အခန်း ၇၀
Vol. 7 Ch. 70
70 01
အပိုင်း (၇၀) နတ်သမီး ဝတ်စုံရတာ ဂုဏ်ယူပါတယ်
ရေချိုးခန်းထဲတွင် ရေချိုးသန့်စင်ပြီးသည်နှင့် ယန်မော့ကလည်း အိပ်ယာဘေးတွင် လာလဲကာ ရှုရှင်းကို ဖက်ပြီး မျက်လုံးကို မှိတ်လိုက်သည်။
တိုက်ဆိုင်သည်လား မသိ ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကလည်း ခိုးအိပ်နေကြသည်။
သူတို့သည် ဒီတစ်ပတ်လုံးလုံး မရပ်မနားဘဲ အလုပ်လုပ်ထားလေရာ ညဖက်တွင်ပင် မအိပ်ဘဲ ဇွန်ဘီအမြူအတေများကို အသုံးပြုနေခဲ့သည်။ စွမ်းအင်ကို အသုံးပြုခြင်းအားဖြင့် မအိပ်ချင်သော်လည်း လွန်ခဲ့သော နှစ်ပေါင်းများစွာ ရှိနေခဲ့သော အလေ့အကျင့်အရ သူတို့၏ အရိုးထဲတွင် ထွင်းထုထားပြီးသား ဖြစ်နေသည်။
စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုမျိုးနှင့် အိပ်စက်ခြင်းမှ ရရှိလာသော ခံစားချက် တစ်မျိုးက မည်သည့် အရာမျိုးမှဖြင့် အစားထိုး၍ မရချေ။ ထို့ကြောင့် အာရုဏ်မတက်ခင်အထိ အိပ်လိုက်သည်။
“ရှင်းပေါင် ထတော့”
“ဟင် ဘယ်အချိန်ဖြစ်သွားပြီလဲ”
ရှုရှင်းကလည်း မျက်လုံးကို ပျင်းတိပျင်းရွဲ့ပွတ်ကာ အပျင်းကြောဆန့်သည်။ သူမသည် ထိုသို့ သက်တောင့်သက်သာ ရှိရှိ မအိပ်ရသည်မှာ ကြာပြီ ဖြစ်သည်။
“ခုနှစ်နာရီ ကျော်ပြီ ခဏလောက်ထပြီး ဒီအခြေစိုက်စခန်းနဲ့ ရင်းနှီးအောင် လမ်းပတ်လျှောက်ရအောင်”
ယန်မော့က ထိုသို့ပြောပြီး နံဘေးမှ ဗီရိုကို သွားဖွင့်ကာ ရှုရှင်း ဒီနေ့ဝတ်ရမည့် ဝတ်စုံကို ယူလာပေးသည်။
“ရှင်းပေါင် ဒီ…ဒီ ဂါဝန်တွေက ဘာလဲ”
ဗီရိုကို ဖွင့်လိုက်သည်နှင့် သူနှင့် ခြားနားလွန်းသော အဝတ်အစားပုံစံမျိုးကို မြင်လိုက်ကာ ထိုဂါဝန်များကို ထူးထူးဆန်းဆန်း စိုက်ကြည့်နေမိသည်။
“အိုး..ဒါတွေလား ဒါတွေက ငါ သေချာရွေးထားတာလေ။ ဒါတွေက ဟန်ဖူ၊ လိုလီတာ၊ နောက်ပြီး JK ဝတ်စုံတွေပေါ့၊ ဘယ်လို ရာသီဥတုမှာမဆို ဝတ်လို့ရတာနော်၊ နောက်ပြီး မလှဘူးလား”
ယန်မော့၏ စကားနောက်မှ လိုက်၍ ရှုရှင်းကလည်း ဗီရိုဘက်သို့ မှီလာကာ ကြည့်သည်။
ယန်မော့က မနေ့က သူမ အထူးတလည် ထုတ်ထားသော ဝတ်စုံများကို ကြည့်နေကြောင်း မြင်သောအခါ စိတ်အားထက်သန်စွာ မိတ်ဆက်ပေးလိုက်သည်။
ရှုရှင်းသည်လည်း အလှကြိုက်သူ ဖြစ်သည့်အလျောက် အရင်းအမြစ်များကို စုဆောင်းရင်းမှ ထိုဂါဝန်များကို စုဆောင်းရန် မမေ့ခဲ့ချေ။
မနေ့က ရှုရှင်းသည် ပုံမှန်နှင့် အထူးတလည် ထင်းထွက်လွန်းမနေသော ဝတ်စုံမျိုးကို ရွေးထုတ်ထားလိုက်ပြီး အရေးတယူမရှိလျှင် အေးအေးဆေးဆေး ဝတ်ရန် အလို့ငှာ ဗီရိုထဲ ကောက်ထည့်ထားလိုက်ခြင်း ဖြစ်သည်။
သူမသည်လည်း တစ်ခါတစ်ရံ အပြင်ထွက်ရန် မလိုအပ်သည့်ရက်မျိုး စံအိမ်ထဲတွင် နေသောအခါ စိတ်အခြေအနေအတိုင်း ဝတ်နိုင်သည်ဟု ယူဆထားသည်။
“ရှင်းပေါင် မင်းရဲ့ စွမ်းရည်က အခြားသူတွေနဲ့ သိပ်ပြီး ကွဲထွက်မနေအောင် ဘယ်လို ဖုံးကွယ်ရမလဲဆိုတာ ငါသိပြီ။ မင်းဒီနေ့ ဒါဝတ်လိုက်”
ယန်မော့ကလည်း အနက်ရောင် လိုလီတာ ဂါဝန်လေးကို ထုတ်ပြီး ရှုရှင်းကို ပေးသည်။
70 02
“ရတာပေါ့။ ဒါပေမဲ့ ယောက်ျား သဘာဝလွန်စွမ်းအားကို ဘယ်လို ဖုံးကွယ်မယ်လို့ ပြောလိုက်တာ”
ရှုရှင်းကလည်း ယန်မော့ပေးသော ဂါဝန်ကို ယူလိုက်ရင်း ယန်မော့ကို တဖြတ်ဖြတ် လက်နေသော မျက်ဝန်းမျိုးဖြင့် ကြည့်သည်။
“အင်း ထ အဝတ်အစားအရင်လဲ မနက်စာစားပြီးရင် ပြောပြမယ်”
“အို ကောင်းပြီလေ”
ထိုနည်းလမ်းကို သိရရန်အလို့ငှာ ရှုရှင်းက ခပ်မြန်မြန် ရေသွားချိုးပြီးနောက် ပုံမှန်ထက် မြန်ဆန်သော အရှိန်နှုန်းဖြင့် စားလိုက်သည်။
ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကလည်း တစ်စားပွဲတည်း စားနေသည့် အလျောက် ဒီနေ့ အရေးကြီးသော ကိစ္စအချို့ကို ဆွေးနွေးမည်ဟုသာ ထင်လိုက်ပြီး ခပ်မြန်မြန်စားလိုက်သည်။
အတွင်းပုံပြင်ကို သိသော ယန်မော့ကသာ ရက်စက်ရန်လိုမှု အပြည့်နှင့် သတိမပေးဘဲ နေနေလိုက်သည်။
မြန်မြန်စားတာလဲ ကောင်းပါတယ်။ မြန်မြန် ပြီးတာပေါ့
“ဟန်နီ အချစ်လေး ပြောပါအုံး။ ဘယ်လိုနည်းလမ်းကို စဉ်းစားမိတာလဲ”
မနက်စာစားပြီးသည်နှင့် ဆိုဖာပေါ်တွင် ထိုင်ပြီး ယန်မော့ကို စူးရှုစွာ ကြည့်သည်။ သူမ၏ ကွဲထွက်နေသော သဘာဝလွန်စွမ်းအားကို မည်သို့ ဖုံးကွယ်ရမည်နည်းဟု စဉ်းစားနေ၏။
“အခု ထရပ်လိုက်ပြီး နတ်သမီး တုတ်တံလေး ထုတ်ပြလိုက်ပါအုံး”
ယန်မော့က ဆိုဖာပေါ်တွင် ထိုင်ပြီး တည်တည်ငြိမ်ငြိမ်ပြောသည်။ ရှုရှင်းကလည်း စိတ်ရှုပ်သွားသည်။ သူမသည် ပထမ ဦးဆုံးအကြိမ်အဖြစ် ယောက်ျားဖြစ်သူ၏ ဆိုလိုရင်းကိုနားမလည်ချေ။ ထို့ကြောင့် ယန်မော့၏ ညွှန်ကြားချက်အတိုင်းသာ ထလုပ်သည်။
“ဘယ်လိုလဲ”
ယန်မော့က တစ်ဖက်လှည့်ကာ ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကို မေးသည်။
ရှုရှင်း “???”
ငါ တစ်ယောက်တည်း မသိတာလား ဘာတွေ ပြောနေတာလဲ။
“အရမ်းကောင်းတယ် အရမ်းလိုက်တယ် ပြီးပြည့်စုံတယ်”
ပုရှန်းဝမ်က လက်ခုပ်တီးသည်။
“အင်း ကိုးရိုးကားရား မဖြစ်တော့ဘူး”
မူချီမိုင်ကပင် အလေးအနက်ကြီး ခေါင်းညိတ်နေသည်။
“နေပါအုံး မဟုတ်သေးပါဘူး နေကြပါအုံး။ ဘာတွေ ပြောနေတာလဲ။ ဘာလို့ ငါနားမလည်တာလဲ။ ဘယ်လိုဖြစ်ပြီး ဒါကနေ ငါ့ရဲ့ သဘာဝလွန်စွမ်းအား ပြဿနာကို ဖုံးကွယ်နိုင်မှာလဲ”
ထိုသုံးယောက်ပြောသော စကားကို နားထောင်နေရင်း ရှုရှင်းကလည်း လုံးဝ စိတ်ရှုပ်သွားသည်။
“ရှင်းပေါင်း မင်းရဲ့သဘာဝလွန်စွမ်းအားက အခုဝတ်ထားတဲ့ ဝတ်စုံနဲ့ လိုက်ဖက်တယ်လို့ မထင်ဘူးလား”
70 03
ယန်မော့ကလည်း သဘောတကျ ခေါင်းညိတ်နေသည်။
ရှုရှင်းက သူမ၏ ဝတ်စုံကို ပြန်ကြည့်သည်။ ထို့နောက် လက်ထဲမှ နတ်သမီး တုတ်တံကို ပြန်ကြည့်သည်။ ထပ်ခါတလဲလဲ ကြည့်ပြီး နောက်ဆုံးတွင် ရုတ်တရပ် နားလည်သွားသည်။
ရှုရှင်းကလည်း ယန်မော့၏ အဓိပ္ပာယ်ကို နားလည်သွားပြီး အမူအရာက အလွန်အမင်း ရှုပ်ထွေးသွားသည်။
သူမသည်လည်း သူမဟာ ဝရုန်းသုန်းကား ဖြစ်လွန်းနေသော ကာလမျိုးတွင် ဇွန်ဘီများအား နတ်သမီး တုတ်တံနှင့် ယမ်းကာ သတ်နေမည့် အကြောင်းကို တွေးခဲ့ဖူးသည်။ မမျှော်လင့်ထားစွာပင် သိပ်မကြာခင်မှာတင် ပို၍ ချဲ့ကားလွန်းသော အရာက ဖြစ်လာသည်။
သူမ မဝေးတော့တဲ့ အနာဂတ်မှာ နှစ်သိမ့်ပေးခံရလောက်ပါတယ်။
သူမသည် နတ်သမီးတုတ်တံကို ယမ်းရမည့်အပြင် လိုလီတာ ဝတ်စုံကိုလည်း ဝတ်ရအုံးပေမည်။
ဘယ်လိုပဲ စဉ်းစားစဉ်းစား ကမ္ဘာကပ်ဘေးကာလမှာ လိုလီတာ ဝတ်စုံကြီး ဝတ်ပြီး နတ်သမီး တုတ်တံကို ယမ်းနေမှာက…
သူမသည်လည်း ငယ်စဉ်ဘဝက ကလေးဘဝ၏အိပ်မက်မျိုးကို ယခုလို အစုတ်အပြတ်ဆုံးနှင့် အရောင်အသွေးမဲ့နေသော ကမ္ဘာကပ်ဘေးကာလတွင် ရရှိလာမည်ဟု မထင်ထားမိပေ။
“တကယ်ပဲ အခြားနည်းလမ်း မရှိတော့ဘူးလား”
ရှုရှင်းကလည်း ထိုအခြေအနေကို တွေးတောကြည့်ပြီးနောက် လက်လျော့ရန် ငြင်းဆန်သည်။
“အခုတော့ ဒါက အကောင်းဆုံး ဖြေရှင်းချက်ပဲ”
ယန်မော့ကလည်း အနည်းနှင့် အများဆိုသလို ကူကယ်ရာမဲ့နေသည်။ အခြားသော ပိုကောင်းသော နည်းလမ်းသာရှိလျှင် သူသည်လည်း ထိုအခြေအနေမျိုးအထိ မလုပ်လိုပါပေ။
ဒါဟာ အမှန်တရားပဲ…
ရှုရှင်းကလည်း လက်ခံရန် တွန်းအားပေးလိုက်ရသည်။
သူမ၏ စိတ်ထဲတွင်မူ သူမ၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို အလျှင်အမြန် တည်ဆောက်လိုက်သည်။
ရပါတယ်…. ငါသာ မရှက်သမျှ အခြားသူတွေပဲ ရှက်လိမ့်မယ်။
သူမသည် အနာဂတ်တွင် လူမကြောက်တတ်သော လူမကြောက်သူ ဖြစ်ရပေမည်။
ပေါင်းသင်းဆက်ဆံရေး ဝင်ဆန့်တဲ့ ကျွဲလား…
အမှန်တရားကို လက်ခံပြီးသည်နှင့် ရှုရှင်း အပေါ်သို့ ပြေးတက်ကာ ဟန်ဖူနှင့် JK ဝတ်စုံများကိုပင် တောက်လျှောက် ဝတ်ပြရင်း ယန်မော့အား သက်ရောက်မှုကို ကြည့်ခိုင်းသည်။အချက်အလက်များကလည်း ဟန်ဖူ ဝတ်စုံနှင့် နတ်သမီး ဝတ်စုံက ပို၍ လိုက်ဖက်ကြောင်း ဖော်ပြနေသည်။ နှစ်ခုပေါင်းစပ်လိုက်သောအခါ ပြင်ဆင်ပုံမျိုးနှင့်ပင် တူ၏။
အခြားသော သူများက သူမကို မြင်သောအခါ ရှုရှင်းက အခုလို ဝတ်စားမှုကို သဘောကျပြီး နတ်သမီးဖြစ်ရန် အိပ်မက်မက်နေသော သူဟုသာ ထင်ပေလိမ့်မည်။ သို့သော် သူမလက်ထဲမှ နတ်သမီး တုတ်တံက သူမ၏ သဘာဝလွန်စွမ်းအားဟု တွေးကြတော့မည် မဟုတ်ပေ။
70 04
ထိုရည်ရွယ်ချက်ကြောင့်လည်း ရှုရှင်းက သူ နေရာလပ် နယ်မြေတွင် သိုလှောင်ထားသော ဝတ်စုံများအားလုံးကို ထုတ်လာသည်။
ကံကောင်းသည်မှာ သူမသည် ကမ္ဘာအဆုံးသတ်ကာလပြီးနောက် ယခုလို သဘောကျသော ပုံစံမျိုးကို ဝတ်ဆင်ခွင့်ရလိမ့်မည်ဟု မထင်ထားမိပါပေ။
သူမသာ တစ်ရက်တစ်ထည် လဲဝတ်မည် ဆိုလျှင်ပင် သုံးနှစ်လေးနှစ်ခန့် ကြာသည်အထိ မထပ်အောင် လဲဝတ်နိုင်သေးသည်။
ရှုရှင်း၏သဘာဝလွန်စွမ်းအား ပြဿနာက ပြီးပြည့်စုံစွာ ဖြေရှင်း၍ ပြီးသွားသည်။ သူတို့ လေးယောက်ကလည်း စံအိမ်တံခါးကို ပိတ်ပြီးသည်နှင့် စတင်ကာ လမ်းထွက်လျှောက်လာသည်။
ကားကိုမူ ချန်ထားရစ်ခဲ့သည်။
သူတို့၏ ဒီနေ့ရည်ရွယ်ချက်က အမျိုးမျိုးသော လမ်းကြောင်းများနှင့် ရင်းနှီးစေရန် ဖြစ်သည်။ အလားတူပင် အဆောက်အဦး၏ ပုံစံများနှင့် နယ်မြေခွဲဝေမှုများကိုလည်း သိရှိရန် လိုအပ်သည်။
အခြေစိုက်စခန်းက အတော်လေး ကြီးသည် သူတို့ လမ်းအတူ လျှောက်မည် ဆိုလျှင်ပင် တစ်ရက်တည်းနှင့် အားလုံးကို နားလည်ရန် ခက်ခဲလောက်သည်။
ထို့ကြောင့် သူတို့မနေ့က မြင်ခဲ့ရသော ကန်တင်းတွင် နေ့လည်မှသာ ဆုံရန် ဆုံးဖြတ်လိုက်သည်။
ရှုရှင်းနှင့် ယန်မော့တို့က တစ်ဖွဲ့ဖြစ်သည်။ ပုရှန်းဝမ်နှင့် မူချီမိုင်က တစ်ဖွဲ့ဖြစ်သည်။ ထိုသို့ဖြင့် နှစ်ဖွဲ့ခွဲကာ သီးသန့်သွားကြသည်။
“အချစ် အခု ဒီလို ဆိုတော့လည်း ငါတို့ လက်ချင်းတွဲပြီး ဖြည်းဖြည်းချင်း လမ်းလျောက်ရတာက ကြာရှည်စွာ ပျောက်ဆုံးနေခဲ့တဲ့ ဒိတ်နဲ့ တူတယ်”
ရှုရှင်းက ယန်မော့၏ လက်ကို ကိုင်ပြီး ပတ်ဝန်းကျင် ရှုခင်းကို အနီးကပ်လိုက်ကြည့်ကာ ရုတ်တရက်ကြီး သူ့ကို ပြောလာသည်။
“အင်း ငါတို့ အနာဂတ်မှာ အချိန်တွေ အများကြီး ပိုရမှာပါ”
ရှုရှင်းက မက်စ်တပ်ထားသေးသည်။ ထို့ကြောင့် သူ၏ မျက်နှာ အမူအရာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ သို့သော် သူ၏ လေသံအရ ယန်မော့၏ စိတ်အခြေအနေ ကောင်းနေလောက်သည်။
“ရှင်းပေါင် မင်းရဲ့အသက်နှစ်ဆယ်ပြည့် မွေးနေ့က ရောက်လာတော့မယ်ဆိုတာ ဟုတ်တယ်မလား”
******