အခန်း ၅၈
Vol. 6 Ch. 58
58 01
အပိုင်း (၅၈) ညက ရှည်တယ်
ကောင်းကင်က အလွန်မဲမှောင်နေသည်။
မှင်ရည်မဲရောင် တိမ်စိုင်များက ကောင်းကင်ကြီးကို တောက်လျောက် ဖိကပ်ထားပြီး ပြုတ်ထွက်လာသည်နှင့်ပင် တူသည်။ တစ်လောကလုံးကလည်း တိတ်ဆိတ်လွန်းနေလေရာ စိတ်ဓာတ်ကျဖွယ်ပင် ကောင်းသေးသည်။ မကြာခဏ ဆိုသလို လေပြင်း၏ ဟိန်းဟောက်သံများကို ကြားရသည်။
“ရာသီဥတုက ပြောင်းတာ မြန်လိုက်တာ။ အခု တစ်စက္ကန့်အတွင်း နေသာနေရဲ့သားနဲ့ အခုတော့ မဲမှောင်သွားပြန်ပြီ”
ရှုရှင်းကလည်း အံ့အားသင့်ဖွယ်ကောင်းလွန်းသော သဘာဝဘေး၏ အပြောင်းအလဲကို မျက်မြင်တွေ့ကြုံပြီးသား ဖြစ်သည်။
“ငါ ဒီမိုးနဲ့ပတ်သက်ပြီး ရုတ်တရက် ခံစားချက် မကောင်းဘူး။ အနီးအနားမှာ လုံခြုံတဲ့ နေရာတစ်ခုခုကို ရှာပြီး နားရအောင် မိုးတိတ်မှပဲ ထွက်တာပေါ့”
ယန်မော့ကလည်း အရှေ့မှ မဲမှောင်နေသော ကောင်းကင်ကို ကြည့်ပြီး အမူအရာ မကောင်းတော့ချေ။
ထိုမိုးက သူ့ကို အလွန်အမင်း မသက်မသာ ဖြစ်စေသည်။ သူ၏ စိတ်စွမ်းအားများကပင် ဖိနှိပ်ခံထားရသလို ခံစားရသည်။
ရှုရှင်းတို့သည်လည်း ခြားနားသော အမူအရာ မရှိကြပါပေ။ ထို့ကြောင့် ယန်မော့သည်သာ ထိုသို့ခံစားနေရကြောင်း နားလည်လိုက်သည်။
“အဖေယန် အဆင်ပြေရဲ့လား ဘာလို့ သိပ်မကောင်းဘူး ဖြစ်နေတာလဲ”
ရှုရှင်းက ယန်မော့ကို စိုးရိမ်တကြီး ကြည့်ပြီး လက်ကို ဆန့်ထုတ်ကာ ယန်မော့၏လက်ကို ကိုင်ကြည့်သည်။ လက်က အေးနေသည်။
“အဆင်ပြေပါတယ် ကိစ္စကြီးကြီးမားမားတော့ မဟုတ်ဘူး။ ဒီအတိုင်း တစ်ခုခု လာတော့မယ်လို့ ခံစားနေရတာ”
ယန်မော့က ရှုရှင်း၏ လက်ကို သေချာပြန်ကိုင်ထားလိုက်ပြီး ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ ရှုရှင်းကို တင်းတင်းကြပ်ကြပ် ဖက်ထားပြီး ရှုရှင်း၏ပခုံးပေါ်သို့ မေးစေ့ကို တင်၏။ ရှုရှင်းထံမှ ဖျော့တော့သော ကိုယ်သင်းရနံ့ကို ရမှသာ စိတ်ဖိအားကြောင်း ခံစားရသည့် ခေါင်းကိုက်မှုက နည်းနည်း သက်သာသည်။
ယန်မော့က မျက်မှောင်ကြုတ်နေကြောင်း မြင်သောအခါ ရှုရှင်းသည်လည်း သူဟာ ခေါင်းကိုက်နေပြန်ကြောင်း သိလိုက်သည်။ သူမသည် ယန်မော့၏ ရင်ခွင်ထဲတွင် ငြိမ်ငြိမ်လေးသာ ခွေနေလိုက်ပြီးမ လှုပ်ရှားတော့ဘဲ လူသားခေါင်းအုံးလေး လုပ်ပေးလိုက်သည်။ ထို့နောက် လက်ကို ဆန့်ပြီး ယန်မော့၏ ခေါင်းကို နှိပ်ပေးသေးသည်။
“မော့ကော အရှေ့နားမှာ စွန့်ပစ်ခံထားရတဲ့သုံးထပ်ဆောင်ကြီး တစ်ခုရှိတယ်။ အဲဒီမှာပဲ သွားနေတာပေါ့”
မူချီမိုင်ကလည်း အရှေ့မှ အဆောက်အဦးကို လှမ်းမြင်လိုက်သည်။
“အင်း အဲဒီကိုပဲသွားရအောင် ဒီအနီးအနားမှာတော့အခြားနေရာ မရှိလောက်တော့ဘူး”
ပစ်မှတ်ကို အတည်ပြုပြီးသည်နှင့် မူချီမိုင်က အရှိန်နှုန်းကို မြှင့်ကာ မောင်းလိုက်သည်။
မူချီမိုင်နှင့် ပုရှန်းဝမ်တို့က ကားထဲမှ အရင်ထွက်ပြီး အပြင်ဘက်သို့ သွားစစ်သေးသည်။ မည်သည့်ဇွန်ဘီ သို့မဟုတ် အခြားသော အန္တရာယ်များ မရှိကြောင်း သေချာမှသာ ရှုရှင်းအား ယန်မော့ကို ခေါ်လာခိုင်းလိုက်၏။
ယန်မော့၏ အခြေအနေက သိပ်မကောင်းတော့ချေ။ သူသည်လည်း ကျောပိုးအိတ်ပေါ်တွင်သာ ပျင်းတိပျင်းရွဲ့ မှီနေသည်။ မျက်နှာကလည်း ပုံမှန် မဟုတ်လောက်အောင် ဖြူဆုပ်နေ၏။ ချွေးစေးများပင် စီးကျလာနေသည်။
“မော့ကောက ဘာလို့ ဒီလို ရုတ်တရက်ကြီး ဖြစ်သွားတာလဲ တစ်ခုခုများ ဖြစ်တာလား။ သောက်ကျိုးနည်း ရာသီဥတုကတော့”
အခုလိုမျိုး ယန်မော့ကို မြင်ရသည့်အခါ ပုရှန်းဝမ်ကလည်း စိုးရိမ်စိတ် များလွန်းသဖြင့် ထိုနေရာနားတွင်ပင် ရှေ့လျှောက်လိုက် နောက်လျှောက်လိုက် လုပ်နေသည်။ သူသည် စိုးရိမ်နေသည်။ သို့သော် ဘာကိုမှလည်း မတတ်နိုင်ပေ။ မူချီမိုင်က နံဘေးနားတွင် ဆောင့်ကြောင့်ထိုင်နေရင်း အတော်လေးကို စိတ်ရှုပ်နေပုံရသည်။
58 02
ရှုရှင်းက သူမ၏ နေရာလပ် စွမ်းရည်ကို အသက်သွင်းလိုက်ပြီး မှော်တုတ်တံကလည်း လက်ထဲတွင် အသင့်ပေါ်လာသည်။ ထို့နောက် ပုရှန်းဝမ် မူချီမိုင် သူမနှင့် ယန်မော့တို့ အသီးသီး၏ ပတ်ပတ်လည်တွင် အကာအကွယ် စက်ကွင်း သုံးကွင်းကို ဖန်တီးလိုက်သည်။
“စိတ်အေးအေးထားအုံး နင်တို့တွေ တိတ်တဆိတ်နဲ့ လွှမ်းမိုး ခံနေရပြီဆိုတာ သတိမထားမိဘူးလား”
ရှုရှင်း၏ အသံက ပုရှန်းဝမ်နှင့် မူချီမိုင်တို့၏ ခေါင်းပေါ်သို့ ရေခဲရေပုံးနှင့် လောင်းလိုက်သလို ဖြစ်သွားပြီး အသိပြန်ဝင်လာစေသည်။
“မရီး ကံကောင်းစွာ နဲ့ မင်းရှိနေလို့ပေါ့ အဲ့ဒီလိုမှ မဟုတ်ရင် ငါတို့ ဘာလုပ်ရမှန်းသိမှာ မဟုတ်ဘူး”
ပုရှန်းဝမ်နှင့် မူချီမိုင်တို့က ချွေးအေးများ ရွှဲသွားသည်။
ဘယ်လို စွမ်းအားက သူတို့တောင် သတိမထားမိခင် သက်ရောက်လာတာလဲးးး
ယခုလိုမျိုး သက်တောင့်သက်သာရှိစေသည့် အကာအကွယ်စက်ကွင်း၏ ခွဲခြားမှုကတဆင့် ယန်မော့၏ မျက်နှာက အရောင်နည်းနည်း ပြန်ပေါ်လာသည်။ ယခင်ကလောက် ဖြူဆုတ် မနေတော့ချေ။ အင်အားများလည်း များလာသည်။
ရှုရှင်းက နေရာလပ် နယ်မြေထဲမှ ရေစိုတဘက်ကို ထုတ်လိုက်ပြီး ယန်မော့၏ မျက်နှာကို သုတ်ပေးသည်။ သူသည်လည်း ချွေးအများကြီး ထွက်နေသောကြောင့် မသက်မသာ ဖြစ်နေပေလိမ့်မည်။ ယခုလို သုတ်ပေးမှသာ သက်သာသွားသည်။
“ဘယ်လို ခံစားရသေးလဲ သက်သာသွားလား”
“အင်း အများကြီး ကောင်းလာတယ် ကံကောင်းစွာနဲ့ငါ့ရဲ့ နံဘေးမှာ ရှင်းပေါင် ရှိနေတယ်။ လာ အနမ်းလေး ပေးပါအုံး” (စာစစ်_ ဇွန်ဘီဖျင်ကို ကိုက်ပါစေ)
ယန်မော့က ဇနီးလေး၏ ဂရုစိုက်မှုကို မွေ့လျော်သွားပြီး သူ၏ နှလုံးသားကလည်း ရေနွေးဖြင့် စိမ်လိုက်သလို နွေးထွေးသွားသည်။
“အင်း အင်း”
ရှုရှင်းကလည်း မငြင်းဆန်ပါချေ။ ယန်မော့ကို အသာမှီလိုက်ပြီး မျက်နှာကို တစ်ချက် အနမ်းကြီးကြီးပေး လိုက်သည်။ ယန်မော့ကလည်း ရှုရှင်း၏ တည့်တိုး သရုပ်ဆောင်မှုကြောင့် အတော်လေးကို မသက်မသာ ဖြစ်သွားသည်။
ယန်မော့သည်ပင် အခု သူ၏ တောင်းဆိုမှုက ရှုရှင်း၏ ငယ်ထိပ်ကို သံဖြင့် ရိုက်လိုက်သလို ဖြစ်သွားမယ် သတိမထားမိပါပေ။
ယခုလေးတင် ယန်မော့အပေါ် စိုးရိမ်ပူပန်မှုက နှလုံးသားထဲမှ အရာအားလုံးထက်ကို သာလွန်သွားသည်။ ယခုအခါ သူမ၏ ကိုယ်ပိုင် အကာအကွယ်စက်ကွင်းထဲသို့ ရောက်သွားမှသာ ယန်မော့၏ အခြေအနေက ကောင်းမွန်သထက် ကောင်းမွန်လာ၏။ ရှုရှင်း၏ စိတ်ကလည်း အခြားသော အရာများကို ပြန်တွေးနိုင်သွားသည်။
ယန်မော့၏ ပုံစံက အစပိုင်းကတည်းက ဆွဲဆောင်နိုင်ပြီးသား ဖြစ်သည်။ နုနယ်လွန်းသောဖီးနစ်မျက်ဝန်းတစ်စုံက မရေမတွက်နိုင်သော ကြယ်စင်များကို သယ်ဆောင်ထားသည်ဟု ထင်ရသည်။ သို့သော် ယခုလေးတင် ခေါင်းကိုက်မှုကြောင့် သူ၏ မျက်နှာက ဖျားနာနေသူကဲ့သို့ ဖြူဆုတ်နေသည်။ မျက်ဝန်းထောင့်ကလည်း နည်းနည်း ရဲနေ၏။ မျက်လုံးထဲတွင်ပင် ရေတစ်လွှာအုပ်နေသကဲ့သို့ပင် အရည်တလဲ့လဲ့ ဖြစ်နေသေးသည်။ ပုံမှန်ထက် အတော်လေးကို ဖျော့တော့နေသော နှုတ်ခမ်းနှင့် ပေါင်းစပ်လိုက်သောအခါ ဖျော့တော့အားနည်းသော လူချောလေးနှင့် တူသည်။
ရှုရှင်းရဲ့အတွင်းပိုင်း စိတ်လှုပ်ရှားမှုကို ဘယ်သူက နားလည်နိုင်မှာလဲ။
သူမ၏ စိတ်ထဲတွင် ဖြူကောင်က အော်ဟစ်နေပြီ ဖြစ်သည်။
ထိုကဲ့သို့သော အလှတရားကို ရင်ဆိုင်ရသည့်အခါ ရှုရှင်း၏ တပ်မက်မှု ပြည့်နှက်နေသော နှလုံးသားကလည်း လှုံ့ဆော်ခံရတော့လေသည်။ သူမကသာ နည်းနည်း ကြာကြာ တောင့်ထိန်းထားခဲ့ပြီး ထိုအလှလေးက အနမ်းတစ်ပွင့်ကို တက်တက်ကြွကြွ တောင်းဆိုလာခဲ့လျှင်မူ သေချာပေါက် လှုပ်ရှားရတော့ပေမည်။
ရှုရှင်းကလည်း တစ်ချက် နမ်းရှိုက်ပြီးသည်နှင့် ကျေနပ်သွားသည်။ ထို့နောက် ဝမ်းသာအားရရှိသော သံစဉ်ကို ငြီးရင်း ပျော်ပျော်ရွှင်ရွှင်နှင့် အလုပ်များသွား၏။ သူမက အိပ်ယာဝင်ရန် ရွက်ဖျင်တဲအတွင်းတွင် ပစ္စည်းများကို ထည့်ပြီးသည်အထိ ထိုအခြေအနေ အတိုင်းဖြစ်သည်။ ထို့ကြောင့် ရှုရှင်း၏ စိတ်အခြေအနေက မည်မျှ ကောင်းနေကြောင်း သိနိုင်သည်။
58 03
“ရှင်းပေါင် မင်းဒီလို ကြည့်ရတာ ငါမင်းကို တအားများ အေးစက်မိပြီလားလို့ ငါ သံသယဝင်လာပြီ အနမ်းတစ်ပွင့်က ဒီလောက်ထိ ပျော်စေတာလား”
ယန်မော့ကလည်း အတော်လေးကို ပျော်ရွှင်သည်ဟု အော်ဟစ် ကြုံးဝါးမတတ် ဖြစ်နေသော ဇနီးလေးကို ကြည့်ပြီး တော်တော်လေးကို ထူးဆန်းသွားသည်။
“အင်း ငါတို့ ဒီအကြောင်း ပြောမယ်ဆိုရင်တော့ ငါမအိပ်တော့ဘူး”
ရှုူရှင်းက စောင်ထဲသို့ ခပ်မြန်မြန် ဝင်လိုက်ပြီး ယန်မော့၏ နံဘေးသို့ပင် ထိုင်သည်။
“နင်ငါ့ကို နမ်းတဲ့ အချိန်တိုင်းလိုလို ငါ တိတ်တိတ်လေးခိုးပြီး ရေအေးနဲ့ ရေချိုးတာ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် ပွေ့ဖက်ပြီးတည်ငြိမ်အောင် လုပ်ရတယ်။ ငါက နင့်အပေါ် လုံလောက်အောင် မဆွဲဆောင်နိုင်သလို ခံစားရတယ်။ ငါတို့က တရားဝင် စုံတွဲတွေလေ ငါနင့်ကို ကူညီပေးနိုင်တယ်”
သူမ၏ နှလုံးသားထဲတွင် အကြာကြီး ထိန်းသိမ်းထားသော စကားကို ပြောပြီးနောက် ရှုရှင်းက ခံစားချက် ကောင်းသွားသည်။ သို့သော် ယန်မော့က ကြောင်သွားသည်။
သူသည် တစ်မိနစ်ခန့်ပင် အရှိန်ယူပြီးများမှ ရှုရှင်း၏ စကားလုံးများ၏ အဓိပ္ပာယ်ကို နားလည်လိုက်သည်။ ထို့နောက် ယန်မော့သည်လည်း ရှုရှင်းကို ကြည့်သည့် မျက်လုံး အရောင်က ရင့်သွားသည်။ ထို့နောက် ခေါင်းကို ချက်ချင်း ငုံ့လိုက်ကာ ရှုရှင်း၏ နူးညံ့ကာ ညင်သာသော နှုတ်ခမ်းကို ခပ်ကြမ်းကြမ်း နမ်းလိုက်သည်။
ထိုအနမ်းက ကြမ်းတမ်းလွန်းပြီး ပြင်းထန်လွန်းသဖြင့် ရှုရှင်းကပင် ယန်မော့က သူမကို ချက်ချင်း စားသောက်တော့မည်ဟု ခံစားလိုက်ရပြီး ခန္ဓာကိုယ်ကလည်း နူးညံ့သွားသည်။
ရှုရှင်းသည်လည်း အောက်ဆီဂျင် ပြတ်ကာ သေတော့မည်ဟု ခံစားရချိန်မှသာ ယန်မော့က လွှတ်ပေးသည်။
“ရှင်းပေါင် မင်းပဲ ငါ့ကို ကူညီချင်တယ်လို့ ပြောတာ မဟုတ်ဘူးလား ဆိုတော့ ဒီညကနေစပြီး လေ့ကျင့်သင့်တယ်မလား”
ယန်မော့၏ ပူပြင်းသော ဝင်သက်က ရှုရှင်း၏ နားရွက်ကို လာထိသည်။ သူ၏ တိုးပြီး ဩရှသော အသံနှင့် ပေါင်းစပ်လိုက်သော် ရှုရှင်းအား ကောင်းကောင်း မတွေးနိုင်အောင် ဖြစ်သွားစေသည်။
ထို့နောက် လက်ကြီးတစ်ဖက်က သူမ၏ လက်ကို လာဖိပြီး ပုံမှန်မဟုတ်လောက်အောင် ပူပြီး မာသော နေရာကို လာထိခိုင်းမှသာ ရှုရှင်းသည်လည်း လက်အောက်မှ အရာက ဘာမှန်း သိတော့သည်။ သူမ၏ မျက်နှာက ချက်ချင်းရဲတက်သွားပြီး ဦးနှောက်ကသာ မီးခိုး ထွက်နိုင်မည် ဆိုလျှင် ယခုမူ အငွေ့များထွက်နေလောက်ပြီ။
ရှုရှင်းက သူမ၏ လက်ကို ပြန်ဆွဲယူရန် ကြိုးစားသည်။ သို့သော် ယန်မော့ကလည်း သူမ လက်ကို တင်းတင်း ကိုင်ထားပြီး မလွှတ်ပေးပေ။
“ရှင်းပေါင် မင်းပဲ ငါတို့က တရားဝင် စုံတွဲဆိုတော့ ငါ့ကို ကူညီပြီး ဖြေရှင်းပေးတာက ပုံမှန်ပဲလို့ ပြောတာက မင်းမဟုတ်ဘူးလား။ မင်းက ပြောရုံပဲပြောတာ။ တကယ် မလုပ်ရဲဘူးပေါ့လေ ဘယ်လို ဖြစ်တာလဲ”
ယန်မော့၏ ရှုရှင်း၏ စကားကို ရန်လိုစိတ်အပြည့်နှင့် ဖိပြောပြီး ရန်စလာသောအခါ ကောင်မလေးကလည်း ငါးစာကို ဟပ်သည်။
“ဘယ်သူက မလုပ်ရဲဘူးပြောလဲ”
ရှုရှင်း၏ မက်မွန်ပုံ မျက်ဝန်းကလည်း အနမ်းကြောင့်အရည်လဲ့နေပြီး အပြည့်အဝပင် မသက်သာသေးပေ။ သူမ၏ မျက်နှာလေးက ရန်စမှု အပြည့်ဖြင့် မော့လာသောအခါ အလွန်အမင်း ချစ်စရာ ကောင်းလေသည်။
“အို …ဒါဆိုရင်လည်း သခင်မကိုပဲ ဒုက္ခပေးရတော့မယ်”
ယန်မော့ကလည်း သူ၏ စိတ်ဆန္ဒကို ထိန်းချုပ်ရန် မကြိုးစားတော့ဘဲ နူးညံ့မှုကိုသာ ထပ်ခါတလဲလဲ ဖမ်းယူရန် ကြိုးစားတော့သည်။
ညတာက အလွန်ရှည်သည်။
******