← Chapters

အခန်း ၅၆

Vol. 6 Ch. 56

အခန်း ၅၆

Vol. 6 Ch. 56

56 01

အပိုင်း (၅၆) ဘဝသစ်

ထိုညတွင်ကတည်းက ဝမ်ယာယွန်က ဟွမ်ချန်းဟွား၏ အမျိုးသမီးအဖြစ် အောင်မြင်စွာနှင့် တက်လှမ်းနိုင်ခဲ့သည်။

ဟွမ်ချန်းဟွားက သူကိုယ်တိုင် ဘာမှ လုပ်စရာ မလိုအပ်ချေ။ အခြားသူက သူကိုယ်တိုင် စလာခြင်း ဖြစ်သည်။ ဝမ်ယာယွန်၏နားလည် သဘောပေါက်မှုကိုလည်း အလွန်အမင်း ကျေနပ်နေခဲ့၏။ နောက်ထပ် အကြိုက်နှင့်ကိုက်သော အမျိုးသမီးကို ထပ်မတွေ့သေးခင်အထိ ဝမ်ယာယွန်ကို ကာကွယ်ပေးရန်လည်း ပြဿနာ မရှိပါပေ။

တုဟန်ရွှီ၏ မျက်နှာကမူ မကောင်းတော့ပေ။

အို မကောင်းတော့ဘူး…

ဝမ်ယာယွန်က သူ့ကို ထားခဲ့ပြီး အခြားသော အမျိုးသား၏ ရင်ခွင်ထဲသို့ ပစ်ဝင်လိုက်ခြင်းက သူ့အား သဘောမကျ ဖြစ်စေရန် ကံကြမ္မာပါပြီးသား ဖြစ်သည်။

တုဟန်ရွှီ၏ ဝမ်ယာယွန်အပေါ် ခံစားချက်က လုံးဝပေါက်ကရဟု ပြောရပေမည်။ သူ အရှက်ရသောကြောင့် မပျော်မရွှင် ဖြစ်ခြင်းသာ ဖြစ်သည်။

ဟွမ်ချန်းဟွားတွင် အထူးစွမ်းရည်မျိုးရှိသည်။ တုဟန်ရွှီကလည်း ထုတ်မပြောရဲချေ။ ထို့ကြောင့် နေ့တိုင်းလိုလို မွန်းကြပ်ပြီး သေလုနီးပါးဖြစ်နေသည်။

နောက်ဆုံးတွင် သူက အခွင့်အရေးတစ်ခုကို ရှာတွေ့သွားသည်။ ဟွမ်ချန်းဟွားက စားစရာ သွားရှာသည့် အချိန်တွင် သူသည် ဝမ်ယာယွန်ကို လူနည်းသော နေရာသို့ ဆွဲခေါ်လာကာ လက်ကို ဆွဲခါပစ်သည်။

“တုဟန်ရွှီ နင်ဘာလုပ်တာလဲ”

ဝမ်ယာယွန်က တုဟန်ရွှီက ခပ်ကြမ်းကြမ် ဖိညှစ်ထားသော လက်ကို ပွတ်နေရင်း ပြောသည်။

“မင်း ငါ့ကို ဘာကို ပြန်မေးနေသေးတာလဲ ဘာကို ဆိုလိုလဲ ဆိုတာကိုပဲ ငါ ဒီအတိုင်းသိချင်နေခဲ့တာ မင်းဘယ်လိုကြောင့် ဒီလို စုတ်ပြတ်သတ်နေတဲ့ မကောင်းတဲ့ မိန်းမဆိုတာ ငါ သတိမထားမိခဲ့ရတာလဲ တစ်ရက်မှာတော့ ငါ့ရဲ့ လက်မောင်းကို ဖက်နေပြီး ငါ့ကို ရွှီကောလို့ ခေါ်တယ် နောက်ထပ် တစ်ရက်မှာတော့ အခြားယောက်ျားတစ်ယောက်ရဲ့ ကုတင်ပေါ်ကို ကုန်းတက်သွားတယ် ငါ့ကို တကယ် ရွံရှာစေတယ်”

တုဟန်ရွှီ၏ စကားလုံးများက ဝမ်ယာယွန်၏ သွေးကြောများကိုပင် နာကျင်သွားစေသည်။ ဝမ်ယာယွန်၏ ခံစားချက်များက ရုတ်တရက် ပြင်းထန်လာပြီး သူမဟာ အရှေ့မှ အမျိုးသားကို ကြည့်ကာ လှောင်သည်။

“ငါက ရွံစရာ ကောင်းတယ် ဟုတ်လား ငါက ရွံစရာကောင်းတယ် တုဟန်ရွှီ နင်ဘယ်လိုများ ပြောရတာလဲ နင်ကသာ ငါ့ကို ဟွမ်ချန်းဟွားဆီ ထောက်ခံပေးတာ မဟုတ်ဘူးလား ဘာလို့ အခုမှ ငါ့ရှေ့မှာ ဟန်ဆောင်ပြနေတာလဲ။ ဘာလဲ နင့်ဘာသာနင် ဦးထုပ်စိမ်း ကောက်ဆောင်းတာကို သတိမထားမိဘူးလို့ ပြောချင်တာများလား။ အို…နင်က ငါ့ကို ရွံစရာကောင်းတယ်လို့ ပြောတယ်။ ဒါပေမဲ့ နင်က ဘာများ ကောင်းနေလို့လဲ ယဲ့ယွီအန်းရဲ့ နောက်ကွယ်မှာ ငါနဲ့ တွဲနေတာလေ။ အဲဒီအချိန်တုန်းက နင်မရွံဘူးလား။ နင်က နင့်ရဲ့ ကိုယ်ပိုင် အမျိုးသမီးကိုတောင် ကာကွယ်နိုင်တာ မဟုတ်ဘူး။ တုဟန်ရွှီ နင်က အသုံးမကျတဲ့ အမှိုက်ကောင်”

“မင်း…မင်း …မင်း ခွေးမ ငါမင်းကို သင်ခန်းစာပေးမယ်”

ဘမ်း

ဝမ်ယာယွန်၏ စကားလုံးများက တုဟန်ရွှီ၏ နောက်ဆုံးသော ကြိုးမျှင်အလွှာကို ဖျက်ဆီးလိုက်သည်နှင့်တူသည်။ တုဟန်ရွှီ၏ ဒေါသနှင့် အရှက်ခွဲခံရမှုများအားလုံးက ပြုံအောကာ ထိုးတက်လာလေပြီး မျက်လုံးကလည်း နီရဲသွားကာ လက်ကို မြောက်၍ ဝမ်ယာယွန်ကို ခပ်ကြမ်းကြမ်း ရိုက်ချပစ်သည်။

56 02

ရိုက်ချက်က အင်အားကြီးမားလွန်းသဖြင့် ဝမ်ယာယွန်၏ နှုတ်ခမ်းထောင့်ကပင် ကွဲအက်ကာ သွေးထွက်လာသည်။ ခန္ဓာကိုယ်တစ်ခုလုံးက အင်အားကုန်ဆုံးကာ မြေပြင်ပေါ်သို့ ပြုတ်ကျသည်။

ဝမ်ယာယွန်ကလည်း တုဟန်ရွှီ ရုတ်တရက် တိုက်ခိုက်လာမည်ဟု မထင်ထားမိပေ။ သူမ၏ နှုတ်ခမ်းထောင့်က ကွဲသွားသည်။ သွေးများကိုလည်း မြင်လိုက်မှသာ တုန့်ပြန်နိုင်တော့သည်။ သူမက စူးရှစွာထအော်ပြီး တုဟန်ရွှီဆီ အပြေးအလွှားလာသည်။ သေသည်အထိ တိုက်ခိုက်တော့မည်နှင့်တူသည်။

ဝမ်ယာယွန်က အထိတ်တလန့် ဖြစ်နေသည်။ သူမက တုဟန်ရွှီ၏ ကိုယ်ပေါ်သို့ ခုန်တက်ကာ မျက်နှာကို ဆွဲကုတ်ပစ်သည်။ သူမ၏ လက်များ ခြေများကို ယမ်းခါနေရင်း ဆံပင်ကိုလည်း ဆောင့်ဆွဲသည်။ ထို့ကြောင့် တုဟန်ရွှီလို အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်ကပင် တစ်ခဏအတွင်း မရုန်းနိုင်အောင် ဖြစ်သွားစေသည်။

အမှောင်ထဲတွင် ပုန်းနေသောယဲ့ယွီအန်းက ခွေးခွေးချင်း ကိုက်နေသော ပြပွဲကို ကြည့်နေပြီး နှုတ်ခမ်းကို တစ်ချက်သပ်သည်။ သူမသည်လည်း သူမ၏ စိတ်အခြေအနေကို ကောင်းမွန်စေသည့်အတွက် ထိုနှစ်ယောက်ကို လက်ခုပ်တီးအားပေးချင်သွား၏။ အာ…ငါးရက်လောက် အချိန်းဖြုန်းပြီး လိုက်ရတာ တန်ပါတယ်။

ထိုသို့ တွေးလိုက်ပြီးနောက် ယဲ့ယွီအန်းကလည်း အလားတူတွေးလိုက်သည်။

“ဝမ်းသာစရာပဲ ဝမ်းသာစရာပဲ ဘယ်လိုကြောင့်များ ကြည့်ရှုသူတွေ မပါတဲ့ အံ့အားသင့်စရာကောင်းတဲ့ ပြဇာတ်မျိုးက ရှိနေနိုင်မှာလဲ။ ငါနင်တို့ကို လက်ခုပ်တီးပေးမယ်နော် အသိအမှတ်ပြုတာပါ”

လက်ခုပ်တီးပေးပြီးသည်နှင့် ယဲ့ယွီအန်းက အမှောင်ထဲမှ ထွက်လာကာ တုဟန်ရွှီနှင့် ဝမ်ယာယွန်တို့၏ အရှေ့တွင် ရပ်သည်။ သူဟာ မြေပြင်တွင် ရန်ဖြစ်နေကြသော နှစ်ယောက်ကို ငုံ့ကြည့်သည်။

တုဟန်ရွှီနှင့် ဝမ်ယာယွန်တို့ နှစ်ယောက်လုံးကလည်း ရုတ်တရက် ယဲ့ယွီအန်းကို မြင်ရသောအခါ ကြောင်သွားသည်။

သူတို့သည်လည်း ယဲ့ယွီအန်းကို ပြဿနာရှာရန် လူလွှတ်ခဲ့ချိန်က ယဲ့ယွီအန်းသည် ယခင်ကနှင့် လုံးဝခြားနားနေသည့်အချက်ကို နားလည်လိုက်သည့် အချက်အား မမေ့လျော့သေးပါပေ။

“ယဲ့…ယဲ့ ယဲ့ယွီအန်း မင်းဘာလို့ ဒီကို ရောက်နေတာလဲ”

တုဟန်ရွှီနှင့် ဝမ်ယာယွန်တို့ နှစ်ယောက်လုံးက ကြောက်လန့်သွားကြသည်။ ဝမ်ယာယွန်သည် သဘာဝလွန်စွမ်းအားရှိသူ တစ်ယောက်၏ အကူအညီ ရှိနေပြီဟု ထင်ကာ ဘဝင်မြင့်နေခဲ့ခြင်း ဖြစ်သည်။ သူကလည်း လည်ချောင်းထဲမှ ခြောက်သွေ့မှုကို ပြေလျော့အောင် လုပ်ရန်ကြိုးစား၏။

“ငါဘာလို့ ဒီမှာ ရှိနေလဲဆိုတာက နင်တို့အခု စိုးရိမ်နေရမယ့် ကိစ္စမဟုတ်ဘူးထင်တယ် ခဏနေရင် ကြုံတွေ့ရမယ့် ငါ့ရဲ့ ကလဲ့စားချေမှုကို ဘယ်လိုများရှောင်ရှားရမလဲ ဆိုတာ တွေးသင်တာ မဟုတ်ဘူးလား”

“ယွီ…ယွီအန်း ငါပြောတာ နားထောင် ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါ။ မင်းရဲ့ စိတ်ထဲ ငါ့ကို ချစ်နေသေးမှန်း ငါသိတယ် ငါကတိပေးတယ်။ အနာဂတ်မှာ မင်းကိုပဲ ချစ်တော့မှာပါ ငါကတိပေးပါတယ် ငါ့ကို လွှတ်ပေးပါ ငါ သစ္စာရှိပေးပါမယ် ငါဘယ်တော့မှ သစ္စာမဖောက်ပါဘူး”

တုဟန်ရွှီကလည်း ယဲ့ယွီအန်းက သူတို့ကို ကလဲ့စားချေတော့မည့် အကြောင်းကို ကြားသည်နှင့်မျက်လုံးက မှေးကျဉ်းသွားသည်။ ယခင်ကဆိုလျှင် ယဲ့ယွီအန်းက သူ့ကို မည်မျှပင် စိတ်နှစ်ကာ ချစ်ခဲ့ကြောင်း ပြန်တွေးမိသောအခါ မျှော်လင့်ချက်ရေးရေးကို ခံစားမိလိုက်ကာ အသနားခံတော့သည်။

“ဟား ဟား”

တုဟန်ရွှီ၏ စကားလုံးများက ယဲ့ယွီအန်းကို ရယ်စေသည်။

အာ…ဒါ ဘယ်လို ရန်သူကိုများ တွေ့နေတာပါလိမ့်….

56 03

ထိုနှစ်ယောက်၏ အသနားခံနေကြသော တောင်းပန်သံကို ကြားသည့်အခါ ယဲ့ယွီအန်းကလည်း ရုတ်တရက် ဒီအတိုင်း အချိန်ထပ်မဖြုန်းသင့်တော့ဟု ခံစားလိုက်ရသည်။ ထို့ကြောင့်သူမက သဘာဝလွန်စွမ်းအားကိုသာ သုံးပြီး နှစ်ယောက်လုံး၏ ပါးစပ်ကို ခဲစေလိုက်၏။ ထို့နောက် နှစ်ယောက်ကို ကြိုးချည်ကာ ရှာတွေ့ထားသော နေရာသို့ ခေါ်သွားလိုက်သည်။

သူမ ယခင် ဘဝတွင် ထိုနှစ်ယောက်က သူမကို ဖုတ်ကောင်အုပ်ထဲသို့ တွန်းထုတ်ခဲ့သည်။ မရေမတွက်နိုင်သော ဖုတ်ကောင်ပေါင်းများစွာက သူမကို တကွဲတပြားစီ ဆွဲဖြဲကာ စားသောက်ခဲ့ကြ၏။ ဒီဘဝတွင်မူ အလားတူသော ခံစားချက်ကို ပြန်ပေးရမည်ဟု တွေးထားသည်။

တုဟန်ရွှီနှင့် ဝမ်ယာယွန်တို့၏လက်များ ခြေများကလည်း အတုတ်ခံထားရသည်။ မတွန်းလှန်နိုင်ကြချေ။ ထို့နောက် ယဲ့ယွီအန်းက သူတို့၏ ခန္ဓာကိုယ်တွင် အမျိုးမျိုးသော အတိမ်အနက် ရှိသည့် ဒဏ်ရာများကို ဖန်တီးနေသမျှကိုလည်း ကြည့်နေရသည်။ ပြင်းထန်သော နာကျင်မှုက သူတို့၏ မျက်လုံးကိုပင် ပြူးကျယ်နေစေ ယဲ့ယွီအန်းက ထိုနှစ်ယောက်ကို နှစ်ထပ် အဆောက်အဦးကြီး၏ အပြင်ဘက်တွင် တွဲလောင်းဆွဲချသည်။ သူတို့၏ ကိုယ်မှ သွေးများက အောက်သို့ တောက်လျှောက် စီးကျနေလေရာ ဇွန်ဘီများအတွက် သေစေနိုင်သော ဆွဲဆောင်မှုမျိုး ဖြစ်သည်။ သိပ်မကြာခင်မှာတင် အနီးအနားလမ်းမပေါ်မှ ဇွန်ဘီများက ပုံအော၍ ရောက်ရှိလာကြသည်။ သူတို့သည် အော်ဟစ်ပြီးနောက် လက်မောင်းများကို ယမ်းခါကာ သူတို့ကို ဆွဲဆောင်နေသည့် အရာကို ဆွဲချပြီး စားကြရန် ကြိုးစားကြသည်။ ယဲ့ယွီအန်း၏ လူကို ဒဏ်ရာရအောင် လုပ်ထားသော နည်းလမ်းက အမှန်တကယ် တိုးတက်နေသည်ဟု ပြောရမည် ဖြစ်သည်။ လုံလောက်သော သွေးကိုလည်း စီးကျစေသည်။ သို့သော် ထိုနှစ်ယောက်က ချက်ချင်း မသေသွားဘဲ အာရုံကြည်ကြည်လင်လင်နှင့် အရာအားလုံးကို သေချာ ခံစားမိနိုင်အောင်လည်း သေချာစေနေသေး၏။

ဇွန်ဘီများက တဖြည်းဖြည်း ဝိုင်းသထက် ဝိုင်းလာပြီး သူတို့၏ အနားသို့ ချဉ်းကပ်လာကာ တဖြည်းဖြည်း ဝါးမြိုသွားခြင်းက တုဟန်ရွှီနှင့် ဝမ်ယာယွန်တို့အတွက် အကောင်းဆုံး ကလဲ့စားချေမှု ဖြစ်သည်။

ဇွန်ဘီအရေအတွက် အမြောက်အများ မစုဝေးသေးခင် ယဲ့ယွီအန်းက ဝေးကွာသော နေရာသို့ ရွေ့လိုက်ပြီး သူမကို ရှာမတွေ့အောင် သေချာစေလိုက်သေးသည်။

တုဟန်ရွှီနှင့် ဝမ်ယာယွန်တို့က အပြောင်စားသောက်ခံနေရသည်ကို ကြည့်နေရင်း သူမသည်လည်း ပြန်လည် မွေးဖွားလာပြီးချိန်ကတည်းက နှလုံးသားကို တောက်လျောက် ဖိနှိပ်ထားသော မုန်းတီးမှုက ပြေလျော့သွားသလို ခံစားရသည်။ သူမသည် အများကြီး အေးဆေး ပေါ့ပါးသွားသည်။

အခုအခါ ကိစ္စက ပြီးဆုံးသွားပြီ ဖြစ်သည်။ ထို့ကြောင့် အတိတ်က ကိုယ့်ကို နှုတ်ဆက်သင့်ပြီ ဖြစ်သည်။

ဘဝသစ်ကို သူမကို စောင့်ကြိုနေသည်။ ဒီကမ္ဘာကပ်ဘေးကာလတွင် သူမ၏ ကိုယ်ပိုင် လောကကို သေချာပေါက် ပိုင်ဆိုင်ရစေပေမည်။

******

All Chapters