Chapters

အခန်း ၈၁

Vol. 9 Ch. 81

အခန်း ၈၁

Vol. 9 Ch. 81

81 01

အပိုင်း ၈၁

လူလေးယောက်က မျက်နှာချင်းဆိုင် ဆုံသည်။ ပိုင်ကျန်းချူနှင့် ပိုင်ရို့ချင် တို့ကလည်း တစ်ဖက်မှလူကို တစ်ချက်ကြည့်ရုံနှင့် မှတ်မိသွားလေရာ ယန်မော့နှင့် ရှုရှင်းတို့က မမြင်သလိုမျိုး ကျော်ဖြတ်သွား၏။

“ရှုရှင်း နေအုံး”

လျစ်လျူရှု ခံရသည့်အခါ ပိုင်ကျန်းချူက တစ်ဖက်သို့ လှည့်ပြီး ခြေလှမ်းခန့် မြန်မြန် လျှောက်ကာ ရှုရှင်း၏ အရှေ့ကို ပိတ်သည်။

“???”

“နင် ငါ့ကို သိလို့လား၊ နင်က ဘယ်သူလဲ”

ရှုရှင်းက လမ်းကို လာပိတ်သောသူကို နားမလည်သလို ကြည့်သည်။ ရင်းနှီးသည်ဟု ခံစားရ၏။ တစ်နေရာတွင် မြင်ဖူးသလို ….

“မင်း”

ပိုင်ကျန်းချူ၏ မျက်နှာက သုန်မှုန်သွားသည်။ အသံကို မြှင့်ကာ ပြော၏။

“ရှုရှင်း မင်း လိုက်ရခက်ပြီး ငါ့ကို မသိချင်ဟန်ဆောင်ရုံနဲ့ ငါ့ရဲ့အာရုံကို ဆွဲဆောင်နိုင်မယ်လို့ မထင်နဲ့”

“နင် အဆင်ပြေရဲ့လား”

ရှုရှင်းကပင် ဆွံ့အသွား၏။

ပိုင်ကျန်းချူကို အနီးကပ် ကြည့်ပြီးနောက် တစ်ဖက်မှလူကို မှတ်မိလိုက်၏။

ဒါက အစပိုင်းမှာ တန်းပြီး စေ့စပ်ပွဲဖျက်တဲ့ သူမရဲ့ ခင်ပွန်းလောင်း အဟောင်း ပိုင်ကျန်းချူ မဟုတ်ဘူးလား။

ရှုရှင်းသည် ပိုင်းချန်းချူကို တစ်ကြိမ်သာ ဆုံဖူးသည်။ ဒါဟာ သူမ စရောက်ကာစက ဖြစ်သည်။

ထိုအချိန်က သူသည်လည်း တစ်ဖက်သူ၏ စာအုပ်ထဲသို့ ရုတ်တရက် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ခွေးအ၊ ကျား၊ ကျားသစ် တစ်အုပ်နှင့် အဆောတလျင် ရင်ဆိုင်နေရချိန် ဖြစ်လေရာ သူ့ကို ကောင်းကောင်းပင် မကြည့်ရဲခဲ့ချေ။

မူလ ခန္ဓာကိုယ်ပိုင်ရှင် ချန်ရစ်ခဲ့သော မှတ်ဉာဏ်ထဲတွင်လည်း တစ်ဖက်သူကို ကြိုက်သောကြောင့် ပိုင်ကျန်းချူကို မြင်ချိန်တိုင်းလိုလို ရှက်ရွံ့တတ်ပြီး ခေါင်းကို မော့မကြည့်ခဲ့ချေ။ ထို့ကြောင့် ပုံရိပ်က နည်းလေသည်။

ရှုရှင်းက တစ်ဖက်သူကို မြင်မြင်ချင်း မမှတ်မိသည့် အချက်ကို နားလည်၍ ရသည်။

“ရှုရှင်း ဟန်ဆောင်ရတာ ပျော်စရာကောင်းတယ်လို့ ထင်လား၊ မင်း ငါ့အတွက်ကြောင့်နဲ့ C မြို့ကို ရောက်လာတာ မဟုတ်လား၊ မင်းရဲ့အချိန်ကို ငါ့ဆီမှာ လာဖြုန်း မနေနဲ့၊ ငါတို့ကြားမှာ ဘာဆက်ဆံရေးမှ မရှိတော့ဘူး”

“ပိုင်ကျန်းချူ နင် ပြောတာကို နင် နားထောင်စမ်း၊ နင် လူစကား ပြောနေတာလား၊ ဘာကို လိုက်ရခက်တဲ့ ဟန်ဆောင်တယ် ဆိုတာလဲ၊ ငါပြောမယ်၊ သာမန်လူတွေကတောင် နင်နဲ့ယှဉ်ရင် ငိုသွားလိမ့်မယ် နင်နဲ့ ယှဉ်လို့ကို မရဘူး ဟုတ်ပြီလား၊ နောက်ပြီး ငါက မြို့နံရံထောင့်နား လောက်တောင် အရေထူတဲ့ သူမျိုးလည်း မဟုတ်ဘူး”

“နောက်ပြီး နင် အပြင်မထွက်ခင် ဘယ်လိုရုပ်မျိုး ပေါက်သလဲ ဆိုတာကို မှန်ကို အရင် ကြည့်သင့်တယ်၊ နင့်ကို အရမ်း ကောင်းတယ်လို့လည်း ငါ မထင်ဘူး၊ နင်က ကြည့်ကို မကောင်းတာ ဘယ်လိုကြောင့်များ လာပြီး လှချင်ဟန်ဆောင် နေရတာလဲ၊ ဆိုရိုးစကားဟောင်း တစ်ခုလိုပဲ၊ ရုပ်ဆိုးတဲ့ လူတွေက ကိုးရိုးကားရား ပြုမူတတ်တယ်တဲ့ ဒီစကားက မှားတော့ မမှားဘူး၊ နင့်ကို ဒီနေ့ မြင်လိုက်ရတော့ လုံးဝ နားလည်သွားပြီ”

“ငါ ဒီနေ့ အပြင်မထွက်ခင် ပြက္ခဒိန် မကြည့်ခဲ့ရတာ မှားတာပဲ နင်နဲ့ လာတိုးတယ် ကံဆိုးလိုက်တာ”

ရှုရှင်းကလည်း အကြောင်းပြချက်မရှိ ပြဿနာ လာရှာသော သူကို အလကားနေရင်း သည်းညီးခံလိမ့်မည် မဟုတ်ဘဲ တန်းဆူလိုက်သည်။

“ဒီလို အရေးမပါတဲ့ လူတွေနဲ့ စကား ပြောရတာ တော်တော်လေးကို အချိန်ဖြုန်းရာ ရောက်တယ်၊ မင်း ရေဆာနေတော့မှာပဲ၊ ရေလေး သောက်လိုက်ပါအုံး”

81 02

ရှုရှင်း၏ နံဘေးမှ ယန်မော့ကလည်း အလိုလိုက်သော အကြည့်မျိုးဖြင့် ကြည့်သည်။ ရှုရှင်းက စကားပြော ရပ်တန့်သွားကြောင်း မြင်သည်နှင့် အသင့်ကိုင်ထားပြီးသား ရေဘူးကို အသာ ကမ်းပေးသည်။

ယန်မော့က ထိုသို့ပြောသည်နှင့် သူ၏ ငါးမီတာဝန်းကျင်မှ လူများက တိတ်သွားသည်။ ရှုရှင်းကသာ အဖုံးဖွင့်ပြီးသား ရေဘူးကို တစ်ချက် ယူပြီး မော့သောက်၏။

တိတ်ဆိတ်မှုက ကြီးစိုးသွား၏။

“ဟူး”

“ဟား ဟား ဟား”

အနားတွင်လည်း လူနည်းနည်းရှိသည်။ အားလုံးကလည်း တက်တက်ကြွကြွ နားထောင်နေကြ၏။ ယခုအခါ အတော်လေး ချောသော ကောင်မလေး၏ နံဘေးမှ ကောင်လေး ပြောစကားကို ကြားလိုက်သောအခါ အားလုံးက ရယ်ချင်သွားကြသည်။

မည်သူက စမှန်းမသိ အော်ရယ်သံကသာ ကြီးစိုးသွား၏။

“ပါးစပ်ပိတ်စမ်း”

ပိုင်ကျန်းချူ၏ မျက်နှာက ရဲတက်သွားပြီး ထအော်သည်။

သတိကြီးသောသူများက စိတ်လှုပ်ရှားစွာ ကြည့်နေကြပြီး ချက်ချင်းဆိုသလို လူစုခွဲသွားကြကာ အနားတွင် ဆက်မနေရဲကြတော့ပေ။

ပိုင်ကျန်းချူ၏ အကြည့်က ရှုရှင်းဆီ ရောက်သည်။ ထို့နောက် ယန်မော့ဆီ ပြန်ရောက်၏။

သူ ပထမဦးဆုံး သတိထားမိသည်မှာ ရှုရှင်း၏အနားမှ အမျိုးသားဖြစ်သည်။ ထိုအမျိုးသား၏ နောက်ခံကို တန်းသိလိုက်ပြီး မျက်လုံးက မှေးကျဉ်းသွား၏။

******