အခန်း ၆၃
Vol. 7 Ch. 63
63 01
အပိုင်း (၆၃) ရှာဖွေကယ်ဆယ်ရေးအသင်းနှင့် တိုးခြင်း
အရှေ့တွင် လမ်းလျောက်နေသော လူတစ်ယောက်က တစ်စုံတစ်ရာနှင့် ကြုံတွေ့ပြီး ရပ်တန့်သွားသည်။ နောက်မှလူများကလည်း ရပ်တန်းရ၏။
ရုတ်တရက် အရှေ့ဖက်မှ ဝမ်းသာအားရ အော်သံများက ထွက်လာသည်။ ထိုလူများ၏ ပြောစကားကို နားထောင်ကြည့်ပုံအရ ကောင်းသော ကိစ္စ ဖြစ်ရပေမည်။ အနောက်မှ လူများကလည်း စိုးရိမ်စိတ်များသွားကြသည်။ သူတို့သည် ကောင်းမွန်သော အခွင့်အရေးကို လက်လွှတ်မခံချင်ကြပေ။
လူအများစုက အကွာအဝေးခြားရန်ပင် ဂရုမစိုက်တော့ဘဲ အရှေ့ဘက်သို့ ပြုံအောကာ သွားသည်။ နည်းနည်း ခြေတစ်လှမ်း နှေးသွားသည်နှင့် အကျိုးအမြတ်များအားလုံးကို အခြားသော သူများက ယူသွားမည်ကို ကြောက်ကြသည်။
ကားထဲတွင် ထိုင်နေသော ရှုရှင်းကလည်း ရုတ်တရက် စိတ်လှုပ်ရှားနေသော လူအုပ်ကို ကြည့်ပြီးနည်းနည်း စိတ်ရှုပ်သွားသည်။ သူမ၏ အာရုံကလည်း ပြောင်းသွားသည်။
“ကားကို ထောင့်နားမှာ ကပ်ရပ်လိုက်အုံး”
ရန်မော့ကလည်း ခပ်မြန်မြန် တုန့်ပြန်ပြီးနောက် မူချီမိုင်အား လမ်းဘေး အကွယ်တစ်နေရာတွင် ကားရပ်ခိုင်းသည်။ ထို့ကြောင့် လူအုပ်၏ သက်ရောက်မှုကို မခံရစေရန် နံဘေးနားတွင် နံရံ အကာရှိသေးသည်။
လူအများက အရှေ့မှ အဖြစ်အပျက်ကို သိချင်စိတ် ပြင်းပြနေကြသည်။ သို့သော် နောက်သွားသော ရေများထဲမှ အန္တရာယ်ကိုလည်း မည်သူကမှ မသိကြပေ။
အချို့ ကိစ္စများက အပြင်ဘက်မှ ကြည့်လျှင် ပို၍ ရှင်းရှင်းလင်းလင်း မြင်ရသည်။
ရှုရှင်းတို့က လူအုပ်ထဲမှ ထွက်ခဲ့သည့် ငါးမိနစ်ပင် မကြာသေးခင် လှည့်ကွက်အချို့ကို သုံးချင်သော လူဆယ်ယောက်ကျော်ထက် မနည်းမြင်ရသည်။ ထိုလှည့်ကွက်များကို ရှုရှင်းက ကြောင်အစွာသာ စိုက်ကြည့်နေခဲ့သည်။
“ဝိုး တော်လိုက်တာ”
“ဒါက အပေါစားလှည့်ကွက်ပဲ။ ဝရုန်းသုန်းကားအ ခြေအနေမှာပဲ သုံးလို့ ရမယ်။ သာမာန် အခြေအနေမှာဆိုရင် အသုံးမဝင်ဘူး”
ရှုရှင်းက အခြားသော အမျိုးသားကို ချီးကျူးနေကြောင်း ကြားသောအခါ ယန်မော့က အချဉ်ပေါက်သလို ပြောလိုက်သည်။
“အွန်း…အမှန်ပဲ သူတို့ကို ငါ့ယောက်ျားလောက် မတော်ဘူး ဟုတ်တယ်မလား”
ရှုရှင်းကလည်း ဉာဏ်ကောင်းသည်။ ယန်မော့က သဝန်တိုနေမှန်းလည်း သိသည်။ ထို့ကြောင် နည်းနည်းလေး ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။
အာ…ကိုယ့်အမျိုးသားကို အလိုလိုက်ရမယ် ချိုမြိန်တဲ့ စကားလုံးတွေကို ပြောရမယ်။
“အင်း”
သူ၏ နှလုံးသားထဲမှ အချဉ်ဓာတ်က ပန်းဖူးလာသကဲ့သို့ ဖြစ်လာလေရာ ယန်မော့ကလည်း အမှန်အတိုင်းသာ ဖြေသည်။
သူမက နံဘေးမှ လူကိုခပ်မြန်မြန် တစ်ချက် ကြည့်သည်။ သူ၏ အမူအရာက ပြေလျော့သွားကြောင်း မြင်မှသာ ရှုရှင်းကလည်း ချော့၍ ရသွားကြောင်း သိလိုက်သည်။ သူမ စိတ်ထဲတွင် ခိုးကာ ပြုံးလိုက်သည်။
ဟီးဟီး… ချော့ဖို့ လွယ်လိုက်တာ….
ဆယ့်ငါးမိနစ်နီးပါးခန့် စောင့်ပြီးနောက်တွင် လမ်းဘက်မှ ကျဲသွားသည်။ နောက်တွင် ကျန်ရစ်ခဲ့သော သူများကလည်း ရှေ့မှ အခြေအနေကို ဂရုမစိုက်တော့ချေ။ လူပိုနည်းသွားသောအခါ လမ်းက ပိုကျယ်သည်။ မြန်မြန် မောင်းနိုင်သည်။
မူလ လမ်းတောက်လျောက် မောင်းနေမည် ဆိုလျှင် သေချာပေါက် အလုပ်ဖြစ်လိမ့်မည် မဟုတ်ပေ။ လူပေါင်းများစွာကလည်း ပြေးလွှားနေကြောင်းကို မြင်ရသည်။ ရှေ့မှ လမ်းက သေချာပေါက် အပိတ်ခံထားရလောက်သည်။ သူတို့သည်လည်း အရှေ့မှ အဖြစ်အပျက်ကို စိတ်မဝင်စားကြချေ။ ထို့ကြောင့် လမ်းဆုံလမ်းခွ တစ်နေရာကို ရှာတွေ့သည်နှင့် တောက်လျောက် ကွေ့လိုက်သည်။
ဟိုကွေ့ဒီကွေ့ လုပ်ပြီး နောက်ဆုံးတွင် ရှုရှင်းတို့ အဖွဲ့က ထိုလူများ အားလုံးကို ကျော်ပြီး ရှေ့သို့ အရင်ရောက်သွားသည်။
63 02
အရှေ့ဘက်လမ်းတွင် သူတို့ မျှော်လင့်ထားသကဲ့သို့ လူများမနေချေ။ ညနေစောင်းလာသောအခါ အနီးအနားတွင် နေထိုင်ရန် အဆောက်အဦးများကိုလည်း မတွေ့ရသေးပေ။ ထို့ကြောင့် သူတို့ လေးယောက်သည်လည်း တော်တော်လေး လုံခြုံမည့် နေရာမျိုးကို ရှာကာ ရွက်ဖျင်တဲ ထိုးလိုက်ကြသည်။
ကားက လေတိုက်ရာဘက်တွင် ကာကာ ရပ်ထားလိုက်သည်။ ဒီနည်းအားဖြင့် လေအေးကို ကာနိုင်သည်။
“ညဘက်အပူချိန်က အရင် နှစ်ရက်ကထက် ပိုကျသွားတာပဲ”
ညဘက်လေပြေက တိုက်ခတ်လာသောအခါ ခပ်ပါးပါးအဝတ်ကိုသာ ဝတ်ထားသော ရှုရှင်းက တုန်သွားသည်။
“အေးမှန်းသိတယ်။ ဒါပေမဲ့ အပေါ်ထပ်ကို ထပ်မဝတ်ထားဘူး။ ဘာလဲ အပူချိန်ထက် စတိုင်လ်ကျဖို့ကို ပိုပြီး ဂရုစိုက်နေတာလား”
သူ၏ စကားဆုံးသည်နှင့် ပခုံးပေါ်သို့ အနွေးထည် တစ်ထည်က ရောက်လာသည်။ ရှုရှင်းကလည်း အလိုလျောက်ပင် ခေါင်းကို မော့ကာ ကောက်စွပ်ပြီး ဝတ်လိုက်၏။ ယန်မော့က တစ်ခါတည်း ဇစ်တပ်ပေးသည်။
“မေ့သွားလို့ပါ ဒါပေမဲ့ ငါ့မှာ ချစ်ရတဲ့ ယန်ဖေဖေ ရှိတာမဟုတ်ဘူးလား”
“မင်းဟာလေ”
ရှုရှင်းကလည်း သူမမှားမှန်း သိသည်။ ထို့ကြောင့် လျှာကို တစ်လစ်လေး ထုတ်လိုက်ပြီး ယန်မော့၏ လက်မောင်းကိုသာ ဖက်ကာ ချွဲနေလိုက်ခြင်းအားဖြင့် ယန်မော့အား သူနောက်ဆက်ပြောမည့် စကားလုံးများကို အားလုံးကို အောင်မြင်စွာ မြိုချလိုက်စေသည်။ သူသည်လည်း ရှုရှင်း၏ နှာခေါင်းကိုသာ ကူကယ်ရာမဲ့စွာ ညှစ်လိုက်တော့သည်။
“ဒီည အပူပေးထမင်းထဲက ဘာအရသာ စားချင်လဲ”
သူတို့ သုံးယောက်က မီးပုံကို ဝိုင်းကာ ထိုင်နေကြပြီး ပုရှန်းဝမ်က ကားနောက်ဖုံးနားတွင် ရပ်ရင်း လှမ်းမေးသည်။
“ငါ့ကို အမဲသားနှပ်အရသာ ယူပေးပါ ကျေးဇူးတင်ပါတယ်”
စားချိန်ရောက်သည်နှင့် ရှုရှင်းက တက်ကြွသွားသည်။
“ဒါဆိုရင် ငါကတော့ ငါးနဲ့ ဝက်သားအရသာ”
“ငါလည်း ရှင်းပေါင်နဲ့အတူတူပဲ”
အကန့်အသတ်နှင့် ဖြစ်နေသော အခြေအနေမျိုးတွင် ယန်မော့က စားစရာနှင့် ပတ်သက်ပြီး ချေးများမနေချေ။ စား၍ ရလျှင် အဆင်ပြေသည်။
ရှုရှင်းက အသားကြိုက်သည်။ အထူးသဖြင့် အသားဖြစ်သည်။ ဝိတ်မတက်သော ခန္ဓာကိုယ်မျိုးနှင့် မွေးဖွားလာသောကြောင့်သာ မဟုတ်လျှင် အတော်လေးကို ဝတုတ်နေလောက်သည်။
“လူနည်းနည်းလာနေတယ်။ တော်တော်လေးတော့ နည်းပါတယ်”
ယန်မော့၏ စိတ်စွမ်းအားက အပြင်ဘက်ကို ထုတ်ထားပြီးသား ဖြစ်သည်။ ထို့ကြောင့် သူတို့နှင့်မီတာငါးရာအတွင်းသို့ဝင်ရောက်လာသည်နှင့် တန်းသိနိုင်သည်။
သူတို့က ထမင်းဗူးများထဲသို့ ရေလောင်းထည့်ရုံသာ ရှိသေးပြီး ယန်မော့၏ စကားကို ကြားသည်နှင့် အဖုံးကို ပြန်အုပ်ရသည်။ ထို့နောက် သတိကပ်သွားကြသည်။
“ဘယ်သူလဲဆိုတာသိလား”
ရှုရှင်းက ယန်မော့ကို ကြည့်သည်။
“စစ်ကုန်တင်ကားနှစ်စီးပဲ။ အနောက်ဖက်မှာလဲ လူတွေပါတယ်။ ဘယ်သူမောင်းတာလဲတော့ မသိဘူး”
“ကုန်တင်ကား လူတွေနဲ့”
“လာပြီ”
ယန်မော့၏ စကားဆုံးသည်နှင့် အစိမ်းရောင် စစ်ကားက ရှုရှင်းတို့၏ မြင်ကွင်းထဲတွင် ပေါ်လာသည်။ အနောက်ဖက်မှ နောက်ထပ် တစ်စီးက လိုက်လာသည်။
63 03
သူတို့ မမျှော်လင့်ထားသည်မှာ ခေါင်းဆောင်ကားက သူတို့နှင့် မီတာငါးဆယ်အကွာတွင် ရပ်တန့်သွားခြင်း ဖြစ်သည်။ စစ်တပ်ဝတ်စုံနှင့် လူနှစ်ယောက်က ထွက်လာသည်။
“ဟယ်လို ငါတို့က C မြို့ လုံခြုံရေး အခြေစိုက် စခန်းက ဒုက္ခသည်တွေကို ရှာဖွေကယ်ဆယ်ဖို့ စေလွှတ်ခံထားရတဲ့ သူတွေပါ။ ဒီနေ့က တော်တော်လေး နောက်ကျနေပြီဆိုတော့ မင်းတို့နဲ့ သိပ်မဝေးတဲ့ တစ်နေရာမှာ ရပ်တန်းပြီး အနားယူချင်တယ်။ အချင်းချင်းလည်း ဂရုစိုက်လို့ ရတာပေါ့ အဆင်ပြေမလား မသိဘူး”
လီအန်းကျစ်နှင့် ဝေ့ဟုန်ရှန်းတို့က သူတို့အဖွဲ့နှင့်ငါးမီတာခန့် အကွာတွင် ရပ်ပြီး လှမ်းပြောသည်။ သူတို့သည်လည်း နယ်နိမိတ်ကို ကောင်းကောင်းသိသည်။
“ရပါတယ် ကျေးဇူးပြုပြီး လွတ်လွတ်လပ်လပ်နေကြပါ။ အချင်းချင်းတော့ ဂရုစိုက်ပေးစရာ မလိုဘူး။ ငါတို့က ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တယ်။ မင်းတို့ဘာသာပဲ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ကြပါ”
တစ်ဖက်သော သူများ၏ အပြုအမူက ဖော်ပြထားပြီးသားဖြစ်သည်။ ယန်မော့ကလည်း မျက်နှာတွင် ယဉ်ကျေးကာ ငြိမ်းအေးသော အပြုံးမျိုးကို ထုတ်ထားပြီး လေသံကလည်း ညင်သာသည်။ သို့သော် စကားလုံးများကမူ ဆန့်ကျင်ဘက်ဖြစ်သည်။
ထိုစကားလုံးများကို ကြားရသောအခါ လူအများကို မသက်မသာ ဖြစ်စေနိုင်သည်။ သို့သော် ယန်မော့၏ အပြုအမူကလည်း သူတို့ကို ထိုသို့ ဖြစ်ခွင့် မပြုထားပေ။ သူတို့၏ စိတ်ရင်းကပင် ယန်မော့ဟာ ညင်သာပြီး ပညာတတ်သော သူမျိုး ဖြစ်ကြောင်း သိစေသည်။
“ဒါဆိုရင်တော့ ငါတို့ အနှောက်အယှက်မပေးတော့ဘူး”
လိုချင်သော အဖြေကို ရသည်နှင့် လီအန်းကျစ်က ဝေ့ဟုန်ရှန်းကို ပြန်ဆွဲခေါ်လာသည်။ သိပ်မကြာခင်မှာတင် ကားထဲမှ ထွက်ကြသည်။
လီအန်းကျစ်သည် အလွန်ဉာဏ်ကောင်းသူ ဖြစ်သည်။ သူသည်လည်း ယန်မော့၏ စကားလုံးများကတဆင့် နောက်ပိုင်း အတွေးများကို ကောင်းကောင်းသိနိုင်သည်။ တစ်ဖက်သူက သူတို့ကို အလွန်မနီးကပ်လာစေချင်ပေ။ ထို့အပြင် သူတို့ဘက်မှ လူများက ထိုဘက်ခြမ်းသို့သွားကာ နှောက်ယှက်မှုကိုလည်း လက်မခံချင်ကြပေ။
တစ်ဖက်သောသူများက သူတို့၏ အချင်းချင်းဂရုစိုက်မည့် တောင်းဆိုမှုကို ငြင်းဆန်ထားသည်။ သိသာစွာပင် ကိုယ်ပိုင်စွမ်းရည်ကို အလွန်ယုံကြည်မှု ရှိနေသည်။
“ဟုတ်တယ် အင်အားသာ မကြီးဘူးဆိုရင် ဒီလို ကမ္ဘာကပ်ဘေးမှာ ခပ်အေးအေး ဘယ်နေနိုင်ပါ့မလဲ”
လီအန်းကျစ်က သူ၏ လူများကို ယန်မော့တို့ အဖွဲ့နှင့် မီတာ ငါးဆယ်ခန့် အကွာတွင်သာ စခန်းချစေသည်။ ယန်မော့တို့ အဖွဲ့အနားသို့ မကပ်ရန်လည်း သတိပေးထားသည်။
“ခေါင်းဆောင်လီ အဲ့ဒီ လူလေးယောက်က ဘယ်လောက်တောင် အင်အားကြီးလဲ”
ဒုတိယကားပေါ်မှ ဆင်းလာသော ကျူးကျန်းချင်က လီအန်းကျစ်အနားသို့ လာကာ မေးသည်။
“ဒီလို အခြေအနေမျိုးမှာ အပူပေးထမင်း စားနေတဲ့ သူတွေကို ဘယ်လို ထင်လဲ”
“ငါတို့ကအခုက အခြေစိုက်စခန်းကို ကာကွယ်ပြီး ပြန်ခေါ်သွားမယ့် လူတွေရှိနေတာ လူလိုနေတာပဲလေ။ ဘာလို့ သူတို့ကို မခန့်လိုက်တာလဲ”
တစ်ဖက်သူက အင်အားကြီးကြောင်း ကြားသည်နှင့်ကျူးကျန်းချင်က စိတ်လှုပ်ရှားသွားသည်။
“ကျွတ် တစ်ဖက်သူက ဒီလိုသာမာန်လူတွေကို ငါတို့နဲ့အတူ ကာကွယ်ပေးချင်စိတ် မရှိဘူး။ သူတို့က ငါတို့နဲ့ အဆက်အသွယ်ကို အများကြီး မလုပ်ချင်တာ။ အိပ်မက် မက်မနေနဲ့”
လီအန်းကျစ်ကလည်း ကျူးကျန်းချင်၏ ပခုံးကို ပုတ်လိုက်ပြီး အနောက်ဖက်သို့ ပြန်လျှောက်လာသည်။
“လူငယ်တွေ အတွေးတွေက ရိုးလွန်းတယ်”
******