အခန်း ၇၂
Vol. 8 Ch. 72
72 01
အပိုင်း (၇၂) မွေးနေ့
“ရှင်းပေါင် အိပ်ခန်းထဲမှာ ဘာလုပ်နေတာလဲ။ ဘာလို့ တံခါးသော့ပိတ်ထားပြန်ပြီလဲ”
ယန်မော့က တံခါးနားတွင် အနည်းငယ် ကူကယ်ရာမဲ့သလို ရပ်နေသည်။
ဒီသုံးရက်အတွင်းတွင် သူသည် အိပ်ခန်းထဲသို့ မဝင်ရရန် ငါးကြိမ်မြောက် သော့ပိတ်ခံရခြင်း ဖြစ်သည်။
သူ၏ ချစ်သူကောင်မလေးက ယခုတလော တစ်စုံတစ်ရာကို ခိုးလုပ်နေသည်။ သူမ ဘာလုပ်နေမှန်းလည်း မသိနိုင်ပေ။ သူမကလည်း သူ့ကို မသိစေချင်ပေ။
“အင်း လာပြီ လာပြီ ခဏလေး”
ရှုရှင်း အိပ်ယာပေါ်တွင်ဖြန့်ထားသော ပစ္စည်းများကို ခပ်မြန်မြန် ကောက်သိမ်းလိုက်သည်။ အပြင်ဘက်တွင် မည်သည့်ပစ္စည်းမှ မကျန်ရစ်ကြောင်း သေချာစေသည်နှင့် တံခါးကို သွားဖွင့်သည်။
“မင်း ဘာလို့အခုရက်တွေ အတောအတွင်း လျှို့ဝှက်ဆန်းကျယ်မှုအပြည့်နဲ့ တံခါးကို ပိတ် ပိတ်နေရတာလဲ။ တစ်ယောက်ထဲ ဘာတွေ လုပ်နေတာလဲ”
သူ၏ ရှေ့တွင် ပြုံးနေသော ရှုရှင်းကို မြင်သည့်အခါ ယန်မော့က နဖူးလေးကို အသာတောက်သည်။
“ဘာမှ မလုပ်ပါဘူး။ မမေးနဲ့”
ရှုရှင်းက ယန်မော့၏ မေးခွန်းကိုမဖြေဘဲ ဒီည ညစာ အကြောင်းကိုသာ မေးသည်။
“ငါ့ရဲ့မွေးနေ့ ညစာက အဆင့်သင့်ပဲလား”
“အဆင်သင့်ပါပဲ။ မင်းမှာထားသမျှ ဟင်းတွေအားလုံး ချက်ပြီးပါပြီ။ ကျွန်တော်မျိုး ကိုယ်တိုင် ချက်ထားတာပါ”
“ဒါဆိုရင်လည်း မြန်မြန် သွားမယ်လေ။ စားစရာတွေက အေးသွားရင် မကောင်းဘူး”
ရှုရှင်းက အခန်းထဲမှ ပြေးထွက်သွားပြီး တံခါးကို ပိတ်လိုက်ကာ ယန်မော့ကို အောက်ဘက်သို့ တွန်းသည်။
ယန်မော့ကလည်း သူမ၏မွေးနေ့ ရောက်လာမည်ဟု ပြောသည့်နေကတည်းက ရှုရှင်းသည်လည်း စိတ်ထဲတွင် အကြံအစည်များကို စလုပ်နေခဲ့ခြင်း ဖြစ်သည်။
ဒီရက်များအတောအတွင်းတွင် သူမသည် အိပ်ခန်းထဲတွင် တစ်ယောက်တည်း ခိုးနေကာ သူမ အရင်က တက်ဘလက်ထဲတွင် ဒေါင်းလုတ်ဆွဲထားသည့် X ရုပ်ပြများကို ဖတ်နေပြီး တိတ်တဆိတ်လေ့လာနေခြင်း ဖြစ်သည်။
ရက်အနည်းငယ်ခန့် လေ့လာပြီးနောက် နိယာမှ တစ်ခုကို နားလည်လိုက်သည်။
စာအုပ်ထဲက အမျိုးသားဇာတ်လိုက်တွေနဲ့ အင်အားအကြီးဆုံးဗီလိန်တွေ အားလုံးက လေးစားဖို့ကောင်းတဲ့ အရင်းအမြစ်ကို ပိုင်ဆိုင်ထားတတ်တယ်။ အခြားကြက်ပေါက်တွေနဲ့မတူညီစွာဘဲ ထူးထူးခြားခြား ကြီးမားတယ်။ ပထမဦးဆုံး အကြိမ်ကလည်း ကြောက်စရာကောင်းလောက်အောင် ကြာတတ်တယ်။ (စာစစ်_ဟင်…အစ်မကြီး အားအားးးးး live ကြည့်ချင်တယ် Dark smile စတေကာ)
သူမ၏မျက်လုံးက အရှေ့ဖက်မှ လမ်းလျှောက်နေသော ယန်မော့ဆီသို့ ရောက်သွားသည်။ ယန်မော့ကလည်း ဝတ္ထုထဲက ဒုတိယအမျိုးသား ဇာတ်လိုက်ပဲမဟုတ်လား။
ရှုရှင်းသည် သူမ၏ ကိုယ်ပိုင်မျက်လုံးဖြင့် မမြင်ဖူးသည့်တိုင်အောင် သူမ၏ယခင်က ပြုတ်ထွက်မတတ် ညောင်းညာနေတတ်သောလက်အခြေအနေအရ စွမ်းရည်ကို ကောင်းကောင်းနားလည်သည်။
72 02
သူက သေချာပေါက်ကို ပါရမီကြီးတဲ့သူ။
အာ…အခု သူမရဲ့ ခန္ဓာကိုယ် တောင့်ခံနိုင်မလားဆိုတာကို စိုးရိမ်ရတော့မယ်။
“ဒါက…ဒါက”
ရှုရှင်း၏ ရှုပ်ထွေးသောအ တွေးများကလည်း စားပွဲပေါ်မှ ကိတ်ကို မြင်သည်နှင့် ပျောက်သွားသည်။
“ပျော်ရွှင်ဖွယ်မွေးနေ့ပါ မရီး”
“ပျော်ရွှင်ဖွယ်မွေးနေ့ပါ မရီး”
ပုရှန်းဝမ်နှင့်မူချီမိုင်တို့ကလည်း ယန်မော့ဟာ ရှုရှင်းနှင့်အတူ ဆင်းလာကြောင်း မြင်သည်နှင့် ချက်ချင်းထရပ်ကာ မွေးနေ့ဆုတောင်းပေးကြသည်။
“မရီး ငါ့မှာ နင့်ကို ပေးစရာဘာမှ မရှိဘူး။ ဒီမွေးနေ့ကိတ်ကို ချီမိုင်နဲ့ငါ လုပ်ထားတာ ကြည့်တော့ မကောင်းလောက်ပေမယ့် ကြိုက်ဖို့ မျှော်လင့်ပါတယ်”
ပုရှန်းဝမ်က မွေးနေ့ကိတ်ကို တွန်းပေးရင်း နာမည်ကောင်းဝင်ယူသည်။
“ငါ့အတွက် မွေးနေ့ကိတ်ကိုလည်းလုပ်ပေးပြီး မွေးနေ့ကို အတူဆင်နွဲပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ တကယ်သဘောကျတယ်။ အရမ်းကိုစိတ်ရင်းနဲ့ ရင်ထဲထိတယ်”
အခုလို ထူးဆန်းသော လောကတွင် သူမကို ချစ်ရသော သူလည်းရှိသည်။ သူမ ကျောပေးထားနိုင်လောက်သည့် ယုံကြည်နိုင်သော မိတ်ဆွေကောင်းလည်း ရှိလာသည်။
တကယ်ကံကောင်းတာပဲ…
“မီးတွေ ပိတ်လိုက်လေ။ ဖယောင်းတိုင်ထွန်းဖယောင်းတိုင် မှုတ်ပြီးတာနဲ့ ဆုတောင်းလို့ ရပြီ”
ပုရှန်းဝမ်က ပြောရင်းမီးပိတ်လိုက်သည်။ ယန်မော့ကလည်း ဖယောင်းတိုင်ကို ထွန်းပြီး ရှုရှင်း၏ အရှေ့တွင် မွေးနေ့ကိတ်လေး ချပေးသည်။
တစ်ဖက်သူက သူမက မျှော်လင့်ချက် အပြည့်ဖြင့် ကြည့်လာသောအခါ ရှုရှင်းကလည်း မျက်လုံးကို မှိတ်လိုက်ပြီး ရင်ဘတ်နားတွင် လက်နှစ်ဖက် ဖိကပ်လိုက်သည်။
ငါ ငါ့ရဲ့ တစ်ဘဝလုံးကို တန်ဖိုးထားတဲ့သူတွေကို အကောင်းဆုံးကာကွယ်ပြီး အခုလို ဂရုစိုက်တဲ့ လောကကြီးထဲမှာ ရှင်သန်နိုင်ဖို့ ဆုတောင်းပါတယ်။
ဖူး…
ရှုရှင်းက မျက်လုံးဖွင့်ပြီးသည်နှင့် လေးနက်တည်ကြည်သောမျက်နှာမျိုးနှင့်အတူ ဖယောင်းတိုင်ကို မှုတ်လိုက်သည်။
“ကောင်းပြီ စားရအောင်… ဒီနေ့ အရသာရှိတဲ့ ဟင်းတွေအများကြီးပဲ။ အခု ငါတို့ မစားဘူးဆိုရင် အေးသွားတော့မယ်”
မီးကို ပြန်ဖွင့်လိုက်သည်နှင့် ရှုရှင်းက ပုံမှန် ပုံစံအတိုင်း ပြန်ဖြစ်သွားပြီး အားလုံးကို ထိုင်ကာ စားခိုင်းသည်။
“လာပြီ လာပြီ။ ဒီနေ့ ဟင်းတွေ အားလုံးကို မော့ကောတစ်ယောက်တည်း ချက်ထားတာနော်။ ချီမိုင်နဲ့ ငါတောင်မှ မရီးရဲ့ကျေးဇူးကြောင့်နဲ့ ဝိုင်းစားရတော့မယ်”
ပုရှန်းဝမ်က စိတ်လှုပ်ရှားစွာထိုင်သည်။
72 03
ရှုရှင်းက တူကို ကောက်ကိုင်လိုက်သည်နှင့် သူသည်လည်း သူ တပ်မက်နေသည်မှာအတော်ကြာပြီ ဖြစ်သော ဝက်သားနှပ်ကို အရင်လုစားသည်။
“အင်း မော့ကောနဲ့အတူ ရှိတာ နှစ်ပေါင်းများစွာ ကြာပြီ။ ဒါပေမဲ့မော့ကော ဟင်းချက်တာကို တစ်ကြိမ်နှစ်ကြိမ်လောက်ပဲ စားဖူးတယ်။ အခု မရီးကို ရပြီးကတည်းကပဲ အချိန်တိုင်းလိုလို စားနေရတော့တာပဲ”
မူချီမိုင်ကလည်း သဘောတူကြောင်း ခေါင်းငြိမ့်သည်။ သူသည်လည်း မနှေးကွေးသော အရှိန်နှုန်းဖြင့် ဟင်းလုစားသည်။
“စားသောက်တာကတောင် မင်းတို့ နှစ်ယောက် ပါးစပ်ကို မပိတ်နိုင်ဘူးလား”
ယန်မော့က ခပ်အေးအေး ပြောလိုက်သောစကားလုံးများက ပုရှန်းဝမ်နှင့် မူချီမိုင်တို့အား ချက်ချင်း တိတ်သွားစေပြီး စားစရာကိုသာ အာရုံစိုက်စေတော့သည်။
ရှုရှင်းကလည်း နေရာလပ် နယ်မြေထဲမှ ဝိုင်နီ နှစ်ပုလင်းကို ထုတ်လိုက်ပြီးည ညစာကို ပြီးပြည့်စုံသွားစေသည်။
ဆိုရိုးစကားအတိုင်းပင် ကောင်းကောင်းစားပြီး နွေးထွေးမှု ရရှိသွားပြီးနောက် ထိုအရာကို တွေးတွေး…အင်း…
ဗိုက်အပြည့်စားကာ သောက်ပြီးမှ အိပ်ခန်းထဲသို့ ပြန်ကာ ရေချိုးပြီး ကိုယ့်ကိုယ်ကိုယ် စိတ်အေးစေရန် နောက်ထပ် ဝိုင်ခွက်အနည်းငယ် သောက်လိုက်ပြီးမှ အရက်၏အာနိသင်ကို စတင်ကာ ခံစားလိုက်ရသည်။
နောက်ဖြစ်မည့် အရာများကိုပင် မနေနိုင်ဘဲ တွေးလိုက်မိသည်။
ပြောရမည် ဆိုလျှင် သူမစိတ်ထဲတွင်လည်း မျှော်လင့်ချက် နည်းနည်းရှိသည်။ ဒါပေါ့ နည်းနည်းပေါ့ နည်းနည်းပါ။ အများကြီး မဟုတ်ဘူး…
သူမသည် ရုတ်တရက် အကာအကွယ်များကို တွေးမိသွားသောအခါ နေရာလပ် နယ်မြေထဲမှ အမျိုးမျိုးသော အရွယ်အစားရှိသည့် ဗူးသေးသေးများကို ထုတ်လိုက်သည်။
ထိုပစ္စည်းများအား ရိက္ခာသွားစုဆောင်းခဲ့ချိန်တွင် ယန်မော့က ဝယ်လာခဲ့ခြင်း ဖြစ်သည်။
သူမသည်လည်း ယခင်က ထိုအရာများကို မြင်ဖူးသည်။ ထို့ကြောင့် အတွင်းမှ အရာများကို သိချင်နေသည်။ အိပ်ယာပေါ်တွင် ကိုယ်တဝက်ခန့် လဲနေရင်းမှ တစ်ခုချင်းစီ ခွဲကြည့်လိုက်သည်။
“ဟင် ဒါက အရသာ အမျိုးမျိုးလား အံ့ဩစရာပဲ ငါ ကြည့်အုံးမယ်”
“ဘာလို့ အမှုန်တွေက ရှိနေတာလဲ။ ဘာလဲ ဘာကြီး ထူးဆန်းလိုက်တာ”
ယန်မော့က ရေချိုးခန်းမှ ထွက်လာသောအခါ သူ၏ကိုယ်မှ ငြိမ်းပြီးသား မီးတောက်များကို ဟုန်းကနဲ တောက်စေသော မြင်ကွင်းကို မြင်လိုက်ရသည်။
သူတွေးတောနေသော အမျိုးသမီးက ညအိပ်ဝတ်စုံဖြင်သာ အိပ်ယာပေါ်တွင် လဲနေသည်။ ခန္ဓာကိုယ် အပေါ်ပိုင်းကလည်း နည်းနည်းမြောက်နေ၏။ လှုပ်ရှားမှုကြောင့် ဖြစ်လောက်သည်။ အင်္ကျီကော်လံကလည်း နည်းနည်း ဟနေသည်။
သူ၏ ရှုထောင့်မှ ကြည့်သော ဝေဝါးသော မြင်ကွင်းကို ကွက်တိမြင်နိုင်သည်။
မီးအိမ်အောက်မှ အလှလေးကို မြင်ရလေလေ ပို၍တောက်ပလေလေ ဖြစ်လာသည်။ သို့သော် မီးအိမ်အောက်မှ အလှလေးကမူ ကိုယ့်ကိုယ်ကိုယ် အသိစိတ်မရှိပေ။ လက်ထဲမှ အရာကို ကိုင်ထားပြီး လေ့လာနေလေသည်။
“ရှင်းပေါင်”
သူ၏ ချုပ်ထိန်းမှုကြောင့် ယန်မော့၏ အသံက တော်တော်လေး ဩရှနေသည်။
72 04
“ရေချိုးလို့ ပြီးသွားပြီလား လာ မြန်မြန်လာကြည့်”
ရှုရှင်းက ထရပ်လိုက်ပြီး ယန်မော့အား ခပ်မြန်မြန်လာ ခိုင်းသည်။
“ဟင်”
ယန်မော့က ဆံပင်ကို ဖြစ်သလို တစ်ချက် သုတ်လိုက်ပြီး တဘက်ကို ဘေးဖက်ရှိ ဆိုဖာပေါ်သို့ ကောက်ပစ်ကာ ရှုရှင်း၏ အနောက်ဖက်သို့ လျှောက်သွားပြီး အိပ်ယာပေါ်တွင် ဒူးထောက်ကာ ထိုင်ပြီး အနောက်ဖက်မှ ပွေ့ဖက်သည်။
“ကြည့်အုံး ဒါက ငါနင့်အတွက် တည်ဆောက်ပေးထားတဲ့ တိုင်းပြည်လေ။ ငါ့ရဲ့ အချစ်လေး ဘယ်အရသာကို ကြိုက်လဲ ဒီည သုံးဖို့”
စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း နားလည်သေးခြင်း မရှိသော ရှုရှင်းကလည်း ယန်မော့ရောက်လာကြောင်း သိလိုက်သည်နှင့် အိပ်ယာပေါ်မှ ဗူးသေးသေးလေးများကို ပြသည်။
“အို အရှင်မင်းကြီးက ကြင်နာတော် မူပါတယ် အရှင်မင်းကြီးက ဒီလောက်ထိ စိတ်မရှည်ဖြစ်နေမှတော့ ကျွန်တော်မျိုးက နာခံရုံပဲ ရှိပါတော့တယ်”
“…”
“လာ မှောက်ပြီး လဲချ”
******