အခန်း ၅၅
Vol. 6 Ch. 55
55 01
အပိုင်း (၅၅) ဦးထုပ်စိမ်း
ရှုရှင်းက မနက် ခုနှစ်နာရီမှသာ ရွက်ဖျင်တဲထဲမှ ထွက်လာသည်။ အနောက်ဖက်မှာ အကောင်ငယ်လေး နှစ်ကောင်ကလည်း လိုက်ထွက်လာသည်။
ရှောင်းလုံတို့ အဖွဲ့က ထွက်သွားသည်မှာ ကြာပြီ ဖြစ်သည်။ ထို့ကြောင့် ကျားဖြူနှင့် ဝံပုလွေဖြူတို့ကို ဖွက်ထားရန် မလိုအပ်တော့ဘဲ ပြေးထွက် ကစားနိုင်လေသည်။
နေရာလပ် နယ်မြေထဲမှ အသားနည်းနည်းကို ထုတ်ကာ ကျားဖြူနှင့် နှင်းဝံပုလွေတို့ကို အရင်ကျွေးပြီး ဗိုက်ဖြည့်ခိုင်းထားလိုက်သည်။
ဟုတ်တယ် ဗိုက်ဖြည့်ဖို့…
ထိုလေးကောင်က အရွယ်အားဖြင့် သေးသွားသော်လည်း စားသောက်နိုင်စွမ်းအားက မလျော့သွားပါချေ။ ယခုအခါ သူတို့ကို အသားအရွက် ၊သစ်သီးများ ကျွေးခြင်းက အဆာပြေနှင့်သာ တူတော့သည်။ ဗိုက်ပြည့်စားချင်လျှင် ကိုယ့်ဘာသာကိုယ် အမဲလိုက်ရတော့ပေမည်။
သူတို့ကို အမဲထွက်လိုက်သည့် အချိန်တိုင်းလိုလို လဝက်နီးပါးခံလောက်အောင် အပြည့်စားသောက်လာကြသည်။
ထိုလေးကောင်ကို ကျွေးပြီးသည်နှင့် ရှုရှင်းကလည်း သွားစေသည်။ ထို့နောက် နေရာလပ် နယ်မြေထဲမှ သူတို့၏မနက်စာကိုလည်း ထုတ်လိုက်ကာ စားပွဲပေါ်တွင် တင်ပြီး ကောင်းကောင်းစားကြသည်။ အမျိုးအစားကလည်း စုံ၏။ မနေ့ညက အပြင်လူများရှိနေသောကြောင့် ကောင်းကောင်းမစားနိုင်ခဲ့ပေ။ အပြင်လူများ ရှိနေသောအခါ ကမ္ဘာကပ်ဘေးအချိန်ကာလနှင့် မခြားနားသော စားစရာမျိုးကို စားကြလေသည်။
သူတို့ကိုလည်း ချုပ်ထိန်းမှုများ မရှိချေ။ တာဝန်များလည်း မရှိချေ။ ထို့ကြောင့် အချိန်အများကြီးလည်း ရှိနေသည်။ သူတို့သည် မနက်စာကိုလည်း ခပ်အေးအေးစားပြီး ရှုရှင်းက ပစ္စည်းများကို နေရာလပ် နယ်မြေထဲသို့ အကုန်အစင် ထည့်ပြီးချိန်အထိ စောင့်ပြီးမှသာ RV ကို ပြန်ထုတ်ကာ မောင်းထွက်ခဲ့လိုက်သည်။
ယဲ့ယွီအန်းသည် ရပ်ကွက်ထဲမှ အစောကြီး ထွက်သွားခဲ့ခြင်း ဖြစ်သည်။ သူမ၏ ယခင် ဘဝမှ မှတ်ဉာဏ်အတိုင်း ကိုးကား၍ မတူညီသော ပန်းတိုင်ကို ပြန်ချသည်။
အစပိုင်းတွင်မူ ယဲ့ယွီအန်း၏ ပစ်မှတ်က H မြို့ ဖြစ်သည်။ လမ်းလျောက်သွားလာနေရင်းမှ မပျက်စီးထားသော ရိက္ခာများကို ဆက်တိုက် စုဆောင်းနေရင်း တိုက်တိုက်ဆိုင်ဆိုင် ဇွန်ဘီများ အလိုက်ခံရသည့် တုဟန်ရွှီ၊ ဝမ်ယာယွန်တို့နှင့် ဆုံသည်။ သူတို့၏ အခြေအနေက အလွန်ဆိုးရွားနေသည်။ တုဟန်ရွှီနှင့် ဝမ်ယာယွန်တို့ကို မြင်သောအခါ ယဲ့ယွီအန်းက ယခင်ဘဝက ဆိုးရွားသောအခြေအနေများကို သတိရသွားသည်။ သူမ၏ ရိက္ခာများကို စုဆောင်းနိုင်သောကြောင့် ကောင်းမွန်သည့်စိတ်အခြေအနေက ဆိုးရွားသွားသည်။
သူမသည် နဂိုကမူ နောက်တစ်ခေါက် တွေ့သည်နှင့် ကိုင်တွယ်ဖြေရှင်းရန် စီစဉ်ထားပြီးသား ဖြစ်သည်။ သို့သော် မမျှော်လင့်ထားစွာပင် သိပ်မကြာခင် မှာတင် လာဆုံသည်။ တွေ့ဆုံပြီ ဆိုကတည်းကဖြေရှင်းရန် ဆုံးဖြတ်လိုက်သည်။
တုဟန်ရွှီနှင့် ဝမ်ယာယွန်တို့က လူတစ်အုပ်နှင့်အတူ ထွက်ပြေးလာခဲ့ခြင်း ဖြစ်သည်။ လူနှစ်ဆယ် သုံးဆယ်နီးပါး ရှိသည်။ ထိုလူများထဲတွင် တစ်ယောက်စ နှစ်ယောက်စက သဘာဝလွန်စွမ်းအား ရှိသူများဖြစ်သည်။ ထို့ကြောင့် လမ်းတောက်လျောက် ကာကွယ်ပေးလာခဲ့ကြသည်။
ထိုလူပေါင်းများစွာက အထူထွက်ပြေးလာခဲ့သည့် ကိစ္စအတွက်ကမူ ကံကောင်းမှုကြောင့် ဖြစ်သည်။ ရုတ်တရက် ရေနှင့် မြေဆီလွှာစွမ်းအားကို လွှတ်ထုတ်နိုင်ကြောင်း ရှာတွေ့ခဲ့သည့် လူနှစ်ယောက်ကြောင့်ဟု ပြောရပေမည်။
သူတို့၏ နောက်မှ ဇွန်ဘီများက အပြေးမမြန်သေးချေ။ သူတို့သည်လည်း ထိုခိုလှုံရေးစင်တာတွင် နေထိုင်ခဲ့ချိန်အတောအတွင်း ကျန်မာရေး ကောင်းသော လူငယ်များက ရုတ်တရက် ကုတ်ခြစ်ခဲရပြီးသည်နှင့် နေရာတွင်ပင် ဇွန်ဘီအဖြစ် ပြောင်းလဲသွားသော ကြောက်စရာကောင်းသော မြင်ကွင်းဒဏ်ကို တောင့်မခံနိုင်ခဲ့ကြပေ။ ဇွန်ဘီများအပေါ် သူတို့၏ ကြောက်ရွံ့စိတ်က ပြင်းထန်လာခဲ့ပြီး ထွက်ပြေးခဲ့ကြခြင်း ဖြစ်သည်။
55 02
“မြန်မြန်လုပ် အရှေ့မှာ စူပါ မားကတ်ရှိတယ်။ အတွင်းမှာ ဇွန်ဘီရှိမယ့် လက္ခဏာတော့ မရှိဘူးဆိုတော့သွားပြီး နားရအောင်”
လူအုပ်ထဲမှ တစ်စုံတစ်ယောက်က အော်သည်။ လူပေါင်းများစွာက အပြေးသွားကြ၏။ နောက်ဆုံးတစ်ယောက်ကလည်း ဂိတ်တံခါးကို ခပ်မြန်မြန်ပိတ်လိုက်ခြင်းအားဖြင့် ဇွန်ဘီများကို လိုက်မမှီလာအောင် တားသည်။
ခက်ခက်ခဲခဲ ကြိုးစား အားထုတ်ပြီးနောက် မည်သည့် ဇွန်ဘီးမှ မရှိကြောင်းကို တွေ့လိုက်သည်။ ထို့ကြောင့် သူတို့သည်လည်း စူပါမားကတ်ထဲတွင် ခပ်အေးအေးထိုင်ကာ စိတ်အေးစွာ သက်ပြင်းချနိုင်လေသည်။
ယဲ့ယွီအန်းကမူ သူတို့၏ နောက်မှ လုံခြုံသောအ ကွာအဝေးခြားပြီး လိုက်လာခဲ့သည်။ တုဟန်ရွှီနှင့် ဝမ်ယာယွန်တို့နှစ်ယောက်လုံးက ဖရိုဖရဲဖြင့် စုတ်ပြတ်သတ်နေသော ပုံစံမျိုးဖြင့် အလန့်တကြား ထွက်ပြေးလာကြကြောင်း မြင်သောအခါ ဖော်ပြရန် ခက်ခဲသော ပျော်ရွှင်မှုမျိုးကို ခံစားရသည်။ ဖျက်ဆီးခံလိုက်ရသည့် ကောင်းမွန်သော စိတ်အခြေအနေက နည်းနည်း ပြန်ရောက်လာသည်။
ဒီနေရာကို အတည်ပြုပြီးသည်နှင့် ယဲ့ယွီအန်းဟာ တုဟန်ရွှီနှင့် ဝမ်ယာယွန်တို့ လုပ်သမျှအားလုံး မြင်နိုင်မည့် နေရာမျိုးကို ရှာလိုက်သည်။
ဒုတိယဘဝတွင် ပြန်လည် ရှင်သန်နိုင်လာသောအခါ ထိုနှစ်ယောက်ကိုလည်း ကောင်းကောင်း နားလည်နေပြီ ဖြစ်သည်။
ယခုလို အခြေအနေမျိုးတွင် သူတို့ကသာ နည်းနည်း သက်သာလာပြီး အခြားသော သူတစ်ယောက်ယောက်ကို အကျိုးအမြတ် ပိုပေးသမျှ အကျိုးအမြတ်ကို အရယူပြီး အနားမှ လူကို အလွယ်တကူ သစ္စာဖောက်လိုက်မည့် သူများ ဖြစ်သည်။ ထိုအတွက်ကြောင့် ယဲ့ယွီအန်းသည်လည်း ခွေးကို ခွေးစားသည့်မြင်ကွင်းကို ကြည့်ရန် အရင် ဆုံးဖြတ်လိုက်သည်။ ထို့နောက်မှသာ အားလုံးကို ရှင်းလင်းပစ်ရပေမည်။
သူတို့ကို ကြိုးစားအားထုတ်သမျှ အလကား ဖြစ်သွားစေခြင်းအားဖြင့် သူမ၏ ခံစားချက်များကို ပြန်ကောင်းအောင် လုပ်ရမည်ဟု တွေးလိုက်သည်။
တုဟန်ရွှီနှင့် ဝမ်ယာယွန်တို့ကို ရက်အနည်းငယ်ခန့် စောင့်ကြည့်ပြီး နောက်မှ တောက်လျောက် လိုက်လာပြီးနောက်တွင် အရာအားလုံးကလည်း ယဲ့ယွီအန်းက မျှော်လင့်ထားသည့်အတိင်း ဖြစ်လာသည်။
ဇွန်ဘီများ၏ သတ်ဖြတ်မှုမှ ကျော်ဖြတ်လာနိုင်ခဲ့ပြီး ကမ္ဘာအဆုံးသတ်ကာလကို ကျင့်သားရလာပြီးနောက်တွင် တုဟန်ရွှီနှင့်ဝမ်ယာယွန်တို့ကလည်း ကိုယ်ပိုင် အကြံအစည်များကို စချသည်။ အစပိုင်းတွင် ထိုအဖွဲ့ကလည်း အချင်းချင်း မရင်းနှီးကြပေ။ ထွက်ပြေးနေရင်းမှ တိုက်ဆိုင်စွာ အတူဆုံမိသောကြောင့် အတူထွက်ပြေးခဲ့ကြခြင်းသာ ဖြစ်သည်။ ထွက်ပြေးနေရင်းမှ သဘာဝလွန်စွမ်းအား အသုံးပြုသော လူနှစ်ယောက်ကလည်း သူတို့က အခြားသောသူများနှင့် ခြားနားကြောင်း သိလာပြီး အလိုလို ခေါင်းဆောင်ဖြစ်လာသည်။ ထိုလူနှစ်ယောက်ကလည်း ရုတ်တရက် ရောက်လာသော စွမ်းအားကို ကောင်းကောင်း ထိန်းချုပ်ရာတွင် မတော်သေးချေ။ သူတို့၏ အသုံးပြုပုံ ထုတ်လုပ်ပုံများကလည်း ဝေဝါးသော ခံစားချက် အရသာဖြစ်သည်။
သို့သော် ထိုလူနှစ်ယောက်ကလည်း သူတို့ဟာ သာမာန်လူများနှင့် ခြားနားကြောင်း နားလည်နေသည်။ ထို့ကြောင့် ယာယီပျော်ရွှင်မှုမျိုးက ဦးမော့လာပြီး နည်းနည်း ဂုဏ်ယူလာကြသည်။
သူတို့သည်လည်း အမည်မသိရသော ကမ္ဘာကပ်ဘေးတွင် လူအယောက်နှစ်ဆယ်ကျော်ဆိုသော ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းသယ်ပြီး အမှန်တကယ် ရုန်းကန်ခိုင်းမည်ဆိုလျှင် ထိုသို့ လုပ်လိုစိတ်ရှိကြလိမ့်မည် မဟုတ်ပေ။ သူတို့၏နောက်ဆုံးကျန်သော အကျိုးအကြောင်း သိစိတ်အရသာ အတတ်နိုင်ဆုံး သတိကြီးစေခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုလူများ၏ လုံခြုံရေးကို အပြည့်အဝ အာမခံချက် ပေးမည်ဟုလည်း မပြောနိုင်ပါပေ။
လူတိုင်းကလည်း သူတို့၏ အပြုအမူကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ တုဟန်ရွှီနှင့် ဝမ်ယာယွန်တို့ကလည်း အလားတူသာလျှင် ဖြစ်သည်။
55 03
တုဟန်ရွှီနှင့် ဝမ်ယာယွန်တို့ကိုသာ လက်လျော့ခိုင်းမည်ဆိုလျှင်မူ မဖြစ်နိုင်ပေ။ သူတို့ကလည်း သဘာဝလွန်ပညာရှင် နှစ်ယောက်အားလည်း လက်လျော့ခိုင်းလိမ့်မည် မဟုတ်ပေ။ ထိုလူနှစ်ယောက်က သဘာဝလွန်စွမ်းအားများ ရှိသည်။ တစ်ယောက်၏ နာမည်က ဟွမ်ချန်းဟွား ဖြစ်ပြီး သူသည် အသင်းထဲမှ နည်းနည်း လှသည့် အမျိုးသမီးများကို ထူးဆန်းသောမျက်လုံးမျိုးဖြင့် ကြည့်တတ်သည်။ ဒါဟာ အခြားသူ၏ မလှတရားကို ရိုးရှင်းသော တပ်မက်မှု အမျိုးအစားမျိုး မဟုတ်ဘဲ အလွန်အမင်းကို မသက်မသာ ဖြစ်စေလောက်သည့် ဖော်ပြရန် ခက်ခဲသော ခံစားချက်မျိုးကိုပါ ပေးစွမ်းသည့်အ ကြည့်မျိုး ဖြစ်သည်။
ဝမ်ယာယွန်ကလည်း ဟွမ်ချန်းဟွာ၏အကြည့်က သူမအပေါ်တွင် ကြာရှည်စွာ တည်ရှိနေခဲ့ကြောင်း သိသည်။ သူမသည် ဟွမ်ချန်းဟွား၏ အကြည့်ကြောင့် ခံစားရသော ကြောက်ရွံ့မှုနှင့် ရွံရှာမှုကလည်း တဖြည်းဖြည်း ပျောက်လာ၏။ သူမဟာ မည်သူ့နောက်တွင် ပုန်းပုန်း တစ်ဖက်သူက အလိုလို ရွေ့သွားတတ်သည်။
တုဟန်ရွှီကလည်း ဖြစ်ပျက်သမျှအရာအားလုံးကို မမြင်ချင်ဟန်ဆောင်ထားသည်။ မသိချင်ကျိုးကျွံသာ ပြုထား၏။ ဝမ်ယာယွန်က သူ၏တရားဝင် ချစ်သူကောင်မလေးဆိုသည့်အချက်အပြင် အခြားသော အမျိုးသားတစ်ယောက်က သူ၏ အရှေ့မှာတင် ပေါ်တင်ကြည့်နေသည့် အချက်ကိုပင် ဂရုမစိုက်တော့ဘဲ ရှေ့ကို ထွက်ကာ ကာကွယ်ပေးရန်ပင် မစဉ်းစားခဲ့ချေ။ ဘယ်သူကမှ သတိမထားမိသည့် တစ်နေရာတွင်သာ ပုန်းအောင်းနေရင်း ကန်းချင်ဟန် မကြားချင်ဟန်ဆောင်နေလိုက်သည်။
ဝမ်ယာယွန်က သူမ၏ စိတ်ထဲတွင် တုဟန်ရွှီကို ကျိန်ဆဲသည်။ သို့သော် သက်ရောက်မှု မရှိပါပေ။
နောက်ဆုံးတွင် သူမက သူမဘာသာ သူမက ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။ ဟွမ်ချန်းဟွား၏ သူမအပေါ် သဘောကျစိတ်ဖြင့် ဖားရန် ဆုံးဖြတ်လိုက်သည်။ သူမသည်လည်း အထူးစွမ်းအားရှိသော သူတစ်ယောက်နားသို့ ကပ်နိုင်မည် ဆိုပါက ထိုသူသည် သူမကို ကာကွယ်ပေးပေလိမ့်မည်။ ထိုနောက်ခံကို သုံးပြီး အကျိုးအမြတ်ရအောင် အရင်ယူမည် ဟု ဆုံးဖြတ်လိုက်သည်။
ဝမ်ယာယွန်ကမူ မည်သို့ တွေးလိုက်သည်လည်းမသိ တစ်ရက်တွင် သူမက အရင် ဟွမ်ချန်းဟွာနှင့် ဟုန်ထောင်တို့ နေသော ဒုတိယထပ်သို့ အရင်တက်သွားသည်။
တစ်ညလုံးလုံး မဆင်းလာသောအခါ လူတိုင်းသည်လည်း ဝမ်ယာယွန်၏လုပ်ရပ်ကို သိလိုက်သည်။
သူတို့က တုဟန်ရွှီကို ကြည့်သည့် အကြည့်ထဲတွင် အဓိပ္ပာယ်အချို့ ပါလာသည်။ အချို့သော သူများက တုဟန်ရွှီ၏ ခေါင်းကို မကြာခဏဆိုသလို ကြည့်သည်။ တုဟန်ရွှီကလည်း ဘာကိုမှ မပြောနိုင်ဘဲ ဘာကိုမှ မလုပ်နိုင်သည့်အတွက် ဒေါသထွက်နေရုံကလွဲပြီး အခြားမတတ်နိုင်တော့ချေ။
******