← Chapters

အခန်း ၈၂

Vol. 9 Ch. 82

အခန်း ၈၂

Vol. 9 Ch. 82

82 01

အပိုင်း ၈၂ အရှက်မဲ့တယ်

ပိုင်ကျန်းချူက ရှုရှင်း၏ နံဘေးမှ အမျိုးသားကို သေချာ ကြည့်လိုက်သောအခါ သူ၏ မျက်လုံးက မှေးကျဉ်းသွားသည်။ သူက ထိုသူ၏ နောက်ခံကို မှတ်မိသည်။ သူ့အဖိုးသည်လည်း ထိပ်တန်းအဆင့် မိသားစုတစ်ခု၏ ကော့တေးပါတီ အတွင်းသို့ ရောက်အောင် အင်အား အများကြီး စိုက်ထုတ်ခဲ့သည်။ ထို့ကြောင့် သူသည်လည်း သာမန်မိသားစုများ ဝင်ရောက်၍ မရသော ပါတီသို့ ဝင်ရောက်ခဲ့ပြီး အဝေးမှ လှမ်းမြင်ခဲ့ဖူးသည်။

သိသာစွာပင် သူတို့သည် ကော့တေးပါတီ တစ်ခုထဲတွင် ရှိနေကြသည်။ သက်တူရွယ်တူများ ဖြစ်သည်။ ထို့ကြောင့် သူသည်လည်း အဖိုးဖြစ်သူ၏ အနောက်မှ လိုက်ကာ လူများကို မျက်နှာချိုသွေး နေရသော်လည်း သူတို့ အရှေ့မှ ထိုလူကမူ ဆိုဖာပေါ်တွင် ထိုင်ကာ ဘာကိုမှ လုပ်ရန် မလိုအပ်ခဲ့ပေ။ မရေမတွက်နိုင်သော လူများက သူ့ကို လာဖားကြသည်။

သူသည်လည်း သူနှင့် သက်တူရွယ်တူများ အကြားတွင် ထိုမျှကြီးမားသော ကွာဟချက်မျိုး ရှိမယ်လို့ ဘယ်သောအခါမှ မတွေးဖူးချေ။ ထိုအခိုက်အတန့် တွင်မူ သူ၏ နှလုံးသားအတွင်း မဲမှောင်သော မနာလိုစိတ်များက ပြည့်နှက်ခဲ့သည်။

အချိုု့သော အကြောင်းပြချက်များကြောင့် သူသည် တစ်ဖက်သူ နာမည်ကို မေးခဲ့သည်။ တစ်ဖက်သူက ယန်မော့ဖြစ်သည်။

ပိုင်ကျန်းချူ၏ ပုံမှန်မဟုတ်မှုက သိသာလွန်းသည်။ ထို့ကြောင့် ဘေးနားတွင် ရပ်နေသော ပိုင်ရို့ချင်ကလည်း အဝတ်ကို ဆွဲပြီးမှ သူက အသိပြန်ဝင်၏။

“မင်း ငါ့ကို သိလား”

ဒါက မေးခွန်းနှင့် တူသည်။ သို့သော် ခိုင်မာနေ၏။

Xမြို့ရဲ့ ယန်မိသားစုက မဟုတ်ဘူးလား၊ ဘာလို့ ဒီကို ရောက်နေတာလဲ။

ပိုင်ကျန်းချူက သူ၏ အတွေးကို စီမံပြီးနောက် ရေရွတ်သည်။

: ကမ္ဘာ့အဆုံးသတ် ကာလမှာ သူတို့ကြားမှာ ကွာဟချက် ဆိုတာ မရှိတော့ဘူး၊ အားလုံးက အင်အားအပေါ် မူတည်တယ်၊ သူကလည်း အခု သဘာဝလွန်စွမ်းအား ပညာရှင်ပဲလေ၊ နောက်ပြီး အခုက Cမြို့မှာ သူ့ရဲ့နောက်ခံနဲ့ အဆင့်အတန်းက ယန်မော့ထက် မနိမ့်ဘူး။

“ဟမ့်”

ယန်မော့က နှာခေါင်းရှုံ့သည်။ သူ၏ အေးစက်သော အကြည့်က ပိုင်ကျန်းချူဆီ ရောက်၏။

ရှုရှင်းနှင့်ယန်မော့တို့ သီးသန့်ရှိရန်အလို့ငှာ ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကလည်း သီးသန့် အကွာအဝေးမှ လိုက်လာကြခြင်းဖြစ်သည်။

လမ်းပတ်လျှောက်ပြီးနောက် ယန်မော့တို့ကို တစ်စုံတစ်ယောက်က တားထားကြောင်း မြင်လိုက်သည်။ ပုရှန်းဝမ်နှင့် မူချီမိုင် နှစ်ယောက်တို့ကလည်း ယန်မော့က မကိုင်တွယ်နိုင်ဟု မထင်ကြသောကြောင့် စိုးရိမ်တကြီး မလာကြဘဲ ခပ်အေးအေးသာ လာကြသည်။

“ဟေး မင်းက ပုံမှန်အားဖြင့် ပင်လယ်နားမှာ နေတာထင်တယ်။ ဘာလို့ အခြားလူတွေအပေါ် လိုက်ပြီး ဂရုစိုက်နေတာလဲ၊ မင်းရဲ့ မေးခွန်းထုတ်တဲ့ လေသံအရဆိုရင် မင်းကိုယ်မင်း Cမြို့ရဲ့ နယ်မြေခံ ဧကရာဇ်လို့ ထင်နေတာလား”

အနားသို့ ရောက်လာသည်နှင့် ပိုင်ကျန်းချူ၏ အစောပိုင်းစကားများကို ကြားလိုက်သည်။ ယန်မော့က ပိုင်ကျန်းချူနှင့် ပြိုင်ငြင်းရန် အထင်သေး ရှုံ့ချသော်လည်း ပုရှန်းဝမ်ကမူ သည်းညီးမခံဘဲ ဝင်ပြောသည်။

“….”

ပိုင်ကျန်းချူက ပုရှန်းဝမ်၏ စကားကြောင့် ငြိမ်သွားပြီး နားရွက်နှင့် လည်ပင်းများက နီသွားသည်။ သူသည် ပြိုင်မငြင်းနိုင်တော့ပေ။

82 02

“ငါ့ရဲ့ဝမ်းကွဲက ရည်ရွယ်တာမှ မဟုတ်တာ၊ နင်တို့ နားလည်မှု လွဲနေပြီ”

ပိုင်ရို့ချင်ကလည်း အမျိုးမျိုးသော အပြောင်းအလဲများကြောင့် အငိုက်မိသွားသည်။ သူမကပင် ယန်မော့နှင့်အတူ ရှိသော ကောင်မလေးက သူမ ဝမ်းကွဲ၏ ဇနီးလောင်း အဟောင်း ဖြစ်သည့်အချက်ကို နားမလည်နိုင်သေးခင် သူမ ဝမ်းကွဲက ယန်မော့ကို သိနေကြောင်း သိလိုက်ရသည်။ ထို့ကြောင့် စတင်ကာ ရှင်းပြပေး၏။ ယခုမှ ရောက်လာသော အမျိုးသား နှစ်ယောက်ကလည်း ယန်မော့တို့နှင့် တစ်ဖွဲ့တည်းဖြစ်သည်။ ထို့ကြောင့် ဆက်ဆံရေးကို ခန့်မှန်းကြည့်၍ရ၏။

ပိုင်ရို့ချင်ကလည်း သူတို့နှလုံးသားတွင် ထင်မြင်ချက်ကောင်းကို ချန်ထားရစ်လိုသည်။ ထို့ကြောင့် ရည်ရွယ်ချက်ရှိရှိဖြင့် စကားပြောသောအခါ အသံကို တိုးထားရပြီး သနားစဖွယ် ပုံမျိုးလုပ်ကာ ယခုမှ ရောက်လာသော လူနှစ်ယောက်၏ နှလုံးသားကို နွေးထွေးစေချင်သည်။

“သူက ရည်ရွယ်ရွယ် မရည်ရွယ်ရွယ် စိတ်ထဲမှာ သိမှာပေါ့၊ သူ့မှာ ပါးစပ် မပါတာလည်း မဟုတ်ဘူး၊ သူ့မှာသာ ပြောစရာ ရှိတယ်ဆိုရင် သူကိုယ်တိုင် ပြောမှာပေါ့ မင်းက ဝင်ပြောဖို့ လိုလို့လား”

သူ အများစု အဆက်ဆံလုပ်သော လူများက ယောက်ျားသားများ ဖြစ်သည်။ တစ်ယောက်ချင်းစီတိုင်းက တစ်ယောက်ထက် ပိုကြမ်းတမ်းနေကြသည်။ ထို့ကြောင့် ပါးစပ်ကို ဟလိုက်သည်နှင့် အဖြောင့်ကောင် စကားများသာ ထွက်လာသည်။

“ငါ ငါက”

ပိုင်ရို့ချင်ကလည်း ဆွံ့အသွားသည်။ သူမသည် ယခင် ထပ်ခါတလဲလဲ အသုံးပြုသော လှည့်ကွက်ကလည်း အသုံးမဝင်လာပေ။ လိုချင်သော ရလဒ်ကိုလည်း မရပေ။

ပိုင်ရို့ချင်သည်လည်း အရှေ့မှ အမျိုးသား နှစ်ယောက်က မွေးကတည်းက တစ်ကိုယ်တည်းသမားများဖြစ်သော အဖြောင့်ကောင်များ ဖြစ်ကြောင်း မသိသေးပေ။ ထို့ကြောင့် သူတို့၏ တွေးတော စဉ်းစားပုံ နည်းလမ်းမျိုးက သာမန်လူများနှင့် ခြားနားလေသည်။

“ယန်မော့ နင် နင် ငါ့ရဲ့ ဝမ်းကွဲကို နားလည်မှု မလွဲပါဘူး ဟုတ်တယ်မလား”

ပုရှန်းဝမ်နှင့်မူချီမိုင် တို့ကြောင့် ဖိအားများသွားသောအခါ ပိုင်ရို့ချင်က ယန်မော့ကို ပစ်မှတ်ထား၏။ ပြောရမည်ဆိုလျှင် ပိုင်ရို့ချင်က ဝံပုလွေ အပျော့စားမျိုး ဖြစ်သည်။ သူမသည်လည်း ယန်မော့က ပုရှန်းဝမ်တို့ထက် စကားပြောရ လွယ်မည်ဟု ထင်နေသည်။

“နင်တို့ပိုင်မိသားစုက လူတွေအားလုံးက နင်တို့ဘာသာ စကားပြောရတာကို အရမ်းကြိုက်ကြတာများလား၊ ယောက်ျား ဘယ်လိုထင်လဲ”

ရှုရှင်းက ပိုင်ရို့ချင်ကို တစ်ချက် ကြည့်လိုက်ရုံနှင့် ယန်မော့ကို ကြည့်သော အကြည့်ကို မြင်လိုက်သည်။ တစ်ဖက်သူက ယန်မော့ကို သဘောကျနေမှန်း သိလိုက်ပြီး ယန်မော့၏ လက်မောင်းကို ချက်ချင်း ချိတ်ကာ ပြော၏။

“အင်း ငါလည်း အဲဒီလိုပဲ ထင်တယ်၊ မိသားစုဉာဏ် လက္ခဏာ ထင်တယ်”

ယန်မော့က ပိုင်ရို့ချင်ကို တစ်ချက်ပင် မကြည့်ပေ။ သူ၏မျက်လုံးကမူ သက်တောင့်သက်သာ ရှိမှုများ ပြည့်နှက်စွာနှင့် ရှုရှင်းကိုသာ ကြည့်သည်။

ပိုင်ရို့ချင်က လုံးဝ လျစ်လျူရှု ခံလိုက်ရပြီး မျက်နှာက ဖြူဖျော့လာသည်။

“ယောက်ျား ဟုတ်လား။ ရှုရှင်း မင်း ဘာလို့ စေ့စပ်ပွဲကို ဒီလောက် အလောတကြီး ဖျက်သွားတာလဲလို့ တွေးနေတာ။ လက်စသတ်တော့ အခြားတစ်ယောက်နဲ့ တွဲနေပြီးသားကိုး”

ပိုင်ကျန်းချူကလည်း ရှုရှင်းကို ချက်ချင်းဆိုသလို လှောင်လိုက်သည်။

“ဟစ်”

82 03

ရှုရှင်းက ချဲ့ကားလွန်းစွာ ပင့်သက်ရှိုက်လိုက်ပြီး ခြေတစ်လှမ်းခန့် နောက်ဆုတ်ကာ ပိုင်ကျန်းချူကို မျက်လုံးပြူးပြီး ကြည့်သည်။ ပိုင်ကျန်းချူကို ထိုကဲ့သို့သော လူမျိုးဟု ပထမဦးဆုံးအကြိမ် မြင်လိုက်သလိုမျိုး အကျယ်တဝံ့ တုံ့ပြန်သည်။

“ပိုင်ကျန်းချူ ပိုင်ကျန်းချူ နင် ဒီလို အရှက်မဲ့တဲ့ စကားမျိုး ပြောမယ်လို့ ငါ လုံးဝ မထင်ထားဘူး၊ နင်က အရှက်မဲ့လွန်းလို့ ဂရင်းနစ် စံချိန်တောင် တင်လောက်တယ်”

“နင်တို့ ပိုင်မိသားစုကပဲ စေ့စပ်ပွဲ ဖျက်ဖို့ အရင် လာပြောတာလေ၊ ငါ အဲဒီအချိန်က သဘောမတူခဲ့ဘူးဆိုရင် နင်တို့ ငါ့ကို သဘောတူအောင် နည်းလမ်း ထောင်ပေါင်းများစွာ သုံးကြမှာ မဟုတ်ဘူးလား၊ ဘယ်လိုဖြစ်ပြီး အရှက်မဲ့တဲ့ စကားတွေ လာပြောပြီး စားပွဲကို လာလှန်နေတာလဲ”

“နင်က နင့်ရဲ့အမှားကို တာဝန် မယူချင်တာကြောင့် အမျိုးသမီး တစ်ယောက်ကို အပြစ်လာတင်တယ်၊ ဘုရားရေ အရှက်မဲ့လိုက်တာ ဖွီ”

ရှုရှင်းက ပြောရင်းပြောရင်း ဒေါသထွက်လာသည်။ သူမကလည်း အောင်မြင်စွာဖြင့် တံတွေး ထွေးပစ်လိုက်၏။

ရှုရှင်းက ပြောလေလေ ဒေါသထွက်လေလေ ဖြစ်ကြောင်း မြင်သောအခါ ယန်မော့ကလည်း ရှုရှင်း၏ ကျောလေးကို အသာပွတ်ပြီး စိတ်အေးအောင် ထိန်းပေးသည်။

“….”

ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကလည်း နားလည်မှုအပြည့်နှင့် အနောက်သို့ ဆုတ်လိုက်သည်။ သူတို့သည် မြို့ကပါ မီးထဲလောင်သွားလျှင် သူတို့ကပါ သက်ရောက် ခံရပေလိမ့်မည်။

******

All Chapters