← Chapters

အခန်း ၆၄

Vol. 7 Ch. 64

အခန်း ၆၄

Vol. 7 Ch. 64

64 01

အပိုင်း (၆၄) အိမ်တံခါးဝထိ လာပို့ခြင်း

ရှာဖွေကယ်ဆယ်ရေးအ သင်းသည် လူများအား အစီအစဉ်တကျ ဆင်းလာရန် စီစဉ်ပေးသည်။ ထို့နောက် ဆယ်ယောက်တစ်ဖွဲ့ ဆယ့်ငါးယောက် တစ်ဖွဲ့ မီးပုံတစ်ခုတွင် ဝိုင်းကာ ထိုင်ကြသည်။ ရှာဖွေကယ်ဆယ်ရေးအသင်း အပါအဝင် မီးပုံပေါင်း ကိုးခု ရှိသည်။

ဒီနေ့ မြို့တွင် တွေ့ခဲ့သော သူများလည်း ပါဝင်သည်။ သူတို့၏ ကယ်ဆယ်မှုကို စောင့်နေသော လူအများကြီးလည်း ရှိလောက်၏။ အချို့ကိုမူ အရင်ပြန်ပို့လိုက်မည် ဖြစ်ပြီး နောက်မှသာ ပြန်လာခေါ်မည် ဖြစ်သည်။

တစ်ချိန်တည်းတွင်ပင် C မြို့တွင် တည်ဆောက်ထားပြီးကာစ အခြေစိုက်စခန်းအကြောင်းကိုလည်း ရှင်းပြပေးလိုက်သည်။ C မြို့သို့ အရင်သွားခိုင်းသည်။

လူပမာဏက များလေရာ စားစရာက လုံလောက်လိမ့်မည် မဟုတ်ပေ။ အားလုံး လုံလောက်အောင် စားနိုင်ရန် အလို့ငှာ အရိုးရှင်းဆုံး အကြမ်းတမ်းဆုံး နည်းလမ်းကိုသာ အသုံးပြုရသည်။

ရေကို သုံးကာ ဘီစကစ်များကို ချေပြီး ဆန်ပြုတ်အဖြစ် ချက်သည်။ တစ်ယောက်ကို ခွက်လေး တစ်ခွက်စီမျှပင် ဗိုက်ကို အရင်ဖြည့်နိုင်မည် ဖြစ်သည်။

သူတို့နှင့်မီတာငါးဆယ်ခန့် အကွာမှ လူများကလည်း သူတို့ဘက်သို့ ဝေ့လာသော စားစရာရနံ့ကို ရသည်။ တစ်ချိန်တည်းတွင်ပင် တံတွေးမြိုချသံများကို ကြားရသည်။

လူအများစုက မနာလိုကြီးစွာ ကြည့်ကြသည်။ သူတို့က ဘီစကစ်ခြောက်များဖြင့် လုပ်ထားသော ဆန်ပြုတ်ကို သောက်နေပြီး ထိုအနံ့ကိုသာ ရှူရှိုက်ရုံသာ ရှိတော့သည်။

ရှုရှင်းတို့ကလည်း လူပိုများလာသောကြောင့် ညစာကို ပြောင်းစားရန် မစီစဉ်ထားပါပေ။ ယခုလေးတင် လာရောက်လူနှစ်ယောက်ကလည်း ရှင်းလင်းစွာ မြင်နိုင်သွားသည်။ ထို့ကြောင့် နောက်ထပ် ညစာ တစ်ခုကို ပြောင်းစားမည် ဆိုပါက တစ်စုံတစ်ရာကို ဖုံးကွယ်ရန် ကြိုးစားနေသည်ဟု ထင်လောက်သည်။ သူတို့၏ လက်ရှိအင်အားကို ကြည့်ရုံဖြင့် သူတို့ဟာ အပူပေးထမင်းကို စားရုံမျှ ဖြစ်သည်။ ဖုံးကွယ်ရန် မလိုအပ်ပါပေ။

ဆိုတော့ အခြားတစ်ဖက်ခြမ်းက လူပိုများတော့ ဘာဖြစ်လဲ အပေါ်ယံမှာတော့ သူတို့က လေးယောက်ပဲ။ ဒါပေမဲ့ ကျားဖြူနဲ့ နှင်းဝံပုလွေတို့ကလည်း ရှိသေးတာပဲ မဟုတ်ဘူးလား။ အားလုံးပေါင်းလိုက်ရင် သူတို့ဘက်က စိတ်စွမ်းအား ပညာရှင် ရှစ်ယောက် လုံးဝ ကြောက်စရာ မရှိဘူး။

တစ်ဖက်မှ လူအများစုက ရိုးသားကြသည်။ သို့သော် ပုန်ကန်လိုစိတ်ရှိသော သူများလည်း ရှိသေးသည်။ အထူးသဖြင့် နေ့အချိန်က သူမတွေ့ခဲ့သော ရှုရှင်း၏ ဦးလေး မိသားစုဖြစ်သည်။

“ဘာ ဟိုဘက်က လူကို ကြည့်စမ်း အဲဒီ ခွေးမလေး ရှုရှင်းနဲ့ မတူဘူးလား”

ရှုဟိုင်ယန်က ရှုရှင်း၏ပုံရိပ်ကို မြင်သည်နှင့် မျက်လုံးထဲမှ ဒေါသများက လျှံကျလာသည်။

“သူမပဲ သေချာပေါက်ကို သူမပဲ အဲဒီ ခွေးမလေးနဲ့ သူမရဲ့ အမေက တစ်ထည်တည်းက ချုပ်ထားသလိုပဲ ဘယ်လိုကြောင့် မှားမှာလဲ”

ရှုလျန်ကျွင်းက မျက်လုံးကို မှေးကျဉ်းလိုက်သည်။ သူက ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း ဝမ်ရှုဟုန်ကမူ ရှုရှင်းကို အရင်မှတ်မိသည်။

“သွားရှာရအောင်”

ရှုလျန်ကျွင်းက ထရပ်လိုက်ပြီးဝမ်ရှုဟုန်နှင့် ရှုဟိုင်ယန်ကို ခေါ်ကာ သွားသည်။

သူတို့သုံးယောက် ထရပ်လိုက်သည်။ ထိုင်နေ‌သော လူအုပ်ထဲတွင် ထရပ်လိုက်ခြင်း ဖြစ်သည်။ အခြားသော သူများကလည်း မြင်နိုင်သည်။

“ဘာလုပ်မလို့လဲ”

64 02

လီအန်းကျစ်က ချက်ချင်း ထရပ်ကာ ထိုသုံးယောက်ကို တားသည်။ သူ၏ လေသံကလည်း မကောင်းတော့ပေ။ သူသည် လူတိုင်းအား ထိုအဖွဲ့ကို သွားပြီး ရန်မစရန် ပြောထားပြီး သားဖြစ်သည်။ ယခုမူ သူ၏ အကြံကို မေ့သွားသည်နှင့်တူ၏။ ဒီနေ့ သူ့ကိုသာ သင့်တော်သော အကြောင်းပြချက်ကို မပေးလျှင် ထိုလူများကို ဖယ်ထုတ်ရလျှင်လည်း ကိစ္စမရှိပါပေ။

“ဆရာ ဟိုဖက်က ကောင်မလေးက ငါ့ရဲ့တူမပါ ငါတို့ သွားရှာချင်လို့ပါ”

ရှုလျန်ကျွင်းက လီအန်းကျစ်ကို ရန်မစရဲသောကြောင့် ဖားယားသော အမူအရာမျိုးနှင့်‌ ပြောသည်။

“တကယ်လား မင်းက သူမကို မင်းရဲ့ တူမလို့ ပြောတယ်။ သူမရဲ့ နာမည်သိလား”

လီအန်းကျစ်အနေဖြင့် ရိုးရှင်းသော စကားလုံးအပေါ် မှီခိုကာ လွှတ်ပေးရန် အကြောင်းမရှိပေ။

“သူမရဲ့ နာမည်က ရှုရှင်း”

ရှုလျန်ကျွင်းက ချက်ချင်း ပြောသည်။

လီအန်းကျစ်၏ မျက်လုံးကလည်း ရှုလျန်ကျွင်း၏ မျက်လုံးပေါ်မှ ဘယ်သောအခါမှ မခွာခဲ့ချေ။ နာမည်ကို ပြောသောအခါ တုံ့ဆိုင်းမှု မရှိပေ။ မျက်လုံးကလည်း အကြည့်မလွဲသွားပေ။ ထို့ကြောင့် လိမ်ညာနေခြင်း မဟုတ်နိုင်ပေ။

“တကယ်လို့ မှန်နေခဲ့ရင် ဘယ်လိုလုပ်မလ”

သူတို့ကသာ ထိုအဆက်အသွယ်ကို သုံးပြီး ထိုလူများကို သူတို့၏ အသင်းထဲသို့ ဆွဲခေါ်နိုင်မည် ဆိုလျှင် ..

ထိုသုံးစက္ကန့်တည်းနှင့်တင် အတွေးပေါင်းများစွာက လီအန်းကျစ်၏ စိတ်အတွင်း ဖြတ်ပြေးသွားသည်။ သူက ခေါင်းကို ငြိမ့်လိုက်ကာ သဘောတူပေးလိုက်သည်။

သူက ပြန်ထိုင်ပြီးနောက် ထိုလူများကို စောင့်ကြည့်နေ၏။ ထိုလူများ၏ ပြောစကားက မှန်ကျန်ခြင်း ရှိမရှိ သိလိုက်သည်။

ရှုလျန်ကျွင်းတို့က ထရပ်လိုက်သောအခါ ရှုရှင်းကလည်း မြင်သည်။ ပစ်မှတ်ကလည်း သိသာသည်။ သူမက တန်းမြင်လိုက်ရသည်မှာ အံ့ဩစရာပင် မရှိပေ။

“ဝိုး…အိမ်တံခါးဝထိ လာပို့တာပဲ ကောင်းမွန်တဲ့ ဝန်ဆောင်မှု ငါ့ရဲ့ ကောင်းမွန်လွန်းတဲ့ဦးလေးက ဘယ်လို ရယ်စရာကောင်းတဲ့ ကိစ္စတွေများ ပြောမလဲ မသိဘူး ငါတော့ မျှော်လင့် စောင့်စားနေပြီ”

ရှုရှင်းကလည်း ထိုလူများက သူတို့ဘာသာ သူတို့ လာနေကြောင်း မြင်သောအခါ နည်းနည်း စိတ်လှုပ်ရှားသွားသည်။

“ခဏနေ ငါနဲ့ ကောင်းကောင်း ပူပေါင်းပေးနော်။ ငါတစ်ယောက်တည်း တစ်ကိုယ်တော် သရုပ်မဆောင်ရစေနဲ့”

“ကောင်းပါပြီ”

“မရီး ငါက သရုပ်ဆောင်တာ ကျွမ်းတယ်။ မစိုးရိမ်နဲ့”

“…”

မူချီမိုင်က နှုတ်ခမ်းလှုပ်သွားသည်။ သူသည်လည်း ဘာပြောရမှန်းမသိဘဲ တိတ်နေလိုက်သည်။

“ရှုရှင်း”

ရှုလျန်ကျွင်းက ခပ်ကြမ်းကြမ်းလာသည်။ သူသည်လည်း စစ်တပ်တစ်တပ်ကို ခေါ်ကာ ရှိသမျှ အင်အားသုံးကာ လာသကဲ့သို့ အလွန်အမင်း အင်အားကြီးမားကာ အရှိန်အဝါ အပြည့်နှင့် ဖြစ်သည်။ ပြောရမည် ဆိုလျှင် ရှုလျန်ကျွင်း၏ လက်ရှိ ပုံရိပ်က အရှိန်အဝါနှင့် မသက်ဆိုင်ပါပေ။ သူသည် ဘယ်ကမှန်း မသိ ရောက်လာသော အမှိုက်ကောင်နှင့်သာ တူသည်။ မျက်နှာပေါ်မှ မဲနက်ကာ ဝါကျင့်ကျင့် ဖြစ်နေသော ပုံစံမျိုးကြောင့် အတော်လေးကို ရယ်ရသည်။

64 03

“ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ”

ရှုရှင်းကလည်း မရယ်မိစေရန် အလို့ငှာ ကိုယ့်လက်ကို ဆိတ်ထားရသည်။ လေသံကလည်း တအံ့တဩဖြစ်နေပုံ ပေါက်သည်။

“မင်း ဒီနေရာမှာ ရှိနေမယ်ဆိုရင် ငါတို့လည်း သေချာပေါက် လာနိုင်တာပေါ့။ မင်း…”

ရှုရှင်း၏ ပုံစံကို ကြည့်ရုံနှင့်တင် သူမက ဒီအဆုံးသတ်ကာလမှ မည်သည့် ခက်ခဲကြမ်းတမ်းမှုကိုမျှ ကြုံတွေ့ထားခြင်း မရှိကြောင်း မြင်နိုင်သည်။

ဘာလို့ သူမကတော့ ဒုက္ခဆင်းရဲ ခံနေရပြီး ဒီခွေးမ ရှုရှင်းကတော့ သက်တောင့်သက်သာ နေနေတာလဲ။ အနားမှာလဲ အမျိုးသားတွေ အများကြီးပဲ မုန်းလိုက်တာ။

“ညီမလေး ရှုရှင်းအခုတလော ဘယ်လိုများ နေခဲ့လဲ။ အရင်က အစ်ကိုကြီး ကျန်းချူကတောင် မှ နင့်ရဲ့ အခြေအနေကို မေးနေသေးတယ်။ နင်အခုလို ကောင်းမွန်နေတာကို မြင်တော့ အစ်ကိုကြီး ကျန်းချူက စိတ်အေးနိုင်မယ် ထင်တယ်”

ရှုဟိုင်ယန်က ယန်မော့တို့ သုံးယောက်က ရှုရှင်းအနားတွင် ကပ်ထိုင်နေကြောင်း မြင်လိုက်သည်နှင့် သူမ၏ စိတ်အတွင်းတွင် မနာလိုစိတ်က ကြီးစိုးလာကာ ထိုသို့ ပြောလိုက်သည်။

မူလကမူ ရှုဟိုင်ယန်က ပိုင်ကျန်းချူ၏ နာမည်ကို ထုတ်ပြောသောအခါ ရှုရှင်းကနည်းနည်း စိတ်ရှုပ်သွားလေသည်။ ထို့နောက် နံဘေးမှ ယန်မော့ကို တစ်ချက် ကြည့်ပြီးမှသာ ရုတ်တရက် နားလည်သွားသည်။

အာ…လက်စသတ်တော့ ယန်မော့ကို ချိတ်နေတယ်လို့ ထင်ပြီး မကောင်းတဲ့ ရေတွေ လောင်းချချင်တာကိုး။ ယန်မော့ကိုလည်း သူမက မကောင်းတဲ့ မိန်းမ လို့ တွေးပြီး စွန့်ပစ်စေချင်နေတာ။

တစ်ဖက်သူက ဒီလောက် ကြိုးစားပေးနေတာ တကယ်လို့သာ မပူးပေါင်းဘူးဆိုရင် ဖြုန်းတီးရာရောက်တော့မယ်။

“နင် …နင် ဘာပေါက်ကရတွေ ပြောနေတာလဲ ပိုင်ကျန်းချူနဲ့ ငါက ဘာဆက်ဆံရေးမှ မရှိတော့တာ ကြာပြီ။ ဘယ်လိုကြောင့် ဘယ်လိုကြောင့် သူက ငါ့ရဲ့ အခြေအနေကို မေးရမှာလဲ”

ရှုရှင်းကလည်း နာကျင်ပြီး အပြစ်မကင်းစိတ် ဖြစ်သွားသကဲ့သို့ ထစ်ထစ်အအ ပြန်ပြောလိုက်သည်။

“အာ…ဟုတ်တယ် ဟုတ်တယ် ငါမှားပြောတာပါ။ ညီမလေး ရှုရှင်းလည်း ကျန်းချူကောက စေ့စပ်ပွဲ ဖျက်ပြီးတာကြာပြီလေ”

ရှုရှင်းက အတတ်နိုင်ဆုံး ငြင်းရန် ကြိုးစားနေကြောင်း မြင်သောအခါ ရှုဟိုင်ယန်က လည်း တစ်ဖက်သူ၏ အားနည်းချက်ကို ကိုင်မိလိုက်သည်ဟု ထင်ပြီး စပြောတော့သည်။

“အာ..ရှုရှင်း မင်းငါတို့ကို အရင်က ဒီကိစ္စတွေ မပြောဖူးပါဘူး။ မင်း အစ်မပြောတာ အမှန်ပဲလား”

ပုရှန်းဝမ်ကလည်း အချိန်ကိုက်ကို ဝင်ရောက်ကူညီပေးလာသည်။ သူ၏ မျက်နှာပေါ်တွင် လွန်ကဲလွန်းသော အံအားသင့်မှုများကို မြင်နိုင်သည်။

မူချီမိုင်ကလည်း ဝင်ကူကာ သရုပ်ဆောင်ပေးချင်သော်လည်း မည်သည့် စာသားကိုမှ ရှာမတွေ့ဘဲ ဖြစ်နေသောကြောင့် တစ်ချက်သာ မော့ကြည့်လိုက်ပြီး ကူကြည့်ပေးလိုက်သည်။ သူ၏တုန့်ပြန်မှုက ရှုဟိုင်ယန်တို့၏ မျက်လုံးထဲတွင်မူ အခြားအဓိပ္ပာယ်ပေါက်သည်။

အာ..ဒါက ဒါက ရှုရှင်းကို မကျေနပ်တဲ့ ပုံစံနဲ့ ကြည့်တာ…

******

All Chapters