← Chapters

အခန်း ၄၇

Vol. 5 Ch. 47

အခန်း ၄၇

Vol. 5 Ch. 47

47 01

အပိုင်း (၄၇) သဘာဝလွန်စွမ်းအား

သဘာဝ ကပ်ဘေး သုံးကပ်ကို ကျော်ဖြတ်ပြီးနောက် ထိန်းသိမ်းစောင့်ရှောက်ရေး စင်တာတွင် ခိုလှုံနေကြသူများကြောင်း ရပ်ကွက်ထဲ လူအများကြီး သိပ်မကျန်တော့ချေ။ မြေမျက်နှာသွင်ပြင် အနေအထားကလည်း မြို့လည်ခေါင်နှင့်အလွန်ဝေးသည်။ လူသား စတင်ကာ နိုးထသည့် ဒုတိယတစ်လှည့် မတိုင်သေးခင်အထိ လုံခြုံမှုကလည်း အာမခံချက် အပြည့်နှင့် ဖြစ်သည်။

တတိယ နေ့၏ မနက်ပိုင်းတွင် ရှုရှင်းက အိမ်တွင် တစ်ယောက်တည်း ရှိနေချိန်တွင် ပုရှန်းဝမ်က အရင်နိုးလာသည်။ ထိုညနေတွင် မူချီမိုင်ကလည်း အဖျားကြီးသော ကာလထဲမှ ထွက်လာနိုင်သောကြောင့် နှစ်ယောက်လုံးက လုံလုံခြုံခြုံ လွတ်လာသောအခါ ရှုရှင်း စိတ်အေးသွားသည်။ ယန်မော့က မည်သည့်အချိန်တွင် နိုးမည်မှန်း မသေချာသေးပေ။

ရှုရှင်းက နဂိုက ယန်မော့က ဒီည နိုးလောက်မည်ဟု ထင်ထားသည်။ သို့သော် ညရောက်သည်အထိ နိုးထမည့် အရိပ်အယောင်ကို မပြသသေးသောကြောင့် ရှုရှင်းသည်လည်း စိုးရိမ်စိတ် များလာလေသည်။

တစ်စုံတစ်ယောက်သည်လည်း ကမ္ဘာကပ်ဘေးကာလ၏ နှောင်းပိုင်းအဆင့်တွင် အချို့သော တွက်ချက်မှုများကို ပြုလုပ်ခဲ့လေရာ အဖျားကြီးသော ကာလက ကြာလေလေ နိုးထလာသော စွမ်းအားက ကြီးလေလေ ဖြစ်ကြောင်း သိခဲ့သည်။ အဖျားတက်ချိန် တိုတောင်းသော သူများ၏ စွမ်းအားကမူ အားနည်းသည်။ သူတို့၏မိသားစုမှ လူသုံးယောက်ကလည်း သာမာန်လူများ မဟုတ်ကြပေ။ သူတို့ စတင်ကာ အဖျားတက်သည့် ညမှ တွက်ချက်ကြည့်သော် အနည်းဆုံး သုံးရက်ကြာသည်။

လေးရက်မြောက် မနက်ခင်းတွင်မှသာ ယန်မော့၏ အပူချိန်က နည်းနည်း ကျမည့် လက္ခဏာကို စပြသည်။ ရှုရှင်းကလည်း သူ၏ နံဘေးတွင်သာ တစ်ချိန်လုံးနေပြီး ယန်မော့ ပထမဦးဆုံး နိုးထလာကာ မျက်လုံးဖွင့်လိုက်သည်နှင့် သူမကို တန်းမြင်အောင် အသင့်စောင့်ပေးနေသည်။

ဟစ်…

ယန်မော့က မျက်လုံးကို တဖြည်းဖြည်း ဖွင့်သည်။ အလင်းကို ကျင့်သားရသွားသည့် တစ်ခဏတွင်ပင် ရှုရှင်းကို စရှာတော့သည်။

“အချစ် အချစ်..နောက်ဆုံးတော့ နိုးလာပြီပေါ့၊ ရေလေး အရင် သောက်လိုက်ပါအုံး”

ရှုရှင်းကလည်း ယန်မော့၏ လှုပ်ရှားမှုကို ချက်ချင်း တန်းပြီး သတိထားမိလိုက်သည်။ ထို့နောက် ကုတင်ဘေးမှ ရေခွက်ကို တန်းယူကာ နှုတ်ခမ်းနားသို့ ကပ်ပေးသည်။

ယန်မော့ကို မလှုပ်ချေ။ ရှုရှင်းကိုသာ စက္ကန့်အနည်းငယ်ကြာ‌အောင် စိုက်ကြည့်နေသည်။ အရှေ့မှသူက သူ၏ ရတနာလေး ဖြစ်ကြောင်း သေချာမှသာ စိတ်အေးစွာ သက်ပြင်းချပြီး ထိုလူကို အရင်ဦးဆုံး ပွေ့ဖက်လိုက်သည်။ ဖော်ပြရန် ခက်ခဲလောက်အောင် ပြင်းထန်သန်မာလွန်းသော အင်အားအပြည့်နှင့် ဖြစ်သည်။ သူသည်လည်း ထိုလူကို သူ၏ အရိုးများ အသွေးများထဲသို့ တိုက်ရိုက်ပင် ထိုးထည့်ကာ သိမ်းဆည်းထားချင်နေသည်။ သူ သတိလစ်နေချိန်အတောအတွင် မြင်ခဲ့ရသော မြင်ကွင်းများက သူ့ကို ရှင်းပြရန် ခက်ခဲသည့် ကြောက်ရွံ့မှုမျိုးကို ခံစားစေသည်။ သူဟာ မျက်လုံးကို ဖွင့်ပြီး နိုးထလာသောအခါ သူ၏ ရှင်းပေါင်လေးက ပျောက်သွားမည်ကို ကြောက်သည်။

ကံကောင်းစွာနဲ့…ကံကောင်းစွာနဲ့….

“ရှင်းပေါင် ရှင်းပေါင်”

“အဆင်ပြေတယ် ငါဒီမှာ ရှိတယ်။ ငါအမြဲတမ်းဒီမှာ ရှိတယ်”

ရှုရှင်းကလည်း ယန်မော့၏ စိတ်အခြေအနေက ပုံမှန်မဟုတ်ကြောင်း ခံစားမိသည်။ ထို့ကြောင့် သူ့ကိုသာ ပြန်လည်ပြီး တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်ရသည်။

အောက်ထပ်မှ အသံကို ကြားသဖြင့် အပြေးတက်လာသော ပုရှန်းဝမ်နှင့်မူချီမိုင်တို့ကလည်း တံခါးဝတွင် ရပ်နေပြီး သူတို့၏ အရှေ့မှ စေးကပ်နေသော စုံတွဲကို ကြည့်လိုက်သည်။ သူတို့သည် အရှေ့သို့ ဆက်ဝင်သင့် မဝင်သင့် မသေချာတော့ပေ။ စက္ကန့်အနည်းငယ်ခန့် တုံ့ဆိုင်းနေပြီးနောက် ဝင်လိုက်ရန်သာ ဆုံးဖြတ်လိုက်သည်။

47 02

သူတို့သည်လည်း ဘာကြောင့်ရယ်မသိ ရုတ်တရက်ကြီး ခွေးစာကို အပြည့်စားလိုက်ရပြီးဗိုက်ပြည့်သွားလေသည်။

“အဟမ်း လုံလောက်ပြီး မင်းတို့ နှစ်ကောင် အခန်းထဲမှာ သက်ရှိ လူနှစ်ယောက် ရှိပါသေးတယ်နော်။ မင်းတို့ ဒီလောက်ထိ ချစ်ကြည်နူးနေရင် ငါတို့ ထွက်သွားတော့မယ်”

ဆယ်မိနစ်ခန့် ကြာပြီးနောက် ပုရှန်းဝမ်က စကားပြောရန် အခွင့်အ‌ရေး အရယူနိုင်ခဲ့သည်။ ပုရှန်းဝမ်၏ စကားကို ကြားမှသာ ရှုရှင်းက နည်းနည်း မျက်နှာပူသွားပြီး ယန်မော့ကို တွန်းသည်။ ယန်မော့၏ စိတ်အခြေအနေကလည်း တည်ငြိမ်သွားပြီ ဖြစ်သည်။ ထို့ကြောင့် ရှုရှင်း၏ နဖူးကိုပင် အသာထိကြည့်လိုက်သေးသည်။ ခန္ဓာကိုယ် အပူချိန်က နည်းနည်းလေးသာ မြင့်နေကြောင်းကို မြင်ရသည်။

“ရှင်းပေါင် မင်း…မင်း ဖျားတော့မှာလား”

“ဟမ် ငါ…ငါ မသိဘူး ဖျားတော့မှာလား ဒါပေမဲ့ နည်းနည်းတော့ ပူနေသလိုပဲနော် ခေါင်းတော့ နည်းနည်းလေးတယ်”

ယန်မော့ကလည်း လုံးဝကို လုံလုံခြုံခြုံနိုးလာပြီ ဖြစ်သည်။ ထို့ကြောင့် ရှုရှင်း၏ နှလုံးသားက တည်ငြိမ်သွားပြီ ဖြစ်သည်။ ထို့ကြောင့် သူမ၏ စိတ်ကလည်း အားလျော့လိုက်သည်နှင့် သူမ၏ခန္ဓာကိုယ်၏ မသက်မသာ ဖြစ်မှုက စတင်ကာ ပြသလာသည်။

“ဘာ မရီးလည်း ဖျားတော့မှာလား။ ဒါဆိုရင် ငါတို့လည်း အောက်ဆင်းပြီး စောင့်နေမယ်လေ။ မင်းမရီးကို ဂရုစိုက်လိုက် မရီးက ဒီရက်တွေ အတောအတွင်း ပတ်ပြေးပြီး ငါတို့ကိုပဲ တောက်လျောက် ဂရုစိုက်ပေးနေတာ။ တော်တော်လေးကို ပင်ပန်းနေမှာ”

ထိုစကားကို ပြောပြီးနောက် ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကို ခပ်မြန်မြန် ထလိုက်ပြီး ရှုရှင်း၏ အနားယူမှုကို မနှောက်ယှက်တော့ဘဲ ဆင်းသွားကြသည်။

သူတို့သည်လည်း အဖျားကြီးနေသည့် ကာလ အတောအတွင်းတွင် ရှုရှင်းက သူတို့ကို ဂရုစိုက်ပေးနေမှန်း သိသည်။ ထို့ကြောင့် ရှုရှင်းအပေါ် လေးစားမှုနှင့် ဂရုစိုက်မှုက အများကြီး နက်ရှိုင်းသွားသည်။ မူလကမူ သဘာဝ ကပ်ဘေးကာလ အတောအတွင်း ယန်မော့အတွက်ကြောင့် အချင်းချင်း နေ့ရောညပါ အဖော်ပြုပြီး တည်ရှိဖြစ်လာသည့် သူငယ်ချင်းကောင်းသာ ဖြစ်သည်။ သို့သော် ယခုမူ သူတို့သည် ရှုရှင်းကို သူတို့၏ အသက်ကိုပါ ရင်းပြီး ယုံကြည်နိုင်သောလူရင်းအဖြစ် သတ်မှတ်လိုက်ကြပြီ ဖြစ်သည်။

ဒါဟာ လူများအချင်းချင်း အဆင်ပြေပြေဆက်ဆံနိုင်သော အနေအထားမျိုး ဖြစ်သည်။ ရိုးသားမှုကသာ ရိုးသားမှုကို ပြန်ရနိုင်သည်။

ယန်မော့ကလည်း ရှုရှင်းကို အိပ်ယာပေါ်တွင် တိုက်ရိုက် မလဲခိုင်းချေ။ ထိုအစား သူက မွေ့ရာ စောင်နှင့် ပစ္စည်းများအားလုံးကို တိုက်ရိုက် ဖယ်ထုတ်လိုက်ပြီး အသစ်ကို ပြန်ခင်းပြီးမှသာ တိုက်ရိုက်လဲချစေသည်။ အဟောင်းများကလည်း သူအဖျားတက်နေချိန် ကာလအတောအတွင်း ထွက်လာသည့် ချွေးများဖြင့် စိုရွဲနေပြီ ဖြစ်သည်။ ထို့ကြောင့် စိုထိုင်းပြီး မသက်မသာ ဖြစ်ပေလိမ့်မည်။ အသစ်ကို အစားထိုးလိုက်မှသာ ရှင်းပေါင် ကောင်းကောင်း နားနိုင်မည် ဖြစ်သည်။ ရှင်းပေါင်ကိုလည်း လဲချကာ မအိပ်သေးချင် အဖျားကျဆေးနှင့် အကိုက်အခဲ ပျောက်ဆေးကို အရင်ဦးဆုံး တိုက်လိုက်သည်။

“ငါအဆင်ပြေတယ်။ ရေအရင်သွားချိုးလိုက် ဒီရက်တွေအတွင်း‌ ချွေးတွေ ထွက်ထားတာ နံနေပြီ”

အဖျားက အရေးမကြီးချေ။ သူမသည် အိပ်ယာထဲတွင် သက်တောင့်သက်သာ လဲနိုင်သောကြောင့် ယန်မော့ကိုပင် စနောက်နိုင်သေးသည်။

“ကောင်းပြီ ကောင်းပြီ။ ငါ ရေချိုးခန်းတံခါးကို ဖွင့်ထားမယ်နော်။ တစ်ခုခု လိုအပ်ရင် လှမ်းခေါ်လိုက်”

သူ၏ ကိုယ်မှ အနံ့နှင့်စေးကပ်မှုကလည်း ယန်မော့ကို အလွန်အမင်းကို ရွံရှာလေစေသည်။ ထို့ကြောင့် ရှင်းပေါင်ကို ချထားပြီးသည်နှင့်သူဟာ သန့်ရှင်းသော အဝတ်ကို ယူကာ ရေချိုးခန်းထဲသို့ ခပ်မြန်မြန် ဝင်သွားသည်။

47 03

ရေချိုးခန်းထဲမှ ရေကျသံကို နားထောင်နေရင်း ရှုရှင်းသည်လည်း ယန်မော့ဟာ လုံလုံခြုံခြုံနိုးလာသည့်အချက်ကို အတည်ပြုလိုက်နိုင်သည်။ အခုလေးတင် သောက်ထားသော ဆေးကြောင့်လားသို့မဟုတ် အဖျားကြောင့်လား မသိ မျက်ခွံက လေးသထက် လေးလာသည်ဟု ခံစားရသည်။ ထို့နောက် ကိုယ့်ကိုယ်ကိုယ်ပင် မထိန်းနိုင်တော့ဘဲ မျက်လုံးကို မှိတ်လိုက်ကာ အသိစိတ် လွတ်သွားလေသည်။

သူသည်လည်း ဒီရက်အတောအတွင်း ကောင်းကောင်းပင် မနားထားရချေ။ ထို့ကြောင့် အိပ်ပျော်သွားလေသည်။

ယန်မော့ကမူ အဖျားတက်နေချိန်အတောအတွင်း ရေမချိုးထားရပေ။ ထို့ကြောင့် ပုံမှန်ထက် နည်းနည်း ပိုကြာသည်။ သို့သော် ရှုရှင်း၏ အခြေအနေကိုလည်း စိုး ရိမ်မိသေးသည်။ ထို့ကြောင့်သူသည် ရေစိုနေသော ဆံပင်ကိုပင် မသုတ်တော့ဘဲ တဘက်ကိုသာ ကောက်တင်ပြီး အပြင်သို့ အပြေးထွက်လာသည်။

ထိုအခါ ရှုရှင်းက အိပ်ပျော်နေကြောင်း မြင်သောအခါ အပူချိန်ကို အရင် တိုင်းကြည့်သည်။ ယခင်ကထက် အများကြီး ပိုပူလာ၏။ သူမသည် အမှန်တကယ် အဖျားကာလထဲသို့ ဝင်ရောက်သွားပြီ ထင်သည်။

ရှုရှင်းက သေချာ ပြုစုပြီးသည်နှင့် ယန်မော့က အောက်ထပ်သို့ ဆင်းသွားကာ ပုရှန်းဝမ် မူချီမိုင်တို့နှင့် သွားဆုံသည်။

“မင်းတို့ဘယ်အချိန်က နိုးတာလဲ”

“ငါက မနေ့က ညနေက ရှန်းဝမ်က မနက်ပိုင်းကတည်းက နိုးတာ”

မူချီမိုင်ကလည်း ယန်မော့ ဆင်းလာကြောင်း မြင်လိုက်သည်နှင့် ပုရှန်းဝမ် အရင်စပြောသည်။ သဘာဝလွန်စွမ်းအား နိုးထလာခြင်းကသူ့ကို စိတ်လှုပ်ရှားစေ၏။ တစ်ညလုံး ကုန်သွားသည့်တိုင်အောင် သူက စိတ်မငြိမ်နိုင်သေးပေ။

“မော့ကော မင်း ဘာစွမ်းအား နိုးတာလဲ”

ပုရှန်းဝမ်က ယန်မော့ကိုသာ ကြည့်နေသည်။ ယန်မော့၏ခန္ဓာကိုယ်မှ ပန်းကို ရှာချင်ပုံရသည်။

“စိတ်စွမ်းအား ငါ အခု ငါတို့ရဲ့ ဒီအဆောက်အဦးကို ဗဟိုထားပြီး မီတာငါးဆယ်ဝန်းကျင်က အရာအားလုံးကို ငါ့ရဲ့စိတ်စွမ်းအားနဲ့ အာရုံခံကြည့်နိုင်တယ်။ ငါက ဦးတည်ရာ တစ်ဖက်တည်းကို ကြည့်မယ်ဆိုရင် အကွာအဝေးကို ခပ်ဝေးဝေးကြည့်နိုင်တယ်”

“နောက်ပြီး ဒါက လူတစ်ယောက်ကို သုံးမိနစ်အတွင်း စိတ်ညို့နိုင်တယ်။ သူ့ရဲ့ မှတ်ဉာဏ်ကိုလည်း ဖတ်နိုင်တယ်။ အချိန်ကာလတိုအတွင်း သူ့ကိုလည်း ကြိုးကိုင်နိုင်သေးတယ်။ အင်း…အခုလောလောဆယ်တော့ ငါ ဒါတွေပဲ ရှာတွေ့သေးတယ်။ နောက်ပိုင်းတော့ အခြားစွမ်းရည်တွေကို ရှာတွေ့နိုင်မယ်ထင်တယ်”

ယန်မော့က သူ၏ စွမ်းရည်များကို စပြောလိုက်သည်။ ထို့နောက် ပြန်လှည့်ကြည့်သောအခါ ထိုနှစ်ယောက်၏ အမူအရာများက တောင့်ခဲနေကြောင်း မြင်ရသည်။

“ဘာဖြစ်တာလဲ”

“ဘာမှ မဖြစ်ပါဘူး ဒီအတိုင်း လောကက လူတွေ အကြားက ကွာဟချက်ကို ခံစားမိလိုက်လို့ပါ”

ပုရှန်းဝမ်၏ အသံက အားနည်းသွားသည်။ သူသည် ရုတ်တရက် နံရံကို ဝင်တိုက်မိသလို ခံစားရသည်။

“ငါတို့က ငါတို့ရဲ့ သဘာဝလွန်စွမ်းအား နိုးထလို့ ပျော်နေတဲ့ အချိန်မှာ အခြားသူတွေကတော့ ဘယ်လို သုံးရမလဲ ဆိုတာကိုတောင် သိနေပြီ၊ ကျေးဇူးတင်ပါတယ် ငါတကယ်ကို လှုံ့ဆော်ခံလိုက်ရပြီ။ ငါက ဒီအတိုင်း အရွက်လေးပါပဲ။ ရေနွေးဖျော်စားလို့ပဲ ရမယ်”

“ချီမိုင် မင်းတို့နှစ်ယောက်က ဘယ်လို သဘာဝလွန်စွမ်းအား နိုးထခဲ့လို့လဲ”

ယန်မော့ကလည်း ဒရမ်မာရိုက်နေသော ပုရှန်းဝမ်ကို လျစ်လျူရှုလိုက်ပြီး မူချီမိုင်ကိုသာ တိုက်ရိုက်မေးသည်။

“ငါက လေအခြေပြု စွမ်းအားကို ရတာသူက မီး”

မူချီမိုင်က ကွေ့ဝိုက်ကာ ပြောတတ်သူ မဟုတ်သည့်အလျောက် ပြတ်ပြတ်သားသားသာ ပြောလိုက်သည်။

******

All Chapters