အခန်း ၇၃
Vol. 8 Ch. 73
73 01
အပိုင်း (၇၃) အလုံးအရင်းနဲ့ ခွေးသတ်ခြင်း မြင်ကွင်း
ရှုရှင်းက မျက်လုံးကို ဖွင့်လိုက်ပြီးနောက် ခေါင်းအထက်မှ မျက်နှာကျက်ကို ငေးငိုင်ကာ ကြည့်လိုက်သည်။ သူမသည် ထိုပုံစံအတိုင်း ဆယ်မိနစ်နီးပါး နေသည်။ သူမ မလှုပ်ချင်သောကြောင့် မဟုတ်ပေ။
သူမက လှုပ်လိုက်ချိန်တိုင်းလိုလို တစ်ကိုယ်လုံးက နာကျင်နေသည်။ အထူးသဖြင့် ခါးနှင့်ပေါင်။
အာ…သတိလစ်တော့မယ်ထင်တယ်…
ကလစ်
အိပ်ခန်းတံခါးက ပွင့်သွားသည်။ တရားခံကို တံခါးကို မခေါက်ဘဲ ဝင်လာသည်။
“ယန်မော့”
“ရှင်းပေါင် နိုးပြီလား။ မသက်မသာ ဖြစ်သေးလား”
ယန်မော့က လက်ထဲမှ စားစရာကို အိပ်ယာဘေးဘက်မှ စားပွဲပေါ်သို့ တင်လိုက်ကာ ရှုရှင်းကို လာကာ ထူပေးသည်။
ဘာကိစ္စမှ မဖြစ်ပျက်ခဲ့သလို အင်အားအပြည့်ဖြင့် ရှိနေသော ယန်မော့ကို မြင်ရသည်။ ထို့နောက် ဆိုးရွားသော အခြေအနေနှင့် ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ပြီး စိတ်ပျက်သွားသည်။
ရှင်းရှင်းလင်းလင်းကိုပဲ တစ်ဖက်သူက အင်အားအများကြီး စိုက်ထုတ်ထားရတဲ့ဟာ ဘာလို့…ဘာလို့ ငါက အိပ်ယာထဲက မထွက်နိုင်တာလဲ။
“နင်…နင် စကားပြောနိုင်နေသေးတယ် ဝူး…ဟူး…ငါ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံး နာကျင်နေပြီ။ အရာအားလုံးက နင့်ရဲ့အမှားပဲ ကိုယ့်ကိုယ်ကိုယ်ပဲ မွေ့လျော်ဖို့ ဂရုစိုက်တဲ့ ဆိုးသွမ်းတဲ့ကောင်”
ရှုရှင်းကလည်း ကိုယ့်ကိုယ်ကိုယ် နားလည်သည်။ သို့သော် ယန်မော့၏ အခြေအနေကို မြင်ပြီးနောက် နှုတ်ခမ်းဆူကာ မျက်ရည်များ ကျလာတော့သည်။
“ဟုတ်တယ် ဟုတ်တယ် ငါ မှားတာပါ။ လိမ္မာတယ်နော် မငိုနဲ့”
သူက အနားသို့ ကပ်လာပြီးနောက် တစ်ဖက်သူကို နမ်းရှိုက်လိုက်ပြီးနောက် ရင်ခွင်ထဲမှ လူကို သေချာပွေ့ဖက်ထားပြီးနောက် တစ်ဖက်သူ စိတ်ငြိမ်သွားသောအချိန်အထိ ချော့နေလိုက်သည်။
“ရှင်းပေါင် ငါ မင်းရဲ့ စကား ဒုတိယပိုင်းကိုတော့ သဘောမတူဘူးနော်။ အဲဒါက မင်းပဲ…”
တစ်ဖက်သူက မနေ့ညက သူမ၏ သူရဲကောင်းဆန်သော ကြိုးစားအားထုတ်မှုများကို ထုတ်ပြောလာတော့မည် လက္ခဏာပြလာသည်မှန်း မြင်လိုက်သည်နှင့်ယန်မော့၏ ပါးစပ်ကို လက်ဖြင့် ချက်ချင်း တန်းအုပ်လိုက်သည်။
“တော်ပြီ ပါးစပ်ပိတ် မပြောနဲ့ ငါ ဗိုက်ဆာပြီ”
ရှုရှင်းက ယန်မော့ကို မျက်လုံးဖြင့် ခြိမ်းခြောက်လိုက်သည်။ သူက စကားတစ်လုံး ထပ်ပြောသည်နှင့်သူ့ကို အိပ်ယာထဲ နေခွင့်ပြုတော့မည် မဟုတ်ပေ။
“ကောင်းပါပြီ”
ယန်မော့ကလည်း အခြေအနေကောင်းကြောင်း မြင်လိုက်သည်နှင့် ပါးစပ်ကိုသာ ပိတ်လိုက်သည်။ သူသည် ရှုရှင်းကိုသာ ကောက်ပွေ့လိုက်ကာ အိပ်ခန်းထဲမှ ဆိုဖာလေးပေါ်သို့ အသာတင်ပေးလိုက်သည်။
ရှုရှင်းက ဒေါသထွက်နေသဖြင့် ယန်မော့ကိုပင် မကြည့်ပေ။
ဟွန့် ဒီယောက်ျား ညင်သာပြီး နှိမ့်ချတဲ့ ပုံစံမျိုးနဲ့… ဒါပေမဲ့ အိပ်ယာထဲမှာ အဲဒီလောက်ထိ ကြမ်းမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။
လူဝတ်စုံဝတ်ထားတဲ့ သားရဲကောင်။ (စာစစ်_ဝါးဟားဟားဟား)
X အကြောင်း စလိုက်ပြီဆိုတာနဲ့ယောက်ျားတွေနဲ့သွားရှုပ်လို့ မရတော့ဘူးပဲ။
73 02
ရှုရှင်းကမူ ခံစားချက် ကောင်းနေသည်။ : လက်ကိုင်ပဝါကို ကိုက်ပြီး ငို…
“ရှင်းပေါင် ငါခဏနေ မင်းကို နှိပ်ပေးမယ်လေ နာကျင်မှု သက်သာသွားလိမ့်မယ်။”
ရှုရှင်းက စားပြီးသည်နှင့် ယန်မော့ကလည်း နှိပ်ပေးရန် ကမ်းလှမ်းသည်။
“!!!”
“နင် နင်…ငါ…ငါ ဒီလို ဖြစ်နေတာတောင် နင်ငါ့ကို မလွှတ်ပေးဘူး”
ရှုရှင်းက ယန်မော့ကို တအံ့တဩကြည့်သည်။ သူမ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သော မျက်နှာထားမျိုးနှင့် ဖြစ်သည်။
“…”
သူသည် ရှုရှင်းအား ခန္ဓာကိုယ် နာကျင်မှု သက်သာသွားစေရန် နှိပ်ပေးချင်ခဲ့သည်။ သို့သော် နားလည်မှု အလွဲခံရပြီးနောက် ဆူပုတ်သွားသည်။
“မင်းက ငါ့ကို အချို့သော တပ်မက်စိတ် ကြီးလွန်းတဲ့ သူမျိုးလို့များ ထင်နေတာလား။ ဟမ် ငါ့ရဲ့စိတ်ထဲမှာ ဒါပဲ ရှိနေတယ်လို့ ထင်နေတာလား။ ဟုတ်တယ်ဆိုပေမယ့်လည်း မဟုတ်တာကို မပြောနဲ့”
သူက ရှုရှင်း၏ နဖူးကို အပြစ်ပေးသည့် အနေဖြင့် အသာတောက်လိုက်သေးသည်။
“ဟီးဟီး ငါ အတွေးလွန်သွားတာ အချစ် အချစ်က အကောင်းဆုံးပဲ။ လာပြီး နှိပ်ပေးပါအုံး”
သူမက နားလည်မှု လွဲမှားသွားကြောင်း သိလိုက်သည်နှင့် ရှုရှင်းကလည်း ရယ်မောကာ ထလိုက်သည်။
အိပ်ယာပေါ်တွင် သက်တောင့်သက်သာလဲပြီး ယောက်ျားဖြစ်သူက အားပါပါနှင့် နှိပ်နယ်ပေးခြင်းကို ခံရသောအခါ အတော်လေးကို သက်တောင့်သက်သာ ရှိလာသည်။
သူမသည်လည်း အာရုဏ်တက်သည်အထိ သက်တောင့်သက်သာ အိပ်လိုက်သည်။ အိပ်ပျော်သွားသည်နှင့် အိပ်မက်နယ်မြေထဲသို့ ရောက်သွားသည်။
ယန်မော့ကလည်း သူ၏ စိတ်ရင်းဖြင့် နှိပ်ပေးသည်။ ရှုရှင်း အိပ်ပျော်သွားသည့်တိုင်အောင် မထွက်သွားခဲ့ပါချေ။
စင်ပေါ်မှ စာအုပ်တစ်အုပ်ကိုသာ ကောက်ယူလိုက်ကာ ဆိုဖာပေါ်တွင် ထိုင်ပြီး စာကို ဖတ်သည်။
အိပ်ခန်းထဲတွင် နေခြင်းအားဖြင့် သူ၏ ဇနီးလေးကိုလည်း စိတ်ပိုင်းဆိုင်ရာ သက်တောင့်သက်သာ ရှိစေသည်။
အခန်းထဲမှ ငြိမ်းချမ်းသော ကာလ…
အောက်ထပ်မှ ပုရှန်းဝမ်နှင့်မူချီမိုင်တို့ကမူ အခြေအနေအားလုံးကို နားလည်သောကြောင့် အပေါ်ထပ်သို့ တက်ပြီး မနှောက်ယှက်ခဲ့ပေ။
သူတို့ မသိဖို့ ခက်တယ်။
ပထမဦးဆုံးအနေဖြင့် ယန်မော့က ပုံမှန်မဟုတ်စွာ နောက်ကျမှ ထလာသည်။ ရှုရှင်းကလည်း အောက်သို့မဆင်းလာပေ။ ယန်မော့ကလည်း သူ၏ ညှပ်ရိုးများမှ စတော်ဘယ်ရီသီးများကို ဖုံးကွယ်ထားခြင်း မရှိဘဲ (တမင်တကာ) ပြသနေလေသည်။
ဒါဟာ ရိုးရှင်းစွာပင် အလုံးအရင်းဖြင့် ခွေးသတ်ခြင်း ဖြစ်သည်။
******