အခန်း ၇၆
Vol. 8 Ch. 76
76 01
အပိုင်း (၇၆) ပန်းရောင်ဆိုတာက လူကြမ်းကြီးရဲ့ အကြိုက်ဆုံး
အရှေ့မှလျှောက်နေသော ယန်မော့က ရုတ်တရက် ရပ်သွားသည်။
“ဘာဖြစ်လို့လဲ”
မူချီမိုင်ကလည်း ဘေးဘီကို ကြည့်လိုက်သည်။ ပုံမှန်မဟုတ်သော အရာမျိုးကို မတွေ့ရပါပေ။
သူတို့လေးယောက်ကလည်း အနားသို့ ခပ်မြန်မြန်ဝိုင်းလာပြီး ကျောချင်းကပ်ကာ ပတ်ဝန်းကျင်ကို သတိအပြည့်ထားပြီး ကြည့်သည်။
“တတိယထပ်က ဇွန်ဘီတွေကို တစ်ခုခုက ထိန်းချုပ်နေတယ် ငါစတက်လာတော့ ငါတို့ကို တစ်ချက်ကြည့်လာသလို ခံစားလိုက်ရသေးတယ် ငါ့ရဲ့စိတ်စွမ်းအားတစ်ခုလုံးကို တတိယထပ် တစ်ခုလုံးကို ဖြန့်ကျက်ထားတဲအချိန်မှာ ငါဘာကိုမှ ရှာမတွေ့ဘူး ဒါပေမဲ့ ဒီဇွန်ဘီတွေရဲ့ အခြေအနေကို ကြည့်ရတာ ငါခုနက ခံစားချက်က ထင်ယောင်ထင်မှား မဟုတ်တာ သေချာသွားတယ်”
“ဒီဇွန်ဘီတွေ”
တတိယထပ်တွင် ဝေ့လည်ကြောင်ပတ်သွားလာနေသော ဇွန်ဘီများကို ကြည့်လိုက်သောအခါ ရှုရှင်းသည်လည်း သူတို့၏ အောက်ထပ် မှ အကောင်များနှင့် ခြားနားချက်ကို တွေ့လိုက်သည်။
“ငါတို့လမ်းတောက်လျောက်တက်လာခဲ့တာ နောက်ပြီး မင်းရဲ့အကာအကွယ်စက်ကွင်းမျိုးကြောင့် ဒီဇွန်ဘီတွေက သေချာပေါက် ငါတို့အနံ့ကို မရနိုင်ဘူး သူတို့ရခဲ့ရင်လည်း သေချာပေါက် လျှောက်မသွားနေဘဲ ပစ်မှတ်ထားမှာပဲ ငါတို့က လမ်းကြောင်းပြောင်းပြီး သူတို့က အရင်စရှောင်နေခဲ့တာ”
“ဒါပေမဲ့ငါတို့ တတိယထပ်ကို တက်လာပြီးကတည်းက အဲ့ဒီလို မဟုတ်တော့ဘူး ငါတို့ ဘယ်ကို သွားသွား သိသိသာသာကိုပဲ ဇွန်ဘီတွေက ငါတို့သွားမယ် လမ်းကြောင်နားကို ရှောင်နေတတ်တယ်”
“ပထမအဆင့် ဇွန်ဘီတွေက ဒီလို အသိစိတ်မရှိဘူး ဒါက တိုက်ဆိုင်တယ်ဆိုတာကို မဖြစ်နိုင်တော့ဘူး အဲ့ဒီနောက် တစ်စုံတစ်ရာက နောက်ကွယ်ကနေ ကြိုးကိုင်နေပြီး လုပ်စေတယ်ဆိုတာ သေချာသွားတယ်”
ယန်မော့၏ စကားကို ကြားသောအခါ အခြားသော သုံးယောက်၏ နှလုံးသားက တင်းကြပ်သွားသည်။
ယန်မော့က သူတို့ထဲတွင် သဘာဝလွန်စွမ်းအား အမြင့်ဆုံးဖြစ်သည်။ သူကိုယ်တိုင်ကပင် အခြားသောသူ၏ တည်ရှိမှုကို အာရုံမခံနိုင်ခဲ့ချေ။
ထိုအခြေအနေကလည်းပြဿနာကို ဖော်ပြနေသည်။ ပြိုင်ဘက်က ယန်မော့ထက် အမှန်တကယ်အင်အားကြီးနေသည်။ ဇွန်ဘီ ပမာဏများစွာကိုပင် ထိန်းချုပ်နိုင်နေ၏။
ဒါက သူတို့အတွက် ကြီးများသော ခြိမ်းခြောက်မှုလည်းဖြစ်သည်။
“ဆိုတော့ ငါတို့အခု ဘယ်လိုလုပ်ကြမလဲ”
ပုရှန်းဝမ်က စိုးရိမ်တကြီးမေးသည်။
“ရှေ့ဆက်သွား တစ်ဖက်သူကသာ မလှုပ်ရှားသေးရင် အလျှင်စလို လှုပ်ရှားဖို့မလိုဘူး။ ဘယ်သူက မထိန်းနိုင်ဘဲ စပြီး လှုပ်ရှားမလဲ ကြည့်ရအောင်”
ယန်မော့ကလည်း အခြေအနေကို ခပ်မြန်မြန် ခွဲခြမ်းစိတ်ဖြာပြီးနောက် စိတ်ထဲမှ ထိုအရာကို ခန့်မှန်းမိနေသည်။ သို့သော် ထုတ်မပြောခဲ့သေးပေ။
သူတို့လေးယောက်ကလည်း နဂိုမူလ ပုံစံ အရှိန်နှုန်း လမ်းလျှောက်ပုံ နှုန်းထားအတိုင်း ဆက်သွားသည်။
76 02
မြင့်မားစွာ အာရုံစူးစိုက်ထားခြင်းက တစ်ကိုယ်လုံးမှ ကြွက်သားများကို တောင့်တင်းနေစေသည်။ အချိန်မရွေးဖြစ်လာနိုင်သော အရေးပေါ် အခြေအနေများကြောင်း တစ်ဖက်နှင့် ရင်ဆိုင်ရန် ပြင်ဆင်ထားသည်။
ဆေးရုံတံခါးကို ကျော်ဖြတ်သောအခါ တံခါးအတွင်းမှ အနက်ရောင် ပုံရိပ်တစ်ခုက ဝုန်းကနဲ ပြေးထွက်လာသည်။ အလယ်မှ ပုရှန်းဝမ်၏ အရှေ့သို့ ချက်ချင်း ပြေးဝင်လာခြင်း ဖြစ်သည်။
ပုရှန်းဝမ်၏ ဦးနှောက်ကပင် မတုန့်ပြန်နိုင်သေးခင် သူ၏ လပေါင်းများစွာ လေ့ကျင့်ထားသော ခန္ဓာကိုယ်က တုန့်ပြန်ပြီးသားဖြစ်သည်။ သူသည် အလိုလျောက်ပင် ဘေးဘက်သို့ တိမ်းကာ ရှောင်သည်။ သူ၏ ရှောင်တိမ်းမှုက မြန်ဆန်လွန်းသဖြင့် ဟန်ချက်ပင် ပျက်သွားကာ လဲကျလုနီးပါး ဖြစ်သွားသည်။ ကံကောင်းသည်မှာ သိပ်မဝေးသော အနောက်ဖက်တွင် ရပ်နေသည့် မူချီမိုင်က ရှေ့သို့တစ်လှမ်းတိုးပြီး သူ့ကို ထိန်းပေးလိုက်လေရာမြေကြီးနှင့် မည်သည့်အရာမှန်းမသိသော ပေကျံနေသည့် ကြမ်းပြင်နှင့် မအပ်သွားစေခဲ့ပေ။
“ကျေးဇူးတင်ပါတယ်”
ပုရှန်းဝမ်ကလည်း အသိပြန်ဝင်သွားသည်။ သူသည်လည်း နည်းနည်းကြောက်သွားပြီး ချွေးစေးများပင် ပျံလာသည်။
ထိုကိစ္စက ဖြစ်လာသည့်အချိန်တွင် ရန်မော့က ရှုရှင်း၏ အရှေ့သို့ ဖြတ်ကနဲရောက်သွားသည်။ တစ်ချိန်တည်းတွင်ပင် ပုရှန်းဝမ်ကလည်း အဆင်ပြေသောကြောင့် စိတ်အေးသွားသည်။
သူသည်လည်း မည်သူ့ကိုမှ မထိခိုက်စေချင်ပါပေ။
သူတို့လေးယောက်က လေးနက်တည်ကြည်သော မျက်နှာအမူအရာဖြင့် သူတို့၏ အရှေ့ဖက်သို့ ဆင်းသက်လာသော အနက်ရောင်ပုံရိပ်ကို ကြည့်သည်။ အနီးကပ်ကြည့်ရှုမည်ဆိုပါက သုံးနှစ်အရွယ် ကလေးတစ်ယောက်နှင့်တူသော ဇွန်ဘီဖြစ်ကြောင်း မှားယွင်းစရာမရှိပေ။ သို့သော် ခေါင်းက လိမ်နေသည်။
ပါးစပ်တွင်လည်း ပြဲထွက်နေသော နေရာကြီးရှိ၏။ ထို့နောက် သူတို့ကို ရယ်ကာ ကြည့်နေသည်။
ချွန်ထွက်ဖြူဖွေးသော သွားများက ထိုပြဲထွက်နေသော အဟကြားရာမှ ချွန်ထွက်နေပုံက အတော်လေးကို ကြောက်စရာ ကောင်းသည်။
“တတိယအဆင့် စိတ်စွမ်းအား ပိုင်ရှင် ဇွန်ဘီ ဟင်း သူ့ထက် အဆင့်နိမ့်တဲ့ ဇွန်ဘီတွေကို ထိန်းချုပ်နိုင်တာ မအံ့ဩတော့ပါဘူး။ သတိထားကြ”
ယန်မော့ကလည်း နောက်သို့လှည့်မကြည့်ချေ။ သို့သော် ဆုံးဖြတ်ချက် ပြတ်သားစွာနှင့် အမိန့်ကို ပေးလိုက်ပြီး သူ၏ စိတ်စွမ်းအားကို စတင်ဦးဆောင်ကာ အခြားသောသူများကို ကာကွယ်ပေးလိုက်ပြီး တစ်ဖက်သူ၏ စိတ်စွမ်းအားကြောင့် တိုက်ခိုက်မခံရရန် ကာကွယ်ပေးသည်။
တစ်ချိန်တည်းတွင်ပင် သူကိုယ်တိုင်ကလည်း စိတ်စွမ်းအားကို သုံးကာ ထိုဇွန်ဘီလေးကို တိုက်ခိုက်သည်။
ရှုရှင်းကလည်း လက်ကို တစ်ချက်ယမ်း၍ ဖိနှိပ်စက်ကွင်းကို ပစ်လွှတ်လိုက်သေးသည်။ ဖိနှိပ်စက်ကွင်း၏ မလှုပ်ရှားနိုင်သော စွမ်းရည်က ပစ်မှတ်ကို တိုက်ရိုက်ပစ်မှတ်ထားလိုက်လေရာ သက်ရောက်မှုကို ကွက်တိပြပေလိမ့်မည်။ သို့ရာတွင် ဖိနှိပ်နိုင်သော ပမာဏကလည်း အကန့်အသတ်မဲ့နေခြင်း မဟုတ်ပေ။ ဇွန်ဘီကလည်း ထိုစက်ကွင်းထဲသို့ ဝင်လိုက်သည်နှင့် သူတို့၏ သဘာဝလွန်စွမ်းအား အရှိန်နှုန်း စသဖြင့် အားလုံးက တစ်ဆယ်ရာခိုင်နှုန်းအထိ ဖိနှိပ်ခံရနိုင်သည်။
မူချီမိုင်က လေဓားကို ဖန်တီးလိုက်ပြီး ဇွန်ဘီ၏ခေါင်းထံသို့ ဦးတည်သွားစေလိုက်သည်။ သို့သော် ဇွန်ဘီလေး၏ ဖြတ်လတ်စွာ လှုပ်ရှားနိုင်စွမ်းရည်က သူတို့ လုံးဝမမြင်ဖူးသော အနေအထားသို့ ရောက်နေသည်။ ထိုသို့ဖြင့် ဓားကို ရှောင်လိုက်၏။
ချောင်းတိုက်ခိုက်ခံရသောမတရားခံရသူ ဖြစ်သည့် ပုရှန်းဝမ်ကလည်း မီးလုံးဖြင့် ပစ်သည်။
76 03
“ဟူး ဟူး ဟူး”
တိုက်ခိုက်ခံနေရသော ဇွန်ဘီလေးကလည်း စူးရှစွာအော်သည်။
ပထမထပ်မှ ဇွန်ဘီများအားလုံးကလည်း ဆင့်ခေါ်ခံရသကဲ့သို့ ရှုရှင်းတို့ကို ဝိုင်းပြီး တိုက်ခိုက်သည်။
ရှုရှင်းက သေနတ်ကို သုံးကာ အနားမှ ဇွန်ဘီများအားလုံးကို ရှင်းလင်းနေသည်။ တစ်ချိန်တည်းတွင်ပင် ဇွန်ဘီလေး နောက်ထပ် ဆင်းသင်မည့် နေရာကိုလည်း ချိန်ရွယ်စစ်ဆေးနေသည်။
ယေဘုယျကျကျပြောရသော် ဒုတိယအဆင့်များနှင့် တတိယအဆင့် ဇွန်ဘီကို ကိုင်တွယ်ရန် ခက်သည်။ သို့သော် ပြိုင်ဘက်ကလည်း သာမာန်တတိယအဆင့် ဇွန်ဘီမဟုတ်ချေ။ စိတ်စွမ်းအား ပညာရှင်ဖြစ်နေသည်။ စိတ်စွမ်းအား ပညာရှင်မျိုးက လူ၏စိတ်ကို တိုက်ရိုက် သက်ရောက်စေနိုင်သည်။
စိတ်သည် လူ၏ အရေးပါဆုံးသော အဓိက အချက်အချာဖြစ်သည်။ လူတစ်ယောက်၏ စိတ်ကသာ ဆိုးရွားစွာ ထိခိုက်သွားခဲ့သော် အရူး သို့မဟုတ် ဂေါက်သွားသူ ဖြစ်သွားနိုင်သည်။ အဆိုးဆုံးအခြေအနေအရ နေရာတွင်ပင် သေသွားနိုင်သည်။
သူတို့ထဲမှ အင်အားအကြီးဆုံး တိုက်ခိုက်ရေးသမားက ဇွန်ဘီကို ရင်ဆိုင်နေရသည့်အပြင် ရှုရှင်းတို့ကိုလည်း စိတ်စွမ်းအားဖြင့် မထိခိုက်အောင် ကာကွယ်နေရသေးသည်။ ထို့ကြောင့် နည်းနည်း ချုပ်ထိန်းခံရသကဲ့သို့ ဖြစ်နေပြီး တိုက်ခိုက်မှုများက သက်ရောက်မှု မရှိတော့ပါပေ။
ပုရှန်းဝမ်နှင့် မူချီမိုင်ကလည်း ဇွန်ဘီလေးကို တိုက်ခိုက်ရန် ကြိုးစားနေကြသည်။ ထို့အပြင် အနားတွင် ဝိုင်းနေသော ဇွန်ဘီများကိုလည်း မလွှတ်ပေးပေ။ ထိုအခိုက်အတန့်တွင် တိုက်ပွဲက အတော်လေးကို ကြန့်ကြာနေသည်။
အချိန်တန်ကြာအောင် စောင့်ကြည့်ပြီးနောက် ရှုရှင်းသည် နောက်ဆုံးတွင် ထို ဇွန်ဘီက ခုန်ပြီး ပျံဆင်းမည့် နေရာကို ကွက်တိ ခန့်မှန်းလိုက်နိုင်သည်။ ထို့ကြောင့် နတ်သမီး တုတ်တံကို တစ်ချက် ယမ်းလိုက်ပြီးနောက် ဖိနှိပ်စက်ကွင်းကို ချက်ချင်းစေလွှတ်လိုက်ကာ ဇွန်ဘီလေးကို နေရာတွင်ပင် ခဲသွားစေလိုက်သည်။
သုံးစက္ကန့် ခဲသွားခြင်းကတင် တိုက်ပွဲ၏ ရလဒ်ကို ဆုံးဖြတ်ရန် လုံလောက်သည်။
အုန်း!!!
လေးယောက်ကြားမှ အချင်းချင်း နားလည်မှုကလည်း ယန်မော့၊ ပုရှန်းဝမ်နှင့် မူချီမိုင်တို့အား မလှုပ်နိုင်သည့်အခိုက်အတန့်တွင်ပင် အင်အားအကြီးဆုံး တိုက်ကွက်များကို ထုတ်မိပြီးသား ဖြစ်သွားစေသည်။
ဇွန်ဘီလေး ကျသွားသော နေရာကလည်း ပြင်းထန်သော စွမ်းအင်များကြောင့် ထိမှန်ခံရပြီး နေရာက တိုက်ရိုက်ပြိုကျသည်။
ယခုလေးတင် တက်ကြွ ရွှင်လန်းပြီး ငရှဉ့်တစ်ကောင်ကဲ့သို့ ချော်ထွက်နေသော ဇွန်ဘီလေးကလည်း ဒီထက်ပို၍ပင် မသေနိုင်တော့ပေ။
ထိုခေါင်းဆောင်လေးကို ဖြေရှင်းပြီးသည်နှင့် သူတို့လေးယောက်ကလည်း စိတ်အေးစွာ သက်ပြင်းချသည်။ ယန်မော့ကလည်း အနားသို့ လာကာ ဇွန်ဘီလေး၏ သလင်းအမြူအတေကို ကောက်ယူလိုက်သေးသည်။
“အိုး ဟိုး စိတ်စွမ်းအား ပညာရှင်ရဲ့သလင်းအမြူအတေက စတော်ဘယ်ရီ ပန်းရောင်လေးလို့ မထင်ထားဘူး”
“ဟားဟား ဟားဟား ဟား ဆိုတော့ ဆရာကြီးတွေ အကြိုက်ဆုံးဆိုတာက ဒဏ္ဍာရီလာ ပန်းရောင်ပေါ့”
ရှုရှင်းကလည်း ယန်မော့၏ လက်ဖဝါးပေါ်မှ စိတ်စွမ်းအား အမြူအတေကို ကြည့်နေရင်း ရယ်နေသည်။ ထိုသလင်းအမြူအတေက ပထမအဆင့် သလင်းအမြူအတေများထက် ပိုလှသည်။
76 04
သူမသည် အွန်လိုင်းပေါ်တွင် တွေ့ဖူးသော ဆရာကြီးများ ကြိုက်သည့် ပန်းရောင် ဟူသည့်အချက်ကို သတိရသွားသည်။
ရှုရှင်းက ယန်မော့၏ ဖျော့တော့သော အနက်ရောင် ဝတ်စုံက ပန်းရောင်ကဲ့သို့ ညင်သာသော အရောင်နှင့် တွဲဖက်နေပုံကို ယှဉ်ကြည့်ပြီး ရယ်ချင်လာသည်။
“ရှင်းပေါင် ရယ်ရလား”
“ဟား..အဟမ်း မရယ်ရဘူး”
ယန်မော့၏ ပေါ့ပါးသော အသံက ရှုရှင်း၏ ရယ်မောသံကို ချက်ချင်းရပ်သွားစေသည်။ သူမက ကိုယ့်ကိုယ်ကိုယ် ချက်ချင်း ချုပ်ထိန်းလိုက်ပြီးနောက် အကြောင်းပြချက်ပေးသည်။
“အိုး ဒါဆိုရင် ခုနက ဘာလို့ ငါ ရယ်သံကြားလိုက်ရတာလဲ”
“ဟင်…ငါ မဟုတ်ဘူး။ ထင်ယောင်ထင်မှား ဖြစ်တာဖြစ်မယ်”
ရှုရှင်း ငြင်းရန် ကြိုးစားသေးသည်။
အစစ်အမှန်ကမူ သူမက အော်ရယ်မိသည့်အပြင် အလွန့်အလွန် ကျယ်လောင်စွာ ရယ်လိုက်မိခြင်း ဖြစ်သည်။
အနီးအနားတွင် ရပ်နေသော ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကလည်း သူတို့၏ တစ်ဘဝလုံး ကြုံတွေ့ခဲ့ဖူးသမျှ ဝမ်းနည်းစရာ အကောင်းဆုံး ကိစ္စများကို ရအောင် ရှာကြံကာ တွေးနေပြီး မရယ်မိအောင် ကြိုးစားနေရသည်။
******