အခန်း ၆၂
Vol. 7 Ch. 62
62 01
အပိုင်း (၆၂) ဦးလေး မိသားစုနှင့် ပြန်တွေ့ခြင်း
ပစ္စည်းများကို သိမ်းပြီးနောက် အပြင်ဘက်တွင် ထုတ်ထားရန် သင့်တော်သော ပစ္စည်းနှင့် ရိက္ခာများကို ကား၏ အနောက်ဖုံးထဲသို့ ထည့်ထားလိုက်သည်။ ထို့နောက် အနက်ရောင် ကျောပိုးအိတ် တစ်လုံးစီကိုလည်း ကောက်ဝတ်လိုက်၏။
အဓိက လမ်းမပေါ်သို့ ပြန်တက်သွားရန် နာရီဝက်ခန့်ကြာသည်။ ထို့နောက် လမ်းဘေးနားတွင် လမ်းလျှောက်နေသော လူသုံးယောက် ငါးယောက်ခန့် ရှိသော အဖွဲ့ကို မြင်ရ၏။ သူတို့နှင့် အကွာအဝေးက အလွန်ခြားသေးသည်။
နောက်ထပ်လမ်းဆုံတစ်ခုကို ကျော်ဖြတ်သွားပြီးနောက် ယာဉ်များစွာက ပေါ်လာပြီ ဖြစ်သည်။
အဆုံးသတ်ကာလများတွင် ယာဉ်မောင်းတတ်သော သူတိုင်းက စွမ်းအင်အချို့ ရှိသော သူ ဖြစ်ရပေမည်။ သို့မဟုတ်ပါက အခြားသောသူများက လုယူသွားလေရာ အသုံးပြုမည့် အခွင့်အရေးပင် မရှိနိုင်ပေ။ လမ်းမပေါ်မှ မည်သူကမှ ကားကို တားရန် မကြိုးစားကြပေ။ ကားတစ်စီးက ဖြတ်သွားသောအခါ လူအများစုက ခေါင်းပင် မော့မကြည့်ကြဘဲ ထုံထိုင်းစွာသာ လျှောက်နေကြသည်။
အထူးစွမ်းအားရှိသော သူများက လျှို့ဝှက်ချက် မဟုတ်တော့ချေ။ အနည်းဆုံး ကားတိုင်းလိုလို အထူးစွမ်းအားရှိသော သူ တစ်ယောက်ကတော့ ရှိနေတတ်သည်။ ထို့ကြောင့် သာမာန်လူများက ရန်မစရဲကြတော့ပေ။
“လူအများကြီးမမြင်ရတာတောင်ကြာပြီ။ နည်းနည်းမသက်မသာ ဖြစ်နေတယ်”
ရှုရှင်းက ပြတင်းပေါက်ဘက်က တဆင့် လူအုပ်ကို လှမ်းကြည့်ပြီးနောက် စိတ်ထဲတွင် သက်ပြင်းချသည်။
ယန်မော့က ရှုရှင်း၏ လက်ကို ကိုင်ပြီး အသာညှစ်သည်။ ထိုအခါ ရှုရှင်းက သူ့ကို မျက်လုံးလှန်ပြသည်။
မနေ့ညက ညနက်သည်အထိ နေပြီး အဆာပြေ ညလယ်စာစားပြီးနောက်ဆုံးတွင် မနက်စောစောလည်း ထခဲ့ရသည်။ ထို့ကြောင့် ယန်မော့ကလည်း သဘောတူထားသော အပြစ်ပေးမှုကို လက်လျော့လိုက်သည်။ ထို့ကြောင့် ရှုရှင်းက ကပ်ဘေးမှ လွှတ်မြောက်ခဲ့သလိုမျိုး သက်ပြင်းချနိုင်တော့သည်။
သူတို့က လူအုံသော နေရာသို့ဝင်လာခဲ့သောကြောင့် ဖြစ်လောက်သည်။ ရှုရှင်းတို့က မည်သည့် လမ်းကြောင်းကို ရွေးရွေး လူများနှင့် တိုးသည်။ ရှုရှင်းတို့လည်း ရိက္ခာများကို အထူးတလည် မစုဆောင်းကြတော့ချေ။ ထို့ကြောင့် သူတို့၏ ခြေရာလက်ရာကို ဖျောက်ရန် အလို့ငှာ ဟိုနေရာ ဒီနေရာသို့ သွားပြီးသူတို့ အိတ်ထဲသို့သာ ပစ္စည်းနည်းနည်းပါးပါး ထည့်လိုက်သည်။
ရှုရှင်းကို ပို၍စိတ်ဓာတ်ကျစေသည်မှာ လူများက များသည်။ သို့သော် ဇွန်ဘီတစ်ကောင်ကိုမှ မမြင်ရချေ။
ခန့်မှန်းချေအရ အရှေ့ဘက်မှ စိတ်စွမ်းအားပညာရှင်များက ရှင်းလင်းသွားခဲ့ခြင်း ဖြစ်လောက်သည်။ နောက်ပိုင်းတွင် လူက ပိုများလာသောအခါ ဇွန်ဘီများက မကျန်တော့ချေ။
သူတို့ကလည်း အနောက်ဖက်တွင် နေနေပြီး ဇွန်ဘီများကို မကိုင်တွယ်ရကတည်းက ရှုရှင်းတို့လည်း သလင်းအမြူအတေကို ကောက်မည့် အကြံကို လက်လျော့လိုက်သည်။ မည်သို့ပင် ဆိုစေ လူအများကြီးနှင့် သွားလာခြင်းက အဆင်မပြေပါချေ။
သူတို့သည်လည်း လမ်းတောက်လျောက်အပို လှုပ်ရှားမှုများ မလုပ်ချင်ပေ။ ထို့ကြောင့် အလယ်အလတ်ခြမ်းတွင်သာ နေပြီးမြို့တော်ဆီသို့သာ တိုက်ရိုက်ဦးတည်ရန် ဆုံးဖြတ်လိုက်သည်။
ထိုလူအုပ်ထဲသို့ ပူးပေါင်းဝင်ရောက်သည့် ဒုတိယနေ့တွင် ရှုရှင်းက ကားထဲတွင် နို့လက်ဖက်ရည်ကို သောက်နေရင်း ကားက အပြင်လူများက အတွင်းသို့မမြင်နိုင်သော မှန်မျိုးကာထားသည်ဆိုသော အချက်ကို မှီခို၍ သဘောကျသည့်အရာများကို စားသောက်ရန် မျှဝေပေးလေသည်။
သို့ရာတွင် မလိုလားအပ်သော အခြေအနေများ မဖြစ်စေရန် အလို့ငှာ ထိုသောက်စရာများ အားလုံးကို ခွက်အသီးသီးထဲသို့ ကြိုတင် ထည့်ထားပြီး အပူခံခွက် အအေးခံခွက်မျိုးနှင့် ပြောင်းထားသည်။
ရှုရှင်းကခွက်ကို ကိုင်ပြီး တဖြည်းဖြည်း စုပ်သောက်နေသည်။ ထို့နောက် အပြုံးကလည်း လူအုပ်ကို ကြည့်ရင်းမှ လူသုံးယောက်၏ ပုံရိပ်ကြောင့် အာရုံများသွားသည်။ သူမကလည်း နံဘေးမှ ယန်မော့၏ အင်္ကျီလက်ကိုပင် လှမ်းဆွဲသည်။
62 02
“ဟင် ရှင်းပေါင် ဘာဖြစ်လို့လဲ”
ယန်မော့ကလည်း ချက်ချင်း ဘေးသို့လှည့်ကာ စိုးရိမ်တကြီး ကြည့်သည်။
“ဟိုနားက သုံးယောက်က ငါ့ရဲ့ဦးလေး မိသားစုလို့ သံသယဝင်တယ်”
ရှုရှင်းကလည်း ယခုလေးတင် မြင်လိုက်သော လူသုံးယောက်ရှိရာဘက်သို့ ညွှန်ပြရင်း ယန်မော့ကို လှမ်းကြည့်ခိုင်းသည်။
“ဘာ…ဘာ…မရီးရဲ့ ဆွေမျိုးတွေလား”
ပုရှန်းဝမ်က ဘေးခုံတွင် ထိုင်နေခြင်း ဖြစ်သည်။ ထိုစကားကို ကြားသောအခါ အတင်းအဖျင်းပြောလိုသော မျက်လုံးက တောက်ပလာပြီး လှမ်းမေးသည်။
ယန်မော့ကလည်း ရှုရှင်းပြသော နေရာသို့လှမ်းကြည့်လိုက်သည်။ ထို့နောက် မျက်လုံးကို တဖြည်းဖြည်း ကျဉ်းမြောင်းလိုက်ကာ စိတ်စွမ်းအားကို လှမ်းဖက်၍ သူတို့၏ မျက်နှာကို လှမ်းဖတ်သည်။
“ဟွန့် … ခွေးတွေ ဝက်တွေ ထက်တောင် ဆိုးတဲ့ ကောင်တွေပဲ”
“ဟုတ်တယ် သူတို့”
“ဟင် သူတို့ဖြစ်နေမယ်လို့ မထင်ထားဘူး။ အပြောင်းအလဲက ကြီးလိုက်တာ”
ထိုသုံးယောက်က သူတို့ကို ကျောပေးထားသောကြောင့် မျက်နှာကို မမြင်ရချေ။ ထို့အပြင် ခန္ဓာကိုယ် ပုံပန်းသွင်ပြင်ကလည်း အများကြီး ပြောင်းလဲသွားသောကြောင့် ရှုရှင်းကိုယ်တိုင်ပင် မသေချာတော့ခြင်း ဖြစ်သည်။
မည်သို့ပင် ဆိုစေ သူမကလည်း ထိုမိသားစုကိုမ တွေ့ရသည်မှာ ကြာပြီ ဖြစ်သည်။ ရှုရှင်း၏ မှတ်ဉာဏ်ထဲတွင် ရှုလျန်ကျွင်းက အလယ်အလတ် အမြင့်ခန့် ရှိသောအ ရပ်မျိုးနှင့် ဘီယာဗိုက်ကြီးနှင့် ဖြစ်သည်။ ခန္ဓာကိုယ်ကလည်း သက်လတ်ပိုင်းအရွယ် လူဝဝကြီးပုံစံမျိုး ဖြစ်သည်။ ယခုမြင်ထားရသော ခန္ဓာကိုယ်အတွက် အလွန်ကြီးမားသော ဝတ်စုံကြီးကို ဝတ်ဆင်ထားသော သူမျိုးနှင့်ပင် မတူပါချေ။
ဝမ်ရှုဟုန်နှင့် ရှုဟိုင်ယန်တို့ကလည်း အလွန်အမင်းကို ပိန်ကပ်နေကြသည်။ လေတိုက်ရုံနှင့် လွှင့်သွားမည့် ပုံသဏ္ဍာန်နှင့် ရှိနေကာ ခါးများပင် ကုန်းနေ၏။ ရှုဟိုင်ယန်ကလည်း ယခု ခေါင်းကို လှည့်ကြည့်လာခဲ့ပြီး သူမ၏ နှလုံးသားထဲမှ ပြင်းထန်သော မသိစိတ်ကြောင်း မဟုတ်ပါက မှတ်မိလိမ့်မည် မဟုတ်ပေ။
သူတို့ရဲ့ ပုံစံကို ကြည့်ရတာ အဆုံးသတ်ကာလ အတောအတွင်းမှာ တော်တော်လေးကို ခက်ခဲနေခဲ့တဲ့ ပုံပဲ။ သူတို့ကသာ အချိန်ကောင်းကို မရဘူးဆိုရင် ငါစိတ်အေးပြီ။
ယန်မော့က သူတို့ ဖြစ်ကြောင်း အတည်ပြုပေးလိုက်သောအခါ ရှုရှင်းက စိတ်ထဲတွင် အလွန်ပျော်သွားပြီး ခေါင်းကို စောင်းပြီး နို့လက်ဖက်ရည်ကို သောက်သည်။
“မရီး မရီးက ဦးလေး မိသားစုနဲ့ ရန်ငြိုးရှိတာလား”
ပုရှန်းဝမ်ကလည်း ကြွယ်ဝသော မိသားစုတွင် ကြီးပြင်းလာခဲ့သော စဉ်းလဲသော သူဖြစ်သည်။ ထိုနှစ်ယောက်၏ စကားကို ကြားရုံဖြင့် တစ်စုံတစ်ရာက မှားယွင်းနေမှန်း သိလိုက်သည်။
“အင်း ရန်ငြိုးရှိတာပေါ့ သူသေကိုယ်သေ ရန်ငြိုး”
သူမ၏ပါးစပ်မှ ပေါ်ပေါ်(ပုလဲလုံး)ကို ဝါးနေရင်းမှ ရှုရှင်းက ပြန်ဖြေသည်။
ယခင် ဘဝတွင် မူလ ခန္ဓာကိုယ်ပိုင်ရှင်ကို ထိုမိသားစုက သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူသေကိုယ်သေရန်ကြွေးဟု ပြော၍ရသည်။ မူလ ခန္ဓာကိုယ် ပိုင်ရှင်ကလည်းမ မှားပါပေ။ သူမသည်လည်း ထိုသုံးယောက်ကို ဘယ်သောအခါမှ လွှတ်ပေးလိမ့်မည် မဟုတ်ပေ။ မူလ ခန္ဓာကိုယ်ပိုင်ရှင်အတွက် သေချာပေါက် ကလဲ့စားချေပေးမည် ဖြစ်သည်။
“ငါ သေချာပေါက် ကလဲ့စားချေမှာ”
“ကြည့်ရတာ မြို့တော် C က လုံခြုံရေး အခြေစိုက် စခန်းပြီးမြောက်သွားပြီ ဆိုတဲ့ သတင်းက သိပ်မကြာခင် ပြန့်လာတော့မယ်ထင်တယ်။ ဒီနေရာက မြို့တော် C နဲ့ အနီးဆုံးလေ။ ဆိုတော့ သူတို့ အဲဒီကို သေချာပေါက် သွားမှာပဲ။ အခွင့်အရေးတွေ အများကြီးပါ”
ယန်မော့၏လေသံက တည်ငြိမ်သည်။ လှုပ်ခတ်မှုပင် မရှိပေ။ သူနှင့် ရင်းနှီးသောသူများကသာ ယန်မော့ဟာ ထိုသို့ ဖြစ်လေလေ ပစ်မှတ်ထားခံရသူက အန္တရာယ်များလေလေ ဖြစ်ကြောင်း သိကြသည်။
62 03
ပုရှန်းဝမ်ကပင် တုန်သွားသည်။
ရှုရှင်းက နောက်သို့လှည့်ကြည့်သည်။
“ဘာလို့ ရုတ်တရက် တုန်နေတာလဲ”
“အယ် ဘာမှ မဟုတ်ဘူး ဘာမှ မဟုတ်ဘူး။ ဒီအတိုင်း နည်းနည်း ဒီအတိုင်းပဲပေါ့”
ပုရှန်းဝမ်က ရယ်လိုက်ပြီး ဘာကိုမှ ဆက်မပြောရဲတော့ချေ။
မည်သို့ပင်ဆိုစေ ယန်မော့ကလည်း ရှုရှင်း၏ အရှေ့တွင် သူ၏ အေးစက်ပြီး ရက်စက်သော ဘက်ခြမ်းကို အပြည့်အဝ ထုတ်မပြရသေးချေ။ ရှုရှင်းကလည်း ယန်မော့က နှလုံးသားမဲသော သူဟုသာ သိလိုက်သည်။ မည်သည့်အတိုင်းအတာအထိ မဲနေကြောင်း မသိသေးပေ။
ယန်မော့ကလည်း ရှုရှင်းကို သိခွင့်ပြုရန် မစဉ်းစားထားပေ။ သူသည် ရှုရှင်း၏ အရှေ့တွင် ကောင်းကောင်းဖုံးကွယ်ထားသည်။ ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကလည် ထုတ်မပြောရဲပါချေ။
ရှုရှင်းကလည်း ပုရှန်းဝမ်း၏ စကားလုံးကို အာရုံစိုက်တော့ပေ။ သူမ၏ အာရုံက အခြားရောက်သွား၏။
******