← Chapters

အခန်း ၇၈

Vol. 8 Ch. 78

အခန်း ၇၈

Vol. 8 Ch. 78

78 01

အပိုင်း (၇၈) လက်စသတ်တော့ အမှိုက်ကောက်ရတာက ဇွန်ဘီသတ်သလောက် ကြာတာပဲ

နောက်ဆုံးနေဝင်ဆည်းဆာ မပျောက်ကွယ်ခင် အချိန်မှသာ သလင်းအမြူအတေများ မကျန်တော့ကြောင်းသေချာအောင် ကောက်လိုက်နိုင်သည်။

RV ထဲတွင် အနားယူပြီး ကျားဖြူနှင့် ဝံပုလွေတို့အား ကောင်းကောင်း ရေချိုးပေးပြီးနောက် မှောင်သွားပြီဖြစ်သည်။

သူတို့တစ်နေ့လုံး ကြိုးစားအားထုတ်ခဲ့ပြီး သဘာဝလွန်စွမ်းအားများအားလုံး ကုန်ဆုံးသွားသည်နှင့်လည်း ထိုက်တန်နေသည်။ သူတို့သည် ဇွန်ဘီအမြူအတေ ငါးထုပ်ပင် ရခဲ့၏။ ထိုအားလုံပေါင်းလိုက်သော် ဇွန်ဘီအမြူအတေ လေးထောင့်ငါးရာကျော်သည်။

ကမ္ဘာအဆုံးသတ် ကာလအစပိုင်းတွင်မူ ဒါဟာ မြင့်မားလွန်းသော ပိုက်ဆံအဖြစ်ပင် သတ်မှတ်၍ ရသေးသည်။

အသီးသီး အသုံးပြုနိုင်သော အခြေပြုစွမ်းအားနှင့် အမြူတေများကို ခွဲဝေပေးခြင်းအပြင် ရှုရှင်း၏ ထူးခြားသော စွမ်းအားကြောင့် အခြေပြုစွမ်းအား မရှိသည့် အနေနှင့် သူမကလည်း မည်သည့်အခြေပြုစွမ်းအားမှ မပါသည့် အမြူအတေကိုသာ စုပ်ယူနိုင်သည်။ ထို့ကြောင့် သူမက ပိုရသည်။

ထို့အပြင် ကျားဖြူနှင့် နှင်းဝံပုလွေတို့ကိုလည်း သခင်ဖြစ်သူ၏ ဝေစုအတိုင်း ခွဲဝေပေးလေသည်။

သူတို့က ကိုယ့်ကျား ကိုယ်ဝံပုလွေကို ကိုယ့်ဘာသာကိုယ် ခွဲဝေပေးရပေမည် ဖြစ်သည်။

ရှုရှင်းသည်လည်း သလင်းအမြူအတေပေါင်း တစ်ထောင်ကျော်ကို ရသောအခါ အရူးလိုပျော်ပြီး ရယ်နေသည်။

အောက်ခြေမရှိသောတွင်းကဲ့သို့ဖြစ်နေသည့် အခြေစိုက်စခန်းကြီးကို ဖြည့်ရန် လိုအပ်နေသေးသည့်တိုင်အောင် ထိုအခိုက်အတန့်တွင်မူ ပျော်ရွှင်နေကြ၏။ ရှုရှင်းကလည်း ထိုထဲမှ တဝက်ကျော်ကျော်ကို အဆင့်တက်ခါနီး ဖြစ်နေသော ရှောင်ပိုင်ကို ရက်ရောစွာ ပေးလိုက်သည်။ ထို့နောက် အိတ်လေးထဲသို့ထည့်ပြီး ရှောင်ပိုင်၏ လည်ပင်းတွင် ချိတ်ဆွဲပေးထားလိုက်သည်။ ဒီနည်းအားဖြင့် ရှောင်ပိုင်အတတ်နိုင်ဆုံး စုတ်ယူ၍ ရလေသည်။

အခြေပြုစွမ်းအားရှိသော သလင်းအမြူအတေများအားလုံးကို အခြေစိုက်စခန်းထဲသို့ ထည့်ပြီးနောက်တွင် နှစ်ရာနီးပါး ထိုးတက်သွားသည်။ နည်းနည်းလှုပ်ရုံလေးသာ လှုပ်နေသော တိုးတက်လာသောဘားတန်းကို ကြည့်ပြီး ရှုရှင်းက မျက်လုံးကိုသာ မှိတ်လိုက်ကာ သလင်းအမြူအတေများကို စုတ်ယူနေလိုက်သည်။

နံဘေးနားတွင် ရပ်နေသော ယန်မော့ကလည်း ရှုရှင်းက စိတ်ငြိမ်သွားပြီး ကျင့်ကြံနေကြောင်း မြင်လိုက်မှသာ သူမ၏ နံဘေးနားတွင် သွားထိုင်ကာ သလင်းအမြူအတေကို စုပ်ယူတော့သည်။

ဒီတစ်ခေါက် တတိယအဆင့် စိတ်စွမ်းအား သလင်းအမြူတေကို ရရှိခဲ့ခြင်းကြောင့် မမျှော်လင့်ထားသော အကျိုးအမြတ်ဟု ပြောရပေမည်။ ထိုတတိယအဆင့်စိတ်စွမ်းအား သလင်းအမြူအတေက အချိန်ကိုက်ရောက်လာသည်။ စိတ်စွမ်းအားဇွန်ဘီများက အစပိုင်းကတည်းက ရှားပြီးသားဖြစ်သည်။ သူဟာ ကံကောင်းတိုက်ဆိုင်လွန်းသောကြောင့်သာ ဒီနေရာတွင် တစ်ကောင်နှင့် ဆုံသည်။ အထူးသဖြင့် တတိယအဆင့်မှ ဖြစ်နေသည်။

ထိုအရာကို စုပ်သွင်းလိုက်ခြင်းအားဖြင့် သူ၏ အင်အားက အဆင့်မြင့်သွားနိုင်သည့်အပြင် ကမ္ဘာကပ်ဘေးကာလအတွင်း ပို၍ ရှင်သန်နိုင်မည့် အာမခံချက် အကြီးကြီး ဖြစ်သွားသည်။

ယန်မော့ကလည်း ထူးဆန်းသော အိပ်မက်ထဲမှ အသုံးဝင်သော သတင်းအချက်အလက် အများကြီးကို ရရှိထားသည်။ အဆုံးသတ်ကာလမှ အန္တရာယ်များက ယခုလောက် မရိုးရှင်းသေးပေ။ သူက လုံလောက်အောင် အင်အားကြီးမားနေမှသာလျှင် သူကာကွယ်လိုသော သူများကို ကာကွယ်နိုင်မည် ဖြစ်သည်။

78 02

နောက်ထပ် အိပ်ရေးပျက်သော ညတစ်ညကို ကုန်လွန်သွားသည်။

နောက်တစ်နေ့ နေ့လည်နီးပါးရောက်မှသာ ကျင့်ကြံရမှာ နိုးထလာကြသည်။ သူတို့ရရှိလာသော အကျိုးအမြတ်ကို မဝေခွဲနိုင်သေးခင် မျက်လုံးဖွင့်သည်နှင့် ဗိုက်ဆာလာသည်။

သူတို့သည် မနေက သလင်းအမြူအတေ အမြောက်အများရလာသည်။ စိတ်လှုပ်ရှားလွန်းသဖြင့် ညစာကိုပင် မေ့သွားသည်။ အခြားစကားဖြင့် ပြောရသော် မနေ့က မနက်စာနှင့် နေ့လည်ခဏနားချိန်တွင် ပေါင်မုန့်စားထားခြင်းမှ လွဲ၍ သူတို့ ဘာကိုမှ မစားထားပါပေ။

ပုံမှန်အားဖြင့်လည်း မနေ့ညက အလွန်ပင်ပန်းနေသောကြောင့် ဆာလောင်စိတ်ကို မထိန်းချုပ်နိုင်ကြတော့ချေ။

ရှုရှင်းက အရင်ဦးဆုံး နိုးလာသည်။ သူမကအခန်းထဲမှ အရင်ဦးဆုံး ပြေးထွက်ပြီးနောက် RV ၏ ဧည့်ခန်းထဲမှ စားပွဲပေါ်သို့ စားစရာများကို အရင်ထုတ်တင်သည်။ စားစရာများ၏ ရနံ့များက ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကိုလည်း သလင်းအမြူအတေအား စုပ်ယူနေသည်ကိုပင် ချက်ချင်းရပ်စေပြီး ထမင်းစားပွဲနားသို့ ဝိုင်းလာစေသည်။

သူတို့စားသောက်ပြီးသည့်တိုင်အောင် ယန်မော့က မထွက်လာသေးပေ။ နဂိုမူလအတိုင်း‌ နေနေသည်။

ကြည့်ရသည်မှာ တတိယအဆင့် သလင်းအမြူအတေမှ စွမ်းအားများကို အကုန်အစင် စုပ်ယူပြီးရန် အချိန်လိုလောက်သည်။

သူတို့သည် မနေ့က သလင်းအမြူအတေအများကြီးကို ရထားသည်။ တစ်ညတည်းနှင့် အကုန်လုံးကိုလည်း စုပ်ယူနိုင်လိမ့်မည် မဟုတ်ပေ။ သို့ရာတွင် သူတို့မနေ့က ရှင်းထားသော လမ်းက ဇွန်ဘီများ ပြည့်လာပြန်၏။ ထို့ကြောင့် လုံးဝမလုံခြုံတော့ပါပေ။

ယန်မော့၏ လက်ရှိအခြေအနေကိုလည်း သွားရောက် အနှောက်အယှက်ပေး၍ မရချေ။ ထို့ကြောင့် သူတို့သုံးယောက်က အချင်းချင်း ဆွေးနွေးလိုက်ပြီး မူချီမိုင်ကို အပြင်ဘက်တွင် နေကာ အခြေအနေကို စောင့်ကြည့်ခိုင်းထားလိုက်ပြီး ရှုရှင်းနှင့် ပုရှန်းဝမ်တို့ကမူ အရင်သွားနားမည် ဖြစ်သည်။ ထိုသို့ဖြင့် သုံးနာရီတစ်လှည့် ခွဲနားကြရန် ဆုံးဖြတ်ထားလိုက်သည်။

******

All Chapters