← Chapters

အခန်း ၆၇

Vol. 7 Ch. 67

အခန်း ၆၇

Vol. 7 Ch. 67

67 01

အပိုင်း (၆၇) C မြို့ရဲ့လုံခြုံရေးအခြေစိုက် စခန်းကို ရောက်ပြီ။

ရှုလျန်ကျွင်းတို့ မိသားစုကို ဖယ်ရှားပြီး နောက်ဆုံးတွင် ရှုရှင်းတို့ လေးယောက်က လမ်းတောက်လျောက် ရပ်တန့်လိုက် အမဲလိုက်လိုက် လုပ်ဆောင်ခြင်းအားဖြင့် တစ်ပတ်ခန့် နောက်ကျမှသာ ရောက်သည်။

C မြို့သို့ ရောက်ရှိသွားပြီးနောက်တွင် လမ်းဘေးမှ အကြောင်းကြားစာများကို စတင်ကာ မြင်နေရသည်။

အထူးစွမ်းရည်များ ရှိသူများက လုံခြုံရေး အခြေစိုက်စခန်း၏ ဂိတ်ပေါက်သို့ ရောက်သည်နှင့် အထူးလမ်းကြောင်းမှတဆင့် တိုက်ရိုက်ဝင်နိုင်သည်။ သာမာန်လူများကမူ အစဉ်တကျ ပုံစံမျိုးဖြင့်သာ တန်းစီပြီး စစ်ဆေးခံပြီးမှသာ ဝင်ရောက်ရမည် ဖြစ်သည်။ အကယ်၍ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာတွေ့ပါက အထူးသီးသန့် ခွဲထားသော နေရာမျိုးတွင် သွားရောက် နေထိုင်ရအုံးမည် ဖြစ်သည်။ နှစ်ဆယ့်လေးနာရီအထိ စောင့်ကြည့်ပြီး ပုံမှန်မဟုတ်သောအခြေအနေမျိုးမရှိမှသာ အခြေစိုက် စခန်းအတွင်းသို့ဝင်နိုင်သည်။

ဇွန်ဘီအဖြစ် ပြောင်းသွားခဲ့သော ပထမတစ်သုတ်ကလွဲပြီး ကျန်သော သူများကလည်း အချင်းချင်းပိုးကူရာမှ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုကဲ့သို့သော အခြေအနေမျိုးကို ရှောင်ရှားရပေမည်။

ဇွန်ဘီ တတိယ တစ်သုတ်မှ ကုတ်ခြစ်ခံရသူ အကိုက်ခံရသူများ ရှိပါက ဇွန်ဘီပိုးက ကိုယ်ထဲတွင် အချိန်တန်ကြာအောင် ကျန်ရစ်ပြီးမှသာ ဆင့်ကဲပြောင်းလဲမည် ဖြစ်သည်။ အချို့သော သူများကလည်း ထိုဟာကွက်ကို အမိအရ ဖမ်းယူကာ ဒဏ်ရာ၏ အစစ်အမှန်အရင်းအမြစ်ကို ဖုံးကွယ်တတ်ကြသည်။ ထိုသို့ဖြင့် အခြေစိုက် စခန်းထဲသို့ ခိုးဝင်တတ်၏။ အခြေစိုက်စခန်းသည် ထိုအခြေအနေကြောင့်လည်း အစောပိုင်းအဆင့်တွင် လူအများကြီး ဆုံးရှုံးခဲ့ရသေးသည်။ နောက်ပိုင်းတွင် သေချာကြပ်မတ်ကာ နှစ်ဆယ့်လေးနာရီထိ စောင့်ကြည့်ရန်ဆိုသော စည်းမျဉ်းကို ချမှတ်လိုက်သည်။ ထိုစည်းမျဉ်းက သာမာန်လူသားများကိုသာ ရည်ရွယ်သည်။ အထူးစွမ်းအား ရှိသော သူများကမူ ဇွန်ဘီကြောင့် ဒဏ်ရာရနေလျှင် ပြောင်းလဲသွားလိမ့်မည် မဟုတ်ပေ။

လမ်းပေါ်တွင် တွေ့ရသော ကြေညာချက်များ ဆိုင်းဘုတ်များတွင် ပေးထားသော လိပ်စာအတိုင်း သွားလိုက်ခြင်းအားဖြင့် အဝေးမှ အခြေစိုက်စခန်းကိုပင် လှမ်းမြင်လိုက်ရသည်။

အခြေစိုက်စခန်းသို့ မကပ်ခင် ရှုရှင်းက လူတန်းရှည်ကြီးကို လှမ်းမြင်လိုက်သည်။ အဆုံးသတ်ကိုပင် မမြင်ရပါချေ။ အခြေစိုက်စခန်းထဲကို ဝင်ရန် တန်းစီနေကြသော လူတန်းရှည်ကြီးက ပြည့်နှက်နေသည်။ အခြေစိုက်စခန်း၏ ဝင်ပေါက်နားတွင်လည်း လူတန်းရှည်နှင့် နောက်ထပ် အသင်းတစ်သင်းကို မြင်ရသည်။ ဘေးဘက်မှ ရှည်လျားလွန်းသော လူတန်းရှည်ကြီးနှင့် နှိုင်းယှဉ်ကြည့်သော် ထိုတန်းစီနေသောအ တန်းက အတော်လေးကို ခြားနားပြီး လူနည်းသည်။ အထူးစွမ်းအားရှိသော သူများ၏ အထူးဝင်ပေါက် ဖြစ်လောက်သည်။

ထိုအတန်းတွင် တန်းစီနေသော သူများက အနည်းနှင့်အ များဆိုသလို မာနကြီးသော ပုံစံမျိုးနှင့် ဖြစ်သည်။ အဆုံးသတ်ကာလမှ သဘာဝလွန်စွမ်းအားရှိသော သူများက မည်မျှအဖိုးတန်ကြောင်း သိနိုင်သည်။

ရှုရှင်းတို့လေးယောက်လုံးက အထူးစွမ်းအားရှိသော သူများဖြစ်သည်။ .ထို့ကြောင့် ထိုအတန်းသို့ ပြောင်းကာ စီလိုက်၏။ သူတို့က သီးသန့်ထူးခြားနေခြင်း မဟုတ်ပေ။ သူတို့အဖွဲ့ကသာ ကားရှိသော သူများလည်း မဟုတ်ပါပေ။

“C မြို့ရဲ့ အခြေစိုက်စခန်းက တည်ဆောက်တာ အရမ်းမြန်တယ်။ ငါတို့ အထက်ကို ပေါက်ကြားစေခဲ့တဲ့အ ချက်အလက်တွေက တကယ်ကို အသုံးဝင်ခဲ့တဲ့ပုံ။ပဲ ဒါကြောင့် အများကြီး ပြင်ဆင်နိုင်ခဲ့တာ”

ယန်မော့က ကားပြတင်းပေါက်ပေါ်သို့လက်တင်ကာ တတောက်တောက် ခေါက်နေရင်း ပြောသည်။

“အခု အထက်က အုပ်ချုပ်မှုတွေက ကစဉ့်ကလျားဖြစ်နေလို့ သူတို့ရဲ့အစစ်အမှန် အုပ်ချုပ်နိုင်စွမ်းရည်ကို ဆုံးရှုံးသွားလောက်ပေမယ့်လည်း နယ်မြေခံအစိုးရတွေက လုပ်ထားတဲ့ စီစဉ်မှုတွေကတော့ရှိနေအုံးမှာပဲ။ ဒါကြောင့်ပဲ သူတို့က ခပ်မြန်မြန်လှုပ်ရှားနိုင်တာ C မြို့ရဲ့ ခေါင်းဆောင်က တကယ် သတ္တိကြီးတယ်”

“ဒါက ငါတို့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က တွေ့ခဲ့တဲ့ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး အသင်းမဟုတ်လား။ သူတို့က နယ်မြေခံအဖွဲ့တွေကို ခပ်မြန်မြန် စုစည်းနိုင်ရုံနဲ့တင် ဘယ်လောက်ထိ လုပ်နိုင်စွမ်းရည်ရှိလဲဆိုတာ သိနိုင်တယ်”

“ကြည့်ရတာ သူတို့ ဆက်ချဲ့မယ် ထင်တယ်။ ဒီမှာ အဝင်အထွက်လုပ်တဲ့သူတွေ တအားများတယ်။ ဝင်ဆံ့မှာ မဟုတ်ဘူး”

67 02

ရှုရှင်းတို့ လေးယောက်လုံးက ကားထဲတွင် ထိုင်နေပြီး C မြို့ အခြေစိုက်စခန်းနှင့် ပတ်သက်သောအရာများကို ဆွေးနွေးနေကြသည်။

ယန်မော့က သူ၏ စိတ်စွမ်းအားကို သုံးကာ အုပ်ထားလိုက်သောကြောင့် သူတို့၏ ပြောစကားကို မည်သူကမှ ကြားနိုင်မည် မဟုတ်ပေ။

“နေအုံး ငါအထဲကို ဝင်သွားတဲ့အခါ ငါ့ရဲ့ စွမ်းရည်ကို စာရင်းသွင်းရမှာမလား။ ငါ ငါ့ရဲ့စွမ်းရည်ကို ဘယ်လို ဖော်ပြရမှာလဲ”

ရှုရှင်းကလည်း အရှေ့မှ သဘာဝလွန်စွမ်းအား အဆင့်များကို ကြည့်နေရင်းမှ ရုတ်တရက် သူမ၏ အခြားသူများနှင့် မယှဉ်နိုင်သော သူမ၏စွမ်းရည်အကြောင်း သတိရသွားသည်။ ရှုရှင်းသည် တစ်ပတ်လုံးလုံး လမ်းပေါ်တွင် အချိန်ဖြုန်းခဲ့သလို ခံစားရသည်။

သူတို့သည် လမ်းတောက်လျှောက် ဇွန်ဘီများကို သတ်သည်။ သလင်းအမြူအတေများကို ယူသည်။ ဇွန်ဘီ သလင်းအမြူအတေများမှ စွမ်းအင်များကို ညဘက်တွင် တောက်လျောက် စုပ်ယူပြီး အင်အားကို တိုးမြင့်ခဲ့ကြ၏။ ကြိုးစားအားထုတ်မှုများကလည်း တန်ကြေးပြန်ရသည်။ ရှုရှင်းကပင် ဒုတိယအဆင့် စိတ်စွမ်းအား ပညာရှင် ဖြစ်လာသည်။ အခြားသော သုံးယောက်ကလည်း အသေးစားတိုးတက်မှုများ ရှိလာသည်။ အဆင့်တက်သွားပြီးနောက် ရှုရှင်း၏ နယ်နိမိတ်တုတ်တံမှ ကန့်သတ်ချက် စက်ကွင်းနှင့် အကာအကွယ်စက်ကွင်းကလည်း သိသိသာသာ တိုးတက်လာသည်။ ကန့်သတ်ချက် စက်ကွင်းထဲမှ ရန်သူကို မလှုပ်ရှားစေနိုင်သော အချိန်က သုံးစက္ကန့်သို့ ထပ်ချဲ့သွားပြီး ဖိနှိပ်နိုင်သော ရာခိုင်နှုန်းကလည်း တစ်ဆယ်ရာခိုင်နှုန်းအထိ တက်သွားသည်။

အကာအကွယ်စက်ကွင်းကမူ ယခုအခါ အဆင့်မြင့် ဇွန်ဘီများ၏ တိုက်ခိုက်မှုကိုပင် တောင့်ခံနိုင်စွမ်းရည် ရှိသွားသည်။ ယခင်ကဆိုလျှင် ပထမအဆင့် ဇွန်ဘီ တစ်ကောင်နှစ်ကောင်၏တိုက်ကွက်ကိုသာ တားနိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုမူ ငါးကောင်မှ ခြောက်ကောင်အထိ ရသည်။

ထိုအခြေအနေတွင် ရှုရှင်းသည်လည်း သူမ၏နတ်သမီး တုတ်တံတွင် နောက်ထပ် စွမ်းရည်သစ်တစ်ခု ရှိကြောင်း သိလိုက်သည်။ ထိုအရာက သူမကိုယ်တိုင်နှင့် အခြားသော ရွေးချယ်ထားသော တစ်စုံတစ်ယောက်အတွက် သဘာဝလွန်စွမ်းအား ငါးရာခိုင်နှုန်း ပြန်ပြည့်အောင် လုပ်ပေးနိုင်ခြင်း ဖြစ်သည်။ စွမ်းရည်၏ အပြောင်းအလဲကို သတိထားမိသည့် ရှုရှင်းက တိတ်သွားသည်။

သူမ၏ အထူးစွမ်းအား‌ ပေါ်လာပြီးချိန်ကတည်းက သူမ၏ နှလုံးသားထဲတွင် ခပ်ရေးရေး ခံစားမိနေသည်။ သူမ၏ စွမ်းရည်ကထူးခြားသည်။ အခြားသော သူများနှင့် လုံးဝ ခြားနားသည်။ နောက်ပိုင်းတွင် ယန်မော့တို့က သူတို့၏ သဘာဝလွန်စွမ်းအားကို ကျင့်ကြံပြီး မည်သို့ အသုံးပြုရမည် ဆိုသည့်အကြောင်းအရာကို ကိုယ်တိုင်ကြိုးစား ရှာဖွေနေကြောင်း မြင်သောအခါ ထိုခံစားချက်က ပို၍သာ ထင်ရှားလာသည်။

သူမက သဘာဝလွန်စွမ်းအား နိုးထလာသည်နှင့်အသုံးပြုရမည့် နည်းလမ်းက စိတ်ထဲတွင် အလိုလျောက် ပေါ်လာသည်။ စက္ကန့်များကိုပင် အထူးတလည် သိရှိထားပြီးသားဖြစ်သည်။ ရာခိုင်နှုန်းများကိုလည်း အထူးတလည် သိနေ၏။ ထိုသို့ အဆင့်တက်သွားသည်နှင့် အတွေးများက ပို၍ခိုင်မာသွားသည်။ အခြားသောသူများ၏ နိုးထလာသော စွမ်းရည်များက သဘာဝလွန်စွမ်းအားဟု ခေါ်နိုင်လျှင် သူမ၏စွမ်းရည်ကမူ စွမ်းရည်ဟုပင် ခေါ်ရတော့ပေမည်။ ရှုရှင်းကပင် နည်းနည်း မှင်သက်နေမိသည်။

ငါ စာအုပ်များ မှားပြီး ဝင်လာမိတာလား…

ဆိုတော့ ဟော့ဝဒ်လို မှော်လောကထဲကိုများ ရောက်လာမိတာလား။

ရှုရှင်းက တစ်နေ့လုံး အချိန်ယူပြီးမှသာ ထိုအခြေအနေကို လက်ခံနိုင်သွားသည်။ ရှုရှင်းသည် ယန်မော့ကိုလည်း ထိုအကြောင်း ပြောပြသည်။ အလားတူစွာပင် ယန်မော့ကလည်း ရှုရှင်း၏ သဘာဝလွန်စွမ်းအား တစ်စုံတစ်ရာမှားနေမှန်းသိလိုက်သည်။

“ငါတို့ ခဏနေရင် ငါတို့ရဲ့ စွမ်းရည်ကို စာရင်းသွင်းရမှာပဲ။ ဒါပေမဲ့ အချို့အခြေအနေမျိုးတွေ အရ စွမ်းရည်ကို တိုင်းတာတဲ့စက်တွေ ရှိမှာ မဟုတ်ဘူး ဆိုတော့ ငါတို့ စိတ်ကြိုက် ဖော်ပြလို့ရတယ်”

“ရှင်းပေါင် မင်းက နေရာလပ်စွမ်းရည်လို့ပဲ ပြောလိုက် နေရာလပ် စွမ်းရည်ပညာရှင်တွေက နည်းတယ် ဆိုပေမယ့်လည်း မရှိတာတော့ မဟုတ်ဘူး။ ဆိုတော့ အများကြီး အာရုံမစိုက်မိလောက်ဘူး”

ယန်မော့က စက္ကန့်အနည်းငယ်ခန့် တွေးတောပြီးနောက် ထိုသို့ ပြောလိုက်သည်။

“အင်း ငါသိပြီ”

ရှုရှင်း ခေါင်းအသာညိတ်သည်။ အခု အခြေစိုက် စခန်းထဲက အခြေအနေ အတိအကျကို ငါတို့ မသိနိုင်သေးဘူးလေ။ ဆိုတော့ ခဏနေ ငါတို့ရဲ့ စွမ်းအားတွေကို စာရင်းသွင်းတဲ့အခါ အစစ်အမှန် စွမ်းအားတွေကို မထုတ်ပြမိစေကြနဲ့ ပထမအဆင့်လို့ပဲ ပြော”

67 03

“ကောင်းပြီ”

ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကလည်း ခေါင်းအသာ ညိတ်ကြသည်။

အထူးစွမ်းအားရှိသော လူက အနည်းစုသာလျှင် ရှိသည်။ ထို့ကြောင့် ဆယ့်ငါးမိနစ်ခန့် စောင့်ပြီးနောက်တွင် သူတို့အလှည့်သို့ ရောက်သည်။

ဝန်ထမ်း၏ လမ်းညွှန်မှုအောက်တွင် မူချီမိုင်က အနီးအနားရှိ နေရာလွတ်နေရာတွင် ကားကို ရပ်လိုက်သည်။ စာရင်းသွင်းမှု ပြီးမြောက်သွားသည်နှင့် လွတ်လွတ်လပ်လပ် မောင်းဝင်သွားနိုင်ပြီ ဖြစ်သည်။

ရှုရှင်းတို့ လေးယောက်က ကားထဲမှ ထွက်လိုက်သည်နှင့် နည်းနည်း လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။

အကြောင်းပြချက်ကမူ ရိုးရှင်းသည်။ ချောမောသော ကောင်လေးများနှင့် ချောမောသော အမျိုးသမီးတို့ ပေါင်းစုနေသောကြောင့် မျက်စိဖမ်းစား လွန်းနေလေသည်။ ကမ္ဘာအဆုံးသတ်ကာလကပင် ချွင်းချက်မရှိပေ။

ရှုရှင်းတို့လေးယောက်ကလည်း အာရုံအများကြီး မဆွဲဆောင်ချင်ပေ။ ထို့ကြောင့် အိတ်ကပ်ထဲမှ မျက်နှာဖုံးများကို ထုတ်ကာ မျက်နှာတွင် တပ်လိုက်ကြပြီး ချောမောလွန်းသော အခြေအနေကို ဖုံးကာလိုက်ကြသည်။

“နာမည် အသက် စွမ်းရည်အဆင့်”

“ရှုရှင်း 20 ပထမ အဆင့် နေရာလပ် စွမ်းရည်”

“ယန်မော့ 24 ပထမအဆင့် စိတ်စွမ်းအား စွမ်းရည်”

“ပုရှန်းဝမ် 24 ပထမအဆင့် မီးတောက် စွမ်းရည်”

“မူချီမိုင် 26 ပထမအဆင့် လေ စွမ်းရည်”

လူလေးယောက်လုံးက သူတို့၏ အထူးစွမ်းအားကို တစ်လှည့်ပြီး တစ်လှည့်ထုတ်ကာ ပြောရင်း မိတ်ဆက်လိုက်ကြသည်။ စာရင်းများကို ဖြည့်သွင်းပြီးသည်နှင့် ကတ်များကို ရရှိကာ ကားထဲသို့ဝင်ပြီး ထွက်လာခဲ့ကြသည်။

******

All Chapters