အခန်း ၆၀
Vol. 6 Ch. 60
60 01
အပိုင်း (၆၀) အရေအတွက်
ကျန်သော အခြေပြုစွမ်းအားနှင့် အမြူတေများအားလုံးက ရှုရှင်းနှင့် ယန်မော့တို့ အပိုင် ဖြစ်သည်။ ထိုအခါမှသာ ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကလည်း သလင်းအမြူအတေများကို အညီအမျှခွဲရန် ဆုံးဖြတ်လိုက်ကြသည်။
ရှုရှင်းနှင့် ယန်မော့တို့က အခြားအခြေပြုစွမ်းအားသုံးသလင်း အမြူအတေများကို မလိုအပ်သော်လည်း နောက်ပိုင်းတွင် လိုအပ်လျှင် လဲလှယ်၍ရသည်။ သို့မဟုတ်လျှင်လည်း အခြေစိုက်စခန်းသုံး ငွေကြေးအဖြစ် လှည့်ပတ်သုံးနိုင်သေးလေသည်။
ပုံမှန်နေ့ရက်များအတိုင်း အိပ်ချိန်ရောက်နေသည်။ သို့သော် ဒီနေ့ကမူ မည်သူကမှ ရွက်ဖျင်တဲအတွင်း မဝင်ကြသေးပေ။
ဇွန်ဘီအမြူအတေများကို လတ်လတ်ဆတ်ဆတ် ရထားပြီးသည့် အလျောက် အားလုံးကလည်း အကျိုးသက်ရောက်မှုကို သိရရန် အသုံးပြုရန် မစောင့်နိုင်ကြတော့ချေ။
ယန်မော့က သလင်းအမြူအတေ တစ်ခုကို ယူပြီး စုပ်ယူကြည့်သည်။
သလင်း အမြူအတေက ယန်မော့၏ ဖျော့တော့ကာ အရိုးထင်းသောလက်ထဲတွင် အသာလေး ဖြစ်ညှစ်ခံရသည်။ လက်က နည်းနည်း တင်းသွားသောအခါ သွေးကြောများကပင် ထောင်တက်လာသည်။ အလင်းရောင်အောက်တွင် လက်တစ်ခုလုံးက ဖော်ပြရန် ခက်ခဲလောက်အောင်လှသည်။
ရှုရှင်း၏ အကြည့်က အလိုလျောက်ပင် လက်ဆီရောက်လာသည်။ သူမကလည်း လက်အလှကြိုက်သော သူမျိုး မဟုတ်ပါပေ။ သို့သော် မမျှော်လင့်ထားစွာပင် ထိုလက်က အမှန်တကယ် လှသည်ဟု ခံစားလိုက်ရသည်။
သာမာန် မြူဆိုင်းသော အဖြူရောင် သလင်း အမြူအတေက ထိုလက်နှင့် ယှဉ်သောအခါ ဆန့်ကျင်ဘက်ကဲ့သို့ ဖြစ်သွားသည်။ ရှုရှင်းသည်လည်း နာမည်ကျော် ရတနာ ဘရမ်းကြီးများ မိုဘိုင်းဖုန်းများ အခြားသော ပစ္စည်း ကြော်ငြာများက လက်မော်ဒယ်များကို ငှားကြကြောင်း ချက်ချင်း နားလည်သွားသည်။ လှပသော လက်တစ်စုံက ပစ္စည်း၏ ဆွဲဆောင်မှုကို အများကြီး မြှင့်တင်ပေးနိုင်သည်။
ဒါပေမဲ့ ဘာလို့ ယန်မော့ ကိုင်ထားတာကို ခံရတဲ့ သလင်း အမြူတွေကိုသွားပြီး မနာလို ဖြစ်နေတာလဲ။
သူမသည် ရုတ်တရပ် သလင်းအမြူအတေ၏ နေရာသို့ ဝင်ချင်သွားသည်။ ထိုသို့ တွေးမိလိုက်သော် ရှုရှင်း၏ အတွေးများက စတင်ကာ လမ်းကြောင်းမှားသည်။ မည်သို့ပင် ဖြစ်မှန်းမသိ သူမသည်လည်း စတင်ကာ ပုံဖော်တွေးတောကြည့်နေ၏။ ယန်မော့က လက်က သူမ၏ ကိုယ်ကို ….
ရှုရှင်း၏ ရင်ခွင်ထဲတွင် ခွေနေသော ရှောင်ပိုင်ကလည်း သခင်ဖြစ်သူက အသာပုတ်ပေးနေသော ပွတ်သပ်မှုကို သာယာနေခြင်း ဖြစ်သည်။ သက်တောင်သက်သာ ရှိလွန်းသဖြင့် အိပ်ပင် ပျော်တော့မည် ဖြစ်သည်။ သို့သော် ရုတ်တရက် သခင် ဖြစ်သူ၏ လက်က အလှုပ်ရပ်သွားသည်။ ရှောင်ပိုင်ကလည်း လက်ကလေးကို ဆန့်ထုတ်ကာ ရှုရှင်း၏ ပေါင်ကိုတို့ပြီး ဆက်ပုတ်ခိုင်းသည်။
ရှောင်ပိုင်က လာတို့မှသာ ရှုရှင်းကလည်းအသိပြန်ဝင်တော့သည်။
သူမယခုလေးတင် တွေးလိုက်မိသောအရာကို ပြန်တွေးမိသောအခါ ရှုရှင်း၏ မျက်နှာကလည်း ရှက်ရွံ့မှုဖြင့် နီရဲသွားပြီး စိတ်ထဲတွင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သည်။
နင်ပြောစမ်း ဟမ် နင်နေ့တိုင်းလိုလို ဆာလောင်ပြီး ခါးသီးနေတာများလား …ဘယ်လိုကြောင့် ဒါတွေကို နေ့တိုင်းတွေးနေတာလဲ။
ဒီလိုသာဆိုရင် အနာဂတ်မှာ ဘယ်လိုများလုပ်ရပါတော့မလဲ။
လက်စသတ်တော့ လူတွေက စိတ်အခြေအနေ အမျိုးအစား ပေါင်းစုံ ဖြစ်နိုင်တာပဲ။ သူမက အခုတော့ တပ်မက် အာသီသ ဖြစ်စိတ်ကိုပဲ သိတဲ့ လူဖြစ်သွားပြီ။
60 02
ရှုရှင်းကလည်း နေရာလပ် နယ်မြေထဲမှ တက်ဘလက်ကို ထုတ်လိုက်ပြီး လျှပ်စစ်သစ်သားငါးကိုသာ ကစားနေလိုက်သည်။
ထိုသစ်သားငါးလေးကို တဒုန်းဒုန်း ခေါက်နေပြီး စိတ်ထဲတွင်လည်း ဂါထာကို ရွတ်ဖတ်နေလိုက်ပြီး သူမ၏ အတွေးများကို ထိန်းရသည်။
ယန်မော့က သလင်းအမြူအတေထဲမှ စွမ်းအင်ကို အပြည့်အဝ စုတ်ယူပြီးနောက် မျက်လုံးကို ပြန်ဖွင့်လိုက်သောအခါ သူ့ကို ကျောပေးထားသော ဇနီးလေးဖြစ်သူကို မြင်ရသည်။ ဇနီးလေးက မျက်လုံးကို မှိတ်ပြီး လက်ထဲမှ တက်ဘလက်ကို တတောက်တောက် ရိုက်နေသည်။ ပါးစပ်ကလည်း တစ်စုံတစ်ရာကို ရွတ်နေသေးသည်။ အလွန်အမင်းကို ချစ်စရာကောင်းသည်။
“ရှင်းပေါင် မင်းဘာလုပ်နေတာလဲ”
ယန်မော့က ရှုရှင်း၏ အနောက်နားတွင် ရပ်ကာ ရုတ်တရပ် ထုတ်ပြောလိုက်ခြင်းက ကိုယ်ပိုင် လောကထဲတွင် အာရုံနစ်မြောနေသော ရှုရှင်းကို လန့်သွားစေသည်။
“အား….”
ရှုရှင်းက ခပ်တိုးတိုး ထအော်သည်။ လန့်သွားပြီး… လက်ထဲမှ တက်ဘလက်ကိုပင် လွှင့်ပစ်မိသွားသည်။ ကံကောင်းစွာပင် ယန်မော့က လိုက်ဖမ်းလိုက်သည်။
“နင်ငါ့ကို သေအောင် ခြောက်နေတာပဲ ဘာလို့ ရုတ်တရက်ကြီး စကားထပြောတာလဲ”
ရှုရှင်းက ရင်ဘတ်ကို အုပ်နေရင်း အခုန်နှုန်း မြန်ဆန်သွားသော နှလုံးသားကို တည်ငြိမ်အောင် လုပ်သည်။ ထို့နောက် ယန်မော့ ရင်ခွင်ထဲသို့ မှီသည်။
“ကလေးလေး ငါ ခြောက်မိသွားတာလား ငါ့အမှားပါ”
သူသည် ယခုလေးတင် ဖမ်းလိုက်ပြီးကာစ တက်ဘလက်ကို အောက်ပြန်ချလိုက်ပြီးသည်နှင့် ယန်မော့က နုနယ်ကာ နူးညံ့သော ခန္ဓာကိုယ်လေးကိုသာ ပွေ့ဖက်လိုက်ပြီး ရှုရှင်း၏ ခေါင်းလေးကိုသာ ငုံ့နမ်းသည်။
“သလင်း အမြူအတေကို စုပ်ကြည့်တာ ဘယ်လို ခံစားရလဲ”
ရှုရှင်းကလည်း ခေါင်းကို လှည့်ကြည့်ရန် ပျင်းနေသည်။ ထို့ကြောင့် ခေါင်းကိုသာ အနောက်ဖက်သို့လှန်မော့လိုက်ပြီး တဖျတ်ဖျတ် လက်နေသော မျက်လုံးမျိုးဖြင့် ယန်မော့ကို မေးသည်။
“ငါ့ရဲ့ စွမ်းအားနည်းနည်း တိုးလာတယ် အခု သိပ်သည်းပြီးကာစ အမြူအတေက အဆင့် သိပ်မမြင့်ဘူး။ ငါ့ရဲ့ စွမ်းအားက အဆင့်နှစ်ကို တက်နေပြီးသားလေ။ ငါ့အတွက်က တစ်လုံးကို စုပ်ယူတာလောက်ကတော့ မသိသာလောက်တော့ဘူး”
ယန်မော့ကလည်း ရှုရှင်း၏လက်ချောင်းလေးနှင့် ကစားနေရင်း သူမ၏ မေးခွန်းကို ဖြေပေးသည်။
“အင်း ဒါဆိုရင်လည်း ငါ ခဏနေမှ စုပ်ယူကြည့်အုံးမယ်။ ဒါပေမဲ့ ငါ ဒါတွေကိုတော့ တတိယ အလွှာထဲကို ထည့်ထားမှ ဖြစ်မယ်။ ဘယ်လောက်လောက် ဖြစ်သွားလဲဆိုတာ ကြည့်ရမယ်လေ”
“အင်း ရတယ်လေ”
ရှုရှင်းက ခပ်မတ်မတ် ထထိုင်ပြီး သလင်းအမြူအတေ တစ်လုံးကို ထုတ်ကာ နေရာလပ်နယ်မြေ၏ တတိယအလွှာသို့ထည့်ကြည့်သည်။
ထိုသလင်းအမြူအတေကို ထည့်လိုက်သည်နှင့် စုပ်ယူပြီးနောက် တိုးတက်မှုကို ပြသသည့် ဘားတန်းကဲ့သို့သော အတန်းမျိုးက ပေါ်လာသည်။ သုညပေါင်းများစွာ ရှိသည့်နေရာမှ တစ်နေရာက ပြောင်းသွားသည်။
(0/1000000) မှ (1/1000000) ဖြစ်သွားသည်။
60 03
ရှုရှင်းက လက်မလျော့လိုသေးပေ။ ထို့ကြောင့် ရေအခြေအပြု သလင်း အမြူအတေ တစ်လုံးကို ထုတ်ကာ ထည့်ပေးကြည့်၏။ ဂဏန်းက 10 ဖြစ်သွားသည်။
သူမက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်လည်း ယခုလို သေးငယ်သည့် တိုးတက်မှုကြောင့် နှလုံးရောဂါရမတတ် ဖြစ်သွားသည်။
ကမ္ဘာကပ်ဘေးမှ မဟာ နည်းပညာမြင့် လုံခြုံမှု အခြေစိုက် စခန်းကြီးကို ဖွင့်လိုလျှင် စွမ်းအင် အမြောက်အများ လိုအပ်သည်။ အဆင့်မြင့် အမြူအတေ ဖြစ်မှသာ အဆင်ပြေနိုင်လောက်သည်။ လက်ရှိပထမ အဆင့် ဇွန်ဘီ အမြူအတေကို အခြေခံ ကြည့်ရုံဖြင့်တင် တစ်လုံးကို တစ်မှတ်သာလျှင် တက်နေလေရာ အဆင်မပြေနိုင်ပေ။ အခြားသော အခြေပြုစွမ်းအားအမြူအတေများဆိုလျှင်မူ တစ်ခုကို ဆယ်မှတ်တက်သည်။ သို့တိုင်အောင် ပမာဏာ အများကြီး ကုန်ကျနိုင်သေး၏။ သိန်းကျော်သန်းကျော်ပင် ဖြစ်နိုင်သည်။
ဘယ်လောက်တောင် များလိုက်တဲ့ပမာဏလဲ…
ဆိုလိုသည်မှာ သူမသည် ဇွန်ဘီသိန်းကျော် သန်းကျော်ခန့်ကို သတ်ရပေမည်။
ဒါဆိုရင် ဘယ်လောက်တောင် ကြာမှာလဲ…
“ခရီးက အဝေးကြီးပဲ ကြည့်ရတာ ဒီလုံခြုံမှု အခြေစိုက်စခန်းက ကြီးမားတဲ့ ပိုက်ဆံစားတဲ့ သားရဲကောင်ကြီးလိုပဲ ငါတို့ရဲ့ ဈေးနည်းတဲ့ မိသားစုကို အခြေအနေကို ပိုဆိုးအောင် လုပ်နေတယ်”
ရှုရှင်းကလည်း ယန်မော့အား ထိုအခြေအနေ အကြောင်းကို ပြောပြသည်။ ရှုရှင်းက အင်အားများ ကုန်ခမ်းသွားသော မှင်စာလေးနှင့်တူပြီး ယန်မော့၏ ရင်ခွင်ထဲသို့ အသက်မဲ့စွာ လဲချသည်။ သိသာစွာပင် သူမကလည်း မြောက်များလွန်းသော ဇွန်ဘီ အမြူအတေ ပမာဏကြောင့် မှင်သက်သွားခြင်း ဖြစ်သည်။
“ယောက်ျား ယောက်ျားက ဘာလို့ မအံ့ဩတာလဲ”
ယန်မော့က အံ့ဩပုံမရသောအခါ ရှုရှင်းကပင် ယန်မော့ ရင်ခွင်ထဲတွင် ကွေးနေရင်းမှ ခပ်အုပ်အုပ် ပြောသည်။
“မင်းရဲ့ နေရာလပ် နယ်မေထဲက တတိယ အလွှာက အဲဒီ လုံခြုံမှု အခြေစိုက် စခန်းဆိုတာရဲ့ နာမည်ရဲ့ မိတ်ဆက်ကတင် တော်တော်လေးကို ဈေးကြီးပြီး ထူးဆန်းမယ်ဆိုတာကို သိနိုင်တယ်။ ဆိုတော့ ဇွန်ဘီ သလင်း အမြူအတေ သိန်းကျော်နဲ့ လဲလှယ်တာက တန်တာပဲလေ။ ဒါက ငါတို့ မျှော်လင့်ထားတဲ့အ တိုင်းပဲ”
“ငါတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကလည်း သေချာပေါက် အကျိုး အမြတ် ပြန်ရမှာ အခြေစိုက်စခန်းကို ဖွင့်ဖို့ လိုအပ်တဲ့ ဇွန်ဘီ ပမာဏ အရေအတွက်က ဇွန်ဘီအကောင်အရေအတွက် အမြောက်အများလိုအပ်တယ်ရယ်လို့မှ မဟုတ်တာ ငါတို့ရဲ့ တိုင်းပြည်က လူတွေ ဘယ်လောက်များများ ရှိမယ်လို့ ထင်လဲ။ လူတွေ ဘယ်လောက်များများကများ ဇွန်ဘီအဖြစ် ပြောင်းသွားလဲ”
“ငါတို့က ဒီလို မြောက်များလွန်းတယ်ဆိုပြီးထဲမှ အရေအတွက် နည်းနည်းလေးလောက်ကိုပဲ ဖြေရှင်းဖို့ လိုအပ်တာ။ ငါတို့က ဒီအခြေစိုက် စခန်းကို ဖွင့်ပြီး အဲ့ဒီမှာ နေထိုင်လိုက်ပြီဆိုတာနဲ့ ဒီထက်ပိုများတဲ့ ဇွန်ဘီတေကို တွန်းလှန်နိုင်သွားပြီလေ”
ယန်မော့၏ အသံက အလွန်ညင်သာသည်။ သူက ရှုရှင်းကို ကူညီကာ ထိုကိစ္စ၏ အကျိုး အမြတ်များနှင့် ခက်ခဲမှုများကို ခွဲခြမ်းစိတ်ဖြာပြသည်။ ရှုရှင်းကလည်း ယန်မော့၏ အလျှင်မလိုသော စကားကို နားထောင်ရင်း ယန်မော့ ပြောသော စကားကို ပြန်တွေးသည်။ သူမက တွေးကြည့်လေလေ ထိုသို့ ဖြစ်နိုင်လေလေဟု ခံစားရလေသည်။ ထို့ကြောင့် သူမ၏ စိတ်အခြေအနေက အများကြီး တောက်ပသွားပြန်သည်။
ယခုလုပ်ရမည့် အရေးအကြီးဆုံး ကိစ္စကမူ အင်အားကို တိုးမြင့်ခြင်း ဖြစ်သည်။ အင်အားမ ရှိသောအခါ ဇွန်ဘီများကို မသတ်နိုင်ပါပေ။ ရှုရှင်းကလည်း တက်တက်ကြွကြွ ပြန်ဖြစ်သွားပြီး ယန်မော့ကို ဆွဲခေါ်ကာ သလင်းအမြူအတေကို စုပ်ယူခိုင်းသည်။ ထို့ကြောင့် အိပ်စက်ရန်ပင် မေ့သွား၏။
******