← Chapters

အခန်း ၇၇

Vol. 8 Ch. 77

အခန်း ၇၇

Vol. 8 Ch. 77

77 01

အပိုင်း (၇၇) အမှိုက်ကောက်ခြင်း

“ကောင်းပြီ ကောင်းပြီ။ ငါတို့ အခုလုပ်တဲ့ ဆူညံသံကတင် အခြားအထပ်က ဇွန်ဘီတွေကို ဆွဲဆောင်ပြီးသား ဖြစ်သွားလောက်ပြီ။ ဆိုတော့ ပစ္စည်းတွေ အရင်သွားယူရအောင်”

ဒီခရီး၏ ရည်ရွယ်ချက်ကို မမေ့သေးသော ယန်မော့ကလည်း ရှုရှင်း၏ မျက်နှာကို အသာဆိတ်ကာ ဒေါသကို ဖော်ထုတ်လိုက်သည်။ ထို့နောက် ထိုနှလုံးသားမဲ့သော ကလေးစုတ်လေးကို လောလောဆည် လွှတ်ထားပေးရန် ဆုံးဖြတ်လိုက်သည်။

သူ၏ မျက်ဝန်းထောင့်ကလည်း အတတ်နိုင်ဆုံး မရယ်မိအောင် မျက်နှာကြီး ရှုံ့မဲ့နေကြသည့် ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကို လှမ်းကြည့်လိုက်သေးသည်။ ယန်မော့၏ မျက်နှာတွင် မည်သည့် အပြောင်းအလဲမှ မရှိပေ။ ထို့ကြောင့် မည်သူကမှလည်း သူ၏ အတွေးကို မသိနိုင်ပေ။

“ဟုတ်တယ် ဟုတ်တယ် အလုပ်က ပိုပြီး အရေးကြီးတယ်”

ပုရှန်းဝမ်နှင့်မူချီမိုင်တို့ကလည်း ယန်မော့၏ အကြည့်ကို သတိထားမိလိုက်သည်နှင့် ကျောကို ချက်ချင်းမတ်လိုက်ပြီးနောက် အာရုံကို ပြောင်းသည်။

ယန်မော့က ထိုကိစ္စကို ဆက်လက်ပြီး မစုံစမ်းဘဲ အသာလေးလွှတ်ပေးလိုက်မှသာ နှစ်ယောက်လုံးက လျှို့ဝှက်ပြီး သက်ပြင်းချမိကြသည်။

သူတို့သည် ယန်မော့ကို ကောင်းကောင်းသိသည်။ သူတို့ကို စောင့်ကြိုနေမည့်အရာကို တွေးမိသော် ထိတ်လန့်သွားကြသည်။

သူတို့အကြားမှ အထူးတလည် ဆက်သွယ်မှုမျိုးကို မလိုအပ်ပေ။

ရှုရှင်းကမူ နှလုံးသားမဲ့သောကြောင့် သတိမထားမိပါပေ။

ခွဲစိတ်ခန်းထဲမှ ပစ္စည်းများအားလုံးက အကောင်းအတိုင်းရှိသည်။ သို့သော် သွေးစက်နှင့် အညစ်အကြေးများလည်း ရှိသည်။

“ကျွတ်ကျွတ် ညစ်ပတ်လိုက်တာ။ အသုံးမဝင်တဲ့ ပလပ်စတစ်ကိုပဲ ကောက်ပြီး အရင်ပတ်ပြီးမှပဲ သိမ်းလိုက်မယ်။ ငါ့ရဲ့ နေရာလပ်နယ်မြေက အခြားပစ္စည်းတွေကို မညစ်ပတ်စေချင်ဘူး”

“ငါတို့ကသာ ဆေးရုံကို မလာဘဲနဲ့ ငါ့ရဲ့ နေရာလပ် နယ်မြေထဲက ကုသရေးပစ္စည်းတွေကို အပ်လိုက်မယ်ဆိုရင် သေချာပေါက် သံသယအဝင်ခံရမှာ ဆိုတော့ သန့်ရှင်းစရာတော့ မလိုဘူး”

ရှုရှင်းကပင် အရှေ့မှအရာများကို ကြည့်ပြီး ရွံသွားသည်။ ထို့နောက် ဗြစ်တောက်ဗြစ်တောက် ရွတ်ဆိုနေရင်း နေရာလပ် နယ်မြေထဲသို့ ကောက်ထည့်လိုက်သည်။

“တာ့ပိုင်၊ ရှောင်ပိုင်၊ ကျွိမ်ဖုန်း၊ တာ့ယွင်တို့ကို လွှတ်ထုတ်လိုက်ရအောင်။ ဇွန်ဘီတွေ ဒီလောက်များနေတာ။ သူတို့ကိုလည်း နည်းနည်းပါးပါး ကူညီခိုင်းရအောင်လေတစ်ချိန်တည်းမှာပဲ သူတို့လည်း ကူညီပြီးသား ဖြစ်တာပေါ့ ဒါမှ သူတို့ နေရာလပ်နယ်မြေထဲမှာ ကြက်တွေ ဘဲတွေကို တောက်လျှောက်လိုက်ပြီး အာရုံများမနေမှာ”

ရှုရှင်းက ပစ္စည်းများကို သိမ်းနေရင်း နေရာလပ် နယ်မြေထဲတွင် တော်တော်လေးကို အားယားနေပုံရသော အကောင်လေး လေးကောင်ကို ကြည့်ကာ ပြောသည်။

“အင်း ရတာပဲ။ ဒီတစ်ခေါက် သူတို့ကို ငါတို့နောက်ကို လိုက်ခိုင်းလိုက်မယ်။ ဒါဆိုရင် နေရာလပ် နယ်မြေထဲကို ထည့်စရာ မလိုတော့ဘူး။ အခြေစိုက်စခန်းထဲမှာလည်း ဒီလိုမျိုး ဆင့်ကဲပြောင်းလဲလာတဲ့ သားရဲတွေ ရှိတာပဲ”

ကျားဖြူနှင့် နှင်းဝံပုလွေတို့ကို ထုတ်လွှတ်လိုက်သောအခါ သူတို့သည်လည်း ဇွန်ဘီများ၏ အနံ့ကို ရသောအခါ မျက်လုံးများက သတိအပြည့် ကပ်သွားပြီး အလိုလျောက်ပင် ခန္ဓာကိုယ်ကို ကြီးလိုက်ကာ ရှုရှင်းတို့ကို ဝိုင်းလိုက်သည်။

“တာ့ပိုင်၊ ရှောင်ပိုင် ဒီနံစော်ပြီး ရွံစရာကောင်းတဲ့ဟာတွေကို အတတ်နိုင်ဆုံး မြန်မြန်သာ သတ်လိုက်တော့ သူတို့ရဲ့ ကိုယ်ထဲက အဲ့ဒီ သလင်းအမြူအတေက နင်တို့ရဲ့ တိုးတက်မှုကိုလည်း အကျိုးရှိစေတယ်”

ရှုရှင်းက သူတို့ကို ထုတ်ပေးပြီးသည်နှင့် ရှောင်ပိုင်၏ နဖူးကို ပုတ်ရင်း ညွှန်ကြားချက် ပေးလိုက်သည်။

ဖြစ်စဉ်များက လူသားများနှင့် ခြားနားသည်။ ရှစ်ဆယ့်ငါးရာခိုင်နှုန်းအထိ ဆင့်ကဲပြောင်းလဲသည့် နှုန်းထားအတိုင်းဆိုလျှင် တိရစ္ဆာန်အများစုနီးပါးက ဆင့်ကဲပြောင်းလဲသွားကြ၏။ သို့သော် ထိုရှစ်ဆယ့် ငါးရာခိုင်နှုန်းနီးပါးကလည်း သာမာန်ခန္ဓာကိုယ် အင်အားတိုးတက်သည့် ပြောင်းလဲမှုမျိုးသာ ဖြစ်သည်။

77 02

တတိယအဆင့်သို့ ဝင်ရောက်ပြီးနောက် တိရစ္ဆာန်များသည် နောက်ထပ် တစ်‌ခေါက် နိုးထလာအုံးမည် ဖြစ်သည်။ ကံကောင်းသည့် အကောင်များက လူသားများနည်းတူ သဘာဝလွန်စွမ်းအားများကို ပိုင်ဆိုင်တတ်သည်။ သူတို့၏ ဉာဏ်ရည်ကလည်း ပိုပြီး တိုးတက်လာ၏။ ထိုသို့ဖြင့် အကောင်းဆုံးသော သားရဲများ ဖြစ်လာသည်။

တိရစ္ဆာန်များအကြားမှ ရှင်သန်မှု နည်းလမ်းကလည်း ရိုးရှင်းပြီး ရက်စက်သည်။ အနိုင်ရသူက ဘုရင်ဖြစ်သည်။ အရှုံးသမားက ရန်သူ ဖြစ်သည်။ အင်အားကြီးသူ နောက်သို့လိုက်သည်မှာလည်း ထုံးစံသာ ဖြစ်ပြီး သူတို့၏ အရိုးထဲတွင် စွဲမြဲနေပြီးသား ဖြစ်သည်။

တာ့ပိုင်၊ ရှောင်ပိုင်၊ ကျွိမ်ဖုန်း၊ တာ့ယွန်တို့က ဒုတိယအဆင့် ဆင့်ကဲပြောင်းလဲသွားသော သားရဲများ ဖြစ်သည် သူတို့သည်လည်း အဆင့်တက်ရန် အနည်းငယ်သော ဝေးကွာတော့သည်။

သူတို့က တတိယအဆင့်သို့ တက်သွားပြီးသောအခါ သူတို့စုပ်ယူရန်အတွက် သလင်းအမြူအတေကသာ လုံလောက်နေမည်ဆိုပါက သဘာဝလွန်စွမ်းအားများ နိုးထရန် လွယ်ကူလေသည်။

အရှေ့ဖက်တွင်လည်း ဇွန်ဘီအများကြီး ရှိနေလေရာ သလင်းအမြူအနေများကို ကောင်းကောင်း စုစည်းသင့်သည်။

သူတို့ကို ထုတ်ပေးလိုက်သည်နှင့် ဇွန်ဘီအမြောက်အများက ပုံအောဝင်ရောက်လာကြပြီး ဝရုန်းသုန်းကား ဖြစ်သွားသည်။

“ဘုရားရေ ဇွန်ဘီတွေ များလိုက်တာ”

ပုရှန်းဝမ်ကလည်း ထိုအခြေအနေကြောင့် အံ့ဩသွားသည်။

“အကာ အကွယ်စက်ကွင်းရဲ့ အကာအကွယ်မရှိတော့တဲ့အခါ သေချာပေါက် ငါတို့ကို သိသွားမှာပဲလေ ဆိုတော့ အံ့ဩစရာမရှိဘူး”

မူချီမိုင်က သေနတ်ကို မြောက်ကာ ဇွန်ဘီများကို သတ်နေရင်းမှ ခေါင်းလှည့်မကြည့်ဘဲ ပြောသည်။

သူသည် သူ၏ အမူအရာနှင့် ဆိုလိုသည့် အဓိပ္ပာယ်ကို ဖော်ပြသည်။ : ငါတို့အကိုမူက အသိုင်းအဝိုင်းထဲကို ဝင်ရောက်နေပြီ။ ရက်စက်ပြီး ကြမ်းတမ်းတယ် စကားအများကြီး ပြောမနေဘူး။

သူတို့ ဒီတစ်ခေါက်လာချိန်တွင်လည်း အခြားမည်သူမှ မရှိနေသောကြောင့် ရှုရှင်းသည်လည်း ပုံမှန်အတိုင်းသာ ဝတ်စားထားသောကြောင့် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်လေသည်။

အခြားသော သုံးယောက်က တိုက်ခိုက်နေကြောင်း မြင်သောအခါ သူမသည် အနောက်မှ လိုက်လုပ်သည်။

သူမကလည်း သဘာဝလွန်စွမ်းအား လွတ်လပ်မှုကြောင့် အကာအကွယ်စက်ကွင်းကို ပြန်ထုတ်သုံးလိုက်ပြီ ဖြစ်သည်။

သူမက တစ်ခေါက်ပစ်ရုံဖြင့် ဇွန်ဘီတစ်ကောင်ကိုသာ သတ်နိုင်သည်။

ဇွန်ဘီများက ဆက်တိုက်လဲကျနေသည်။ အလောင်းများကလည်း ထပ်နေသည်။

သူတို့သည် ရောက်လာသော ဇွန်ဘီများကို ကိုင်တွယ်ပြီးနောက် ဆေးရုံတစ်ခုလုံးနီးပါးက ရှင်းသွားသည်။

ရှုရှင်း၏ ပြန်လည်သက်သာနိုင်စွမ်းရည်နှင့်ပင် လေးယောက်လုံးက ပင်ပန်းနေကြသေးသည်။

ကျားဖြူနှင့် ဝံပုလွေဖြူတို့ကလည်း သူတို့၏ အနားတွင် အမောတကော အသက်ရှူရင်း လဲနေကြသည်။ သူတို့၏ ခန္ဓာကိုယ်ကပင် ပြန်ကျုံ့သွားသည်။

သူတို့၏ ခန္ဓာကိုယ်ပေါ်မှ အဖြူရောင်အမွှေးများကလည်း အရောင်ပင် ပျောက်နေသည်။ ညစ်ပတ်သော ဇွန်ဘီသွေးများကလည်း ပေကျံနေသည် အမွှေးများကလည်း ကတ်စေးစေးဖြစ်နေသည်။

ရှုရှင်းတို့ လေးယောက်ကလည်း အခြေအနေမသာပါချေ။

သူတို့သည်လည်း ဒီနေ့သတ်ထားသော ဇွန်ဘီများ၏ ခေါင်းထဲမှ သလင်းအမြူအတေများကို မမှောင်ခင် ထုတ်နိုင်ရန်အလို့ငှာ နာရီဝက်ခန့်သာ အနားယူပြီးသည်နှင့် အလုပ်ဆက်လုပ်ရသည်။

တစ်ယောက်ကအိတ်ကို ကိုင်သည်။ တစ်ယောက်ဓားရှည်ကို ကိုင်ပြီး သလင်းအမြူအတေကို ဖောက်ယူသည်။ ထိုသို့ဖြင့် အလုပ်များနေတော့သည်။

******

All Chapters