← Chapters

အခန်း ၆၈

Vol. 7 Ch. 68

အခန်း ၆၈

Vol. 7 Ch. 68

68 01

အပိုင်း (၆၈) နေထိုင်မှု အသစ်

စိတ်စွမ်းအားပညာရှင် သတင်းအချက်အလက်များကို တာဝန်ယူ စာရင်းသွင်းပေးနေသော ပိုင်ယုချင်က ယန်မော့တို့၏ကျောပြင်ကို စိုက်ကြည့်နေသည်။

“ယုချင် မကြည့်နဲ့တော့ဟိုက ကားထဲတောင် ဝင်ပြီး ထွက်သွားပြီ။ ဘာလဲ ယန်မော့လို့ ခေါ်တဲ့ ကောင်လေးကို မြင်မြင်ချင်း ကြွေသွားလို့လား”

အနီးအနားမှ ယွီရှင်းယွဲ့က ပိုင်ယုချင်ကို အသာလေး တို့ရင်း စသည်။

“ရှင်းယွဲ့ကျဲ ပေါက်ကရ မပြောနဲ့ ငါ မကြိုက်ပါဘူး”

သူမ၏ အတွေးကို တစ်ချက် ကြည့်ရုံဖြင် ဖောက်မြင်ခံရသည့်အတွက် ပိုင်ယုချင်က ခြေကို ရှက်ရွံ့စွာ ဆောင့်ပြီး ငြင်းသည်။

“တော်ပြီ နင်မကြိုက်ပါဘူး ဟုတ်ပြီလား။ မြန်မြန်လေးသာ အလုပ်လုပ်တော့ အနောက်မှာ လူတွေ အများကြီးပဲ စောင့်နေတာ။ ဘယ်လိုပဲဖြစ်ဖြစ် လူက ငါ့တို့ရဲ့ စခန်းထဲကို ဝင်သွားပြီလေ အနာဂတ်မှာ သူနဲ့တွေ့ဖို့အ ခွင့်အရေးအတွေ ရှိအုံးမှာပဲ”

ယွီရှင်းယဲ့ကလည်း ပိုင်ယုချင်အကြောင်းကို မဖော်လိုက်ပေ။ ထို့အစား သူမက ပြုံး၍သာ စနောက်လိုက်ပြီး အလုပ်ကို လုပ်သည်။

“ကောင်းပြီ ငါသိပါပြီ ရှင်းယွဲ့ကျဲရဲ့”

ပိုင်ယုချင်ကရှက်ရွံ့သွားပြီး နောက်မှ လူများကိုသာ စာရင်းဆက်သွင်းသည်။

သို့သော် သူမ၏ အတွေးကမူ… အထူးစွမ်းရည်နဲ့ ဒီလောက်ထိ ချောတဲ့ ကောင်လေးမျိုးကို မမြင်ဖူးသေးဘူး သေချာပေါက် ဒီလူကို ရရမယ်။

ရှုရှင်းကသာ သူမ၏ ယောက်ျားကို အခြား သူက သဘောကျသွားမှန်းသာ သိမည် ဆိုလျှင် နောက်ပိုင်း အပြင်သို့ ထွက်သောအခါ မည်သူကမှ မမြင်နိုင်စေရန် အလို့ငှာ ယန်မော့၏ မျက်နှာကိုတင်းတင်းကြပ်ကြပ် အုပ်ထားပေလိမ့်မည်။

ရှုရှင်းတို့က လမ်းတောက်လျောက် မောင်းလာပြီး နောက်ဆုံးတွင် အပြင်ဘက်ခြမ်းမှ နံရံများသာလျှင် မဟုတ်ဘဲ အတွင်းဘက်ခြမ်းကိုလည်း သေချာ ကာရံထားကြောင်း မြင်ရသည်။ ထိုလုံခြုံရေး အခြေစိုက်စခန်းက အလျှင်စလိုတည်ဆောက်ထားခြင်း ဖြစ်လောက်သည်။ အိမ်များက လုံလောက်ခြင်းပင် မရှိပေ။ ဝန်ဆောင်မှုကလည်း မပြီးပြည့်စုံပါပေ။ ထို့အပြင် သူတို့သည် သာမာန်လူပေါင်းများစွာကိုလည်း လက်ခံထားသေးသည်။ ကြည်ရသည်မှာ လူအင်အား အမြောက်အများ လိုအပ်ပုံရသည်။ သို့ရာတွင် အချင်းချင်းနားလည်ထားသည့်အကျိုးအမြတ် ခံစားမှုကတော့ ရှိသည်။

အခြေစိုက်စခန်းက အလကား စားလိုသော သူများကို လက်ခံပေးမည် မဟုတ်ပေ။

အတွင်းဘက်သို့ဝင်ပြီး အလယ်နားသို့ ရောက်သွားသောအခါ သုံးထပ်ဆောင်ကြီးကို မြင်ရသည်။ လူတိုင်းကလည်း တံခါးမှ အဝင်အထွက် လုပ်နေကြ၏။ အားလုံးကလည်း အလျှင်စလိုသာ ဖြစ်သည်။

တံခါးနားတွင် ‘ဝန်ဆောင်မှု ခန်းမ’ ဆိုသော ဆိုင်းဘုတ်ကြီးကိုမြင်ရသည်။

မူချီမိုင်က ဝင်ပေါက်နားရှိ ကားပါကင်တွင် ကားကို ရပ်လိုက်သည်။ ထိုအခြေစိုက်စခန်း၏ ဝင်ပေါက်နားတွင် လူအများ၏ အာရုံစိုက်ခံရခြင်းကို သတိရခြင်း အားဖြင့် အားလုံးက မက်စ်တပ်ပြီးမှသာ ထွက်သည်။

“ညီအစ်ကို ညီအစ်မတို့လမ်းညွှန်များလိုလား။ ငါက ဒီနေရာက ဖြစ်စဉ်တွေအားလုံးနဲ့ ရင်းနှီးတယ်နော် ။အကူအညီလည်း အများကြီး ပေးနိုင်တယ်။ ငါက အခြေစိုက်စခန်းထဲက သတင်းတွေအားလုံးကို ကောင်းကောင်းသိတဲ့သူပါ။ ဒါကြောင့် ငါမသိတာ မရှိဘူး။ ငါ့ကိုများ ငှားချင်ကြလား”

ကားပေါ်မှ ဆင်းလိုက်သည်နှင့် သိပ်မဝေးသော တစ်နေရာမှ ကောင်လေးတစ်ယောက်က အပြေးအလွှားလာကာ စိတ်အားထက်သန်စွာနှင့် မေးသည်။

68 02

“အိုး ငှားရမ်းခက ဘယ်လောက်လဲ”

ပုရှန်းဝမ်ကလည်း ယန်မော့၏အကြည့်ကို သတိထားမိကာ အရင်ရှေ့ထွက် မေးသည်။

“ဈေးမကြီးပါဘူး။ နှစ်နာရီစာအတွက် ပေါင်မုန့် တစ်အိတ်လောက်ဆိုရင် ရပါပြီ ဘယ်လိုလဲ ငှားနိုင်မလား”

လော့ကွေ့က လက်ညိုးတစ်ချောင်းထောင်ပြပြီး ဂရုတစိုက်လေ့လာသည်။ တစ်ဖက်သူကသာ ဈေးကြီးသည်ဟု ထင်လျှင် သူက ဈေးကို လျော့မည် ဖြစ်သည်။

“အင်း ဈေးသိပ်မကြီးပါဘူး။ သွားမယ် လမ်းပြ ငါတို့ ဘယ်ကိစ္စကို အရင်လုပ်ရမှာလဲ”

ရှုရှင်းကလည်း ထိုကလေး၏အမူအရာကြောင့် သဘောကျသွားပြီး မျက်လုံးများ ကွေးသည်အထိ ရယ်သည်။ ပုရှန်းဝမ်က အနားသို့ လျှောက်သွားကာ လော့ကွေ့၏ ပခုံးကို ပုတ်လိုက်ပြီး ဦးဆောင်ခိုင်းလိုက်သည်။

“ကောင်းပြီ ဒါဆိုရင် အရင်ဦးဆုံး လုပ်ရမှာက စခန်းထဲကို ဝင်လာတဲ့အချိန်မှာ ပေးထားတဲ့ အချက်အလက် ကတ်တွေရှိတယ်မလား။ အဲဒါနဲ့ မှတ်ပုံတင် လျှောက်ရမယ်။ အဲဒီ မှတ်ပုံတင်က အရမ်း အသုံးဝင်တာနော်။ အခြေအစိုက်စခန်းထဲက အဝင်အထွက် လုပ်တဲ့ အချိန်မှာပဲ ဖြစ်ဖြစ် အခြေစိုက်စခန်းထဲက ဆုတွေ လက်ခံယူတာ ကုန်ကျစားရိတ်‌တွေကို ပေးချေတာပဲဖြစ်ဖြစ် မှတ်ပုံတင်နဲ့ပဲ လုပ်ရတာ”

မှတ်ပုံတင်လျှောက်သောသူက အတော်လေး များသည်။ သူတို့သည် နာရီဝက်နီးပါးခန့် စောင့်ပြီးမှသာ ဖြစ်စဉ်များ အားလုံးပြီးသွားသည်။

“နောက်ထပ်သွားရမယ့် နေရာကတော့ နေထိုင်မှု စာရင်းသွင်း ရုံးခန်းပဲ။ အခြေစိုက်စခန်းက စိတ်စွမ်းအား ပညာရှင်တွေအတွက် အထူးနေရာ ပြင်ဆင်ပေးထားတယ်။ အထဲမှာတစ်ယောက်ခန်းတွေပဲရှိတာလေ။ စိတ်စွမ်းအားပညာရှင် အသစ်တွေ အားလုံးက ပထမ တစ်လမှာ အဲဒီမှာ အလကား သွားနေလို့ရတယ်။ ဒါပေမဲ့ နောက်ပိုင်းကိုတော့ ငှားရမ်းခအဖြစ် ဇွန်ဘီအမြူအတေတွေ ပေးရလိမ့်မယ်”

“ဒါပေမဲ့ မင်းတို့ လေးယောက်လုံးက သဘာဝလွန်စွမ်းအား ပညာရှင်တွေမဟုတ်လား။ နောက်ပြီး သုံးယောက်ကနေ ငါးယောက်အတွင်း တစ်သင်းဖွဲ့ရမယ်ဆိုတဲ့ သဘာဝလွန်စွမ်းအား ပညာရှင်အသင်းဆိုတဲ့စံချိန် စံနှုန်းနဲ့လည်း ကိုက်ညီတယ်။ ဒါကြောင့် သဘာဝလွန်စွမ်းအား အသင်းစာရင်းသွင်း ရုံးခန်းကို အရင်သွားပြီး အသင်း တစ်ခုအဖြစ် စာရင်း သွင်းလိုက်လို့ရတယ်။ စာရင်းသွင်းတာ အောင်မြင်သွားပြီးတာနဲ့ သီးသန့် နေအိမ်ကို တန်းလျှောက်လို့ ရပြီ။ အဲဒီမှာ အတူစုနေလို့ရတယ်။ ဒါပေမဲ့ အိမ်ကိုတော့ ရန်ပုံငွေဖြစ်ပြီး အခြားအသုံးပြုတဲ့ စားရိတ်တွေ ထပ်ပေးရလိမ့်မယ်။ ဘယ်ဟာကို အရင်သွားချင်လဲ”

လော့ကွေ့က တစ်ဖက်ကို လှည့်ပြီး နောက်မှ လူများကို မေးသည်။ သူတို့၏ညွှန်ကြားချက်ကို တောင်းခံသည်။

“ဒါဆိုရင်လည်း သဘာလွန်စွမ်းအားအသင်းရဲ့ စာရင်းသွင်းရုံးခန်းကို အရင်သွားရအောင်”

ယန်မော့က ရှုရှင်း၏ လက်ကို ကိုင်ရင်း ပြောသည်။

“ဟုတ်ကဲ့ သူဌေးတို့ လာကြပါ”

လော့ကွေ့က ရှေ့မှ လျှောက်ရင်း အခြေစိုက်စခန်းအတွင်းမှ အခြေအနေများအားလုံးကို သူ၏ နောက်တွင် ပါလာသည့် သခင်အား တက်တက်ကြွကြွ ရှင်းပြပေးနေသည်။ ရှုရှင်းကမူ ယန်မော့၏ လက်ကို ကိုင်ပြီး စိတ်ဝင်တစားနှင့် နားထောင်နေသည်။

လော့ကွေ့၏ရှင်းပြချက်က အတော်လေးလည်း ရယ်ရသည်။ လူများကို မပျင်းရစေတော့ချေ။

ရှုရှင်းတို့ကလည်း နေအိမ်လျှောက်ရန် လိုအပ်သောအခါ လော့ကွေ့ကလည်း နာခံသိတတ်မှု အပြည့်နှင့် အဝေးတွင်သာ ရပ်နေပေးပြီး ဘောင်မကျော်မိအောင် ကြိုးစားသည်။

သဘာဝလွန်စွမ်းအား အသင်းအတွက် နေအိမ်လျှောက်ထားသော သူများက အလွန်နည်းနေသေးသည်။ အဆုံးသတ်ကာလ၏ အစောပိုင်း ရက်များတွင် မည်သူကမှ မည်သူအပေါ်တွင်မှ အညံ့မခံလိုကြပေ။ ထို့ကြောင့် အသင်းဖွဲ့ရန် ခက်လေသည်။

68 03

C မြို့မှ လုံခြုံရေး အသင်းကလည်း အဆင့်အတန်းမြင့် အားလပ်ရက် စံအိမ်နယ်မြေမျိုးတွင် တည်ဆောက်ထားခဲ့ခြင်း ဖြစ်သည်။ ထိုနေရာတွင် အင်အားကြီးမားသော ခေါင်းဆောင်များက နေထိုင်သော အိမ်အနည်းငယ်ကလွဲပြီး ကျန်သော အိမ်တိုင်းက လွတ်နေသေးသည်။

ဒါဟာ အထူးစွမ်းအား ရှိသူများအတွက် အထူးတလည် ထိန်းသိမ်းထားပေးခြင်း ဖြစ်သည်။ သူတို့ကသာ အသင်းဖွဲ့ပြီးသည်နှင့် ထိုနေရာတွင် ငှားကာ အသင်း၏ ပိုင်နက်နယ်မြေတစ်ခုအဖြစ် သတ်မှတ်ကာ နေနိုင်သည်။

ယခုအခါ အိမ်အလွတ်အများကြီး ရှိသေးသည်။ သို့သော် ငှားသောသူက နည်း၏ ထို့ကြောင့် ငှားရမ်းခကလည်း ထင်သလောက် မများပါချေ။

တစ်လငှားရမ်းခက အသင့်စားခေါက်ဆွဲတစ်ဘူး သို့မဟုတ် ဘီစကစ်ဘူးတဝက်လောက်ပင် မကုန်ကျပါပေ။

သူတို့သည်လည်း ရိက္ခာများ မရှားကြချေ။ သို့သော် C မြို့ရှိ အခြေစိုက်စခန်းတွင် အချိန်တန်ကြာအောင် နေမည့် အခြေအနေကို တွက်ခြင်းအားဖြင့် ရိက္ခာအများကြီး ကို တစ်ခါတည်း ထုတ်လိုက်မည်ဆိုပါက ပစ်မှတ်ထားခံရနိုင်သည်။ ထို့ကြောင့် အခြေအနေကို သေချာနားလည်သည်အထိ သိုသိုသိပ်သိပ် နေရန် ဆုံးဖြတ်လိုက်သည်။ နောက်ဆုံးတွင် သူတို့က နှစ်လ အရင်ငှားရန် ဆုံးဖြတ်လိုက်သည်။ မူချီမိုင်က အပြင်သို့ အရင်ထွက်ပြီး ကားထဲမှ ဘီစကစ်တစ်ဖာကို သွားရွေ့လာကာ စာရင်းသွင်းလိုက်သည်။ ထို့နောက် ကိစ္စများအားလုံးက ပြီးဆုံးသွားသည်။ ထို့နောက် မြို့တော် C ၏ အခြေစိုက်စခန်းတွင် နေထိုင်ရန် နေရာရှိသွားလေပြီ။

နောက်ပိုင်းမှ အိမ်ယာထဲသို့ ပြန်ဝင်လိုလျှင် ထိုအိမ်ယာမှ ငှားရမ်းခစာချုပ်ကို လိုအပ်သည်။ လော့ကွေ့ကလည်း သာမာန်လူသာဖြစ်ပြီး ထိုအိမ်ယာနယ်မြေထဲသို့ဝင်ခွင့်မရချေ။ သူသည် ရှုရှင်းတို့ကို လမ်းလိုက်ပြပြီးသည်နှင့် သူ၏ အလုပ်က ပြီးဆုံးပြီ ဖြစ်သည်။

လော့ကွေ့ကို ဆုပေးသည့်အနေဖြင့် နဂိုသဘောတူထားသည့် ပမာဏအပြင် ရေသန့်ဗူးနှစ်ဗူးကိုပါ အပိုပေးလိုက်သည်။

ရှုရှင်းကလည်း အလွန်ရက်ရောနေသောကြောင့် မဟုတ်ပေ။ သို့သော် လော့ကွေ့၏ ရယ်သွေးပြီး ပြောဆိုသော စကားများက အမှန်တကယ် စိတ်ဝင်စားစရာ ကောင်းသောကြောင့် ဖြစ်သည်။

လေးနာရီတိုင်တိုင် နားထောင်ပြီးသည့်တိုင်အောင် အသိအမှတ်ပြုမိသည်။

ထိုသို့ဖြင့် လုပ်ခအပိုကို ရသောအခါ လော့ကွေ့က တစ်စက္ကန့်ခန့်ပင် မှင်သက်သွားသေးသည်။ သို့သော် သူဟာ သူ၏ ဂုဏ်သိက္ခာကို ထိန်းခြင်းအားဖြင့် မငြင်းဆန်ခဲ့ပါပေ။ ရက်ရောစွာသာ လက်ခဲပြီး ကျေးဇူးတင်သည်။ ထို့နောက် ပစ္စည်းများအားလုံးကို အဝတ်ထဲသို့ ထိုးထည့်ပြီး တင်းတင်းကြပ်ကြပ်ကိုင်ကာ ပြေးတော့သည်။

“သွားရအောင် ငါတို့ရဲ့ အိမ်အသစ်ကို ကြည့်ရမယ်”

သူတို့ လေးယောက်က အိမ်ယာနယ်မြေသို့ မောင်းထွက်လာလိုက်သည်။

******

All Chapters