အခန်း ၇၁
Vol. 8 Ch. 71
71 01
အပိုင်း (၇၁) အေးဆေးပေါ့ပါးတဲ့ နေ့စဉ်ဘဝ
ယန်မော့၏ စကားကလည်း ခက်ခက်ခဲခဲ ရှာဖွေ၍ ရလာသော ငြိမ်းအေးသောdate ၏ သက်တောင့်သက်သာ ရှိမှုကို ပို၍သာ ထင်ရှားလာစေသည်။
“အာ တကယ်လား ငါတောင် မေ့နေတာ”
ရှုရှင်း၏ ဦးနှောက် တစ်ခဏခန့် တစ်သွားသည်။
“သဘက်ကခါက April 18 လေ ရှင်းပေါင်က နောက်ဆုံးတော့အရွယ်ရောက်ပြီ”
သက်ပြင်းချသံနှင့် ဝေခွဲရခက်သော အဓိပ္ပာယ်ကလည်း ဝေခွဲရခက်စွာ ကပ်ပါလာသည်။
ရှုရှင်းကလည်း ယန်မော့၏ ဆိုလိုရင်းကို နားမလည်သေးလျှင် တိုဖူးတစ်တုံးဖြင့်သာ ခေါင်းကို ပြေးဆောင်းလိုက်သင့်သည်။
“…”
ရှုရှင်းကလည်း ထိုအချိန်မှ သူမ၏ ခံစားချက်ကို မည်သို့ ဖော်ပြသင့်မှန်း မသိတော့ပေ။
ဒီအမျိုးသားက သူမရဲ့အသက်နှစ်ဆယ်ပြည့်မွေးနေ့ကို ကောင်းသိနေတယ်။ မသိရင် နေ့ရက်တွေကို ရေတွက်နေတဲ့ အတိုင်းပဲ။
သူမသည်လည်း ယန်မော့ နောက်ပြောသော စကားလုံးများကို နားမလည်သလို ဟန်ဆောင်လိုက်သည်။
ကံကောင်းသည်မှာ ယန်မော့ကလည်း ဒီအတိုင်း ခပ်အေးအေး ထုတ်ပြောရုံသာ ဖြစ်လောက်သည်။ အလေးအနက်ကြီး ဆွေးနွေးချင်စိတ် ရှိပုံမရဘဲ အခြားသော အကြောင်းအရာများကိုသာ ပြောင်းပြောသည်။
သို့ရာတွင် ရှုရှင်းကမူ သူမ၏ နံဘေးမှ နှမ်းစေ့အမဲနှင့် ဆန်စေးဖက်ထုပ်က အဓိပ္ပာယ်မဲ့သော အကြောင်းအရာမျိုး ထုတ်ပြောမည်ဟု မယုံကြည်ပါပေ။
ရှုရှင်းသည် ယန်မော့၏ စကားလုံးများမှ ဆိုလိုရင်းကို ချက်ချင်း နားလည်လိုက်သည်။
ဒီနေ့ အနည်းငယ်ထုတ်ပြောခြင်းက သူမအား စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားနိုင်အောင် သတိပေးရုံသာ ဖြစ်သည်။ ထိုအခါ အချိန်ကျလာသောအခါ အံ့အားသင့်တော့မည် မဟုတ်ပေ။
သူတို့ လက်ထပ်ပြီးသောအခါ ယန်မော့ကလည်း သူမ အသက်နှစ်ဆယ်ပြည့်အထိ စောင့်ပြီးမှသာ သူမ၏ကျန်းမာရေးကို ထည့်တွက်စဉ်းစားပြီး နောက်ဆုံးအဆင့်ကို လှမ်းမည်ဟု ပြောထားပြီးသား ဖြစ်သည်။
အစပိုင်းတွင်မူ နှစ်ယောက်လုံးက သီးသန့် ခွဲနေကြသေးသည်။ နောက်ပိုင်း အတူအိပ်ပြီး နေရာတွင် ယန်မော့က တုန့်ပြန်မှု ရှိသည့် အချိန်တိုင်းလိုလို ရေချိုးခန်းထဲသို့သွားကာ တစ်ယောက်တည်း စိတ်အေးအောင် လုပ်တတ်သည်။
အရင်တစ်ခေါက်က သူမက မပြောသင့်သည့် စကားကို ပြောမိပြီးချိန်ကတည်းက ထိုအမျိုးသားဟာ နည်းလမ်းအသစ်တစ်မျိုး ကို ရှာတွေ့သွားသည်။
ယန်မော့သည် အချို့သော ခလုတ်မျိုး ဖွင့်လိုက်သည်နှင့် တူသည်။ ကိုယ့်ကိုယ်ကိုယ်ပင် မဖိနှိပ်တော့ချေ။
မကြာခဏဆိုသလို ဆန္ဒရှိချိန်တိုင်းလိုလို မည်သည့်အချိန်တွင်မဆို…
မည်သို့ပင်ဆိုစေ သူမ၏ လက်ကလည်း အတော်လေးကို ဒုက္ခဆင်းရဲ ခံနေရလေသည်။
71 02
သဘက်ခါဆိုလျှင် သူမ၏ အသက်နှစ်ဆယ်ပြည့် မွေးနေ့ရောက်ပြီ။ ထို့ကြောင့် အကျင့်စရိုက်က ကွဲထွက်လာသည်မှာ အံ့ဩစရာ မရှိပါချေ။
သူမသည် အမြဲတစေ လမ်းပေါ်တွင် ရှိနေသည်။ အမြဲတစေလည်း အလုပ်များနေသည်။ စွမ်းအားကို တိုးတက်အောင်လည်း ကြိုးစားနေရသည်။ ထို့ကြောင့် အချိန်မရှိခဲ့ပေ။
ယခုမူ ရှုရှင်းသည်လည်း ယန်မော့က သူမ၏ မွေးနေ့ကို တွေးနေခဲ့သည်မှာ ကြာပြီ ဖြစ်ကြောင်း နားလည်လိုက်သည်။
ဘာပဲဖြစ်ဖြစ် သုံးရက်ကျန်သေးတာပဲ အခုမတွေးသေးဘူး။
ရန်သူရောက်လာသောအခါ တိုက်ခိုက်လိုက်ရုံသာ ရှိပေမည်။ ရေရောက်လာလျှင်လည်း မြေကြီးက တားပေလိမ့်မည်။
အရေးအကြီးဆုံးကိစ္စကမူ လက်ရှိ အချိန်ကို မွေ့လျော်ခြင်း ဖြစ်သည်။
နေ့လည်နားရောက်သောအခါ ရှုရှင်းနှင့် ယန်မော့တို့ကလည်း အခြေစိုက်စခန်း၏ ဒုတိယကန်တင်းသို့ ပြန်သွားလိုက်သည်။
အခြေစိုက်စခန်းတွင် ကန်တင်းသုံးခု ရှိသည်။ အရှေ့အလယ်နှင့် အနောက်ဖက် အသီးသီးတွင် တည်ရှိကာ အနီးအနားမှ သူများက နီးသည့်နေရာသို့ သွားစားရန် ရည်ရွယ်သည်။
အခြေစိုက်စခန်းမှ အသုံးစားရိတ်များကလည်း မှတ်ပုံတင်ကတ်တွင်ပါသည့် စွမ်းအင် အမှတ်ဖြင့် လုပ်နိုင်သည်။ စားသောက်ခြင်းကပင် ချွင်းချက် မရှိပေ။ သာမာန်လူများက အခြေစိုက်စခန်းထဲသို့ ဝင်ရောက်သောအခါ သူတို့၏ မှတ်ပုံတင် ကတ်တွင် အလကားစွမ်းအင်အမှတ်တစ်ရာ ရသည်။
အထူးစွမ်းရည်ရှိသော သူများကမူ ငါးရာအလကားရသည်။
ပိုက်ဆံများအားလုံးကို သုံးပြီးနောက်တွင် ပေးသော တာဝန်များကို ထမ်းဆောင်ခြင်း အားဖြင့် အမှတ်ပြန်ဖြည့်ရန် လိုအပ်သည်။
ကန်တင်းမှ ပြင်ဆင်ပုံများကလည်း ပုံမှန်တက္ကသိုလ် ကျောင်းစာမျိုးနှင့် မခြားနားပါပေ။ အမျိုးမျိုးသော စားစရာရောင်းချသည့် နေရာအနားတွင် သေးငယ်သော ပြတင်းပေါက်လေးများ ရှိသည်။ အထူးပြတင်းပေါက်လည်း ရှိသည်။ အထူးဈေးပြတင်းပေါက်မျိုးနှင့် တူ၏။ တစ်ယောက်ချင်းစီတိုင်းက အကန့်အသတ်နှင့်သာ ဝယ်နိုင်သည်။ ရေတစ်ပုလင်း ဘီစကစ် တစ်အိတ်စီ ကဲ့သို့ ဖြစ်သည်။
ရှုရှင်းနှင့် ယန်မော့တို့က ကန်တင်းကို ပတ်လျှောက်ပြီး နောက်ထိုနေရာမှ ဈေးနှုန်းကို အကြမ်းဖျင်း နားလည်လိုက်သည်။
သေချာလိုက်ဖက်ပြီးနောက်တွင် အခြေစိုက်စခန်းသို့ ဝင်ရောက်ခဲ့ချိန်က ပေးထားသည့် အလကားစွမ်းအင်အမှတ်များက ထင်သလောက် များမနေကြောင်း သိလိုက်သည်။
အခြားဘာကိုမှ မဆိုလျှင်ပင် ထိုအထူးပြတင်းပေါက်ကို နမူနာ ယူကြည့်လျှင်ပင် ရေတစ်ဗူးနှင့် ဘီစကစ်ကပင် စွမ်းအင် အမှတ် တစ်ဆယ်ခန့်အထိ ကုန်ကျမည် ဖြစ်သည်။
ဒါဟာ ဒီအခြေစိုက်စခန်းထဲတွင် ဆယ်ရက်ခန့် အလကားနေရန် ထောက်ပံ့ပေးထားသော ပမာဏနှင့် ညီမျှသည်။
ရှုရှင်း ဘေးဘီကို ကြည့်သည်။ သူမနှင့် ယန်မော့က ခေါက်ဆွဲအေး တစ်ပန်းကန်စီ မှာလိုက်သောအခါ စွမ်းအင်အမှတ် နှစ်ဆယ်ကုန်သွားမည် ဖြစ်သည်။
သူတို့နှစ်ယောက်လုံးက အစားစာကို စောင့်ဆိုင်းနေရင်း အလုပ်များနေချိန်တွင် ပုရှန်းဝမ်နှင့် မူချီမိုင်တို့လည်း ရောက်လာသည်။
“မင်းတို့ နှစ်ယောက်က မြန်လိုက်တာ ဘာစားကြတာလဲ”
71 03
သူတို့နှစ်ယောက်ကို မြင်သည်နှင့် ပုရှန်းဝမ်က အပြေးလာပြီး ပြောသည်။
“မစားရသေးပါဘူး။ မှာထားတုန်းပဲ ရှိသေးတယ် ဒီမှာလေ ဆန်အေးခေါက်ဆွဲတဲ့ ကောင်းမယ်ထင်လို့လေ။ နင်တို့လည်း ဘာစားချင်လဲ သွားကြည့်လေ”
ရှုရှင်းက သူမတို့ မှာထားသောပြတင်းပေါက်ကို ညွှန်ပြပြီးနောက် ပြောသည်။
“ကောင်းပြီလေ သွားကြည့်လိုက်မယ်”
ပုရှန်းဝမ်က တစ်ဖက်သို့ လှည့်ကာ ယခုလေးတင်း လျှောက်လာသည့် မူချီမိုင်ကို ဆွဲခေါ်ပြီးစားစရာ ကောင်းတာဆီသွားသည်။
ဆယ်မိနစ်ခန့်ကြာပြီးနောက် စားစရာများကို လာချသည်။
နေ့လည်စာစားချိန် ဖြစ်သည့်အလျောက် ကန်တင်းကလည်း ဝန်ဆောင်မှုခန်းမနှင့် နီးကပ်လေရာ လူအများအပြားရှိနေကြသည်။
ယခုမှ ရောက်လာကာစ လူသစ်အနည်းငယ်လည်း ရှိသည်။ သူတို့က အလုပ်ကိစ္စပြီးသည်နှင့် ဈေးကို လာစစ်ခြင်း ဖြစ်သည်။
“ဟင် ခေါက်ဆွဲအေးက တကယ်ကောင်းတာပဲ”
ရှုရှင်းကလည်း တစ်လုတ်စားပြီးနောက် အတော်လေးကို အံ့ဩသွားသည်။ အရသာက သူတို့ မျှော်လင့်ထားသည်ထက် အများကြီး သာလွန်နေသည်။
“အင်း တော်တော်လေးကောင်းတယ်။ မူလ လက်ရာဆန်တယ်”
ပုရှန်းဝမ်ကပင် ပြောသည်။ ယန်မော့နှင့် မူချီမိုင်က မည်သည့် ထင်မြင်ချက်မှ မပေးကြဘဲ သူတို့အတွက် စားစရာက ပုပ်သိုးမနေသမျှ စားရန် လုံခြုံသည်။ နေ့လည်စားပြီး ခဏအနားယူပြီးသည်နှင့် သီးသန့်ခွဲကာ လှုပ်ရှားကြပြန်သည်။
အခြေစိုက်စခန်း၏ တဝက်ကျော်ကျော်ကို ပတ်ကြည့်ပြီးနောက် ရှုရှင်းနှင့် ယန်မော့တို့က လူစည်ကားသော လမ်းများတွင် ဖြတ်လျှောက်လာသည်။
“ဟေး ဟိုနားက တော်တော်စည်တာပဲ။ သွားကြည့်ရအောင် သွားကြည့်ရအောင်”
ရှုရှင်းကလည်း ယန်မော့ကို ကိုင်ထားသည့် လက်ကို လှုပ်ခါလိုက်ပြီး တစ်ဖက်မှ အခြေအနေကို ဆက်တိုက်ဆိုသလို ကြည့်နေသည်။ သူမက ပြောနေရင်းမှ ယန်မော့ကိုလည်း ဆက်တိုက်ဆိုသလို ဆွဲခေါ်နေသည်။
“ကောင်းပါပြီ”
ယန်မော့ကလည်း ချစ်မြတ်နိုးစွာ တုန့်ပြန်လိုက်ပြီး နောက်မှ လိုက်ရသည်။
နီးကပ်သွားသောအခါ ထိုလမ်းက ကမ္ဘာအဆုံးသတ်ကာလ မတိုင်ခင်က ပွဲဈေးလမ်းနှင့် တူကြောင်း တွေ့လိုက်ရသည်။
ပစ္စည်းများကို ရောင်းချနေသော လူပေါင်းများစွာရှိသည်။ လဲလှယ်သော နည်းလမ်းများကလည်း သတ်မှတ်ထားသော စွမ်းရည်အမှတ် သို့မဟုတ် တစ်ဖက်သူလိုချင်သောအရာကို ပေးချေနိုင်လျှင် အဆင်ပြေသည်။
သူတို့သည် ယခင်ကအပြင်ဘက်တွင် တောက်လျှောက်အလုပ်များနေခဲ့သောကြောင့် မအားလပ်ကြချေ။ ညနေပိုင်းမှသာ အားလပ်ချိန်ရှိပြီး ညဈေးကို လာခင်းကြခြင်းဖြစ်သည်။
C မြို့အခြေစိုက်စခန်းမှ ခေါင်းဆောင်များကလည်း ဒီအခြေအနေကို သဘောတူ လက်ခံထားသည်။ ထို့ကြောင့် ညတိုင်းလိုလို ဝရုန်းသုန်းကား အခြေအနေများ မဖြစ်ရန် ကင်းလှည့်ရန်ပင် လူလွှတ်ပေးထားသေးသည်။
တစ်နေလုံး လမ်းလျှောက်ပြီး ပင်ပန်းလာပြီးနောက် ယခုလို ဆိုင်သေးသေးလေးများကို မြင်ရသောအခါ အပန်းပြေသွားသည်။
71 05
ရှုရှင်းက ယန်မော့ကို ဆွဲခေါ်ကာ သူမစိတ်ဝင်စားသည့် ဆိုင်လေးများထံ လျှောက်သွားသည်။ ထိုဆိုင်လေးများနားတွင် လူများ ရှိနေသည်။ ယန်မော့ကလည်း ရှုရှင်း၏ နောက်မှ တိတ်တဆိတ်လိုက်ပြီး သူမကို ကူညီကာ သူမကို ဝင်တိုးမည့် လူများကို တားထားသည်။ သို့သော် သူ၏ မျက်လုံးက ရှုရှင်းထဲမှ မရွေ့သွားခဲ့ချေ။
ရှုရှင်း၏စိတ်လှုပ်ရှားနေသောအပြုံးကို ကြည့်ပြီး သူမလုပ်ချင်တိုင်းလုပ်ရန်သာ အလိုလိုက်ထားလိုက်သည်။
ထိုလမ်းတောက်လျှောက် လျှောက်နေပြီးသည့်တိုင်အောင် ရှုရှင်းက သဘောကျသည့်အရာကို မတွေ့ပေ။ သို့သော် လျှောက်နေရသည့်အတွက်ပင် ပျော်ရွှင်နေသည်။ ခင်းကျင်းထားသော အရာများကလည်း ထုတ်ရောင်းသမျှကို ပြသထားခြင်းသာ ဖြစ်နေသည်။ သို့တိုင်အောင် ယခုလို ကြည့်ရသည့် အခြေအနေကို သဘောကျနေ၏။ သူမသည် ကမ္ဘာ့အဆုံးသတ်ကာလတွင်ပင် ဈေးဝယ်ရသည့် ပျော်ရွှင်မှုကို ခံစားမိနိုင်မည်ဟုမထင်ထားမိပေ။
“ပင်ပန်းလိုက်တာ စံအိမ်ကို ရောက်ဖို့ ဘယ်လောက်ကြာသေးလဲ”
ပျော်ရွှင်စွာ ကစားပြီးနောက်ထိုလမ်းထဲမှ ပြန်ထွက်လာပြီးသည်နှင့် ပင်ပန်းလာသည်။
“နောက်ထပ် နာရီဝက်လောက် လမ်းလျှောက်ရအုံးမှာ လာ ကျောပေါ်တက် ငါ ကျောပိုးသွားပေးမယ်”
ယန်မော့က ရှုရှင်း၏ ခေါင်းလေးကို ပုတ်ပြီး ဆောင့်ကြောင့်ထိုင်ပေးကာ ရှုရှင်းကို တက်လာရန် စောင့်သည်။
“ဟီးဟီး ယောက်ျား အရမ်းသဘောကောင်းတာပဲ မွ”
ရှုရှင်းက ယန်မော့၏ ကြောပေါ်သို့ တည်ငြိမ်စွာ ခုန်တက်လိုက်ပြီး သူ၏ မျက်နှာကို ခပ်မြန်မြန်အနမ်းပေးလိုက်ပြီးနောက် ရယ်မောသည်။
ယန်မော့ကလည်း ခေါင်းကို အသာခါကာ ရယ်မောလိုက်သည်။
သူသည် ရှုရှင်းအား ပြုတ်မကျသည်မှာ သေချာအောင်ထိန်းမပြီး နောက်တွင် တစ်လှမ်းချင်းစီ လျှောက်သွားလိုက်လေသည်။
******