အခန်း ၅၄
Vol. 6 Ch. 54
54 01
အပိုင်း (၅၄) ဆုံးဖြတ်ချက်
တစ်ညလုံးကို လုံလုံခြုံခြုံ အိပ်စက်လိုက်ပြီး နောက်တစ်နေ့ မနက်လင်းရုံသာ ရှိသေးသည်။ ရှောင်းလုံက အရင် စလှုပ်ရှားလာသည်။
ရှောင်းလုံနှင့် လူများက ပညာရှင်အဆင့် စမ်းသပ်လေ့ကျင့်မှုကို ကျော်ဖြတ်ခဲ့သူများ ဖြစ်သည့်အလျောက် သူတို့၏ပစ္စည်းများကို ခပ်မြန်မြန် ထုပ်သိမ်းပြီး တိတ်တဆိတ် လုပ်ဆောင်ကြသည်။
သို့သော် ယန်မော့ကမူ သူတို့ စလှုပ်ရှားသည်နှင့် တန်းနိုးလာသည်။
သူ၏ ရင်ခွင်ထဲမှ ရှုရှင်းကလည်း အပြင်မှ လှုပ်ရှားမှုဒဏ်ကို မကျေမနပ် ဖြစ်ကာ ဝူးဝူးဝါးဝါး ငြီးသွားသေးသည်။ ထို့နောက် ခန္ဓာကိုယ်ကို လှုပ်လိုက်ပြီး ရန်မော့၏ ရင်ခွင်ထဲသို့ ခေါင်းတိုးကာ အိပ်လိုက်သည်။
“အင်း”
ယန်မော့က လေသံကို တိုး၍ ခပ်တိုတိုး ငြီးလိုက်ပြီး ရှုရှင်း၏တင်ပါးသေးသေးလေးကို ညင်သာစွာ ပုတ်ရင်း လိမ်လိမ်မာမာနေရန် သတိပေးလိုက်သည်။
ဒီကလေးမလေးက မနက်အစောကြီး ရှုပ်နေတယ်။
အနှေးနဲ့အမြန်ဆိုသလို ဟင်းဟင်း သူ့ရင်ခွင်ထဲက ဒီဟာလေးကိုလည်း သူ့ရဲ့ စိတ်ရှည်သည်းခံမှုတွေ ဘယ်လောက်တောင် အကြွေးတင်နေခဲ့သလဲဆိုတာကို ပြန်ပေးဆပ်ခိုင်းတော့မှာပါ။
မနေ့ညက အိပ်ယာသို့ မဝင်ခင် ယန်မော့က ရွက်ဖျင်တဲ အပြင်ဘက်တွင် သူ၏ စိတ်စွမ်းအားဖြင့် ရစ်ပတ်ခိုင်းထားပြီးသား ဖြစ်သည်။ တစ်စုံတစ်ယောက်ကသာ စိတ်စွမ်းအားဖြင့် လာထိရန်ကြိုးစားမည် ဆိုလျှင် သူက တန်းသိပေလိမ့်မည်။
ဒါကလည်း ရွက်ဖျင်တဲ အပြင်ဘက်မှ အတွင်းဘက်ခြမ်းသို့ ချောင်းမြောင်းကြည့်ရန် ကြိုးစားမှုများကိုလည်း တားဆီးထားပြီးသား ဖြစ်သည်။
မနက်တိုင်း ပုံမှန်တက်ကြွလှုပ်ရှားမှုကို တည်ငြိမ်အောင် ကျော်ဖြတ်လုပ်ဆောင်ပြီး နောက်ဆုံးတွင် ယန်မော့က အဝတ်စားကို တိတ်တဆိတ် ကောက်ဝတ်၍ ရွက်ဖျင်တဲ အပြင်ဘက်သို့ ထွက်သည်။ သူ၏ လှုပ်ရှားမှုကလည်း ငြိမ်းချမ်းစွာ အိပ်ပျော်နေသူကို မနှောက်ယှက်ခဲ့ပါချေ။
ယန်မော့က ထွက်လာပြီး ငါးမိနစ်ပင် မကြာသေးခင် တစ်ဖက်မှ သူများက ပစ္စည်းများကို ထုပ်သိမ်း၍ ပြီးသွားပြီး အပြင်သို့ပင် ထွက်လာကြသည်။ တစ်မိနစ်ပင် မကြာသေးခင် ကားစက်နှိုးသံကို ကြားရသည်။ ထို့နောက် အားလုံးက ထွက်သွားကြလေသည်။
“ခေါင်းဆောင် ငါတို့ အထက်ကလူတွေနဲ့ အခု ဆက်သွယ်လို့ မရဘူးနော်။ ငါတို့ စီစဉ်ထားသလိုပဲ မြို့တော် B ကို သွားမှာလား”
ကျန်းလုံက ခေါင်းကို စောင်းပြီး နံဘေးမှ ရှောင်းလုံကို မေးသည်။ ရှောင်းလုံက ပြန်မဖြေချေ။ သူက မိနစ်အနည်းငယ် တိတ်သွားသည်။ ထို့နောက် ခေါင်းကို တဖြည်းဖြည်းခါပြီး ဆုံးဖြတ်ချက် ချသည်။
“မသွားဘူး။ မြို့တော် C ကို သွားရအောင်”
ကပ်ဘေးကာလ၏ နောက်ဆုံးအဆင့်တွင် အထက်မှ အင်အားကြီးသူ ခေါင်းဆောင်များအကြားမှ သဘောထား မတိုက်ဆိုင်မှုနှင့် အင်အား ရုန်းကန်မှုများ ရှိခဲ့သည်။ ထို့ကြောင့် သူတို့ အစောပိုင်းက ရွေးချယ်ထားသည့် တိုက်ရိုက်ခေါင်းဆောင်များကလည်း အင်အားရွေးချယ်မှု အကြားတွင် တိတ်တဆိတ် ကျဆုံးသွားခဲ့သည်။ ရလဒ်အနေဖြင့် ခေါင်းဆောင်များသည်။ အမိန့်ပေးပိုင်ခွင့် အာဏာကို ဆုံးရှုံးသွားပြီ ဖြစ်သည်။
ခေါင်းဆောင်အသစ် ပြောင်းလဲသွားသောအခါ ပေးသောတာဝန်များကလည်း သိသာစွာပင် အရေးမပါသော တာဝန်များဖြစ်ပြီး ခြုံငုံအခြေအနေအပေါ် မသက်ရောက်စေသော အရာများ အနှစ်သာရမရှိသော အရာများ ဖြစ်သွားသည်။ သူတို့၏အသင်းကလည်း သဘာဝကျကျပင် အပြင်ဘက် ရောက်သွားသည်။
အထူးအင်အားစု အသင်းများ ဆိုသည်ထက်ပင် ပိုဆိုးသွားသည်။ သူတို့၏ အခြေအနေကလည်း မထူခြားတော့ချေ။
54 02
သူဟာ အခြေအနေကို သိနေသော်လည်း သူ၏အသင်းဖော်များက ဒေါသကြီးမှန်းလည်း သိသည်။ သူသည်လည်း သိသည်။ သို့သော် သူ၏နှလုံးသားထဲတွင် ဒီတိုင်းပြည်နှင့် အစိုးရအပေါ် ယုံကြည်မှု အနည်းငယ်နှင့် တွန်ဆုတ်မှု အနည်းငယ်ရှိနေသေးသည်။ ပေးထားသော တာဝန်များကို မကျေနပ်သည့်တိုင်အောင် သူသည်လည်း တာဝန်ကို လက်ခံပြီး အမိန့်ကို နာခံခဲ့သည်။ မမျှော်လင့်ထားစွာပင် အခြေအနေက ပို၍သာ ဆိုးလာသည်။ အစိုးရက လုံးဝကို အသုံးမဝင် ဖြစ်သွားသည်။ အဓိက ခေါင်းဆောင်များကလည်း သီးသန့်လှုပ်ရှားလာကြသည်။ ထို့ကြောင့် စစ်တပ်က တကွဲတပြားစီ ဖြစ်လာကာ ကဆင့်ကလျား ဖြစ်ကုန်သည်။
မြို့တော် B က မူဝါဒရေးရာ အချက်အချာကျရာ နေရာကြီးကဲ့သို့ ဖြစ်နေသည်။ ယခုသာ ထိုနေရာသို့ ပြန်သွားခဲ့မည် ဆိုလျှင် အမျိုးမျိုးသော အင်အားစု ရုန်းကန်မှုကြောင့် သေချာပေါက် ရှုပ်ထွေးသွားပေလိမ့်မည်။ ထိုအခါ အမျိုးမျိုးသော အဖွဲ့အစည်းများ အကြားမှ နယ်ရုပ်ကဲ့သို့ ဖြစ်လာနိုင်သည်။ အဆုံးအစမဲ့သော ပြဿနာများက သူတို့ဆီသို့ ဝင်တိုးလာနိုင်သည်။ ဒါဟာ သူတို့ လိုချင်သော ဘဝ မဟုတ်ချေ။
အသင်းထဲမှ လူများကလည်း ပြန်မသွားချင်သည့် စိတ်ဆန္ဒကို ဖော်ပြထားပြီးသား ဖြစ်သည်။ သို့သော် သူတို့၏ အပြုအမူကို ဆက်တိုက်ဆိုသလို တွန်းလှန်နေကြသည်။
ယခုအခါ တစ်သင်းလုံး၏ အနာဂတ်နှင့် သူ၏ကိုယ်ပိုင် အနာဂတ်ကို စဉ်းစားဆင်ခြင်နေခြင်းအားဖြင့် နောက်ဆုံးသော တွန့်ဆုတ်မှုကို ဖြတ်တောက်ရန် ဆုံးဖြတ်လိုက်သည်။ သူသည်လည်း ဒီအစိုးရအပေါ် တွန့်ဆုတ်မှုကို ဖြတ်တောက်ပြီးနောက် ဆုံးဖြတ်ချက်ကို ချသည်။
ရှောင်းလုံ၏ဆုံးဖြတ်ချက်ကို ကြားသည်နှင့် ကျန်းချုံ၊ လန်ချင်းမင်၊ ခယ်ဖေးကွမ်းနှင့် လီဟုန်ရှန်းတို့အားလုံးက အံ့ဩသွားကြသည်။ တစ်ချိန်တည်းတွင်ပင် စိတ်အေးသွားကြ၏။ သူတို့၏ မျက်နှာတွင် အရယ်အပြုံးများ ပေါ်လာသည်။
သိသာစွာပင် သူတို့၏ခေါင်းဆောင် ချသော ဆုံးဖြတ်ချက်ကို အလွန် ကျေနပ်နေကြလေသည်။
******