← Chapters

အခန်း ၇၄

Vol. 8 Ch. 74

အခန်း ၇၄

Vol. 8 Ch. 74

74 01

အပိုင်း (၇၄) တာဝန်ကို လက်ခံခြင်း

အခြေစိုက်စခန်းထဲတွင် တစ်ပတ်ခန့် နေပြီးနောက် ရှုရှင်းတို့ အဖွဲ့သည် အခြေစိုက်စခန်းမှ အလုပ်မရှိသော နေထိုင်သူများ ဖြစ်နေကြသည်။ သူတို့သည်လည်း ထိုတစ်ပတ်လုံးလုံး မည်သည့် တာဝန်ကိုမှ သွားရောက်လက်မခံချေ။

အခြေစိုက်စခန်းကို တည်ထောင်ပြီး သိပ်မကြာခင်မှာတင် အထူးစွမ်းအင်နှင့်လူများစွာ ရောက်ရှိလာကြသည်။ ထိုလူများအတွက် ဆောက်ပေးထားသော ခြောက်ထပ် အဆောင်ကလည်း သုံးထပ်နီးပါးက လူပြည့်နေပြီ ဖြစ်သည်။ သို့သော် အနည်းစုကသာ စိတ်စွမ်းအား ပညာရှင် အသင်းဖွဲ့ကြသည်။

ရှုရှင်းတို့ အဖွဲ့ကဲ့သို့ ကမ္ဘာအဆုံးသတ်ကာလ မတိုင်ခင်က သိသူများ၊ ကမ္ဘာကပ်ဘေးကာလအတောအတွင်း အချင်းချင်း အားပေးကူညီခဲ့ကာ ကပ်ဘေးကို အတူကျော်ဖြတ်ခဲ့ပြီး အချင်းချင်း ယုံကြည်နိုင်ကာ သဘာဝလွန်စွမ်းအားကို အတူနိုးထခဲ့သော သူများက အလွန်နည်းပါးလေသည်။

အခြားသော သူများ အတွက်ကမူ ယာယီအသင်းများအဖြစ်သာ ရှိသည်။ သူတို့သည်လည်း အချင်းချင်း မယုံကြည်ကြချေ။ သူတို့၏ အချင်းချင်း နားလည်နိုင်စွမ်းရည်ကလည်း အများကြီး ဆိုးရွားကြ၏။ ထို့ကြောင့် တာဝန်များကို အလျှင်စလို မလက်ခံရဲကြပါပေ။

အချိန်တစ်ခုကြာသည်အထိ မည်သူကမှလည်း အသင်းလိုက်လုပ်ရန် လိုအပ်သော တာဝန်များကို စိတ်မဝင်စားကြပါပေ။

သာမာန်လူများက တာဝန်ကို လုပ်ဆောင်သော နေရာကမူ အတော်လေး စည်ကားသည်။

အခြေစိုက်စခန်းမှ ခေါင်းဆောင်များကလည်း သာမာန်လူများကို တာဝန်များ ခွဲဝေပေးထားသည်။

ဥပမာအားဖြင့် အခြေစိုက်စခန်း၏ ပြိုကျနေသော နံရံများကို ဆောက်လုပ်ခြင်း အိမ်ဆောက်ခြင်း၊ အခြားသော အဆောက်အဦးများနှင့် သန့်ရှင်း‌ရေး ကိစ္စများအားလုံး တို့ဖြစ်သည်။

အသီးသီးသော လူအင်အားကို ထည့်သုံးကာ လုပ်ရသည့် အလုပ်များကို လုပ်ခြင်းအားဖြင့် နေ့တိုင်းလိုလို အမှတ် နှစ်ဆယ်မှ ငါးဆယ်အထိ ရရှိနိုင်သည်။ လွန်ခဲ့သော နှစ်ရက်ခန့်က ရှောင်းလုံနှင့် ယဲ့ယွီအန်းတို့ကလည်း C မြို့၏ အခြေစိုက်စခန်းသို့ ရောက်လာပြီး C မြို့တွင် လာဆုံကြသည်။ ကံကြမ္မာက တိုက်ဆိုင်နေခြင်းနှင့်တူသည်။ အချို့သော အကြောင်းပြချက်များကြောင့် သူတို့သည်လည်း အချင်းချင်း သိကျွမ်းလာကြကာ ခေါင်းညိတ် ခေါင်းခါ အသိအကျွမ်းတွေ ဖြစ်လာသည်။

ရှောင်းလုံနှင့် အသင်းကမူ အခြေစိုက်စခန်းက ပေးသော တိုက်ခန်းတွင် နေသည်မှာလည်း ဝမ်းနည်းစရာ မကောင်းပေ။

ရှောင်းလုံ၏ အသင်းသည် မနေ့က အခြေစိုက်စခန်းက ထုတ်ပြန်ထားသည့် တာဝန်ကို ပထမဦးဆုံး လက်ခံခဲ့သော အသင်းဖြစ်လာသည်။

အသင်းတာဝန်များအကြောင်း ဆွေးနွေးမှုများ အကြောင်းကို ကြားပြီးနောက်တွင် ရှုရှင်းကလည်း သူတို့၏ အနားယူသော အချိန်ကာလက အဆုံးသတ်ပြီ ဖြစ်ကြောင်း သိလိုက်သည်။

ရှုရှင်းသည် သတင်းကို ကြားပြီးနောက် ခိုးပြီး ပျော်နေသည်။

ကောင်းလိုက်တာ …အာ…ဒီနောက်ပိုင်းတော့ လုံခြုံပြီ။

ယခင်က မည်သည့်လှုပ်ရှားမှုမျှ မရှိခဲ့သေးလျှင် ပထမဦးဆုံး လှုပ်ရှားရန် စောင့်နေကြသည်ဟု ဆိုလိုသည်။ ပထမအသင်းက ရှိသည်နှင့် နောက်ပိုင်းအသင်းများကလည်း တာဝန်ကို ဝင်ယူသောအခါ လှုပ်လှုပ်ရှားရှား မရှိလောက်တော့ပေ။

ယခုကဲ့သို့ အရွယ်ရောက်လာသောအခါ အတန်းထဲမှ ပထမကိုသာ မှတ်မိနေကြသည်။ သို့သော် နောက်မှလူများကိုမူ မေ့သွားတတ်ကြသည်။

74 02

ရှုရှင်းတို့ အဖွဲ့သည်လည်း သူတို့၏ စွမ်းအားကို ဖုံးကွယ်ထားကြသည်။ သူတို့သည်လည်း သူတို့၏ လျှို့ဝှက်ချက်များကို အပြင်လူများကို မပေါက်ကြားစေချင်ပေ။ အကယ်၍ သူတို့ကသာ အရင်ဦးဆုံး ထင်းထွက်လာမည်ဆိုလျှင် လူအများ၏အာရုံကို ဆွဲဆောင်မိသွားနိုင်ပြီး သူတို့၏ လျှို့ဝှက်ချက်ကို ကာကွယ်လိုသော အခြေအနေအတွက် မကောင်းနိုင်ပေ။

“အခြေစိုက်စခန်းထဲက တစ်ယောက်ယောက်က အသင်းတာဝန်ကို ယူသွားတယ်။ ငါတို့လည်း ယူကြတာပေါ့ ရေကို အရင်စမ်းကြည့်ရမယ်”

ညနေပိုင်း ညစာစားပြီးနောက် အားလုံးက ဧည့်ခန်းထဲတွင် အတူထိုင်ကြသည်။ ယန်မော့က လက်ထဲတွင် ရေနွေးကြမ်းခွက်ကို ကိုင်ထားပြီး ခပ်အေးအေးပြောသည်။

“အင်း ငါတို့ နားတာ ကြာပြီဆိုတော့ အရိုးတွေတောင် ထုံထိုင်းနေပြီ။ နည်းနည်းလေး အကြောဆန့်ရမယ်”

မူချီမိုင်က ရေနွေးကြမ်း တစ်ငုံသောက်သည်။ သိသာစွာပင် သူက ပါးစပ်ဟလိုက်သည်နှင့် စပြောလာသည်။

“အင်းအင်း ငါလည်း သဘောတူတယ်”

ရှုရှင်းကလည်း ဘေးဘက်မှ ခေါင်းညိတ်နေသည်။ သူမ၏ ပျော်ရွှင်မှုကို မဖုံးကွယ်နိုင်ပေ။ သူမဟာ ပြုံးလွန်းနေသဖြင့် သွားကိုပင် မြင်ရသည်။

“ဒါဆိုရင်လည်း အဲဒီအတိုင်းလုပ်တာပေါ့။ ဒီည စောစောအိပ်ပြီး စောစောနားရအောင်”

ယန်မော့ကလည်း ရှုရှင်း၏ အတွေးသေးသေးလေးကို လှမ်းကြည့်လိုက်ရုံနှင့်သိသည်။ စိတ်ထဲတွင်လည်း စာရင်းမှတ်ထားလိုက်၏။

အချို့သော ရက်များက ပထမတစ်ရက်တွင် ရှောင်နိုင်သည်။ သို့သော် နောက်ရက်များတွင် မရှောင်နိုင်တော့ပေ။

အကြွေးတင်ထားသမျှကိုလည်း အနှေးနှင့်အမြန် ပြန်ဆပ်ရမည် ဖြစ်သည်။

“ဟစ် မနေ့ကတင် ဘယ်သူမှ အသင်းတာဝန်ကို လာမယူပါဘူး။ ဘာလို့ ဒီနေ့ အရမ်းလူများနေတာလဲ။ ရှုရှင်းက ခြေဖျားထောက်ကြည့်လိုက်ပြီး လူအုပ်ကို ကျော်ကာကြည့်နိုင်အောင် ကြိုးစားသည်။

“အစပိုင်းက အားလုံး ခက်တယ်လေ။ ဒါပေမဲ့ အရင်ဦးဆုံး ရှေ့ထွက်တဲ့ တစ်ယောက်ရှိပြီဆိုတာနဲ့ ဒုတိယ၊ တတိယ၊ စတုတ္ထတွေက များလာတော့မှာ အံ့ဩစရာမရှိပါဘူး”

ယန်မော့က လက်ကို ဆန့်ထုတ်ပြီး ရှုရှင်းကို တွဲပေးကာ လဲမကျအောင် ထိန်းနေသည်။

“အခြေအနေကြည့်ရတာ အရင်က အသင်းဖွဲ့ထားတာမျိုးတွေ မရှိဘဲနဲ့ မနေ့က သတင်းရပြီးတော့မှ လောလော လတ်လတ် အသင်းဖွဲ့လိုက်တာ ထင်တယ်”

မူချီမိုင်က အရပ်အရှည်ဆုံးဖြစ်သည်။ 1.93 မီတာခန့် မြင့်သူဖြစ်သည့်အလျောက် လူအုပ်ထဲမှ ထင်းထွက်နေသူ ဖြစ်သည်။ အားလုံးထက် ပိုမြင်နိုင်သည်။

ယန်မော့က 1.87 မီတာ မြင့်သည်။ ပုရှန်းဝမ်က 1.85 မီတာ မြင့်သောကြောင့် မူချီမိုင်၏ နံဘေးတွင် ရပ်နေသောအခါ မြင့်နေပုံပေါ်သည်။

အရှေ့မှလူများ၏ အရပ်က မူချီမိုင်အပေါ် သက်ရောက်မှု မရှိပေ။ သူသည်ရှေ့ဆုံးမှ အခြေအနေကို တန်းမြင်နိုင်သည်။

“အသင်းတစ်သင်းချင်းစီတိုင်းက အချင်းချင်းဆွေးနွေးပြီးမှ တာဝန်တွေကို ရွေးသင့်တယ် ဆိုတော့ ငါတို့ အလှည့်ရောက်ဖို့ ကြာမှာ”

74 03

ရှုရှင်းကလည်း အရှေ့မှ အခြေအနေကို လှမ်းကြည့်ရန် လက်လျော့လိုက်ပြီး သူမကို ကျောပေးထားသော ယန်မော့ကိုသာ ပျင်းတိပျင်းရွဲ့မှီကာ ဟိုဟိုဒီဒီ လိုက်ကြည့်နေလိုက်သည်။

ယန်မော့ကလည်း သူ့ကို မှီခွင့်ပြုထားပြီး ခါးကို အသာဖက်ရင်း ထိန်းပေးထားသည်။

ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကပင် ထိုနှစ်ယောက်ကို ကြည့်ပြီး စိတ်ရှုပ်လာသည်။ သူတို့သည်လည်း နေ့တိုင်းလိုလို ခွေးစာ အကျွေးခံနေရသည်။

သူတို့က တစ်ယောက်ကို တစ်ယောက်ကြည့်သည်။ : သံပုရာပင်အောက်မှာ သံပုရာသီးတွေ ရှိသလိုပဲ.. မင်းနဲ့ ငါ့ကတော့ သံပုရာပင် အောက်မှာပေါ့

တာဝန်ရွေးချယ်ရချိန်တွင် အချိန်လိုအပ်သောကြောင့် အခြေစိုက်စခန်းမှ လူများကလည်း သိသိသာသာကိုပင် ထိုအချက်ကို ထည့်သွင်းစဉ်းစားပေးထားသည်။ ထိုအတွက်ကြောင့် အသင်းများကို တစ်ချိန်တည်းတွင်ပင် ဆုံးဖြတ်ချက်ခိုင်းသည်။ ထိုအတွက်ကြောင့် ရှုရှင်းတို့အဖွဲ့က မိနစ်လေးဆယ်နီးပါး တန်းစီပြီးမှသာ အလှည့်ကျတော့သည်။

“ဟယ်လို စိတ်စွမ်းအားပညာရှင်တို့ ဒီနေ့အတွက် ကျန်တဲ့အသင်းတွေကတော့ အနောက်ဖက်က နံရံပေါ်မှာ ကျေးဇူးပြုပြီး တစ်ခုကို ရွေးပြီးမှ လာဖြေပေးကြပါ။ ငါကူညီပြီး စာရင်းသွင်းပေးပါ့မယ်”

ကောင်တာနောက်မှ ဝန်ထမ်းက လေးစားသော အပြုအမူ ညင်သာသော လေသံမျိုးနှင့် ပြောသည်။ သူသည်လည်း လူပေါင်းများစွာ ရှိနေသောကြောင့် ရေသာ မခိုရဲပေ။

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ငါတို့ အရင်ကြည့်လိုက်မယ်”

ရှုရှင်းကလည်း ပြုံးလိုက်ပြီး အနောက်ဖက်မှ နံရံကို လှမ်းကြည့်ကာ ဂရုတစိုက်လေ့လာသည်။

ရှုရှင်းတို့က တာဝန်များကို ကြည့်နေချိန်တွင် ယန်မော့က သူ၏ စိတ်စွမ်းအားကို သုံးကာ အားလုံးကို စစ်ဆေးပြီး အချက်အလက်များအားလုံးက စိတ်ထဲတွင် ပေါ်လာပြီ ဖြစ်သည်။ စက္ကန့်သုံးဆယ်တည်းနှင့်တင် သူက သင့်တော်သော တာဝန်ကို ရွေးလိုက်သည်။

“နံပါတ် 39 ကို ရွေး”

ယန်မော့က ရှုရှင်း၏ နားနားကပ်ကာ ခပ်တိုးတိုး ပြောသည်။

“ဟယ်လို ငါတို့ နံပါတ် 39 ကို ရွေးမယ်။ ကျေးဇူးပြုပြီး စာရင်းသွင်းပေးပါအုံး”

ရှုရှင်းကလည်း ထိုတာဝန်က မည်သည့်အရာမှန်း မသိပေ။ ထို့ကြောင့် အရှေ့မှ ဝန်ထမ်းကိုသာ ပြောလိုက်သည်။ သူမကသာ ထွက်သွားခဲ့သော် အခြားသော အသင်းများက ယူသွားမည်ကို ကြောက်သည်။

“ဒီလောက် မြန်မြန် ဆုံးဖြတ်ပြီးသွားတာလား။ နောက်ထပ် ကြည့်ပြီး မရွေးတော့ဘူးလား”

ဝန်ထမ်းကလည်း သိသာစွာပင် အံ့ဩသွားသည်။

တစ်မိနစ်တည်းနဲ့ရွေးလို့ ပြီးသွားတာပေါ့ မြန်လိုက်တာ…

“အင်း အတည်ဖြစ်ပြီ စာရင်း သွင်းပေးပါ”

ရှုရှင်းက ခိုင်မာစွာပြောသည်။

“ကောင်းပါပြီ ခဏစောင့်နော်”

ဝန်ထမ်းကလည်း ပညာရှင်ဆန်သည်။ အံ့အားသင့်စိတ်ကို ခပ်မြန်မြန် ထိန်းသိမ်းလိုက်ကာ စာရင်းသွင်းသည့် ဖြစ်စဉ်များကိုသာ ကူညီ လုပ်ပေးသည်။ ဝန်ထမ်းက စာရင်းသွင်းနေချိန်တွင် ရှုရှင်းတို့ကလည်း နံပါတ် 39 နေရာကို လှမ်းကြည့်ကာ တာဝန်ကို လှမ်းကြည့်လိုက်သည်။

တာဝန် နံပါတ် 39 : C မြို့ရဲ့ ဆေးရုံကို သွားပြီး ခွဲစိတ်ကုသမှု ပစ္စည်းတစ်စုံကို ပြန်သယ်လာပေးရမယ် တာဝန်ပြီးမြောက်ပါက အမှတ် 8000 ရပါမယ်

“ဒီကတ်ကို ယူသွား အချိန်ကျလာလို့ တာဝန်ကို လာအပ်တဲ့အခါ ဒီကတ်နဲ့ တာဝန်မှာ ယူလာရမဲ့ ပစ္စည်းတွေကို ပေါင်းအပ်ချိန်မှာ သင့်တော်တဲ့ ဆုကို ထုတ်လို့ရပါတယ်”

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်”

ရှုရှင်းက ကမ်းပေးသော ကတ်ကို ယူလိုက်ပြီးနောက် ယန်မော့တို့နဲ့အတူ ထွက်လာခဲ့လိုက်ကာ ကားထဲသို့ တက်ပြီး တစ်ခါတည်း ထွက်လာခဲ့လိုက်သည်။

******

All Chapters