← Chapters

အခန်း ၈၀

Vol. 8 Ch. 80

အခန်း ၈၀

Vol. 8 Ch. 80

80 01

အပိုင်း (၈၀) ကျဉ်းမြောင်းသော လမ်းတွင် တွေ့ဆုံခြင်း

“ဝမ်းကွဲ အရမ်း စိတ်လှုပ်ရှားနေပုံပဲ။ သဘောကျတဲ့ ကောင်မလေး ရှိနေပြီလား”

ပိုင်ရို့ချင်က ပိုင်ကျန်းချူ၏ မျက်နှာပေါ်မှ အပြုံးကို မြင်သောအခါ စသည်။

“အိုး သိသာနေလိုလား ငါ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ကောင်မလေး တစ်ယောက်နဲ့ ဆုံထားတာ။ လူအုပ်ထဲက နည်းနည်း မြင်လိုက်တာလေ တော်တော်လေး ထူးခြားတယ်”

သူသဘောကျသော ကောင်မလေးအကြောင်း ပြောသောအခါ ပိုင်ကျန်းချူက ပို၍ စိတ်လှုပ်ရှားလာသည်။

“ကျွတ် ကျွတ်ကျွတ်”

ပိုင်ရို့ချင်ကလည်း တအံ့တဩရေရွတ်သည်။ သူမ၏ ဝမ်းကွဲသည် ငယ်ရွယ်စဉ်ကတည်းက အလိုလိုက်ခံထားရပြီး စံချိန်စံနှုန်းမြင့်သည်။ သို့သော် တစ်ဖက်သူထံမှ အခြားသော တစ်စုံတစ်ယောက်ကို ချီးကျူးခြင်းအား ပထမဦးဆုံး အကြိမ် ကြားဖူးခြင်းဖြစ်သည်။

သူ၏ ယခင် ဇနီးလောင်းဆိုသည့် အကြောင်းကိုပင် ကြားဖူးသည်။ နာမည်ကိုပင် မသိပေ။ မြင်လည်း မမြင်ဖူးပေ။

“မရူးစမ်းပါနဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက မင်းလည်း ကောင်လေးတစ်ယောက်ကို သဘောကျတယ်လို့ ငါကြားထားတယ် ဘာလို့ အဆက်အသွယ်မရသေးတာလဲ”

“အာ…ငါ အခုတလော အလုပ်များနေတာလေ အချိန်မရှိဘူး”

ယန်မော့အကြောင်းကို ပြောသောအခါ ပိုင်ရို့ချင်၏ မျက်နှာပေါ်တွင် ရှက်ရွံ့မှုက ဖြတ်ပြေးသွားသည်။

“ကောင်းပြီ တကယ်လို့ အချိန်ကျလာလို့ အဆင်ပြေသွားခဲ့တယ်ဆိုရင် ငါမင်းကို ကူညီပြီးတော့ လက်ဦးမှု ရအောင် လုပ်ပေးမယ်။ မင်းရဲ့ ဒေါ်လေးကသာ မေးလာရင် ငါ ကောင်းတာ ပြောပေးမယ်”

“ကျေးဇူးတင်ပါတယ် ဝမ်းကွဲ”

ပိုင်ကျန်းချူနှင့်ပိုင်ရို့ချင်တို့ကလည်း တစ်ဖက်သူက သဘောတူမတူ စဉ်းစားထားခြင်းပင် မရှိပေ။ သူတို့၏ နောက်ခံမိသားစု အခြေအနေမျိုးကြောင့် သူတို့နှင့်သာ တွဲမည်ဆိုလျှင် မရေမတွက်နိုင်သော အကျိုးအမြတ်များ ရှိပေလိမ့်မည်။

သူတို့၏စိတ်ထဲတွင် ထိုကဲ့သို့သော ဆွဲဆောင်မှုမျိုးကို မည်သူကမှ မတွန်းလှန်နိုင်လောက်ဟု ထင်နေသည်။ ထို့ကြောင် ငြင်းပယ်မည် သဘောမတူ ဖြစ်မည် ဆိုသောအ ချက်ကိုပင် မစဉ်းစားပါပေ။

အခြေစိုက်စခန်းသို့ ပြန်ရောက်လာပြီး ဒုတိယတစ်ရက်တွင် ရှုရှင်းတို့က အပြင်သို့ မထွက်တော့ပေ။ အိမ်ထဲတွင်သာ နေပြီး ကျန်ရစ်သော သလင်းအမြူအတေများကိုသာ စုတ်ယူနေသည်။

အခြေစိုက်စခန်းအတွင်းမှ အပေါ်ယံကုန်ဆုံးသော စွမ်းအင်အမှတ်များကလည်း ရရှိထားသော ပမာဏနှင့် လုံလောက်သည်။ ထို့ကြောင့် အစောပိုင်းအဆင့်တွင့် သူတို့တွင် ရှိသမျှ သလင်းအမြူတေများကို သုံးကာ အတတ်နိုင်ဆုံးတိုးမြင့်ထားပြီးမှသာ အခြားသော စိတ်စွမ်းအား ပညာရှင်များနှင့် ကွာဟချက်ကို ချဲ့နိုင်မည် ဖြစ်သည်။

သလင်းအမြူအတေ ခုနှစ်ရာနီးပါးကို စုပ်ယူပြီးနောက် ရှုရှင်း၏ စွမ်းအင်က ဒုတိယအဆင့်၏ အထွတ်အထိပ်နီးပါးသို့ တိုက်ရိုက်ပင် တက်သွားလေသည်။

ယန်မော့က တတိယအဆင့်သို့ ရောက်ရှိပြီးနောက် သူ၏ သလင်းအမြူအတေကို စုပ်ယူနိုင်သောစွမ်းရည်က နှစ်ဆဖြစ်သွားသည်။ ထို့ကြောင့် သူသည်လည်း တစ်ချိန်တည်းတွင်ပင် ၃၀၀၀နီးပါးကို စုပ်ယူနိုင်လိုက်သည်။

80 02

သူတို့ ထိုနေ့က ဆေးရုံတွင်သတ်ထားသော သလင်းအမြူအတေများကို စုပ်ယူပြီးနောက် ယန်မော့၏ အင်အားကလည်း တတိယအဆင့်သို့ အောင်အောင်မြင်မြင် တက်ရောက်ပြီး တည်ငြိမ်သွားပြီ ဖြစ်သည်။

ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကလည်း တတိယအဆင့်သို့‌ ရောက်သွားကြသည်။

လေးယောက်လုံး၏ စွမ်းရည်ကိုသာ အများသိအောင် ကြေညာလိုက်မည် ဆိုပါက ပွက်လောရိုက်သွားစေလောက်သည်။

လေးယောက်လုံး၏ အင်အားတိုးတက်မှုကို အောင်ပွဲခံရန်အလို့ငှာ ရှုရှင်းကလည်း သူတို့စားချင်သမျှအားလုံးကို အထူးတလည် မေးမြန်းကာ ပြင်ဆင်ပေးသည်။

ရှုရှင်းသည်လည်း သူမ၏ ကိုယ်ပိုင်အခြေအနေကို အလွန်ကျေနပ်နေသည်။ သူမ၏ ကိုယ်ပိုင်အင်အားက အခြားသော သုံးယောက်လောက် မမြင့်သလို အမျိုးသမီးဇာတ်လိုက် အမျိုးသားဇာတ်လိုက်ကို ယှဉ်နိုင်လောက်သော်လည်း အခြားသော သူများထက် သာလွန်နေသည်ဟု ထင်သည်။

သူမ၏ စွမ်းရည်က ပထမဦးဆုံး ရောက်ရှိလာချိန်ကထက် အများကြီး သာလွန်လာသည်။ သူမ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်လာပြီ ဖြစ်သည်။

အထူးစွမ်းအားနှင့် သာမာန်လူများကလည်းရိက္ခာများအတွက် ပြေးလွှားနေရချိန်တွင် သူမကမူ နေရာလပ် နယ်မြေကဲ့သို့သော ပလပ်ထိုးပြီးသား အသင့်ရပစ္စည်းမျိုး ရှိနေသည်။ ရိက္ခာများအားလုံးကိုလည်း ဘီလီယံနှင့် ချီပြီး စုဆောင်းထားပြီးသား ဖြစ်သည်။ ထို့ကြောင့် ထိုကဲ့သို့သောအရာမျိုးကို စိုးရိမ်ရန် မလိုအပ်ပါပေ။

ထို့အပြင် သူမ၏ နေရာလပ်နယ်မြေထဲတွင် ပို၍ပင် ထူးခြားသော ပင်မတည်ရှိမှုမျိုး ရှိနေသေးသည်။ သူတို့ကသာ ထိုအရာကို ဖွင့်ပြီး အောင်မြင်စွာ ရွေ့လိုက်နိုင်ပါက သူတို့၏ ကိုယ်ပိုင် အခြေစိုက် စခန်းကတင် သူတို့ကို လုံခြုံစေမည် ဖြစ်သည်။

ထို့ကြောင့် ဇွန်ဘီများနှင့် ပတ်သက်ပြီး စိုးရိမ်နေရန်ပင် မလိုအပ်တော့ဘဲ နေရာလပ် နယ်မြေထဲတွင် လုံလောက်သော ရိက္ခာများရှိနေသည်။ ထို့ကြောင့် ကမ္ဘာအဆုံးသတ်ကာလပြီးနောက် သူမ၏ ဘဝကလည်း အများကြီး မပြောင်းလဲသွားပါပေ။

လှပသော အနာဂတ်ကို စိတ်ကူးယဉ်နေချိန်တွင် ရှုရှင်းကလည်း ယန်မော့၏ လက်မောင်းပေါ်သို့ ခေါင်းတင်ပြီး အိပ်မောကျသွားသည်။

ယခုအခါ လုံလောက်သော စွမ်းရည်အမှတ်များ ရှိသောကြောင့် ရှုရှင်းတို့သည်လည်း အခြေစိုက်စခန်းထဲတွင် နည်းနည်းပါးပါး သုံးရန် ဆုံးဖြတ်လိုက်သည်။ သို့မဟုတ်လျှင် အခြားသော သူများကလည်း သူတို့က စံအိမ်ထဲတွင်သာ နေရာ နှင်းစက်ရည်ကို သောက်နေသည်ဟု ထင်ကြတော့ပေမည်။

အခြေစိုက်စခန်းကလည်း သူတို့ စရောက်လာချိန်ကနှင့် အများကြီး ပြောင်းလဲသွားသည်။

နေထိုင်မှုနေရာများကို ပိုင်းခြားထားသောအခါ သာမာန်လူများကို အရှေ့ဆုံးဘက်တွင် နေရသည်။ ထိုနေရာမှ အိမ်များကလည်း သာမာန်အကျဆုံးနှင့်အဆိုးဆုံး ဖြစ်လေသည်။ အထူးအဆင့်ရှိသော သူများကမူ အနောက်ဖက်ခြမ်းတွင် နေရာပေးခံရပြီး သာမာန်လူများ နေရာနှင့် အဝေးဆုံးဖြစ်သည်။ ထို့ကြောင့် အချင်းချင်း အဆက်ဆက် မရှိနေတော့ချေ။ အရှေ့ဘက် ဟင်းလင်းပြင်နေရာကမူ အထူးစွမ်းရည်ရှိသော လူများ အချင်းချင်း ပညာသင်ယူလေ့ကျင့်ရန် ပြင်ဆင်ပေးထားသည်။

သဘာဝလွန်းစွမ်းအား ပညာရှင်အသင်းများ နေသော စံအိမ်နေရာကလည်း မြောက်ဘက်ခြမ်းတွင် ဖြစ်သည်။ အကြောင်းမူကား အခြေစိုက်စခန်းမှ ခေါင်းဆောင်ပိုင်းများက ထိုနေရာတွင် နေထိုင်သောကြောင့် ဖြစ်သည်။

အခြေစိုက်စခန်းတစ်ခုကသာ ရေရှည်ကို ထည့်တွက်လိုလျှင် သိပ္ပံသုတေသန အသက်မွေးဝမ်းကြောင်းလည်း လိုအပ်လေသည်။

C မြို့ စခန်းက သိပ္ပံသုတေသန အသက်မွေးဝမ်းကြောင်းက အနောက်မြောက်ဘက် ထောင့်စွန်းပိုင်းတွင် တည်ရှိပြီး နှစ်ဖက်လုံးက စိတ်စွမ်းအားပညာရှင်များ ရှိရာ နေရာဖြစ်သည်။ ထို့ကြောင့် အန္တရယ်ကျရောက်လျှင် စိတ်စွမ်းအား ပညာရှင်များက သူတို့ကို လာရောက်ကာကွယ်ပေးနိုင်မည် ဖြစ်သည်။ ထို့ကြောင့် အလုံခြုံဆုံးလည်း ဖြစ်လေသည်။

80 03

အခြေစိုက်စခန်းထဲတွင် သုံးကီလိုမီတာတိုင်းကို ကင်းလှည့်နေသော လူငါးယောက်တစ်ဖွဲ့ ရှိသည်။

ရှုရှင်းသည်လည်း သူမနှင့် ယန်မော့က ယခင်တစ်ခေါက်တွင် သွားရောက်ခဲ့သော ညဈေးက ဆိုင်ငယ်လေးများအဖြစ် ပြောင်းလဲသွားကြောင်း တွေ့ရသည်။ ယခင်ကလောက် တကွဲတပြားစီ ရှိမနေတော့ချေ။ ပို၍ပင် ပုံမှန်ဆန်လာပြီး ယခင်က ညဈေးနှင့်ပင် တူလာသည်။

ဤကမ္ဘာပေါ်တွင် နှစ်ထောင်ကျော် ရှင်သန်နေခဲ့သော လူသားများ၏ လိုက်လျောညီထွေ ဖြစ်နိုင်စွမ်းရည်က ဩချရလောက်သည်။

ပိုင်ရို့ချင်ကလည်း ဒီနေ့ အခြေစိုက်စခန်း အပြင်ဘက်သို့ အလုပ်သွားလုပ်စရာ မလိုအပ်ပေ။ ထို့ကြောင့် ပိုင်ကျန်းချူကို ခေါ်ကာ ဝန်ဆောင်မှု ခန်းမသို့သွားပြီး ယန်မော့အကြောင်းကို သွားစစ်သည်။

ပိုင်ကျန်းချူကလည်း သူထိုနေ့က တွေ့ခဲ့သော ကောင်မလေးက ရှုရှင်း ဟုတ်မဟုတ် သိလိုသဖြင့် ပိုင်ရို့ချင်နှင့် လိုက်သွားသည်။ ရှုရှင်းနှင့် ယန်မော့တို့က ဘေးချင်းယှဉ်လျှက် လမ်းလျှောက်နေကာ အခြေစိုက်စခန်းထဲမှ အပြောင်းလဲများကို လိုက်ကြည့်နေသည်။ သူတို့၏ အနောက်ဖက် သိပ်မဝေးသောတစ်နေရာမှ ပိုင်ကျန်းချူနှင့်ပိုင်ရို့ချင်တို့ကလည်း တူညီသော လမ်းတွင် လျှောက်နေခြင်း ဖြစ်သည်။

******

All Chapters