက ပါးစပ်ထဲတွင် ပျော်ရွှင်စွာ ကခုန်နေသည်။ အရသာရှိသော စားစရာများက လျှာထိပ်တွင်ပင် ပြေးလွှားကာ ပါးစပ်တစ်ခုလုံးကို အသားအရသာနှင့် လွှမ်းခြုံပစ်လိုက်သည်။
သိုးသားသည် အရောင်အသွေးစုံသည်။ ချဉ်ငံစပ်လေးဖြစ်ပြီး လတ်ဆတ်ကာ တောက်ပနေသည်။ သို့သော် အီလည်း မအီလေ နံလည်း မနံပေ။ အပြင်ဘက်က ကြွပ်ရွပြီး အတွင်းဖက်က နူးအိနေကာ အသားကပင် အတော်လေးကို အရသာရှိကာ ကောင်းမွန်လေသည်။
သိုးချည်းသီးသန့်ကို စားသောက်မည်ဆိုလျှင် ဖျားသွားစေနိုင်သည်။ ထို့ကြောင့် ရှုရှင်းသည် အခြားသော လတ်ဆတ်ကာ အရသာရှိသည့် အရံဟင်းများကိုပါ ကြိုတင်ကာ ထုတ်ထားသည်။ သိုးသားကို ညှပ်ပြီး လျှို့ဝှက် အနှစ်အချဉ်အဖြစ် တို့စားရန်အတွက် ပန်ကိတ်ကိုပင် ပြင်ဆင်ထားသေးသည်။ ထို့အပြင် ဝိုင်လေးနည်းနည်းလည်း ထည့်ထားသောကြောင့် အားလုံး၏ စားသောက်နိုင်စွမ်းအားကို မြင့်တင်ပေးနိုင်သည်။
စားသောက်သည့်အချိန်တွင် မည်သူကမှ စကားမပြောကြပေ။ သူတို့သည် ပါးစပ်ထဲသို့ပင် စားစရာတောက်လျှောက် ထည့်ပြီး ကျေနပ်နေကြသည်။ စားသောက်ရင်း စကားပြောကြ၏။ ထိုစားသောက်ပွဲက သုံးနာရီပင် ကြာသည်။
သူတို့က ကောင်းကောင်းစားနေကတည်းက အကောင်ငယ်လေး လေးကောင်ကိုလည်း ဆိုးဆိုးရွားရွား ဆက်ဆံလိမ့်မည် မဟုတ်ပေ။ သူတို့သည်လည်း အဟာရဓာတ် အပြည့်အဝ ရရန် အသားများကို ဖယ်ကျွေးကြသည်။ မည်သည့်အရသာမှုန့်မှ မခတ်ထားသည့် အနူးညံ့ဆုံး သိုးသားပိုင်းကိုမူ သူတို့အတွက် သီးသန့်ဖယ်ထားပေးပြီးသား ဖြစ်သည်။ ထို့နောက် အပိုင်းလေးပိုင်းခွဲပြီး သူတို့ကို ကျွေးသည်။ သူတို့ကလည်း သဘောတကျ စားကြ၏။
******