အခန်း ၄၄
Vol. 5 Ch. 44
44 01
အပိုင်း (၄၄) ပိုကြီးလာတယ်
ကောင်းကင်တွင် တိမ်ပင် မရှိပေ။ လေထဲတွင်လည်း လေတိုက်သံကို မကြားရချေ။ ကောင်းကင်တွင် ကြီးမားကြိမ်းတောက်လောင်သော နေမင်းကြီးကသာ ထီးထီးကြီး ရှိနေသည်။ နေရောင်ရောက်နိုင်သော နေရာတိုင်းမှ မည်သည့် လူပုံရိပ်ကိုမှ မမြင်ရပါချေ။ မြေပြင်ကမူ အဖြူရောင်ပင် တောက်ပနေသည်။ အရည်ပျော်တော့မည်နှင့်ပင် တူသည်။
အပြင်ဖက်ရှိ အပူချိန်က ငါးဆယ်အထိ မြင့်သည်။ အပြင်ဘက်တွင် လမ်းထွက်လျှောက်မည် ဆိုပါက သေချာပေါက်ကို ချွေးပြိုက်ပြိုက်ကျပြီး အငွေ့ပျံသွားလောက်သည်။ ကိုယ့်ကိုယ်ကိုယ် မကာကွယ်ထားလျှင် နေလောင်လွယ်သည်။ တင်းတင်းကြပ်ကြပ် ဝတ်ထားပြန်လျှင်လည်း သတိလစ်သွားနိုင်သည်။
မြေပြင်တွင် သတိလစ်သွားမည်ဆိုလျှင်မူ မည်သူကမှ ထွက်ကယ်မည် မဟုတ်ချေ။ ယခုလို အပူချိန်ဖြင့် မြေပြင်တွင် လဲကျသွားခဲ့သော် ဖိနပ်ထိပ်များကပင် အရည်ပျော်သွားလောက်လေရာ အသားတစ်လွှာပြီး တစ်လွှာ အငွေ့ပြန်သွားလောက်သည်။ သို့ရာတွင် မြင့်မားလွန်းသော အပူချိန်ကြောင့်လည်း အမှန်တကယ် ဒုက္ခရောက်လေသည်။
ထိုညတွင် ယန်မော့က ရှုရှင်းကို မေးမြန်းသည်။ ရှုရှင်းက စိတ်အခြေအနေကို ထိန်းညှိသည်။ နောက်တစ်ရက်တွင် ရှုရှင်းက မူလ အခြေအနေအတိုင်း ပြန်ရောက်သွားသည်။
လွန်ကဲလွန်းသော အပူက လဝက်ကြာသွားခဲ့သည်။ ထိုလဝက်တွင် ရှုရှင်းတို့၏ မိသားစုက အပြင်သို့ လုံးဝ မထွက်တော့ပေ။ သူတို့တွင် လိုအပ်သမျှ အရာအားလုံးရှိသည်။ ထို့ကြောင့် အပြင်ထွက်ပြီး ဒုက္ခခံရန် မလိုအပ်ပါပေ။
ထူးချွန်သော လုံခြုံကာကွယ်သည့်ပစ္စည်းများဖြင့် အိမ်ကို ကာကွယ်ထားသော်လည်း မြင့်မားလွန်းသော နေရောင်ကိုမှ မထိန်းနိုင်သေးပေ။ အိမ်ထဲမှ အပူချိန်ကလည်း သေချာပေါက် မြင့်တက်လာလေသည်။ မြောက်များလှစွာသော လေအေးပေးစက်များနှင့် ပန်ကာများကလည်း တောက်လျှောက် ဆိုသလို ဖွင့်ထားရသည်။ သင့်တော်သော အခန်းအပူချိန်ကို ထိန်းသိမ်းရန် အလို့ငှာ ရေခဲအမြောက်အများကို သုံးနေရသည်။
ကံကောင်းသည်မှာ သူတို့ဟာ လွန်ကဲလွန်းသော အအေးကာလမျိုးတွင် အပြင်ထွက်ပြီး အလကားရသည့် သဘာဝ ပစ္စည်းများကို စုဆောင်းထားသောကြောင့် အတော်လေးကို သက်သာနေခြင်း ဖြစ်သည်။
ရှုရှင်းက ရေခဲများက အရည်ပျော်လာသော ရေများကို ရေတိုင်ကီ အလွတ်ထဲသို့ စုဆောင်းထားပြီးသား ဖြစ်သည်။ အပြင်ဘက်မှ ရေခဲရည်များကိုမူ သေချာပေါက် ထည့်သွင်း၍ မရချေ။ သို့သော် ကျားဖြူနှင့် ဝံပုလွေဖြူတို့အတွက် ရေချိုးပေးရာတွင် ပြင်ဆင်ပေးသည်။ ထိုအကြောင်းအရာကို တွေးမိသော် ရှုရှင်း၏စိတ်စွမ်းအင်ကလည်း နေရာလပ် နယ်မြေဒုတိယထပ်သို့ ရောက်သွားသည်။ တိုက်တိုက်ဆိုင်ဆိုင် အိပ်နေသော ကျားဖြူနှင့် ဝံပုလွေဖြူတို့ကို မြင်လိုက်၏။ သူတို့ကို နေရာလပ် နယ်မြေထဲသို့ ထည့်ထားပြီးနောက်တွင် အာရုံမစိုက်ဖြစ်တော့ခြင်း ဖြစ်သည်။ မကြည့်လျှင် သိမည် မဟုတ်ပေ။ ကြည့်လိုက်သည်နှင့် အံ့ဩသွားရသည်။
“အဟမ်း”
ရေခဲ ဘာဘယ်တီးတစ်ငုံ သောက်နေပြီး ဘာဘယ်စေ့လေးကို ကိုက်နေသော ရှုရှင်းက ရုတ်တရက် ထိုမြင်ကွင်းကြောင်း နင်သွားပြီး ဘာဘယ်တီး သီးသွားသည်။ သူမက ချောင်းပြင်းပြင်းထန်ထန်ပင် ဆိုးကာ သတိလစ်လု နီးပါးပင် ဖြစ်သွားသည်။
“သတိထားလေ ဒီလောက် အရွယ်ရောက်နေတာကို ဘယ်လိုဖြစ်ပြီး နို့လက်ဖက်ရည် သောက်နေရင်း သီးရတာလဲ။ နောက်တစ်ခေါက်ဆိုရင် မင်းမသောက်ရတော့ဘူး”
ယန်မော့ကလည်း သေအာင် လန့်သွားပြီး လက်ထဲမှ စာအုပ်ကို ကောက်ပစ်လိုက်ကာ သူမ၏ ကျောကုန်းကို အပြေးအလွှားသွားပုတ်ပြီး သက်သာအောင် လုပ်ပေးရသည်။
“!!!”
44 02
နို့လက်ဖက်ရည် သောက်ခွင့်ပိတ်မည့် အကြောင်းကို ကြားသောအခါ ရှုရှင်းကလည်း ချောင်းဆိုးချင်စိတ်ကို ချက်ချင်း ထိန်းလိုက်ပြီး အဆင်ပြေကြောင်း ဟန်ဆောင်ကာ ခေါင်းမာစွာ ပြောသည်။
“ငါ အဆင်ပြေတယ်။ ဒီအတိုင်း ငါ မတော်တဆ လက်ဖက်..နို့လက်ဖက်ရည်ကိုတော့ တားလို့မရဘူး”
“မင်း…မင်းဟာလေ အခုလေးတင် ချောင်းဆိုးတယ် မဟုတ်ဘူးလား ဘာဖြစ်တာလဲ”
ယန်မော့က ရှုရှင်း၏ နဖူးကို ဒေါသတကြီး အသာလေး တောက်လိုက်သည်။ သူ၏ မကျေနပ်ချက်ကိုလည်း ဖော်ပြသည်။
“ဟုတ်တယ် ဟုတ်တယ်။ ငါ့ကို နှောက်ယှက်တာ နင့်အမှားပဲ ငါ ပြောဖို့တောင် မေ့သွားတယ်”
“ဟင်”
“ကြည့်ကြည့် …ကြည့်”
ရှုရှင်းကလည်း စကားလုံးများဖြင့် အချိန်ဖြုန်းမ နေတော့ဘဲ အတွင်းတွင် နှစ်ခြိုက်စွာ အိပ်မောကျနေသော ကျားဖြူနှင့်ဝံပုလွေဖြူတို့ကိုသာ အပြင်ဘက်သို့ ရွေ့လိုက်ပြီး ပြသသည်။ သူတို့က နိုးထလက္ခဏာ မပြသသေးပေ။ ကျားဖြူနှစ်ကောင်နှင့် ဝံပုလွေဖြူနှစ်ကောင်က အပြင်သို့ ရောက်လာသည်နှင့် ကျယ်ပြောလွန်းသော အိပ်ခန်းကြီးက ပြည့်သွားသည်။ ရှုရှင်းနှင့်ယန်မော့တို့ကပင် တံခါးနားသို့ ရွေ့ရသည်။
“ရှန်းဝမ်း ချီမိုင် မင်းတို့နှစ်ယောက် တက်လာခဲ့အုံး”
ယန်မော့က ဒုတိယထပ်လှေကားနားသို့ လျှောက်သွားပြီး အောက်ထပ်သို့ လှမ်းအော်သည်။
ကျားဖြူနှင့် ဝံပုလွေဖြူတို့၏အပြောင်းအလဲက အမှန်ပင် အံ့အားသင့်စရာ ကောင်းသည်။ သူတို့၏လက်ရှိ အခြေအနေကို မြင်သောအခါ ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကလည်း မှင်သက်သွားသည်။ တုန့်ပြန်နိုင်စွမ်းရည်ပင် ပျောက်ဆုံးသွား၏။
“ဒါ…ဒါ…ဒါ…ဒီအပြောင်းအလဲက အရမ်းကြီးလွန်းမနေဘူးလား။ သူတို့ကို ထည့်လိုက်တုံးက ငါ့ဒူးလောက်ပဲရှိတဲ့ အကောင်လေးတွေပါ။ ဘယ်လိုဖြစ်ပြီး အခုအရွယ်အစားက ဒီလောက်ထိ ကြီးသွားတာလဲ”
ပုရှန်းဝမ်က ရေရွတ်သည်။
“ပုံစံကို ကြည့်ရတာ ဆက်ပြီး ကြီးအုံးမယ် ထင်တယ်။ တိရစ္ဆာန်တွေက ဆင့်ကဲပြောင်းလဲသွားပြီးတဲ့ နောက်ပိုင်းမှာ ဒီလောက်ထိ ပြောင်းလဲသွားမယ်လို့ မထင်ထားဘူး။ ဆိုတော့ ငါတို့ သူတို့ စားဖို့ကို ကျွေးဖို့ အသားလုံလောက်ပါတော့မလား”
မူချီမိုင်၏ အတွေးက လက်တွေ့ကျသည်။ သူက နည်းနည်း စိုးရိမ်နေသည်။
“မစိုးရိမ်ပါနဲ့ ဒီလေးကောင်ကို မွေးတာက လုံလောက်တာထက်ကို ပိုတယ်။ နောက်ပြီး သူတို့ ဆင့်ကဲပြောင်းလဲသွားတဲ့နောက်မှာ သူတို့ဘာသာ အခြားသားရဲကောင်တွေကို အမဲလိုက် ရှာစားလို့ ရပြီလေ။ ဆိုတော့ အများကြီး စိုးရိမ်ဖို့ မလိုဘူး”
ယန်မော့က ပြုံးရင်း ဖြေသည်။
ရှုရှင်းက ယခင်က စုဆောင်းထားသော ပမာဏကို ထည့်မတွက်လျှင်ပင် သူက ပိုက်ဆံသုံးကာ ဝယ်ထားသော ပမာဏကတင် လူအယောက် သောင်းကျော်ခန့်ရှိသော အရေအတွက်ကို နှစ်ငါးဆယ်စာကျွေးရန် လုံလောက်သည်။ ယခုလို အကောင်လေး လေးကောင်ကို မွေးထားရခြင်းက လွယ်ကူလွန်းလေသည်။
ပုရှန်းဝမ်နှင့်မူချီမိုင်တို့က အောက်ထပ်သို့ ပြန်ဆင်းသွားပြီးနောက် ရှုရှင်းသည်လည်း နေရာလပ် နယ်မြေထဲသို့ ပြန်ပို့လိုက်သည်။ ဒီတစ်ခေါက်တွင် လေးကောင်ကို နည်းနည်း အကွာအဝေးခြားကာ ထားလိုက်ရသည်။ သူတို့ ကြီးလာလျှင် အချင်းချင်း တိုးဝှေ့သွားသောအခါ တိုးတက်မှုကို သက်ရောက်ပေလိမ့်မည်။
44 03
ကျားဖြူနှင့် ဝံပုလွေဖြူတို့ကို နေရာချထားပြီးသည်နှင့် ရှုရှင်းသည်လည်း ဒုတိယ ထပ်သို့ သေချာလေ့လာ အကဲခပ်ကြည့်သည်။ တစ်ချက် ကြည့်လိုက်ရုံနှင့်ပင် စိမ်းလန်းသော မြက်ခင်းပြင်များ အမျိုးမျိုးသော ကျွဲနွားသိုးဝက်ဘဲယုန် စသဖြင့် သက်ရှိ ရိက္ခာများကို မြင်ရသည်။ အားလုံးက ဝတုတ်ကာ သန်မာနေကြသည်။ သူတို့၏ အသားများကလည်း နူးညံ့ကာ အရသာ ရှိမည့် ပုံပေါ်သည်။
အမျိုးမျိုးသော သီးပင် ပေါက်များကလည်း အသီးများ ပြွတ်ခဲနေကြသည်။ ရင့်မှည့်ပြီးနောက် မခူးယူလျှင်ပင် ပုတ်သိုးသွားလိမ့်မည် မဟုတ်ပေ။ အရသာအရှိဆုံး အရည်အရွှမ်းဆုံး အနေအထားမျိုးဖြင့် တည်ရှိနေကြသည်။ အချိန်မရွေး ခူးစားနိုင်သည်။
အဲ့ဒီလိုဆိုမှ ဒီနေရာလပ် နယ်မြေရဲ့ ဒုတိယတစ်ထပ်က တော်တော်လေးကို မှော်ဆန်တာပဲ။ ဘာတိရစ္ဆာန် ဘာအပင် ဘာဆေးပင် ဖြစ်ဖြစ် ဘယ်လို နယ်မြေဘယ်လို ဒေသမှာ ပေါက်ရောက်တဲ့ အရာဖြစ်ဖြစ် ဒီထဲကို ထည့်လိုက်တာနဲ့ သူ့ဘာသာသူ အဆင်ပြေသွားရောပဲ။
သူမ ယခု မစိုက်နိုင်သော အရာများက ကောက်ပဲသီးနှံနှင့်အရွက်များသာ ဖြစ်သည်။ ရှုရှင်းသည်လည်း အမျိုးမျိုးသော နည်းလမ်းများကို ကြိုးစားကြည့်သည်။ ပျိုးပင်ပေါက်များက ကောင်းကောင်းရှင်သန်နိုင်သည်။ သို့သော် နောက်တစ်ရက်တွင် ကြည့်လိုက်ရုံဖြင့် အသက်စွမ်းအင်များအားလုံး ကုန်ဆုံးသွားကာ ညိုးနွမ်းသွားတတ်ကုန်၏။ ထို့ကြောင့် ရှုရှင်း၏ စိတ်ကူးယဉ်နိုင်စွမ်းရည်ကို လှောင်နေသည်နှင့်ပင် တူသေးသည်။
သူမသည် တွေးနိုင်သမျှ နည်းလမ်းတိုင်းကို အသုံးပြုကြည့်ပြီးနောက် အလုပ်မဖြစ်သောအခါ လက်လျော့လိုက်သည်။
အာ....လောဘ အရမ်းကြီးတာ မကောင်းဘူး။ အသီးပင်များ ဆေးပင်များ ရှိနေခြင်းကပင် အတော်လေး ကောင်းမွန်နေပြီ ဖြစ်သည်။ မရနိုင်သော အရာများကမူ မရနိုင်ရုံပေါ့။
သူမက သစ်သီးတစ်ခြင်းကို ခူးလိုက်သည်။ ထို့နောက် ယုန်ခုနှစ်ကောင် ရှစ်ကောင်ခန့်ကိုလည်း ကောက်ဆွဲလိုက်ပြီး ထွက်လာမှသာ ကျေနပ်သွားသည်။
ထိုယုန်များကလည်း အတော်လေးကို မျိုးပွားနိုင်စွမ်းရည် ပြင်းထန်သည်။ သူတို့က ကပ်ဘေးဆိုက်လုနီးပါး ဖြစ်နေကြောင်း မြင်လိုက်သောအခါ အကောင်နည်းနည်း သတ်ရန် ဆုံးဖြတ်လိုက်ရသည်။
ထိုယုန်များကို ယန်မော့ဆီ လွဲပေးပြီးသည်နှင့် ရှုရှင်းက အောက်ထပ်သို့ လိုက်ဆင်းသွားသည်။ ယုန်းသားစားသည့် အမျိုုးမျိုးသော နည်းလမ်းများကလည်း သူမ၏ စိတ်ထဲတွင် ပေါ်လာသည်။ ယုန်အိုး အခြောက်၊ မွှေးပျံ့တဲ့ ယုန်ကင်၊ ယုန်ခေါင်းအစပ်၊ ပြောင်းယုန်၊ အအေးရော ယုန်နားရွက် အအေးယုန်….
ကယ်ကြပါ ကယ်ကြပါ… ဆက်တွေးလို့ မရတော့ဘူး သရေကျတော့မယ်။
သူမ၏ အာရုံကို ယုန်ဝတုတ်ထံမှ မြန်မြန် အာရုံပြောင်းနိုင်ရန် အလို့ငှာ ရေခဲသေတ္တာထဲမှ ရေခဲမုန့်ကို သွားရှာပြီးစားနေလိုက်သည်။
အိမ်တွင် ရေခဲသေတ္တာလေးမျိုးရှိသည်။ အလွန်အမင်း ပူလာသောအခါ အမျိုးမျိုးသော သောက်စရာ သစ်သီးနှင့် ရေခုမုန့်များကို သိုလှောင်ရန် အထူးရေခဲသေတ္တာကို ထုတ်ထားသည်။
သို့ရာတွင် ရှုရှင်းအား ရေခဲမုန့်များ အများကြီး စားပြီး အထူးကာလအတောအတွင်း ဗိုက်အောင့် ခါးကိုက်ခါးနာ ဖြစ်မည့် ဒဏ်ကို ကာကွယ်ရန် အလို့ငှာ ယန်မော့သည် ရှုရှင်း၏ စားသောက်မှု ပမာဏကိုပင် အမြဲတစေ ထိန်းသိမ်းထားလေသည်။
ထို့ကြောင့် ရှုရှင်းသည်လည်း ခိုးစားရန် ကြံစည်နေရာမှ ယန်မော့က ချက်ချင်းတွေ့သွားသည်။ ယန်မော့သည် ရှုရှင်းအား နေရာလပ် နယ်မြေထဲတွင် ဆယ်မိနစ်ခန့် ပိုကြာရှည်စွာ နေခိုင်းလေ့ မရှိချေ။ မည်သို့ပင် ဆိုစေ သူမကလည်း ထိုအထူးကာလ ရောက်ချိန်တိုင်းလိုလို ဒုက္ခရောက်ကာ နာကျင်နေတတ်သည်။ ထို့ကြောင့်သူသည် သူမကို အနာဂတ်တွင် ထိုအအေးဆိုင်များကို တော်ရုံတန်ရုံ ထိခွင့် ပြုလေ့မရှိပေ။
******