အခန်း ၈၃
Vol. 9 Ch. 83
83 01
အပိုင်း ၈၃ လူအဝတ်အစား ဝတ်ထားတဲ့ သားရဲကောင်
ပိုင်ကျန်းချူက ဒေါသ ထွက်လွန်းသဖြင့် ခေါင်းထဲမှ အငွေ့ထွက်လုနီးပါး ဖြစ်လာသည်။ သို့သော် သူသည်လည်း ရှုရှင်း၏ ပြောစကားကို ပြန်မငြင်းနိုင်ပေ။ ဒါဟာ အမှန်တရားဖြစ်သည်။ သူသည် အပြစ်မကင်းသလို ခံစားနေရ၏။
“မင်း … ငါ မင်းကို တကယ်ကို ဘာမှမပြောနိုင်ဘူး၊ ဒါပေမဲ့ မင်း အခြေစိုက် စခန်းမှာ ကောင်းကောင်းနေရင် ကောင်းမယ်ထင်တယ်၊ ငါ့ကို ဘာမှ လာတောင်းဆိုဖို့ မစဉ်းစားထားနဲ့”
ပိုင်ကျန်းချူက ရှုရှင်း၏ စကားကြောင့် ဒေါသထွက်ပြီး အရှက်ခွဲသလို ခံစားရသည်။
ရှုရှင်းတို့၏ ပြောစကားကိုလည်း ထပ်ပြီး နားမထောင်ချင်တော့ပေ။ ငြင်းလည်း ငြင်းနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ပိုင်ကျန်းချူက ပိုင်ရို့ချင်၏ လက်မောင်းကို ဆွဲကာ ထွက်သွားလိုက်သည်။
“ကျွတ် သူ ပြောတဲ့ အတိုင်းသာဆိုရင် ပိုင်မိသားစုက အခြေစိုက်စခန်းထဲမှာ အာဏာရှိတဲ့ပုံပဲ၊ ဆိုတော့ အနာဂါတ်မှာ ငါတို့ကို ခက်ခဲအောင် လုပ်ဖို့ နည်းလမ်းတွေ ရှာနိုင်လောက်တယ်၊ သူတို့ကို သတိကပ်ပြီး စောင့်ကြည့်နေရတော့မယ်”
သူက ထွက်သွားသော ပိုင်ကျန်းချူ၏ ကျောကို ကြည့်ပြီးနောက် စိုးရိမ်တကြီး ပြောသည်။
“ရပါတယ်၊ သူတို့ရဲ့ အုတ်မြစ်က Cမြို့မှာ မဟုတ်ဘူး၊ သူတို့ Cမြို့မှာ ခြေကုတ်ရ နေတာကလည်း အကျိုးအမြတ်ကို ဖလှယ်လုပ်ထားလို့ ဖြစ်လိမ့်မယ်၊ အင်အားစုတွေအကြားက အကျိုးအမြတ် ဖလှယ်မှုမျိုးက ဘယ်လောက် လုပ်နိုင်မှာမို့လို့လဲ စိုးရိမ်စရာ မလိုပါဘူး”
“သူတို့ကသာ နောက်ကွယ်မှာ တစ်ခုခု လုပ်လာခဲ့ရင် ကြောက်စရာ မလိုဘူး၊ သူတို့ကသာ လက်လာမြှောက်ရဲရင် လက်ကို ခုတ်လိုက်ရုံပဲ၊ အခြားအကြံတွေ ရှိရဲရင်တော့ ပိုင်မိသားစု ရှိစရာ မလိုတော့ဘူး”
ယန်မော့က ရှုရှင်း၏ ဆံပင်လေးကို အသာသပ်ကာ ချော့ပေးနေသည်။ သူသည်လည်း ပိုင်ကျန်းချူက ပြောသော စကားလုံးများကို စိတ်ထဲ ထားမနေပေ။ ပေါက်ကရ စကားဟုသာ သတ်မှတ်လိုက်၏။
“အင်း မော့ကော ပြောတာလည်း အဓိပ္ပါယ်ရှိတာပဲ၊ ငါတို့ကလည်း ပြုသမျှ ခံမယ့်သူမှ မဟုတ်တာ၊ Cမြို့ရဲ့ အခြေစိုက်စခန်းက ပိုင်မိသားစုရဲ့ အကြွင်းအကျန် အင်အားကို ဖယ်ထုတ်လိုက်နိုင်သေးတာပဲ၊ နောက်ပြီး သူတို့မိသားစုပဲ ဆုံးဖြတ်ချက် ချနိုင်တာမှ မဟုတ်တာ”
“သူတို့က တစ်ဝက်မှ ရောက်လာတာ၊ Cမြို့ရဲ့ ပေါင်မုန့်လုံးကိုလည်း လာလုထားသေးတယ် ဆိုတော့ အခြားလူတွေရဲ့ အကျိုးအမြတ်ကိုလည်း ထိခိုက်မှု ရှိမှာပဲ ဆိုတော့ ရန်သူတွေရှိမယ်၊ သူတို့ကို မုန်းကြတဲ့ လူတွေလည်း များလိမ့်မယ်၊ ငါတို့က ဒီလိုလူတွေကို သုံးပြီး ပြန်ပြီး ရင်ဆိုင်ရုံပဲ၊ ဓါးကိုငှားပြီး လက်မညစ်ပတ်စေဘဲ သတ်လို့ရတယ်”
လှည့်စားမှုနှင့် ပတ်သက်လာသော် ထိုလူသုံးယောက်လုံးကလည်း အမျိုးမျိုးသော ရှုပ်ထွေးသည့် အသိုင်းအဝိုင်းတွင် ကျင်လည်လာသူများ ဖြစ်သည့်အလျောက် ဉာဏ်များကြသည်။ စဉ်းလဲကြသည်။ သူတို့၏ လုပ်ရပ်များက တစ်ယောက်ထက် တစ်ယောက်က ရက်စက်သည်။
ထိုအရာများနှင့် အဆက်အသွယ် မရှိသော တစ်ဦးတည်းသောသူ ဖြစ်သော ရှုရှင်းကလည်း နားထောင်နေရင်း ခေါင်းကိုသာ ညိတ်နေရှာသည်။ သူတို့ ပြောသမျှ စကားကလည်း မှန်လွန်းသည်ဟု ခံစားရသည်။ သူမကလည်း ထိုကဲ့သို့ ချက်ချင်းဆိုသလို ကလဲ့စား ချေနိုင်မည့် အတွေးမျိုး တန်းရောက်သွားသည်။ သူတို့ ဦးနှောက်ကို လေးစားမိသွားသည်။
ဒီလိုကိစ္စတွေကို စိုးရိမ်စရာ မလိုဘူးလေ၊ မကောင်းဘူးလား။
ပိုင်ကျန်းချူနှင့် တွေ့ပြီးနောက် ပြန်လာပြီးနောက် ရှုရှင်းက တစ်စုံတစ်ရာကို မေ့နေသလို ခံစားရသည်။ သူမသည် အချိန်အတန်ကြာ တွေး၏။ သို့သော် မမှတ်မိတော့ပေ။
သူမနှင့် ပိုင်ကျန်းချူက မရင်းနှီးဘူး မဟုတ်ဘူးလား။
ဘာလို့ သတိရသင့်ပေမယ့် မေ့နေတဲ့တစ်ခုခု ရှိတယ်လို့ ခံစားနေရတာလဲ၊ ထူးဆန်းလိုက်တာ။
ပိုင်ကျန်းချူနှင့် ပတ်သက်ပြီး
???
83 02
သူမ၏ခေါင်းထဲ မီးသီး လင်းလာသည်။
ရှုရှင်းက လက်ကိုမြှောက်ကာ ခေါင်းကို အုပ်လိုက်ပြီးနောက် ကိုယ့်ကိုယ်ကို ရိုက်လိုက်ကာ အသိဝင်အောင် လုပ်သည်။
ပိုင်ကျန်းချူသည် Cမြို့တွင် သူ့ဘာသာသူ ပေါ်လာကတည်းက အာရုံစိုက်သင့်သည်။ ရှုရှင်းသည်လည်း ဇာတ်ကြောင်းထဲတွင် ပိုင်ကျန်းချူ ပေါ်သည်မှာ Xမြို့ ဖြစ်ကြောင်း မှတ်မိသွား၏။
သူသည် Xမြို့တွင် ယဲ့ယွီအန်းနှင့် ဆုံပြီး မြင်မြင်ချင်း ချစ်မိသွားခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ပိုင်ကျန်းချူက Cမြို့သို့ ရောက်ရှိလာသည်။ ထို့ကြောင့် ဇာတ်လိုက်မသည်လည်း Cမြို့သို့ ရောက်နိုင်ခြေက ၉၈ ရာခိုင်နှုန်းနီးပါး ဖြစ်နေသည်။
ယဲ့ယွီအန်းက ဒီမှာဆိုရင် ရှောင်းလုံကလည်း ဒီမှာ ရောက်နေမှာပေါ့။
ဘုရားရေ ဒီလောက် အကြာကြီး ရှောင်လို့ရတာကို ဘာလို့ တစ်နေရာလည်း လာတိုးနေတာလဲ။
ကံကောင်းသည်မှာ သူမတို့သည် Cမြို့၏ အခြေစိုက်စခန်းကို ရှာဖွေရန် အချိန်အများကြီး သုံးခဲ့သောကြောင့် အချိန်အများကြီး ဖြုန်းတီးမိခဲ့လောက်သင့်သည်။
“ရှင်းပေါင် ဘာဖြစ်လို့လဲ၊ ဘာလို့ ကိုယ့်ကိုယ်ကို ရိုက်နေတာလဲ ခေါင်းတွေ အုံမှာပေါ့”
ယန်မော့ကလည်း ကိုယ့်ခေါင်းကိုယ် ထုနေသည့် ရှုရှင်း၏လက်ကို ဆွဲဖယ်လိုက်သည်။ နံဖူးကပင် ရဲနေ၏။ သူက အနည်းငယ် စိတ်ဓါတ်ကျ သွားသည်။
“ဘာမှမဖြစ်ဘူး မနာဘူး၊ ငါ့ရဲ့အရေပြားက ဖျော့လို့ နီသွားတာပါ”
ရှုရှင်းကလည်း လက်ကို ခါရမ်းရင်း အဆင်ပြေကြောင်း ပြောသည်။
“အင်း အင်း နည်းနည်းလေး ထိရုံနဲ့ နီနေပြီ၊ မထိနဲ့တော့”
ယန်မော့ကလည်း ဘာကို တွေးမိမှန်းမသိပေ။ အသံကလည်း အနည်းငယ် တိုးပြီး ဩရှသည်။ သူက ရှုရှင်း၏ နားအနားကပ်ကာ ပြော၏။
“မျက်နှာတင် မဟုတ်ဘူး”
ရှုရှင်းကလည်း အဓိပ္ပါယ်ကို ချက်ချင်း နားလည်သွားပြီး မျက်နှာက ရဲသွား၏။
လူဝတ်စုံ ဝတ်ထားတဲ့ သားရဲကောင်…
သူမအနားမှ အမျိုးသားက သူမကို လမ်းမှားအောင် လုပ်နေလေသည်။
ဘယ်လိုတောင် ဘယ်လိုတောင် သန့်စင်တဲ့လူကို လာပြီး ဖျက်ဆီးနေတာလဲ။
ရှုရှင်းက ရှက်ရွံ့သွားကြောင်း မြင်သောအခါ ယန်မော့ကလည်း ရှုရှင်းကို စံအိမ်ထဲသို့ သဘောတကျ ဆွဲခေါ်သွားပြီး စိတ်ထဲတွင်လည်း ခိုးကာ တွေးနေသည်။
သူတို့ လေ့ကျင့်ခန်း မလုပ်တာတောင် ကြာပြီ၊ ဒီနေ့တော့ ကောင်းကောင်း အချိန်ဖြုန်းရမယ်၊ ဘယ်လောက်တောင် ပျော်ဖို့ကောင်းတဲ့ ဆုံးဖြတ်ချက်လဲ။
******