← Chapters

အခန်း ၅၀

Vol. 5 Ch. 50

အခန်း ၅၀

Vol. 5 Ch. 50

50 01

အပိုင်း (၅၀) အားနည်းတဲ့ ပုရှန်းဝမ်နဲ့ မူချီမိုင်

ရှုရှင်းက နောက်တစ်နေ့ မနက် အပြင်သို့ ထွက်လာသောအခါ နေရာလပ်နယ်မြေ၏ အခြေအနေကို ကြည့်လိုက်သောအခါ ကျားဖြူနှင့် နှင်းဝံပုလွေတို့က နိုးနေကြောင်း မြင်လိုက်ရသည်။

ရပ်ကွက်ထဲမှ ထွက်ပြီး အပြင်ဘက်မှ နေရာအလွတ်ကို တွေ့သည်နှင့် ကျားဖြူနှင့် နှင်းဝံပုလွေတို့ လေးကောင်လုံးကို ထုတ်ပေးလိုက်သည်။ မည်သို့ပင်ဆိုစေ အတွင်းတွင် ထားထားပါက အတွင်းမှ တိရစ္ဆာန်များက အသေကြောက်ပြီး မလှုပ်ရဲကြပေ။

အခုအခါ ရှုရှင်းသည်လည်း နေရာလပ် နယ်မြေထဲမှ ပစ္စည်းများကို ထုတ်ရာတွင် ယန်မော့၏အကာကို မလိုအပ်တော့ချေ။ သူတို့နှစ်ယောက်က ထိုမျှအချိန်ကြာသည့်တိုင်အောင် ထိုလှည့်ကွက်ကို မြင်နိုင်လျှင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည်မှာ အလကား ဖြစ်သွားလေသည်။

ယန်မော့က ရှုရှင်းကို ကာကွယ်လိုမှန်းလည်း သိကြသည်။ ထို့ကြောင့် ထိုနှစ်ယောက်ကလည်း မသိချင်ယောင်သာ ဆောင်ခဲ့ကြပြီး ထိုလျှို့ဝှက်ချက် သေးသေးလေးကို သိလျှက်သားနှင့် မသိချင်ဟန် ဆောင်ပေးကြလိုက်သည်။

ကျားဖြူနှင့် ဝံပုလွေဖြူတို့ကို လွတ်ပေးလိုက်သည်နှင်း ရင်းနှီးကျွမ်းဝင်သော ရနံ့များအတိုင်း သူတို့နှင့် ရင်းနှီးသော သူများကို အပြေးခုန်ဖက်သည်။ သူတို့သည် စိတ်လှုပ်ရှားစွာနှင့် အပြေးသွားပြီးနောက် ငယ်ရွယ်စဉ်ကကဲ့သို့ ချွဲချင်ကြသည်။ သူတို့၏ ခန္ဓာကိုယ်အရွယ်အစားက ကလေးဘဝကနှင့် မတူတော့သည့်အချက်ကို မေ့သွားကြသည်။

ကုန်တင်ကားနီးပါး ကြီးနေသောခန္ဓာကိုယ်နှင့် သတ္တဝါများ၏ ခေါင်းကြီးများနှင့် ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကို အတင်းတိုးဝှေ့ ပွတ်သပ်နေကြသည်။ မပြင်ဆင်ထားသော ထိုနှစ်ယောက်က ချက်ချင်းဆိုသလို လဲကျသွားကြသည်။ တာ့ပိုင်နှင့် ရှောင်ပိုင်တို့၏ ခေါင်းကြီး နှစ်လုံးက ပြေးကပ်မလာသေးခင် ယန်မော့က ရှုရှင်းကို အချိန်ကိုက် အနောက်ဖက်သို့ ဆွဲလိုက်ပြီး ဖင်ထိုင်ရက် မကျအောင် ထိန်းလိုက်ပြီးသား ဖြစ်သည်။

အောက်ဖက်သို့ လဲကျသွားသောအခါ လူများကသာ လဲကျသွားခြင်း မဟုတ်ပေ။ ပုရှန်းဝမ်၏ တိုင်ယွန်နှင့် မူချီမိုင်၏ ကျွိမ်ဖုန်းတို့ကလည်း ကြောင်သွားကြသည်။ သူတို့ဟာ တစ်ယောက်ကို တစ်ယောက် မှင်သက်စွာ ကြည့်ကြသည်။ ထို့နောက် သူတို့၏ သခင်ကို ကြည့်သည်။ ထို့နောက် သူတို့ အချင်းချင်း ပြန်ကြည့်သည်။

နိုးထလာပြီးနောက် တိရစ္ဆာန်များ၏ အိုင်ကျူက အသက်ခုနှစ်နှစ် ရှစ်နှစ်အရွယ်လူသား ကလေးများနှင့် တူသည်။ ထို့ကြောင့် အချို့သော ကိစ္စများကို တွေးနိုင်နေပြီ ဖြစ်သည်။

တိုင်ယွန်နှင့် ကျွိမ်ဖုန်းတို့၏ မျက်နှာများကလည်း ပုရှန်းဝမ်နှင့် မူချီမိုင်တို့ထက်ပင် စိတ်ရှုပ်သွားကြသည်။ သူတို့သည်လည်း သူတို့၏ သခင်က မည်သည့်အတွက်ကြောင့် အသာလေး ပွေ့လိုက်ရုံဖြင့် လဲကျသွားအောင် အားနည်းလွန်းနေမှန်း နားမလည်ကြပေ။

အာ…သူတို့ရဲ့ သခင်က အားနည်းလိုက်တာ။ သူတို့ ဒီသခင်ကို ကောင်းကောင်းကာကွယ်မှ ဖြစ်တော့မယ်။

သူတို့ရဲ့ အသက်အရွယ်နဲ့ မသင့်တော်တဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ထမ်းရတော့မှာပါလား…

ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကမူ မြေပြင်ပေါ်မှ တိတ်တဆိတ် ကုန်းထလိုက်ကြသည်။ အားနည်းသူဟု သတ်မှတ်ခံထားရမှန်းသာ သိသွားလျှင် သေချာပေါက် ငိုလောက်သည်။

သခင်များ၏ အနားသို့ မကပ်နိုင်ခဲ့သော တာ့ပိုင်နှင့် ရှောင်ပိုင်တို့က ယူကြုံးမရဖြစ်သွားပြီး ငိုမဲ့မဲ့ဖြစ်သွား၏။ သူတို့သည်လည်း သူတို့၏နံဘေးရှိ လူသားနှစ်ယောက်က အပွတ်သပ်ခံနေကြောင်းကို မြင်ရသည်။ နည်းနည်းလေးထိလိုက်ရုံဖြင့် ထိုနှစ်ယောက်က လဲသွားမှန်းလဲ မြင်လိုက်သောအခါ သူသည် နဂိုကကဲ့သို့ အင်အားမျိုးကို မသုံးကြတော့ဘဲ ညှင်သာစွာသာ သွားတို့ကြသည်။

တာ့ပိုင်နှင့် ရှောင်ပိုင်တို့က ခေါင်းလေးများကို နိမ့်သထက် နိမ့်ကာ တိုးသွားပြီး မလှုပ်တော့ဘဲ ယန်မော့နှင့် ရှုရှင်းတို့ အနားကပ်လာမည့် အချိန်ကို စောင့်နေသည်။

50 02

သူတို့၏ မိသားစုဝင်မှ နှစ်ကောင်က သူတို့၏ ကိုယ်ပိုင် အကန့်အသတ်ကို သိသောအခါ ယန်မော့ကလည်း ရှုရှင်းကို လွတ်ပေးလိုက်သည်။ ရှုရှင်းကလည်း ရှောင်ပိုင်ပေါ်သို့ ခုန်အုပ်ပြီး‌ ပြေးဖက်ကာ ပွတ်သပ်တော့သည်။

ဘယ်သူက ဒီလောက်ကြီးတဲ့ ရှောင်ပိုင်ကို မချစ်လို့လဲ။

ယန်မော့၏ ကိုယ်ပိုင်ခံစားချက်က အတော်လေးကို ချုပ်ထိန်းထားသည်။ အလားတူ သူ၏ တာ့ပိုင်ကိုလည်း ကောင်းကောင်း လေ့ကျင့်ပေးထား၏။ ထို့ကြောင့် ယန်မော့က တာ့ပိုင် ခေါင်းကိုသာ အသာပုတ်လိုက်ပြီး ညင်သာစွာသာ ပုတ်ပေးလိုက်သည်နှင့် တာ့ပိုင်က အလွန်ကျေနပ်သွားပြီ ဖြစ်သည်။

တာ့ပိုင်နှင့် ရှောင်ပိုင်ဆိုသော နာမည်ကို ရှုရှင်းက ပေးထားခြင်း ဖြစ်မှန်း သိသာသည်။ ယန်မော့ကလည်း ဘာကိုမှ မပြောပေ။ သို့သော် ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကမူ အမျိုးမျိုးသော အမူအရာမျိုးနှင့် ဖြစ်သည်။ သူတို့သည်လည်း ရှုရှင်း၏ နာမည်မှည့်နိုင်စွမ်းရည်၏ ဆိုးရွားညံ့ဖျင်းမှုကို ကောင်းကောင်း နားလည်သွားကြပြီး သူတို့၏ ကိုယ်ပိုင် ကျားဖြူ၊ ဝံပုလွေဖြူတို့ကို ကိုယ့်ဘာသာကိုယ်သာ နာမည်ပေးကြတော့သည်။

ရှုရှင်းတို့က ကားထဲသို့ဝင်ရန် အသင့်ဖြစ်လာသည်။ သူတို့သည်လည်း ဇွန်ဘီများကို သွားသတ်ရမည် ဖြစ်သည်။ သူတို့သည်လည်း ကျားဖြူနှင့် ဝံပုလွေဖြူများကို ခေါ်သွားရန် စဉ်းစားထား၏။ သို့သော် သူတို့ကို နေရာလပ် နယ်မြေထဲသို့ ထည့်တော့မည့်အချိန်တွင် ထိုလေးကောင်းက မပျော်မရွှင် ဖြစ်သွားသည်။

“ရှောင်ပိုင် နင် ဒီလောက်ထိ ကြီးနေတာ။ ကားထဲမှာ နေရာမဆံ့ဘူး။ နေရာလပ် နယ်မြေကိုပဲသွားပြီး ဆော့နေလိုက်လေ”

ရှုရှင်းက ရှောင်ပိုင်ကို နှစ်သိမ့်ပေးနေလိုက်သည်။ စကားလုံးများကို သုံး၍ ရှောင်ပိုင်အား နားလည်ရန် ပြော၏။

ရှောင်ပိုင်က ခေါင်းကို နည်းနည်းစောင်းပြီး တွေးတောကြည့်သေးသည်။ ရှုရှင်း၏ ဆိုလိုရင်းကိုလည်း တွေးတောနေပုံရ၏။ နံဘေးမှ တာ့ပိုင်က ခပ်မြန်မြန် နားလည်သွားသည်။ သူဟာ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးနောက် ရှုရှင်းတို့၏ အံ့အားသင့်နေသော အကြည့်အောက်တွင်ပင် ခန္ဓာကိုယ်ကို လသားအရွယ်လေးအထိ ပြန်ကျုံ့လိုက်သည်။

အခြားသော သူများက မြင်သောအခါ သူတို့သည်လည်း ချက်ချင်း နားလည်လိုက်သည်။ သူတို့သည်လည်း ပုံသဏ္ဍာန်ကို ပြောင်းလိုက်သည်။

“ဒါ…ဒါ…ဒါ…”

“ဆိုတော့ သူတို့ရဲ့ ခန္ဓာကိုယ် အနေအထားကို စိတ်ကြိုက်ကြီးသေးလို့ ရတယ်ပေါ့။ အာ…လူသားတွေက တိရစ္ဆာန်တွေထက်တောင် ညံ့လွန်းလိုက်တာ”

ယန်မော့ကပင် တအံ့တဩ မျက်ခုံးပင့်သည်။ ထို့နောက် နောက်ဖုံးကို ဖွင့်ပေးလိုက်ပြီး အားလုံးကို ဝင်ခိုင်းလိုက်၏။ ထိုသို့ဖြင့် လူတစ်အုပ်နှင့် တိရစ္ဆာန်တစ်အုပ်က မြို့လယ်ခေါင်သို့ သွားကြသည်။

ရပ်ကွက်၏ ငါးကီလို မီတာ အတွင်းတွင် ဖုတ်ကောင် နှစ်ကောင် သုံးကောင်သာ တွေ့ရသည်။ ပုရှန်းဝမ်ကလည်း အားလုံးကို တစ်ယောက်တည်း ရှင်းလိုက်သည်။

ယနေ့ခေတ် ဇွန်ဘီများက မွေးသည်မှာ မကြာသေးပေ။ သလင်း အမြူအတေကပင် ဦးနှောက်ထဲတွင် မပေါ်သေးပါချေ။ သူတို့၏ လှုပ်ရှားမှုက နှေးကွေးလွန်းသဖြင့် တစ်စုံတစ်ယောက် 0.1 ဆိုသော အရှိန်နှုန်း ကီးခလုတ်ကို နှိပ်ထားသည်နှင့်ပင် တူသေးသည်။

ထိုအချိန်တွင် နှလုံးသားထဲမှ ဇွန်ဘီများကို ကြောက်ရွံ့မှုကို ကျော်လွှာနိုင်သမျှ ဇွန်ဘီ၏ လက်မှ အသာလေး လွှတ်နိုင်သည်။

ကံဆိုးသည်မှာ လူအများစုက ဇွန်ဘီကို မြင်သည်နှင့် သေအောင် ကြောက်သွားပြီး ခြေထောက်က အားနည်း ပျော့ခွေနေတတ်ကာ မပြေးနိုင်ကြတတ်ချေ။ ထိုသို့ဖြင့် ထွက်ပြေးရန် အခွင့်အရေးကို ဆုံးရှုံးသွားပြီး သေတတ်သည်။

သူတို့၏ကားက မြို့အတွင်းပိုင်းသို့ ဝင်ရောက်လာသည်နှင့် ဇွန်ဘီများက ဝင်ရောက်လာသည်။ ယန်မော့ကလည်း ကားကို လမ်းဘေးနားတွင် ချရပ်လိုက်ပြီး နောက်ဖုံးထဲမှ လေးကောင်ကို ထုတ်လိုက်သည်။ ထို့နောက် ရှုရှင်းအား ကားကို နေရာလပ် နယ်မြေထဲသို့ အရင်ထည့်ခိုင်းသည်။ သူတို့သည်လည်း ဒီတစ်ခေါက် မြို့အတွင်းပိုင်းအထိ ဝင်သွားရန် မစီစဉ်ထားပါပေ။ သူသည်လည်း ဒီနေရာမှ ဇွန်ဘီများနှင့် သူတို့၏ သဘာဝလွန်စွမ်းအားကို လေ့ကျင့်ရန် ရောက်လာခဲ့ခြင်း ဖြစ်သည်။ သူတို့၏ သဘာဝလွန်စွမ်းအားဖြင့် အသည်းအသန် ထွက်ပြေးရသည့် အတိုင်းအတာ အထိတော့ဖြင့် တွန်းအား မပေးချင်သေးပေ။

50 03

ဒီအစပ်ပိုင်းမှာ ဇွန်ဘီများ၏အရေအတွက်က နှစ်ရာဝန်းကျင်သာ ရှိသည်။ ထို့ကြောင့် သူတို့၏ စွမ်းရည်က လက်ခံနိုင်သော အတိုင်းအတာမျိုး ဖြစ်ပြန်သည်။ ပမာဏ ပိုများသွားမည် ဆိုပါက ဖိအားများနိုင်သည်။

ထိုအလုပ်ကိုလည်း လူများအကြား ကောင်းကောင်း ခွဲလိုက်သည်။ ရှုရှင်း၏ စွမ်းရည်က အရန်သဘောမျိုး ရောက်သည်။ ထို့ကြောင့် သူမကလည်း ဇွန်ဘီများကို မလှုပ်ရှားနိုင်အောင် အချိန်ကိုက် လုပ်ဆောင်ရင်း ယန်မော့တို့နှင့် ပူးပေါင်းကာ ကိုင်တွယ်ပေးရပေမည်။

******

All Chapters