အခန်း ၆၉
Vol. 7 Ch. 69
69 01
အပိုင်း (၆၉)
စံအိမ်အပြင်နှင့် အတွင်းဘက်က မတူညီသော လောကနှစ်ခုကဲ့သို့ ဖြစ်နေသည်။
မြေပြင်တွင် နှစ်ထပ်စံအိမ်များ အတန်းလိုက်ရှိနေသည်။
စံအိမ်၏အပြင်ဘက်ပုံစံက ယခင်က ဖြစ်ပွားခဲ့သော သဘာဝကပ်ဘေး၏သဲလွန်စ အနည်းငယ်ကို ဖော်ထုတ်ပြသနေသေးသည့် တိုင်သည့်တိုင်အောင် နဂိုက ထည်ဝါမှုများကိုလည်း အသေးစိတ် ကျကျမြင်တွေ့နိုင်သည်။
ရှုရှင်းတို့ လေးယောက် ရွေးချယ်ထားသော စံအိမ်၏ တည်နေရာက ရှေ့မရောက်လွန်းသလို နောက်လည်း မရောက်လွန်းချေ။ ထို့ကြောင့် အဝင်အထွက် အသွားအလာလုပ်ရန် အဆင်ပြေလေသည်။
သူတို့သည်လည်း စံအိမ်ကို နံပါတ်ပြားပါ တံဆိပ်အတိုင်း တွေ့သည်နှင့် တံခါးကို တွန်းဖွင့်ကာ ဝင်လိုက်ကြသည်။ စံအိမ်က မကြီးလွန်းမသေးလွန်းပေ။ ကားဂိုဒေါင်ကလည်း ကားတစ်စီးစာအတွက် လုံလောက်အောင် ကြီးနေသည်။
အိမ်ထဲတွင် နဂိုတည်ဆောက်ပုံ ပစ္စည်းများကလည်း မည်သည့် ပစ္စည်းမှ မရှိပေ။
အခြားသော အထူးစွမ်းရည်များကဆိုလျှင် ထိုအိမ်ကို အလှဆင်ရန် ပစ္စည်းများကို ရှာဖွေရန်အတွက် ဒုက္ခများရလောက်သော်လည်း ရှုရှင်းတို့အဖွဲ့ကမူ ထိုပြဿနာမရှိပါပေ။
သူတို့က တရားဝင် မရွေ့ခင်ကတည်းက စံအိမ်ကြီးတစ်ခုလုံးကို သေချာရှင်းလင်းရန် လိုအပ်လေသည်။ သူတို့လေးယောက်ကသာ စံအိမ်ကြီးတစ်ခုလုံးကို ရှင်းလင်းလိုလျှင် သေအောင် ပင်ပန်းသွားလောက်သည်။
မူချီမိုင်က လေစွမ်းအားကို ထိန်းချုပ်ကာ ကြီးများသော အမှိုက်အိတ်ကြီးကို သုံး၍ ဖုန်အများစုကို ထည့်လိုက်သည်။ ရှုရှင်းကလည်း အဆင့်မြင့် ဉာဏ်ရည်မြင့် အိမ်ထောင်စုသုံး စက်ရုပ်များကို သုံးလိုက်ပြီး သန့်ရှင်းခိုင်းလိုက်သည်။
နှစ်နာရီနီးပါးခန့်ကြာပြီးနောက် စံအိမ်တစ်ခုလုံးက သစ်လွှင်သွားလေသည်။
“မဆိုးပါ မဆိုးပါဘူး။ သန့်ရှင်းသွားပြီ ကြည့်ရတာ။ ငါ့ကို စက်ရုပ်ရောင်းခဲ့တဲ့ သူက လိမ်တာ မဟုတ်ဘူးပဲ”
ရှုရှင်းကလည်း အခန်း၏ ထောင့်တိုင်း နေရာတိုင်းကို စစ်ဆေးကြည့်ပြီးနောက် ဖုံတစ်စက်မှ မကျန်တော့ကြောင်း တွေ့လိုက်ကာ ကျေနပ်စွာ ခေါင်းညိတ်သည်။
“မရီး မင်းရဲ့ ပိုက်ဆံတွေက အလကား ဖြုန်းတီးခဲ့တာ မဟုတ်ဘူးပဲ။ ကောင်းကောင်း သုံးခဲ့တာ”
ပုရှန်းဝမ်ကလည်း စက်ရုပ်ကို ပတ်ကြည့်နေရင်း ချီးကျူးသည်။
“ဟေး ဟုတ်တယ်မလား ဒါပေမဲ့ ဒါဆိုရင် ဘာလို့ ငါတို့ အရင်က ဘာလို့ မသုံးတာလဲ”
ရုတ်တရက် သူတို့ ယခင် မြို့တော် A မှ အိမ်ကို သူတို့ဘာသာ ရှင်းလင်းခဲ့ရသည့်အကြောင်းကို သတိရသွားပြီး ပုရှန်းဝမ်က ပဟေဠိ ဖြစ်သွားသည်။
“ငါတို့ အရင်နေတဲ့ အိမ်က အရမ်းကျဉ်းတယ်လေ။ ဒီလို အရင်းအမြစ်တွေ သုံးရရင် ဖြုန်းတီးရာ ရောက်တာပေါ့”
ရှုရှင်းက ပထမစကားတဝက်ကို ပြောပြီးနောက်တွင် ပုရှန်းဝမ်၏ အနားသို့ ကပ်သွားပြီး ပါးစပ်နားသို့ လက်အုပ်ကာ ခပ်တိုးတိုးပြောသည်။
“နောက်ပြီး သန့်ရှင်းတဲ့အတွက်ကြောင့်သာ မဟုတ်ရင် ငါတို့ နေ့စဉ် လေ့ကျင့်ရတဲ့အချိန်က ပိုရှည်သွားမှာ”
“အာ…ဟုတ်တယ် ဟုတ်တယ် တကယ်ကို အမှန်ပဲ”
“အရင်နေရာက တကယ်ကို မလိုတာ အမှန်ပဲ”
ပုရှန်းဝမ်ကလည်း ချက်ချင်း နားလည်သွားကြီး ကျယ်လောင်စွာ သဘောတူသည်။
ယန်မော့ကလည်း သူတို့၏ လှုပ်ရှားမှု သေးသေးလေးများကို ကြိုတင်မြင်ပြီးသား ဖြစ်သည်။ သူသည်လည်း ဖော်ထုတ်ရန် ပျင်းလွန်းနေသည်။ ထို့ကြောင့် ထိုအရူးနှစ်ကောင်အား သူတို့ဘာသာ သူတို့ ပျော်မွေ့ခိုင်းလိုက်သည်။
69 02
ဒုတိယထပ်တွင် အခန်းငါးခန်းရှိသည်။ ရှုရှင်းနှင့် ယန်မော့က တစ်ခန်းနေပြီး ပုရှန်းဝမ်နှင့် မူချီမိုင်က တစ်ယောက်တစ်ခန်းစီ နေသည်။ ကျန်သော အခန်းနှစ်ခန်းကမူ တောက်တိုမယ်ရပစ္စည်းများကို သိုလှောင်ထားရန် ဖြစ်သွား၏။
ရှုရှင်းက လူတိုင်း၏ အခန်းထဲသို့ ဝင်လိုက်ထွက်လိုက်လုပ်ပြီး လိုအပ်သော ပရိဘောဂနှင့် ပစ္စည်းများအားလုံးကို သူတို့ အကြိုက်အတိုင်း ထုတ်ပေးထားလိုက်သည်။
ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကလည်း ချေးမများကြပေ။ ပစ္စည်းအသစ်အနည်းငယ်ထဲမှ သူတို့ မြို့တော် A တွင် သုံးနေကျ ပစ္စည်းများကိုသာ ထပ်ပေါင်းသုံးသည်။
အခြေစိုက်စခန်းက ရေနှင့် လျှပ်စစ်ထောက်ပံ့ပေးနိုင်သည်။ ထို့ကြောင့် တစ်လတစ်ခါ ရေဖိုးမီးဖိုး ပေးရုံနှင့် လုံလောက်သည်။ လိုအပ်သော ပစ္စည်းများကို ဇွန်ဘီသလင်း အမြူအတေနှင့် ဝယ်နိုင်၏။ ရေနှင့် လျှပ်စစ်နှင့် ပက်သက်ပြီး ပြဿနာမရှိပေ။ ထို့ကြောင့် ရှုရှင်းကလည်း ရေခဲသေတ္တာကို အပေါ်ထပ်တွင် တစ်လုံးထားလိုက်သည်။ အောက်ထပ်တွင်လည်း တစ်လုံးထားသည်။ ဒီနည်းအားဖြင့် နေ့စဉ်လိုအပ်သော ပမာဏနှင့် ကွက်တိ အဆင်ပြေလေသည်။
ယခုအခါ သူမတွင် ကိုယ်ပိုင်နေရာရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် ရှုရှင်းသည်လည်း ကျားဖြူနှင့် ဝံပုလွေ ဖြူတို့ကို ထုတ်ပေးထားလိုက်သည်။ သူတို့သည်လည်း နေရာလပ် နယ်မြေထဲတွင် ရက်ပေါင်းများစွာ နေနေရလေရာ လေကောင်းလေသန့် ရှူသင့်လေသည်။
အိပ်ယာကို ပြင်ဆင်ပြီးသည်နှင့် လုံးဝ မောပန်းနေသော အခြေအနေသို့ ရောက်သွားကာ ပျော့ခွေကျသွားသည်။
သူမသည် ရက်ပေါင်းများစွာ မအိပ်ထားရပေ။ ဒီနေ့ကလည်း နောက်ထပ် ခန္ဓာကိုယ်အင်အား စိုက်ထုတ်ထားရသည့် ရက်ဖြစ်နေသည်။ ထို့ကြောင့် မသိလိုက် မသိဘာသာပင် မျက်လုံးမှိတ်လိုက်သည်။
ယန်မော့ကလည်း သန့်ရှင်းနေရင်းမှ အနောက်ဖက်မှ လှုပ်ရှားမှုဒဏ်ကို မကြားရတော့သဖြင့် ခေါင်းလှည့်ကြည့်လိုက်သောအခါ ရှုရှင်းက အိပ်ပျော်နေကြောင်း မြင်ရသည်။
သူသည်လည်း ထရပ်လိုက်ပြီး တစ်ဖက်သူကို စောင်ဖြင့် အသာခြုံပေးလိုက်သည်။ ထို့နောက် ကိုယ်ကို ငုံ့ကိုင်းကာ ရှုရှင်း၏ နဖူးကို နမ်းလိုက်ပြီးမှသာ တိတ်တဆိတ် ထွက်ခဲ့လိုက်သည်။
******