အခန်း ၅၉
Vol. 6 Ch. 59
59 01
အပိုင်း (၅၉) သလင်းအမြူအတေ
ညသန်းခေါင်ပြီးနောက် တစ်ချိန်လုံး ထိန်းထားသော မိုးက ဆက်တိုက်ဆိုသလို ရွာကျလာကာ တစ်လောကလုံးက အမိန့်တစ်ခုတည်းကို ရလိုက်သည့်အလား တစ်ကမ္ဘာလုံးအနှံ့ ဝိုင်းအုံကာ ကျတော့သည်။
ယခုလို အခြေအနေမျိုးတွင်သာအပြင်ဘက်သို့ ကြည့်လိုက်မည် ဆိုလျှင် အပြင်ဘက်တွင် အကာအကွယ်မရှိဘဲ သွားလာနေသော ဇွန်ဘီများက ခေါင်းကို မော့ပြီး ထိုမိုးရည်ကို အငမ်းမရ စားသောက်နေကြောင်း မြင်ရပေလိမ့်မည်။
“ကောင်းကင်က ကြည်လင်တယ် မိုးကလည်း ရပ်သွားပြီ ငါတော့ အဆင်ပြေသွားပြီလို့ ထင်တယ်”
ပုရှန်းဝမ်က အပြင်ဘက်မှ လတ်ဆတ်သောလေကို ရှူရှိုက်လိုက်သည်။ မနေ့က သည်းမခံနိုင်သောခံစားချက်များကလည်း အများကြီး သက်သာသွားသည်။
“ကောင်းကင်က အခုကြည်နေပြီ မိုးကလည်း အခု ရပ်သွားပြီ ဆိုတော့ မင်း ယားယံလာပြီ ထင်တယ်”
မူချီမိုင်က ပုရှန်းဝမ်၏ ခေါင်းအနောက်ဖက်ကို ရိုက်ရင်း ပြောလိုက်သည်။
“မြန်မြန်လုပ် မြန်မြန်စားပြီးသွားမယ်”
မနေ့က ရှုရှင်း၏အကာအကွယ်စက်ကွင်းကြောင်း မကောင်းသော စွမ်းအင်များက သူတို့အပေါ် မသက်ရောက်ခဲ့သည့်အတွက် ကျေးဇူးတင်ရပေမည်။
ဒီမနက်တွင် ရှုရှင်းက ပုံမှန်လောက် အင်အားတက်ကြွနေခြင်း မရှိပေ။ ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကလည်း ရှုရှင်းက မနေ့ညက အင်အားအများကြီး ထုတ်သုံးထားသောကြောင့် နည်းနည်းပင်ပန်းနေသည်ဟုသာ ထင်လိုက်ပြီး ထုပ်ပိုးမည့် တာဝန်ကိုပင် လွဲပြောင်းယူပေးကြသည်။
ပုရှန်းဝမ်နှင့် မူချီမိုင်တို့၏ စိုးရိမ်မှုကို ရင်ဆိုင်ရသောအခါ ရှုရှင်းကလည်း အပြစ်ကင်းစင်စွာသာ ပြုံးနေလိုက်သည်။ ထို့နောက် နံဘေးမှ တရားခံကို တည်ငြိမ်စွာ လှည့်ကြည့်သည်။
သို့သော် တရားခံကမူ ပင်ကိုယ် အသိစိတ်မရှိပေ။ သူမ၏ အင်အားကုန်ခမ်းနေမှုက သူနှင့်မသက်ဆိုင်သည့် အလားပါပေ။ သူသည်လည်း ပုံမှန်အတိုင်းသာ ပြုမူပြီး ရှုရှင်းကိုပင် ဆန်ပြုတ် တစ်ဇွန်းပြီး တစ်ဇွန်း ခွံလေသည်။
“ဟင် ငါအခုလို တက်တက်ကြွကြွ မရှိတာ နင့်အမှားပဲ”
“ဟုတ်ပါတယ် ဟုတ်ပါတယ် ကိုယ့်ကို အပြစ်တင်ပါ ကိုယ်မှားတာပါ။ ပါးစပ်လေး ဟပါအုံး အာ…”
မနေ့ညက ပထမဦးဆုံးအကြိမ် ကြိုးစားပြီးနောက် သူမ၏လက်က ကျိုးမတတ် ဖြစ်သွားသည်။ သို့သော် ယန်မော့ကမူ မလွှတ်ပေးသေးဘဲ မကျေနပ်နိုင်ဖြစ်နေသည်။ ထို့ကြောင့် ဒုတိယ တစ်ခေါက်ပင် ဖြစ်လာသေးသည်။
သူမသည်ပင် သူမ၏ မတွန်းလှန်နိုင်ဆုံးသော အလှတရားကို သုံး၍ ဖြားယောင်းခဲ့ရသည်။ သည်းမခံနိုင်ဆုံးသော ကိစ္စကမူ သူမကလည်း အလှတရားကို မတွန်းလှန်နိုင်ခြင်း ဖြစ်သည်။
ရလဒ်အနေဖြင့် ဒီမနက် နိုးလာသောအခါ လက်များက ကြိမ်းကိုက်နေသည်။ ရှုရှင်းကလည်း ယန်မော့က ခွံ့သည့် ပေါက်ဆီကို တစ်ချက် ကိုက်ခဲလိုက်ပြီး အသားကုန် ဝါးစားနေလိုက်သည်။ သူမက ထိုသို့ ဝါးစားနေရင်း ယန်မော့ကို ကြည့်နေသောပုံစံအရ ရန်မော့ကို ကိုက်ဆွဲချင်နေပုံရသည်။
သူတို့က ထွက်ခွာပြီး သိပ်မကြာခင်မှာတင် ဇွန်ဘီ ဆယ်ကောင်ကျော်နှင့် ဆုံသည်။
“ဟင် ဒီကောင်တွေက ပိုပြီး ဖြတ်လတ်လာပါလား။ တောင့်တင်းတာတွေ တရွတ်ဆွဲတာတွေလည်း မရှိတော့ဘူးဆိုတော့ မနေ့ကထက် အများကြီး မြန်လာတယ်”
59 02
ရှုရှင်းက ပြတင်းပေါက်နားကတဆင့် အပြင်ဘက်ကို လေ့လာကြည့်ရင်း ပြောသည်။
“အင်း သူတို့ တော်တော်လေးတော့ ဖြတ်လတ်လာတယ်။ သူတို့ရဲ့လှုပ်ရှားမှုတွေကလည်း သာမာန်လူတွေနီးပါးပဲ။ သူတို့ဘာကြောင့် တစ်ရက်တည်းနဲ့ဒီလောက် ပြောင်းလဲလာလဲတော့ မသိဘူး”
မူချီမိုင်ကလည်း လေဓားကို သုံးကာ အနားကပ်လာသည့် ဇွန်ဘီ တစ်ကောင်၏ ခေါင်းကို ခွဲလိုက်သည်။
တစ်စက္ကန့်ခန့်တန့်သွားပြီး မနေ့ကနှင့် ခြားနားနေကြောင်း မြင်လိုက်ကာ အော်သည်။
“မနေ့ကမိုး…”
“ကြည့်ရတာ အဲဒီမိုးက သူတို့ကို ဆင့်ကဲ ပြောင်းလဲသွားစေတာ။ ရှန်းဝမ် ကားကို လမ်းဘေးမှာ ရပ်အုံး။ တစ်ချက် ဆင်းပြီး ကြည့်ရအောင်”
ယန်မော့က ယာဉ်မောင်ခုံ အနောက်ဖက်ကို လှမ်းရိုက်သည်။
လူလေးယောက်လုံးက ကားပေါ်က ဆင်းလိုက်ပြီး ဇွန်ဘီ ဆယ်ကောင်ကျော်ကို ကိုင်တွယ်လိုက်သည်။
ယန်မော့သည်။ ကားနောက်ဖုံးထဲမှ ဓားရှည်ကို ထုတ်ကာ ဦးနှောက်များကို သွားဖွင့်ကြည့်သည်။ အောင်မြင်စွာပင် သလင်းပုံသဏ္ဍာန် အမြူအတေများကို မြင်ရသည်။
ယန်မော့က ဓားဖြင့် ကောက်ယူကာ ရေခဲရေဖြင့် ဆေးပြီးနောက် ကြည့်လိုက်သည်။
ယခုအခါ သူတို့သည်လည်း ထိုသလင်း အမြူအတေ၏ ပုံစံ အပြည့်အဝကို မြင်လိုက်ရပြီ ဖြစ်သည်။ အရောင်က မြူဆိုင်းနေသော အဖြူရောင်မျိုး ဖြစ်သည်။ မျက်နှာပြင်ကလည်း မညီညာပေ။ မည်သည့်အရာကမှ ထူးဆန်နေသည်ဟု မခံစားရပါပေ။
“မနေ့က မိုးထဲမှာ သူတို့ လိုအပ်တဲ့ စွမ်းအင် တွေ ပါလိမ့်မယ်။ ဒါကြောင့် သူတို့ က ဒီသလင်း အမြူအတေကို အောင်အောင်မြင်မြင်နဲ့ သိပ်သည်းသွားနိုင်စေခဲ့တာ။ ငါ့ရဲ့ စိတ်စွမ်းအားကလည်း ဒီထဲမှာ ပါဝင်နေတဲ့ စွမ်းအင်တွေက ငါတို့ရဲ့ခန္ဓာကိုယ်ထဲက စွမ်းအင်နဲ့ အရမ်းတူတာကို ခံစားမိတယ် ဆိုတော့ ငါတို့ သဘာဝလွန်စွမ်းအားအတွက် သုံးလို့ရလောက်တယ်။ ဇွန်ဘီတွေကို သတ်ပြီးတဲ့ နောက်မှာ သလင်းအမြူအတေတွေကို ထုတ်ကြတာပေါ့”
ယန်မော့ကလည်း ထိုအမြူအတေကို တစ်ချက် ပွတ်သပ်ပြီးနောက် မျက်လုံးကို မှိတ်ကာ အတွင်းမှ စွမ်းအားကို ခံစားကြည့်ရင်း ပြောသည်။
“ဒါက သလင်း အမြူအတေပဲငါ။ အရင်က ဝတ္ထုထဲမှာပဲ မြင်ဖူးတာ တကယ်ရှိနေတယ်ပေါ့”
ရှုရှင်းကလည်း သလင်းအမြူအတေကို လာကြည့်ရင်း သိချင်စိတ် ပြင်းပြနေသည်။
မူလ ဝတ္ထုထဲတွင် သလင်း အမြူအတေကို အထူးတလည် မဖော်ပြထားချေ။ မည်သည့် စွမ်းအားမှ မရှိသော သလင်းအမြူအတေက နို့နှစ်ဖြူရောင် ဖြစ်ကြောင်း၊ စွမ်းအင်ရှိသောအရောင်မျိုးက အမျိုးမျိုးသော ရောင်များ ဖြစ်ကြောင်း ပြောလေသည်။ သို့သော် မည်သည့် စွမ်းအားမှ မရှိသာ သလင်းဖြူရောင် အမြူအတေကို လူတိုင်းက သုံးနိုင်သည်။ အနီကမူ မီးစွမ်းအားဖြစ်သည်။ အစိမ်းက သစ်သားဖြစ်ပြီး အပြာရောင်က ရေဖြစ်သည်။ အဝါက မြေသားစွမ်းအား ဖြစ်ကာ လိမ္မော်ရောင်က ရွှေဖြစ်သည်။ ခရမ်းရောင်ကမူ မိုးကြိုးဖြစ်၏။ မိုးပြာရောင်ကမူ လေဖြစ်သည်။ ကြည်လင်နေသောအရာ ရေခဲဖြစ်ပြီး ပန်းရောင်က စိတ်စွမ်းအား ဖြစ်သည်။
ဇွန်ဘီများ၏ အဆင့်က မြင့်လေလေ အတွင်းတွင် သယ်ဆောင်ထားသော စွမ်းအားကလည်း မြောက်များလေလေဖြစ်သည်။
စိတ်စွမ်းအား ပညာရှင် တစ်ယောက်က သူတို့၏ စွမ်းအားနှင့်ကိုက်ညီသော သလင်း အမြူအတေကို စုတ်ယူမည် ဆိုပါက သူတို့၏ စွမ်းအား တိုးတက်နှုန်းက ပို၍ မြန်ဆန်သည်။ စုပ်ယူထားသော စွမ်းအားများကြောင့်လည်း ပို၍ သန့်စင်သွားနိုင်သေးသည်။ သို့ရာတွင် စွမ်းများ၏ သလင်အမြူအတေများက မည်သည့် စွမ်းအားမှ မရှိသော သလင်း အမြူအတေများထက် ပို၍ ရခဲသည်။ စိတ်ဝိဉာဉ်စွမ်းအားနှင့် နေရာလပ် စွမ်းအားတို့ကဲ့သို့သော သလင်း အမြူအတေများ ဆိုလျှင် ပို၍ပင် ရှားသေးသည်။
59 03
ထိုအချက်ကြောင့်လည်း စိတ်စွမ်းအားပညာရှင်နှင့် နေရာလပ် စွမ်းအား ပညာရှင်များက အဆင့်တက်ခဲခြင်း ဖြစ်သည်။ အခြားသော သူများကမူ ထိုသူများက အသုံးမကျဟု ထင်ကြ၏။
နောက်ပိုင်း အဆင့်မြင့် စိတ်စွမ်းအား ပညာရှင်များ ပေါ်ထွက်လာမှသာ လူတိုင်း၏ စိတ်က ကွဲကြေသွားရသည်။
သူတို့သည်လည်း ထိုဇွန်ဘီများ၏ ခေါင်းထဲမှ အမြူအတေများကို ထုတ်ယူလိုက်သည်။ သို့သော် မည်သည့် တစ်ခုကမှ အခြားစွမ်းအားများ မပါဝင်ခဲ့ချေ။
ထိုသလင်းအမြူအတေများကို ဦးနှောက်ထဲမှ ရရှိသည်။ ရှုရှင်းတို့ကလည်း ထိုနည်းလမ်းအတိုင်းပင် လုပ်ကာ ကားကို မကြာခဏ ရပ်ရင်း ဇွန်ဘီများကို ရင်ဆိုင်တတ်သည်။ အားလုံးကို ချက်ချင်းသတ်သည်။ သတ်ပြီးသည်နှင့် အမြူအနေကို ထုတ်သည်။ ထို့နောက် နောက်ထပ် တစ်နေရာသို့ သွားသည်။
ရှုရှင်းနှင့်ပုရှန်းဝမ်က အလွန်စိတ်လှုပ်ရှားနေသောကြောင့် ဖြစ်လောက်သည်။ ယန်မော့က ရှုရှင်းကို အလိုလိုက်ပေးသည်။ မူချီမိုင်က ရှုရှင်း၏ စကားကို နားထောင်သည်။ ရလဒ်အနေဖြင့် သူတို့သည် တစ်နေ့လုံး ဇွန်ဘီများနောက်ကိုသာ လိုက်နေကြသည်။
ဇွန်ဘီများတွင်သာအ တွေးရှိမည် ဆိုလျှင် သေချာပေါက် အော်လောက်သည်။
“မလာနဲ့တော့ မလာနဲ့တော့ ငါ့နားမကပ်နဲ့”
“367 368 369 …479, 480”
ထိုညနေပိုင်းတွင် ရှုရှင်းနှင့်ပုရှန်းဝမ်တို့ကလည်း ဒီနေ့ ရရှိခဲ့သော ရိက္ခာများကို ပျော်ရွှင်စွာ ရေတွက်သည်။
“ဝိုး ငါတို့ ဘာအခြေပြုစွမ်းအားမှ မရှိတဲ့သလင်း အမြူအတေ 480 တောင် ရထားတာပဲ။ နောက်ပြီး မီး အခြေပြု စွမ်းအားအမြူအတေက ငါးခု၊ လေအမျိုးအစားက သုံးခု၊ ရေက သုံးခု၊ သစ်သားက တစ်ခု၊ မြေက တစ်ခုရတယ်”
ရှုရှင်းကလည်း ယန်မော့၏ လက်မောင်းကို ပျော်ရွှင်စွာ လှုပ်ခါရင်း စိတ်လှုပ်ရှားစွာ ပြောသည်။
“အင်း တော်တယ် တော်တယ်၊ မီးနဲ့ လေကိုတော့ ရှန်းဝမ်နဲ့ ချီမိုင်က ယူလိုက်၊ ကျန်တဲ့ အခြေပြုစွမ်းအားတွေကိုတော့ ဒီသေတ္တာထဲကို ထည့်ထားလိုက်အုံး၊ နေရာလပ် နယ်မြေထဲကို ထည့်ထားမယ်၊ အခြေစိုက်စခန်းတွေ တစ်ခုပြီးတစ်ခု တည်ဆောက်ပြီးတဲ့အခါ ငါတို့ ဒါတွေကို အခြားသူတွေနဲ့ အသုံးလိုတာတွေ လဲလို့ရတယ်လေ၊ အခြေပြုစွမ်းအား မရှိတဲ့ ဟာတွေကိုတော့ အညီအမျှခွဲတာပေါ့”
ယန်မော့က ရှုရှင်း၏ မျက်နှာလေးကို အသာညစ်ရင်း ပြောသည်။
“မရဘူး”
“မလုပ်ဘူး”
ပုရှန်းဝမ်နှင့် မူချီမိုင်တို့က ချက်ချင်း ငြင်းသည်။ သူတို့က တစ်ယောက်ကို တစ်ယောက်ကြည့်သည်။ နှစ်ယောက်လုံးက အတွေးတူနေကြောင်း သိလိုက်သည်။
“ဘာဖြစ်လို့လဲ”
ရှုရှင်းကပင် နည်းနည်း စိတ်ရှုပ်သွားသည်။ မည်သည့်အတွက်ကြောင့် ထိုသို့ ပြင်းထန်စွာ တုံပြန်ကြောင်းနားမလည်တော့ပေ။
“မင်းတို့ ဘာအခြေပြု စွမ်းအားမှ မရှိတဲ့ အမြူအတေတွေကို ငါတို့ကို ခွဲပေးစရာ မလိုပါဘူး၊ ငါကဆိုရင် မီးစွမ်းအား အခြေပြု အမြူအတေ ငါးခုတောင် ရထားတာ”
ပုရှန်းဝမ်က ငြင်းသည်။
“ချီမိုင် မင်းကလည်း အဲ့ဒီလို တွေးတာလား”
ယန်မော့ကလည်း မူချီမိုင်ကို ကြည့်သည်။
“အင်း”
ယန်မော့က ထရပ်လိုက်ပြီး ထိုနှစ်ယောက်လုံး၏ ခေါင်းကို သွားခေါက်သည်။ မူချီမိုင်နှင့်ပုရှန်းဝမ်တို့က ကြောင်သွားသည်။
“နောက်တစ်ခေါက် မင်းတို့ နှစ်ကောင် ဒီလို ပေါက်ကရတွေ လာပြောမယ်ဆိုရင် ငါမင်းတို့ကို ရိုက်တယ်ဆိုပြီး လာမပြောနဲ့နော်၊ အသိဝင်သွားအောင် ရိုက်ပေးရလိမ့်မယ်။”
ထိုနှစ်ယောက်က တောက်လျောက် အရိုက်ခံနေရပြီးနောက် ယန်မော့က ထပ်ဆူသည်။
“မော့ကော … ငါတို့ မှားပါတယ် ငါတို့ သိပါပြီ”
ယန်မော့၏ လေသံထဲမှ လေးနက် တည်ကြည်မှုနှင့် အေးစက်မှုကို ခံစားမိသောအခါ ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကလည်း သူတို့၏ အမှားကို ချက်ချင်းသိလိုက်ကာ အမှားကို ချက်ချင်း ဝန်ခံသည်။
******