← Chapters

အခန်း ၇၅

Vol. 8 Ch. 75

အခန်း ၇၅

Vol. 8 Ch. 75

75 01

အပိုင်း (၇၅) ဆေးရုံသို့ ဝင်ရောက်ခြင်း

“နံပါတ် 39 ဆိုတဲ့ တာဝန်က ခက်ခဲတဲ့ ပုံတော့ မရှိပါဘူး။ ဘာလို့ ဘယ်သူကမှ မယူကြတာလဲ။ ဆုကလည်း တော်တော်လေးမြင့်တာပါ ထူးဆန်းလိုက်တာ”

ကားထဲမှ ပုရှန်းဝမ်က တာဝန်ကို ကြည့်နေရင်း ပဟေဠိ ဖြစ်နေသည်။

“မင်းရက်အနည်းငယ်လောက် နားလိုက်လို့ ဦးနှောက်က ချောင်သွားတာလား ဇွန်ဘီတွေရဲ့ ဗိုက်ထဲမှာ ဘာတွေ ရှိနေလဲဆိုတာ ကူညီပြီး ကြည့်ပေးစေချင်လား”

မူချီမိုင်ကလည်း မနေနိုင်ဘဲ ပြန်ငြင်းသည်။

“…”

“မလိုပါဘူး ငါနားလည်တယ်”

ရက်စက်စွာ တိုက်ခိုက်ခံလိုက်ရသော ပုရှန်းဝမ်ကလည်း စတင်ကာ တွေးတောကြည့်ပြီး အခြေအနေအားလုံးကို နားလည်သွားသည်။

ပထမဦးဆုံးအနေဖြင့် သဘာဝကပ်ဘေးကို ကြုံတွေ့ပြီးနောက် ဖျားသူ ဒဏ်ရာရသူ ဆေးကုသမှု မရသောကြောင့် နာကျင်သောသူ အချိန်ကိုက် ကုသမှု ခံယူရသူများအားလုံးက စိတ်ထဲတွင် ပေါ်လာသည်။ အခြေအနေကသာ အဆင်ပြေလျှင် ရသမျှဆေးတိုင်းကို အားလုံးက အလုအယက်ယူကြပေလိမ့်မည်။ အားလုံးက ဆေးရုံ ဆေးခန်း ဆေးဆိုင် နေရာတိုင်း၌ သေချာပေါက် လူများ လူတိုင်း လုယက်ကြလောက်မည့် နေရာများ ဖြစ်သည်။

မည်သည့်ဆေးရုံဆေးခန်း၊ ဆေးဆိုင်နားမှ ထွက်သွားစေကာမူ လူအမြောက်အများ ပြည့်နှက်နေတတ်သည်။

မည်သည့်ဆေးကိုပဲ လုနိုင်လုနိုင် အလွန်အမင်းကို တန်ဖိုးကြီးသော ရတနာအဖြစ် သတ်မှတ်ခံထားရမည် ဖြစ်သည်။ ထို့ကြောင့် ဆေးက ပေါ်လာချိန်တိုင်းလိုလို ထပ်ခါတလဲလဲ ရှာဖွေတတ်ကြသည်။

ထို့ကြောင့် လူအများသည်လည်း လိုချင်သောအရာကို မရသည့်အခါ ခံစားချက်များက ပြည့်နှက်လာတတ်သည်။ ဒုတိယအချက်အနေဖြင့် အပြည့်အဝရှိသော ဆေးကိရိယာများက လေးသည်။ အားရှိလျှင်ပင် အားလုံးကို ဆန့်ချင်မှ ဆန့်ပေလိမ့်မည်။ ကားက ကုန်တင်ကားမဟုတ်သမျှ သို့မဟုတ် နေရာလပ် နယ်မြေ အမျိုးအစား စိတ်စွမ်းအားပိုင်ရှင် မဟုတ်သမျှ သယ်ရန်မဖြစ်နိုင်ပေ။

ထိုအကြောင်းပြချက်နှစ်ခုကလည်း ထိုတာဝန်ကို ယူရန် ခက်ခဲစေသည်။

“နောက်ပြီး C မြို့မှာ ဆေးရုံတွေ အရမ်းများတာ။ အသေးတွေရော အကြီးတွေရော ပြည်သူ့ဆေးရုံတွေရာ၊ သီးသန့် ပုဂ္ဂလိကပိုင် ဆေးရုံတွေရော၊ တရားဝင် ဆေးရုံတွေရော နောက်ပြီး တရားဝင် မဟုတ်တဲ့ ဆေးရုံတွေရော အများကြီး ငါတို့ကို ဘယ်ကို သွားကြမှာလဲ”

ယန်မော့က ကားမောင်းနေပြီး ရှုရှင်းက နံဘေးတွင် ထိုင်နေကာ မြေပုံကို ကြည့်နေရင်း ပြောသည်။

“ဒီတာဝန်အတွက် ဆုက ဒီလောက်များတာဆိုတော့ ပုံမှန်ဆေးရုံကြီးတွေက တစ်ခုခုကို လိုချင်တာ ဖြစ်မယ်”

“မြို့လယ်ခေါင်နဲ့ နီးတဲ့ ဆေးရုံတွေရဲ့ အခြေအနေကတော့ အခြားနေရာတွေထက် ပိုကောင်းမှာ။ ဇွန်ဘီရောဂါဘေး စပြန့်တဲ့အချိန်မှာ ပထမဦးဆုံး လူတွေရဲ့ တုန့်ပြန်မှုက ထွက်ပြေးတာပဲ။ ဒါ့အပြင် မြို့လည်ခေါင်မှာ ဇွန်ဘီတွေ အရမ်းများတာ ဆိုတော့ လူနည်းစုလောက်ကပဲ မြို့လည်ခေါင်မှာ အချိန်တန်ကြာအောင် နေလိမ့်မယ်”

“ဇွန်ဘီတွေများလေလေ အထဲက ပစ္စည်းတွေက ပိုပြီး ကာကွယ်ရလေလေပဲ။ ဆိုတော့ မြို့လည်ခေါင်နားက ဆေးရုံကိုပဲ သွားရအောင်။ ရှင်းပေါင် ငါတို့ ဆေးရုံထဲကို ဝင်တဲ့ အချိန်မှာ အားလုံးရဲ့ ပတ်ဝန်းကျင်မှာ အကာအကွယ် စက်ကွင်းကို ချထားပေးပြီး ငါတို့ရဲ့ အရှိန်အဝါကို ဖုံးကွယ်ပေးအုံး”

75 02

“ငါတို့ ဝင်သွားတဲ့အချိန်မှာ ဇွန်ဘီအနည်းငယ်လောက်ကိုပဲ အလန့်တကြား ဖြစ်သွားစေဖို့ အကောင်းဆုံးပဲ။ ငါတို့ ပစ္စည်းကို ယူပြီးမှပဲ ဇွန်ဘီတွေကို သွားရှင်းတာပေါ့။ ရှန်းဝမ်နဲ့ ချီမိုင် မင်းတို့နှစ်ယောက်က အချင်းချင်း ကောင်းကောင်းပူးပေါင်းကြ။ ဒီတစ်ခေါက် ငါတို့ ဇွန်ဘီနည်းနည်းလောက်ကိုပဲ ကိုင်တွယ်ဖို့ အဓိကပဲ အားလုံးပဲ ဂရုစိုက်ကြပါ”

ယန်မော့က အစီအစဉ်တကျ ပုံစံမျိုးဖြင့် အစီအစဉ်ကိုချပေးကာ စီမံပေးလိုက်သည်။ အခြားသော သုံးယောက်ကလည်း တက်တက်ကြွကြွ နားထောင်ပြီး ခေါင်းညိတ်နေကြ၏။ ကားပေါ်မှ မဆင်းသေးခင် ရှင်းပေါင်က လက်နက်ပူ (တုတ်ဓား စသဖြင့်) များကို နေရာလပ် နယ်မြေထဲမှ ထုတ်လိုက်ပြီးနောက် အားလုံးကလည်း ခပ်မြန်မြန် ယူလိုက်ကြသည်။

သေနတ်များကိုလည်း အသံတိတ်စက်ကို တပ်ဆင်ထားပြီးသား ဖြစ်သည့်အလျောက် အသံများဖြင့် ဇွန်ဘီများကို ဆွဲဆောင်မိမည်အား စိုးရိမ်စရာ မလိုအပ်ပေ။

ဒီတစ်ခေါက်ကိုင်တွယ်ရမည့် ဇွန်ဘီအလွန်များသည်။ သူတို့အနေဖြင့်လည်း သူတို့၏ သဘာဝလွန်စွမ်းအားကို လေ့ကျင့်ချိန် မဟုတ်သေးချေ။ သဘာဝလွန်စွမ်းအားကတင် မလုံလောက်ပါပေ။

သဘာဝလွန်စွမ်းအားနှင့် လက်နက်နှစ်ခုလုံးကို ပေါင်းသုံးရပေမည်။

သူတို့ ဒီတစ်ခေါက်ရွေးချယ်သော ဆေးရုံက မြို့လည်ခေါင်နှင့် အလွန်နီးသည်။ ထို့ကြောင့် ဇွန်ဘီအများကြီး ဝိုင်းနေလောက်သည်။ သူတို့ ယခင်က မကြုံဖူးသော ပမာဏပင် ဖြစ်လောက်သည်။

ပတ်ဝန်ကျင်ကို ကြည့်ပြီး အတွင်းကို လှမ်းချောင်းကြည့်ရုံဖြင့် အနည်းဆုံးထောင်ကျော်နိုင်သည်။

သို့သော် သူတို့၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုကို မမြင်ရချေ။ ကြောက်ရွံ့မှုဆိုသည်မှာ မလုံလောက်သော အင်အားထံမှလာသည်။

ရှုရှင်း၏ နေရာလပ် နယ်မြေထဲမှ တောင်ပုံရာပုံဖြစ်နေသော လက်နက်များနှင့် အထောက်အပံ့များကြောင့် မည်သည့်ဇွန်ဘီကမှ သူတို့ကို မခြိမ်းခြောက်နိုင်ပါပေ။

ဇွန်ဘီများသည်လည်း လတ်ဆတ်သော သွေးရနံ့ကို ရသောအခါ ရှုရှင်းတို့ ရှိရာဘက်သို့ လာသည်။

ရှုရှင်းက တည်ငြိမ်စွာဖြင့်သူမ၏ နတ်သမီး တုတ်တံကို ယမ်းလိုက်ကာ အားလုံး၏ ကိုယ်ပေါ်သို့ အကာအကွယ်စက်ကွင်းကို လွှမ်းခြုံပေးလိုက်သည်။

ပစ်မှတ်ပျောက်သွားသော ဇွန်ဘီများကလည်း အနားတွင်သာ စိတ်ရှုပ်ထွေးစွာ ဝိုင်းပတ်လျှောက်နေကြသည်။ မည်သည့် လတ်ဆတ်သော အသွေးအသားမျှ မရှိကြောင်း အတည်ပြုပြီးသည်နှင့် နဂိုဦးတည်ရာမဲ့သောအခြေအနေမျိုးသို့ ရောက်သွားကာ ဟိုဟိုဒီဒီ လျှောက်သွားနေကြသည်။

ပုရှန်းဝမ်က ရှုရှင်းအား တိတ်တဆိတ် လက်မထောင်ပြသည်။

ယခုလို ဝင်သက်ကို ကာပေးနိုင်သော အကာအကွယ်စက်ကွင်းက အမှန်တကယ် အသုံးဝင်လေသည်။

ဆူဆူညံညံ မလုပ်သမျှ မည်သူကမှ သတိထားမိမည် မဟုတ်ပေ။

သူတို့လေးယောက်က တိတ်တဆိတ်နှင့် တည်ငြိမ်စွာ လျှောက်ပြီး ဆေးရုံထဲသို့ ဝင်ကြသည်။

ထိုဆေးရုံက နာမည်ကျော် ဆေးရုံကြီး ဖြစ်သည့်အလျောက် နေရာအလွန်ကျယ်လေသည်။

ထို့ကြောင့် အထဲတွင် ဇွန်ဘီအလွန်များသည်။

အလွန်အမင်း ပူလောင်နေခဲ့သည့် ကာလအတောအတွင်းတွင် ထိုနေရာတွင် လူအများစုက တိုက်ရိုက်နေထိုင်ခဲ့ပုံရသည်။ ထိုအတွက်ကြောင့်လည်း ဇွန်ဘီများက များပြားနေခဲ့ခြင်း ဖြစ်သည်။

75 03

လောဘီတွင်လည်း ကျိုးပဲ့ ပျက်ဆီးနေသော လက္ခဏာများကို မြင်ရသည်။ တတိယလွှာ အရှေ့ဘက်ခြမ်းတွင်လည်းခွဲစိတ်ခန်းဆိုသော အရာမျိုးကို ပြင်ထားကြောင်း မြင်ရသည်။

အရှေ့ဘက်ခြမ်းမှ လုံခြုံရေး လှေကားကို ရှာတွေ့လိုက်ချိန်တွင် တံခါးက ပိတ်နေကြောင်းကို တွေ့လိုက်ရသည်။ တစ်စုံတစ်ယောက်က အပြင်ဘက်မှ ဇွန်ဘီများကို သော့ပိတ်ထားရင်း အပြေးအလွှားထွက်ပြေးသွားခဲ့ခြင်း ဖြစ်လောက်သည်။

ယန်မော့ကလည်း သူ၏ လက်ကို အနောက်ဖက်သို့ ယမ်းပြပြီး ရှုရှင်းတို့အား အနောက်ဖက်သို့ နည်းနည်း ရွေ့ခိုင်းသည်။

ယန်မော့က သေနတ်ကို သုံးကာ လော့ကို ဖြည်နေချိန်တွင် ရှုရှင်းနှင့် ပုရှန်းဝမ်တို့ကလည်း သေနတ်ကို မြောက်ပြီး တံခါးအနောက်ဖက်မှ တစ်စုံတစ်ရာ ထွက်မလာစေရန် ချိန်ထားလိုက်သည်။

မူချီမိုင်ကလည်း သူ၏ သဘာဝလွန်စွမ်းအားကို သုံး၍ အနားတွင် ဝိုင်းနေလျှက်ရှိသော ဇွန်ဘီများကိုလည်း တိတ်တဆိတ်ရှင်းရင် သတိအပြည့်နှင့် ပတ်ဝန်းကျင်ကို ကြည့်နေသည်။

ရုတ်တရက် တံခါးလော့က အောက်ပြုတ်ကျသွားသည်။

“သုံး နှစ် တစ်”

ယန်မော့က ဘယ်ဘက်လက်ကို မြောက်ကာ ရေတွက်ပြီးသည်နှင့် တံခါးကို အနောက်ဖက်သို့ ချက်ချင်း ဆွဲချလိုက်ကာ တံခါးကို ချက်ချင်း ဖွင့်ပစ်လိုက်သည်။

ရှုရှင်း ပုရှန်းဝမ်တို့ကလည် ကြိုတင် ပြင်ဆင်ထားပြီးသား ဖြစ်၏။ အကာအကွယ်စက်ကွင်းကို မြင့်ရင်း တစ်ချိန်တည်းတွင်ပင် ပစ်ခတ်လိုက်ကြသည်။၊ ဇွန်ဘီများက ဆူညံသံကို ကြားသောအခါ အပြေးလာခဲ့ရာမှ ချက်ချင်းဆိုသလို ပြာဖြစ်သွားကြပြီး သလင်းအမြူအတေများသာ ကျန်တော့သည်။

ယန်မော့၏ စိတ်စွမ်းအင်က နဂို ဝင်လာပြီးချိန်ကတည်းက အပြင်ဘက်သို့ ဖြန့်ထုတ်ထားပြီးသား ဖြစ်သည်။ ထို့ကြောင့် အတွင်းထဲတွင် သူ့ကို တိုက်ခိုက်ရန် ချောင်းနေသော မည်သည့် ဇွန်ဘီမှ မရှိကြောင်းလည်း သိသည်။ ထို့ကြောင့် သူက အရင် လှေကားထဲသို့ ဝင်သည်။ ရှုရှင်း ပုရှန်းဝမ်နှင့်မူချီမိုင်တို့ကလည်း နောက်မှ ကပ်လိုက်ဝင်သည်။

မူချီမိုင်က လေဓားကို သုံးကာ မြေပြင်တွင် ကျနေသော သလင်းအမြူအနေများကို ယူပြီးနောက် သူ၏ အိတ်ကပ်ထဲသို့ အရင်ထည့်သည်။ တစ်ခုကိုမှ မချန်ထားရစ်ခဲ့ချေ။

အဖိုးတန်ရတနာတွေ တစ်ခုမှ ပျောက်လို့ရဘူး။

သူတို့ လေးယောက်လုံးက ချောမွေ့စွာပူးပေါင်းသွားပြီးနောက် တတိယထပ်သို့ ခပ်မြန်မြန် သွားကြသည်။ တတိယထပ်၏ အရှေ့ဘက်ခြမ်းတွင်ခွဲစိတ်ခန်းနှင့် တူသော နေရာတစ်နေရာသာ ရှိသည်။ ပစ်မှတ်ကိုလည်း အတည်ပြုရန် လွယ်သည်။

“နေအုံး တစ်ခုခုတော့ မှားနေပြီ”

******

All Chapters