← Chapters

အခန်း ၆၁

Vol. 7 Ch. 61

အခန်း ၆၁

Vol. 7 Ch. 61

61 01

အပိုင်း (၆၁) လူချမ်းသာမလေး

အိပ်ရေးပျက်သော တစ်ညပြီးနောက် လေးယောက်လုံးက ရှည်ကြာသော တစ်ညလုံးလုံး သူတို့၏ သလင်းအမြူအတေများကို ရအောင် စုပ်ယူလေ့ကျင့်လိုက်ကြတော့သည်။ တစ်ညလုံး မအိပ်ထားသည့်တိုင် ပင်ပန်းသည်ဟု မခံစားကြရချေ။

သူတို့သည် အနည်းငယ်လည်း အံ့ဩသွားသည်။ ထို့နောက် စိတ်အေးသွားကြ၏။ သလင်းအမြူအတေမှ စွမ်းအင်များအားလုံးကို စုပ်ယူပြီး နောက်ဆုံးတွင် ယခင် အစောပိုင်း ရက်များမှ လေ့ကျင့်မှုများနှင့် ပေါင်းထည့်ခြင်းအားဖြင့် ပုရှန်းဝမ် မူချီမိုင်တို့ အသီးသီးကလည်း ဒုတိယ ပညာရှင်အဆင့် စိတ်စွမ်းအား ပညာရှင်များ အဆင့်သို့ တက်သွားကြလေသည်။

ကံဆိုးသည်မှာ ရှုရှင်းက အဆင့်မတက်နိုင်ခဲ့ချေ။ ပထမအဆင့်၏ အထွတ်အထိပ်နားလေးသို့သာ ရောက်သည်။ ယန်မော့၏ စွမ်းရည်ကလည်း အများကြီး မတိုးတက်ခဲ့ပါပေ။ လေးပုံ တစ်ပုံသာ တက်သည်။

“အခု နင်တို့အားလုံး ဒုတိယ အဆင့်ကို ရောက်သွားပြီ ငါ တစ်ယောက်တည်းပဲ။ ပထမအဆင့်မှာ ကျန်တော့တာ နင်တို့ ငါ့ကို တမင်တကာ ဖိနှိပ်တယ်လို့ ငါသံသယဝင်တယ်”

ရှုရှင်း၏ မျက်လုံးထဲမှ အငြိုးတရားများက ယန်မော့တို့ကို ကြည့်ပြီး သိသိသာသာ လျှံထွက်လာသည်။

“ဖူး….တကယ်လို့ ဖိနှိပ်တာချင်း ယှဉ်မယ်ဆိုရင် ဘယ်သူကများ မော့ကောကို ယှဉ်နိုင်မှာလဲ မော့ကောကမှ တကယ်ကို ဖိနှိပ်နေတာ သူ့ရဲ့ စွမ်းရည်က အမြင့်ဆုံးလေ”

ရှုရှင်း၏ အမူအရာကို ပုရှန်းဝမ်က ကြည့်ပြီး အော်ရယ်သည်။

“ဟွန့် ဒီနေ့ကစပြီး ငါလည်း အမှီလိုက်လာမှာပါနော်။ ငါ ကောင်းကင်ပေါ် လိမ့်တက်သွားတာကို ကြည့်နေ… ငါ တောက်လျှောက်ကို လိမ့်တက်ပြမယ်။ နင်တို့ ရိုးရိုးသားသားနဲ့သာ အံ့ဩဖို့ စောင့်နေလိုက်”

ရှုရှင်းကလည်း နှာခေါင်းရှုံ့ပြီး ပြန်ပြောသည်။

ရှုရှင်းသည်လည်း ဒါဟာ ပုံမှန်အခြေအနေ ဖြစ်မှန်း သိနေသည်။

သူမကလွဲပြီး ကျန်သော သုံးယောက်လုံးကလည်း သူတို့၏ သဘာဝစွမ်းအင်ကို ပထမအသုတ်တွင်ကတည်းက နိုးထခဲ့သူများဖြစ်သည်။ သူတို့၏ အလားအလာကလည်း ဒုတိယအသုတ်ထက် မြင့်ပြီးသား ဖြစ်သည်။ ထိုလေးယောက်ထဲတွင် မူချီမိုင်၏ အရည်အချင်းက ယန်မော့ပြီးလျှင် ဒုတိယ ဖြစ်သည်။ ပုရှန်းဝမ်က တတိယဖြစ်သည်။ သူမကိုယ်တိုင်က နောက်ဆုံးဖြစ်သည်။

စိတ်စွမ်းအားပညာရှင်၏ အလားအလာက မြင့်လေလေ သူတို့၏ ကိုယ်ထဲတွင် သဘာဝလွန်စွမ်းအား များများ သိုလှောင်ထားနိုင်လေလေ ဖြစ်ပြီး တိုက်ခိုက်နိုင်စွမ်းရည်ကလည်း ပိုကြီး‌လေလေ ဖြစ်သည်။ ထို့အပြင် ကြိုတင် စုပ်ယူထားရန် စွမ်အားများများ လိုအပ်လေလေ ဖြစ်ပြန်သည်။ ထို့ကြောင့် အဆင့်တစ်ကြိမ် တက်သွားပြီးချိန်တိုင်းလိုလို စုပ်ယူရသော ပမာဏက အခြားသော အဆင့်များ၏ နှစ်ဆနီးပါး ဖြစ်နိုင်သည်။

ဒီတစ်ခေါက်တွင် ပုရှန်းဝမ်နှင့်မူချီမိုင်တို့က သူတို့ နှင့်ကိုက်ညီသော သလင်းအမြူအတေကို ရခဲ့သောကြောင့်သာ အောင်မြင်စွာ အဆင့်တက်သွားနိုင်ခဲ့ခြင်း ဖြစ်သည်။ နဂိုက ဒုတိယ အဆင့်တွင် ရောက်နေပြီးသာ ယန်မော့ကမူ မည်သည့် အခြေပြုစွမ်းအားမှ မပါဝင်သော အမြူတေအလုံး120 ကို အသုံးပြုခဲ့ပြီးမှ လေးပုံတစ်ပုံသာ တိုးတက်နိုင်ခဲ့သည်။ ကွာဟချက် အနည်းငယ်မှ ကြီးရာသို့ ကြည့်ခြင်းအားဖြင့် စိတ်စွမ်းအားပညာရှင်တစ်ယောက် အဆင့်တက်ရန် မည်မျှခက်ကြောင်း သိနိုင်သည်။

သူတို့က မထွက်ခွာသွားခင် မြေပုံကို ကြည့်လိုက်သေးသည်။ သူတို့သည် မြို့တော် C သို့ သွားသည့် လမ်းမှ သုံးပုံတစ်ပုံသာ ကျန်ရစ်တော့ကြောင်း သိလိုက်သည်။ မြို့တော် C အနားဝန်းကျင်မှ အရင်းအမြစ်ကြွယ်ဝသော မြို့များနှင့်ပင် မဝေးကွာတော့ပေ။

အရင်းအမြစ်ကြွယ်ဝသည်ဆိုသော အဓိပ္ပာယ်က လူနေထူထပ်သည်။ ကမ္ဘာအဆုံးသတ်ကာလ မတိုင်ခင် လူများစွာ နေထိုင်ခဲ့သည်။ ကမ္ဘာအဆုံးသတ်ကာလပြီးနောက်တွင်ပင် လူမနည်းသွားနိုင်ချေ။ သက်ရှိလူများနှင့် ဇွန်ဘီများလည်း ရှိနိုင်သည်။

သူတို့က မြို့သို့ နီးကပ်သွားသည်နှင့် လူအုပ်ထဲ ရောက်သွားတော့မည် ဖြစ်သည်။ ယခင်ကကဲ့သို့ မိုက်ရူးရဲဆန်စွာ လှုပ်ရှား၍ မရတော့ချေ။ အနည်းဆုံး အခုအချိန်တော့ မဟုတ်သေးပါပေ။

61 02

သူတို့သည် တစ်ချိန်လုံး သတိကပ်ထားရန် လိုအပ်သည်။ လူ လူချင်းအကြားမှ ရန်လိုမှုများကလည်း ဇွန်ဘီများကပေးသော အန္တရာယ်ထက် ကြောက်စရာကောင်းလေသည်။

ကျားဖြူနှင့် နှင်းဝံပုလွေတို့ကိုလည်း နောက်တစ်ခေါက် အမဲလိုက်ရန်အတွက် လွှတ်ထုတ်ပေးရန် စဉ်းစားလိုက်ပြီးနောက်တွင် သူတို့က အရှိန်ကို လျော့ချလိုက်ကြသည်။

ကျားဖြူနှင့် နှင်းဝံပုလွေများက ဆင့်ကဲပြောင်းလဲသွားသော တိရစ္ဆာန်များကို အမဲလိုက်ပေးရုံသာ မကသေးလေးဘဲ အပင်များကိုလည်း အမဲလိုက်နိုင်သည်။ သို့ရာတွင် ထိုအပင်များအတွက်ကမူ သူတို့သည် ထိုအပင်များကိုသာ ထုတ်ပြီး စားကြ၏။

အနီးဆုံး တောင်တန်းတစ်ခုကို ရှာတွေ့သောအခါ ကျားဖြူများနှင့် နှင်းဝံပုလွေတို့ကို လွှတ်ပေးလိုက်သည်။ ထို့နောက် ထိုတောင်ခြေတွင် ထိုကလေးများ ပြန်လာမည့် အချိန်ကို စောင့်နေလိုက်သည်။ ဒါကလည်း သူတို့၏ လူအုပ်နှင့် မဆုံခင် နောက်ဆုံးရက်လည်း ဖြစ်လောက်သည်။

ပုရှန်းဝမ်က လှုပ်ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး နေပူစာ လုံနေရင်း သက်ပြင်းချသည်။

“အာ….ငါ ဒီလို အေးဆေးတဲ့ ဘဝမှာ မနေရတာ ကြာပြီပဲ”

“အင်း ငါတို့ ကမ္ဘာအဆုံးသတ်ကာလမှာတောင် ဒီလို နေ့ရက်မျိုးကို နေနိုင်သေးတယ် မော့ကောနဲ့ မရီးကို ကျေးဇူးတင်ပါတယ်”

မူချီမိုင်ကလည်း အလားတူသော ဟန်အမူအရာမျိုးနှင့် လှုပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသည်။ မကြာခဏ ဆိုသလို လှုပ်ခြင်းအားဖြင့် နံဘေးမှ တစ်ကောင်နှင့်ပင် စည်းချက် ကျကျလိုက်လုပ်နေသည်။

“အဲ့ဒီလို ဆိုမှ မရီး မရီးနဲ့ မော့ကောတို့က ဘယ်လောက်တောင် သုံးပြီး ပစ္စည်းစုဆောင်းထားတာလဲ”

“ပိုက်ဆံကို ပြောတာလား။ ငါကတော့ ငါ့ရဲ့ မိဘတွေ ချန်ထားခဲ့တဲ့ ပိုက်ဆံ အကုန်သုံးလိုက်တာ။ ရှယ်ယာရောင်းလို့ ရလာတဲ့ ဆယ်ဘီလီယံနဲ့ဆိုရင် အားလုံးပေါင်း ဘီလီယံ လေးဆယ်ကျော်မယ်ထင်တယ်”

“ဟီးဟီး မရီးကလည်း ဒီလိုပြိုင်ဘက်ကင်းတဲ့ ချမ်းသာတဲ့ အမျိုးသမီးလို့ မထင်ထားဘူး”

“ဟုတ်တယ် ကမ္ဘာအဆုံးသတ်ဆိုတဲ့ ဟာကြောင့်သာ မဟုတ်ရင် ငါ့ရဲ့ ကြွယ်ဝတဲ့ အမျိုးသမီး ဆိုတဲ့ ဘဝက အရမ်းကို အရောင်အသွေးစုံနေမှာ။ ငါ လိုချင်တာကို ရနိုင်တယ်။ ဆန္ဒရှိမယ်ဆိုရင် နည်းနည်းပါးပါး ထောက်ပံ့…”

ရှုရှင်းကလည်း ပြောစကားကို ဆုံးအောင် မပြောလိုက်နိုင်ချေ။ ရုတ်တရက် အနောက်ဖက်မှ ရင်းနှီးကျွမ်းဝင်သော ဝင်သက်ကို ခံစားမိလိုက်သည်။ ဆုံးဖြတ်ချက် ပြတ်သားစွာနှင့် ပါးစပ်ကို ပိတ်လိုက်သည်။ သူမက ခေါင်းကို လှည့်လိုက်ကာ ဖားယားသော မျက်နှာထားမျိုးနှင့် ဖြစ်သည်။

“ယောက်ျား ပတ်ဝန်းကျင် အခြေအနေကို သွားစစ်တာ မဟုတ်ဘူးလား ဘယ်လိုဖြစ်ပြီး အစောကြီး ပြန်လာတာလဲ”

“ဘာလဲ အချိန်မှားပြီး ပြန်လာမိလို့လား”

ယန်မော့ကလည်း ခုံတစ်ခုံကို ကိုင်ပြီး ရှုရှင်းနားသို့ ကပ်သွားသည်။ ထို့နောက် သူ၏ လက်ကို အသာဆန့်ထုတ်ကာ နားရွက်ဘေးနားမှ ဆံပင်ကို အနောက်ဖက်သို့ သပ်တင်ပေးလိုက်၏။

“ရှင်းပေါင် ဘာတွေများ ပြောနေတာလဲ။ ဘာလို့ ဆုံးအောင် မပြောတာလဲ ဘယ်သူ့ကို ထောက်ပံ့မှာ”

ယန်မော့၏ အသံက ပုံမှန်ထက် ညင်သာသည်။ သို့သော် ရှုရှင်း ပုရှန်းဝမ် နှင့် မူချီမိုင်တို့ကမူ ခြားနားမှုကို သိလိုက်သည်။

သိသာစွာပင် စကားလုံးများက သူတို့နှစ်ယောက်ကို ရည်ရွယ်ခြင်း မဟုတ်သော်လည်း ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကမူ သူတို့၏ နှလုံးသားထဲမှ အချက်ပေးသံများ ကြားလိုက်ရသည်။ သူတို့၏ အသက်ရှူနှုန်းကို နှိမ့်ချလိုက်ပြီး သူတို့၏ တည်ရှိမှုကိုပင် အတတ်နိုင်ဆုံး ချုံ့ပစ်လိုက်ကာ ပျောက်ကွယ်သွားသည့် ပုံစံမျိုး သရုပ်ဆောင်လိုက်ကြသည်။

ရှုရှင်းဆိုလျှင် ခြေထောက်ပင် တုန်လာသည်။ ကြည့်ရသည်မှာ ယန်မော့က နှမ်းစေ့အမဲများ ဖြည့်ထားသော ဆန်စေးဖက်ထုပ်နှင့် တူသည်။

ဘာလို့ ယန်မော့မရှိတဲ့အချိန်မှာ ပုရှန်းဝမ်ကို သွားပြီး ကြွားမိရတာလဲ ဟမ်… အခုတော့ နေရာမှာတင် ဖမ်းမိသွားသည်။

61 03

သူမလိုမျိုး ဆိုးရွားတဲ့အမျိုးသမီးများ ရှိပါသေးရဲ့လား…

“ဘာ..ဘာမှ မဟုတ်ပါဘူး။ ဒီအတိုင်း အကောင်သေးသေးလေးတွေပေါ့ အကောင်သေးသေးလေးတွေ မွေးမယ်လို့ ပြောတာပါ”

ရှုရှင်း၏ ဦးနှောက်က လျှင်မြန်စွာ လည်ပတ်သွားပြီး ရှင်းပြချက်ပေးရသည်။

“အို တကယ်လား”

“တကယ် တကယ် တကယ်ပေါ့… အပြင်ဘက်က လမ်းဘေးကြောင်တွေ ခွေးတွေက အရမ်းသနားဖို့ ကောင်းတယ်။ ဒါကြောင့် နည်းနည်းလောက် မွေးစားချင်တာ”

ယန်မော့၏ မဲမှောင်သော မျက်လုံးကို ရင်ဆိုင်ရသည့်အခါ ရှုရှင်းကလည်း သူ၏ မျက်လုံးကို အတင်းစိုက်ကြည့်လိုက်ပြီး သူမပြောသော စကားက မှန်ကန်ကြောင်း သက်သေပြရန် ကြိုးစားကြသည်။

သို့ရာတွင် ထိုအမူအရာကို သုံးစက္ကန့်ပင် မထိန်းထားနိုင်ဘဲ အပြစ်မကင်းစွာ အကြည့်လွဲလိုက်သည်။

ထို့နောက် ကောင်းကင်ကို ကြည့်သည်။ ထို့နောက် မြေပြင်ကို ပြန်ကြည့်သည်။ သို့သော် စကားလုံးများ ပျောက်ရှကာ တိတ်ဆိတ်သွားသည်။

ယန်မော့ကလည်း ရှုရှင်း၏ အနောက်ဖက်ကို တစ်ချက်ကြည့်သည်။ ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကလည်း ချက်ချင်းဆိုသလို မတ်တပ်ထရပ်ကာ ယန်မော့၏ မြင်ကွင်းထဲမှ ပျောက်သွားသည်။

ပုရှန်းဝမ်က မထွက်သွားသေးခင် ရှုရှင်းအတွက် ဖယောင်းတိုင်လေး ထွန်းပေးသွားသေးသည်။

မရီး ငါတို့ သစ္စာမရှိတာ မဟုတ်ဘူး။ ဒီအတိုင်း ရန်သူက အင်အားကြီးလွန်းတယ်။ ငါတို့ မနိုင်ဘူး။ ကိုယ့်ဘာသာကိုယ်ပဲ ရှင်းတော့….

အားလုံးက ထွက်သွားပြီးနောက် ယန်မော့က ရှုရှင်း၏ ဆံပင်ကို သပ်နေသောလက်ကို လှုပ်လိုက်ပြီး ရှုရှင်း၏ လည်ဂုတ်ကို လှမ်းဖိကာ အနားသို့ ဆွဲကပ်သည်။ ထို့နောက် ခေါင်းကို ငုံ့လိုက်ကာ နှုတ်ခမ်းကို ပြင်းပြင်းထန်ထန် နမ်းရှိုက်လိုက်သည်။

…

ညင်သာနူးညံ့မှုက သူ၏ ရင်ခွင်ထဲတွင်လှဲနေသော ရှုရှင်းကို ချော့မြူပေးသည်။ သူဟာ ရှုရှင်း၏ နားနားကပ်ကာ ခပ်တိုးတိုး ပြောသည်။

“ငါ ညကျမှ မင်းကို ကိုင်တွယ်မယ်”

ရှုရှင်းကလည်း အင်အားကုန်ခမ်းသွားပြီး ငိုချင်သည်။ သို့သော် မျက်ရည်က မထွက်ပေ။ သူမသည်လည်း ညမရောက်ရန်သာ မျှော်လင့်နေတော့သည်။

သူတို့သည် မနက်ဖြန်မှ စတင်ပြီး C မြို့မှ လုံခြုံရေး အခြေစိုက်စခန်းသို့ ရောက်သည်အထိ အမြန်မောင်းသွားရတော့မည် ဖြစ်သည်။ အပြင်ဘက်တွင်ကကဲ့သို့ နေရာလပ် နယ်မြေတွင် သိမ်းထားသော ပစ္စည်းများကို စားရန်မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် ရှုရှင်းသည်လည်း ဒီနေ့ ညနေစာ ညစာနှင့် နောက်တစ်နေ့ မနက်စာကို ကောင်းကောင်းစားရန် ဆုံးဖြတ်လိုက်သည်။ ထို့အပြင် ညနေခင်း ရေနွေးကြမ်းနှင့် အဆာပြေမှုန့်များကိုပင် ပြင်သေးသည်။

နေ့လည်ပိုင်းတွင်မူ သံမဏိ အိုးထဲတွင် ငါးနှပ်နှင့် ဝက်အူချောင်းတို့ကို ချက်လိုက်သည်။ ညပိုင်းတွင်မူ အထပ်တစ်ထောင်ကိတ် နို့လက်ဖက်ရည်နှင့် ချောကလက် ကိတ်တို့ကို စား၏။ ညနက်ပိုင်းတွင်မူ ငါးကို ကင်သည်။ ဟော့ပေါ့စားသည်။ အဆာပြေအတွက် အသားကင် နည်းနည်းပါးပါးပင် စားလိုက်သေးသည်။ နောက်တစ်နေ့ မနက်ပိုင်းတွင်မူ ကွမ်းတုံပုံစံ ဒင်မ်ဆမ်းကို စားကြသည်။ အစားအစာက အရသာ ရှိလွန်းသဖြင့် သွားရည်တမြားမြားပင် ဖြစ်နေသည်။ အားလုံးကလည်း စိတ်လှုပ်ရှားနေကြသည်။

******

All Chapters