← Chapters

အခန်း ၆၅

Vol. 7 Ch. 65

အခန်း ၆၅

Vol. 7 Ch. 65

65 01

အပိုင်း (၆၅) ရှူး တိုးတိုးနေ

“ငါ ငါ…ငါ တမင်တကာ ဖုံးကွယ်တာ မဟုတ်ပါဘူး။ မော့ကော ငါရှင်းပြတာကို နားထောင်ပါအုံး”

ရှုရှင်းက နှုတ်ခမ်းကို ကိုက်ရင်း မျက်လုံးထဲတွင် မျက်ရည်များ ပြည့်လာသည်။ သူမက ထိတ်လန့်ချင်ဟန်ဆောင်ပြီး အနားသို့ ပြေးလာကာ ယန်မော့၏ ပေါင်လုံးကို ဖက်၍ အားလုံးကို ကျောပေးလိုက်သည်။

“ညီမလေး ရှုရှင်း နင့်ရဲ့နှလုံးသားထဲမှ ကျန်းချူကော ရှိနေသေးမှန်း ငါသိတယ်။ နင်ဒါတွေကို တွန်းအားပေးခံရလို့ လုပ်နေတာမလား”

ရှုဟိုင်ယန်ကလည်း မီးတောက်ထဲသို့ လောင်စာကို ထည့်သည်။

“မော့ကော နင့်ငါ့ကို ယုံရမယ်နော်။ ငါနင့်ကို တကယ်ရိုးသားတာပါ။ ငါ အဲဒီ ပိုင်ကျန်းချူနဲ့လည်း ဘာဆက်ဆံရေးမှ မရှိတော့ပါဘူး”

သူမ၏အသံက ငိုသံပေါက်နေသည်။ ယန်မော့ကိုကြည့်နေရင်း အတတ်နိုင်ဆုံး မရယ်မိအောင် ထိန်းရသည်။ သို့သော် ထိုသို့ ထိန်းထားသောကြောင့် ပခုံးကပင် တသိမ့်သိမ့် တုန်နေသည်။

“မင်းရဲ့အရင် စေ့စပ်ထားတဲ့သူက အမြင်မရှိလို့သာ စေ့စပ်ပွဲကို ဖျက်သိမ်းသွားတာ။ မင်းရဲ့ နှလုံးသားထဲမှာ အခြားသူရှိနေတာ ငါ ဂရုမစိုက်ဘူး။ မင်းရဲ့လက်ရှိအနာဂတ်က ငါ့အပိုင် ဖြစ်နေသမျှ ငါဘာကိုမှ ဂရုမစိုက်တော့ဘူး”

ယန်မော့၏ မျက်လုံးထဲတွင် အလိုလိုက်သော အကြည့်မျိုးက ဖြတ်ပြေးသွားသည်။ သူသည်လက်ကိုပင် ဆန့်ထုတ်ကာ ရှုရှင်းကို ဆွဲထူပြီး ရင်ခွင်ထဲတွင် ပွေ့ဖက်ထားကာ အခြားသော သူများအား သူမ၏ အမူအရာကို မပြတော့ပေ။

ရှုရှင်းက တစ်ခဏခန့် မှင်သက်သွားသည်။

ဘုရားရေ ဒါက အချစ်ဦးနှောက် ဖိနပ်လျှက်သူရဲ့ ဇာတ်ညွှန်းကြီးပဲ ။

“နင်..နင် ငါပြောတာ ရှင်းရှင်းလင်းလင်း ကြားရလား။ နင့်ရဲ့ ရင်ခွင်ထဲက အဲ့ဒီမိန်းမက အခြားတစ်ယောက်နဲ့ စေ့စပ်ထားတာ။ နင်က အခြားအမျိုးသား မလိုချင်တာကို လိုချင်တယ်ပေါ့။ သူမရဲ့ မျက်နှာလွဲပြီး ဘာများ ကြိုက်စရာ ရှိလို့လဲ”

ထိုနှစ်ယောက် ဖက်နေသော မြင်ကွင်းက ရှုဟိုင်ယန်၏ နှလုံးသားကို ဆိုးဆိုးရွားရွား နာကျင်စေသည်။ သူမ၏ မနာလိုစိတ်များက သူမ၏ နှလုံးသားထဲမှ ပေါက်ထွက်လာကာ စူးရှစွာ အော်လိုက်သေးသည်။

ထိုစကားဟာ ရှုရှင်းကလွဲပြီးကျန်သော အမျိုးသားသုံးယောက်ကို မျက်မှောင်ကြုတ်စေသည်။

ခွပ်

ရှုလျန်ကျွင်း၏ မိသားစု သုံးယောက်လုံးက ရုပ်ချည်း ဒူးထောက်လိုက်ကြရသည်။

ရှုဟိုင်ယန်၏ ရှုရှင်းကို စွပ်စွဲပြောဆိုနေသော စကားလုံးများက ယန်မော့၏ အထိမခံနိုင်သော ကြေးခွံကို သွားထိမိသွားသည်။ သူသည် သရုပ်ဆောင်လိုစိတ်ပင် မရှိတော့ဘဲ စိတ်စွမ်းအားကို ထုတ်လွှတ်ကာ ထိုမိသားစု သုံးယောက်လုံးကို ဖိနှိပ်ပစ်လိုက်သည်။

ရှုဟိုင်ယန်က အထူးတလည် ဂရုစိုက်ပေးခံရသည်။ သူမအပေါ် ရောက်နေသော ဖိအားက နှစ်ဆဖြစ်သည်။

ရှုလျန်ကျွင်းတို့၏ အခြေအနေကို တောက်လျောက် အာရုံစိုက်နေသော လီအန်းကျစ်ကလည်း ထိုအခြေအနေကို မြင်လိုက်ပြီး သူ၏မျက်နှာက မဲမှောင်သွားကာ ညနှင့်ပင် ရောမတတ်ပင် ဖြစ်လာသည်။

ဒါဘယ်လို အရူးတွေလဲ…

အခြေအနေကို အခွင့်ကောင်းယူပြီး တခြားသူရဲ့ ပေါင်လုံးကို ဖက်ရမဲ့အစား ပြဿနာ သွားရှာနေတယ် အာ..ဘယ်လိုအခွင့်ကောင်း ယူရမလဲဆိုတာကိုတောင် မသိတဲ့ အရူးတွေပဲ။

လက်ရှိ အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူးလား သေသင့်နေပြီ။

65 02

သူသည်လည်း ဆက်ကြည့်နေလျှင် ဒေါသထွက်လာမည်ကို စိုးရိမ်သောကြောင့် အခြားသော သူများအား ထိုကိစ္စကို ဂရုစိုက်မနေတော့ရန်ပြောပြီး ကားဆီသို့သာ ပြန်ကာ ဆေးလိပ်သောက်နေလိုက်တော့သည်။

လက်ရှိအခြေအနေက သရုပ်ဆောင်နေရန်လည်း မလိုအပ်တော့ပေ။ ထို့ကြောင့် ရှုရှင်းကလည်း နည်းနည်း နောင်တရသွားသည်။ တစ်ဖက်သော သူများကလည်း အမှန်တကယ် စကားပင် မပြောနိုင်ကြတော့ပါပေ။ သူမကလည်း သူတို့နှင့် သရုပ်ဆောင်ချင်သေးသည်။ သို့သော် သူတို့ဟာ သေလမ်းရှာချင်နေကြသည်။

“အာ ရှုလျန်ကျွင်း ရှုဟိုင်ယန် ကမ္ဘာအဆုံးသတ်ကာလ ရောက်ပြီးတာ ဒီလောက် ကြာနေတာတောင်မှာ နင်တို့ရဲ့ဦးနှောက်က မတိုးတက်လာဘဲ ဖြစ်နေအုံးမယ်လို့ မထင်ထားဘူး။ လူသားတွေ ဆင့်ကဲပြောင်းလဲသွားပြီးတဲ့ နောက်မှာ နင်တို့တွေ ကျန်ခဲ့တာများလား”

ရှုရှင်းက ခေါင်းကို ပြန်လှည့်လာကာ ကြည့်သည်။ သူမ၏ မျက်နှာတွင် မည်သည့် မျက်ရည်မှ ရှိမနေပါချေ။ ရှုရှင်း သရုပ်ဆောင်ပြီး သူတို့ကို တမင်တကာ လှောင်နေခဲ့ကြောင်း မသိသေးလျှင်မူ သူတို့ အသက်ရှင်ခဲ့သမျှက အလကား ဖြစ်သွားမည် ဖြစ်သည်။

“ရှုရှင်း မင်း လူကြီးကို မရိုသေဘူး”

ရှုလျန်ကျင်းက သေအောင် ဒေါသထွက်သွားပြီး အနောက်ဖက်သို့ ယိုင်ကျသွားသည်။ သူက ပြန်လည် ထကာ လူရိုက်ချင်၏။ သို့သော် မမြင်ရသော အားဖြင့် အဖိခံထားရကာ လှုပ်မရချေ။

“ငါ ပြောမယ်နော် ရှုလျန်ကျွင်း ကျေးဇူးပြုပြီး တူညီတဲ့ စကားလုံးကိုပဲ ထပ်ခါတလဲလဲ မသုံးပေးလို့ ရမလား။ နင်တို့ မပင်ပန်းပေမဲ့ ကြားရတဲ့ ငါကတော့ ပင်ပန်းတယ်။ စကားအသစ် မရှိတော့တာလား”

ရှုရှင်းကလည်း စိတ်မရှည်သလို ထရပ်လိုက်ပြီး နားရွက်ကို ပွတ်ကာ ရှေ့သို့ နှစ်လှမ်းတိုးလာသည်။

“နောက်ပြီး ငါမှတ်မိတာ မှန်မယ်ဆိုရင် ငါတို့ ဆက်ဆံရေး ဖြတ်ပြီးတာ ကြာပြီနော်။ မိသားစု ချစ်စိတ်ဆိုတာကလည်း ရှိမှ မရှိတာ။ အခုနင့်ရဲ့ အိုနေတဲ့ အသက်ကို သုံးပြီး အကြောင်းပြချက်ရှာချင်ရင်တော့ မှားသွားပြီ။ နင့်ရဲ့အိုင်ကျူကတင် နိမ့်တာ မဟုတ်ဘဲ မှတ်ဉာဏ်ကပါ ခြစားသွားတာများလား”

ရှုလျန်ကျွင်းက ရှုရှင်း၏ စကားလုံးများကြောင့် ဒေါသထွက်သွားပြီး အတတ်နိုင်ဆုံး ခုခံရန် ကြိုးစားကြည့်လေရာ သွေးသာ အန်ရပြီး သတိလစ်သွားသည်။

“အာ…ငါလည်း ဘာမှ မပြောရသေးဘူး သွေးတောင်အန်နေပြီလား။ ငါ့ကို စွပ်ဖို့ကြိုးစားချင်တာတော့ မဟုတ်ပါဘူးနော်”

ထိုအခြေအနေကို မြင်သောအခါ ရှုရှင်းက နောက်သို့ ခြေတစ်လှမ်းဆုတ်သည်။ ရှုလျန်ကျွင်း၏ သွေးအန်သော ပုံစံကို ကြောက်သွားသည်နှင့် တူ၏။

“ပျင်းစရာပဲ”

ရှုလျန်ကျွင်းက သတိလစ်သွားကြောင်း မြင်သောအခါ ရှုရှင်းကလည်း ယန်မော့၏ နံဘေးနားတွင် ပြန်ထိုင်ကာ လက်ကိုသာ ယမ်းလိုက်သည်။

“ရှုရှင်း ငါအခုအချိန်ထိ စကားလုံး တစ်လုံးမှ မပြောရသေးဘူး။ ငါ့ကို လွှတ်ပေးပါ”

ရှုလျန်ကျွင်းက သွေးအန်ပြီး သတိလစ်သွားကြောင်း မြင်သောအခါ ရှုဟိုင်ယန်က ခံစားချက်ကို ဖိနှိပ်ပြီး စကားလုံး တစ်လုံးမှ မပြောနိုင်တော့ပေ။ ဝမ်ရှုဟုန်ကလည်း ရှုရှင်းကို ကြောက်လန့်တကြားကြည့်သည်။ သူမကလည်း ပြဿနာရှာလိုစိတ်များ အားလုံး ပျောက်သွားပြီ ဖြစ်ပြီး ထွက်ပြေးချင်နေသည်။

“နင်ပြောတာလဲ မှန်တာပဲ။ သူတို့နှစ်ယောက်လုံးက နင့်ရဲ့အ နီးစပ်ဆုံး ဆွေမျိုးတွေ တစ်ယောက်က ယောက်ျား ဆယ်စုနှစ်ပေါင်းများစွာ အတူရှိခဲ့တာမလား။ အခြားတစ်ယောက်ကတော့ ဝမ်းနဲ့လွယ်မွေးထားတဲ့ သမီး အရင်း ဒီနှစ်ယောက်ကို ဒီအတိုင်း စွန့်ပစ်ရက်လို့လား”

ရှုရှင်းက မေးထောက်လိုက်ရင်း တိတ်တဆိတ် ကြည့်သည်။

“!!!”

ရှုဟိုင်ယန်က မိခင်ဖြစ်သူကို ကြည်ပြီး တစ်စုံတစ်ရာကို‌ပြောလိုသေးသည်။ သို့သော် ပါးစပ်မဟနိုင်ပေ။

65 03

ရှုဟိုင်ယန်၏အကြည့်ကို ရင်ဆိုင်ရသည်အခါ ဝမ်ရှုဟုန်ကလည်း အတတ်နိုင်ဆုံး အကြည့်ကို ရှောင်သည်။ သူမ၏ နှလုံးသားတွင် အပြောင်းအလဲ ဖြစ်သွားသည်လားပင် မသေချာပေ။ သို့သော် ဘာကိုမှ မပြောနိုင်တော့ဘဲ တိတ်နေသည်။

“သတိလစ်အောင်လုပ်လိုက် မနက်ဖြန်မှ ကိုင်တွယ်မယ်”

ရှုရှင်းက ယန်မော့၏ လက်မောင်းကို အသာတို့သည်။

“ကောင်းပြီ”

ယန်မော့ကလည်း ရွေးချယ်စရာ မရှိဘဲ တောင်းဆိုမှုလေးကို ဖြည့်ပေးရသည်။

သူ၏ စိတ်စွမ်းအင်ကို တိုက်ရိုက်သုံး၍ ထိုလူများ၏ ဦးနှောက်ကို လှုံ့ဆော်ကာ သတိလစ်သွားစေလိုက်သည်။

ရှုရှင်းက ဒီနေ့ သူတို့နှင့် သရုပ်ဆောင်ချင်စိတ် ရှိနေသေးသော်လည်း ယန်မော့က ရှိသည်ဟု မဆိုလိုပေ။ ယန်မော့က သူ၏ အိပ်မက်ထဲတွင် မြင်ခဲ့သည့် အခြေအနေအတိုင်း အားလုံးကို မှတ်တမ်းတင်ထားပြီးသား ဖြစ်သည်။

ညဖက်တွင် ရှုရှင်းက အိပ်အောင်ချော့ပြီးသည်နှင့် ယန်မော့က တိတ်တဆိတ်ထသည်။ ရွက်ဖျင်တဲမှ ထွက်ပြီး ရှုလျန်ကျွင်းတို့ သုံးယောက်ကို သွားနိုးသည်။

မြေပြင်တွင် လဲနေသော ရှုလျန်ကျွင်း ဝမ်ရှုဟုန်နှင့် ရှုဟိုင်ရန်တို့သုံးယောက်လုံးက နိုးလာကြပြီး ပတ်ဝန်းကျင်တွင် ဝိုင်းနေသောအ မှောင်ထုကို ကြည့်ကာ မည်သည့်နေရာတွင် ရောက်နေကြောင်းကို မသိကြတော့ပေ။

“နိုးပြီလား”

ထိုအသံက သုံးယောက်လုံးအား ရုတ်တရပ် ခုန်ထမိစေသည်။ သူတို့သည် အရှေ့ကို ကြည့်လိုက်သည်။ အသံလာရာဘက်ကို ကြည့်လိုက်သောအခါ အနက်ရောင် ဝတ်စုံကို ဝတ်ပြီး အမှောင်ထုနှင့် ရောမတတ် ဖြစ်နသော အမျိုးသား တစ်ယောက်ကို မြင်ရသည်။ သူက လရောင်ကို ကျောပေးထားသည်။ မျက်နှာပေါ်မှ အမူအရာကိုပင် မမြင်နိုင်ပေ. အသံကိုသာ ကြားရသည်။ သို့သော် အသံက တည်ငြိမ်နေသည်။

“မင်းလား ဘာလုပ်မလို့လဲ”

ယန်မော့သည် ဒီည စကားများများ မပြောခဲ့သော်လည်း အသံက မှတ်မိလွယ်သည်။ ထို့အပြင် ရှုဟိုင်ယန်ကလည်း ထိုအမျိုးသား၏ နောက်ခံကို တန်းသိလိုက်သည်။

ဒါက ဒီည ရှုရှင်းရဲ့ နံဘေးနားက ယောက်ျား…

ယန်မော့က ပြန်မဖြေချေ။ သူတို့ကို စကားပြောလိုစိတ်ပင် ရှိတော့ပုံ မရချေ။ သူလုပ်ရမည့် ကိစ္စကိုသာ ခပ်မြန်မြန် အဆုံးသတ်ပြီး သူ၏ ချိုမြိန်ကာ နူးညံ့သည့် ဇနီးလေးကို ပွေ့ဖက်ပြီး ပြန်အိပ်ချင်နေလေသည်။

“အနားကို မလာနဲ့နော်။ ငါ့ကိုသာ လွှတ်ပေးမယ်ဆိုရင် ငါ ဘာမဆို ပေးနိုင်တယ်”

ထိုအမျိုးသားက ဘာမှ မပြောသေးသော်လည်း ထိုင်းမှိုင်းသော ဦးနှောက်နှင့် ရှုဟိုင်ယန်က ရှားရှားပါးပါး ဉာဏ်အလင်းပွင့်သွားပြီး အန္တရာယ်ကို ခံစားမိသွားသည်။

“ကျေးဇူးပြုပြီး ငါတို့ကို လွှတ်ပေးပါ။ ငါတို့ …ငါတို့ ရှုရှင်းကို ထပ်ပြီး ပြဿနာ မရှာတော့ပါဘူး။ သူမမြင်ကွင်းကနေ ချက်ချင်း ပျောက်သွားရစေပါမယ်။ ငါတို့…ငါတို့ကို လွှတ်လမ်းတော့ ချန်ပေးပါ”

“ကျေးဇူးပြုပြီး လွှတ်ပေးပါ အခွင့်အရေးပေးပါ”

တစ်လှမ်းချင်းစီ ချဉ်းကပ်လာသည့် အမျိုးသားကို မြင်ရသည့်အခါ ရှုလျန်ကျွင်းနှင့် ဝမ်ရှုဟုန်တို့ကလည်း အထိတ်တလန့် ဖြစ်သွားပြီး အနောက်သို့ ဆုတ်ရန် ကြိုးစားသည်။

“ရှူး မင်းတို့ တအားဆူတယ် တိတ်တိတ်နေ”

သူ၏စကားဆုံးသည်နှင့်သူတို့၏ အသံများက လည်မြိုတွင် တစ်သွားသည် မည်မျှပင် အသံထွက်နိုင်ရန် ကြိုးစား ကြိုးစား အသံမထုတ်နိုင်ကြတော့ချေ။

သူတို့သည် အရှေ့မှ တဖြည်းဖြည်း လျောက်လာသော အမျိုးသား ကြောက်လန့်တကြား ကြည့်လိုက်သည်။ ထိုအမျိုးသားက သူတို့၏ ရှေ့တွင် ဆောင့်ကြောင့် လာထိုင်သည်။

ထိုအမျိုးသားသည်။ လက်ကို အသာဆန့်ထုတ်ပြီး လူသုံးယောက်လုံး၏ ခေါင်းကို တစ်ချက်စီ လာပုတ်သည်။ ထိုအခိုက်အတန့်တွင် သူတို့ သုံးယောက်လုံးက တွန့်လိမ်သော ပုံစံမျိုးဖြင့် မြေပြင်တွင်သာ လဲနေကြတော့သည်။ ထို့နောက် သေသလား ရှင်သလား မသိနိုင်တော့ပေ။

******

All Chapters