← Chapters

အခန်း ၈၅

Vol. 9 Ch. 85

အခန်း ၈၅

Vol. 9 Ch. 85

85 01

အပိုင်း ၈၅ တောင်ထဲ ဝင်ခြင်း

လူလေးယောက်က တာဝန်များကို ရက်အနည်းငယ် ကြာသည်အထိ အပြန်အလှန် လေ့လာနေကြသည်။ သို့သော် အကြိမ်တိုင်းသာ ကြည့်သာ ကြည့်ပြီး မည်သည့် တာဝန်မှ မယူဘဲ ထွက်သွားကြသည်။ သူတို့၏ ထူးဆန်းသော အပြုအမူကလည်း လူအနည်းစု၏ အာရုံကို ဆွဲဆောင်မိပြီး သူတို့ဟာ မည်သို့သော တာဝန်မျိုးကို ယူဆောင်မည်နည်းဟု လိုက်ကြည့်နေကြသည်။ လေးရက်မြောက်နေ့တွင် ဝန်ထမ်းကလည်း သူတို့က သည်အတိုင်း ကြည့်ပြီး ထွက်သွားမည်ဟု ထင်နေသည့် အချိန်တွင်ပင် ကြမ်းတမ်းသော လူက အနားကပ်လာ၏။

“တာဝန်နံပါတ် ၇၇ ကို ယူမယ်”

“အာ”

ဝန်ထမ်းကပင် တစ်ခဏခန့် ရပ်တန့်သွားပြီးနောက် ချက်ချင်း ပြန်ဖြေ၏။

“ဟုတ်ကဲ့ ဟုတ်ကဲ့ ဘယ်အသင်းကလဲ”

“အသင်းနံပါတ် ၆”

မူချီမိုင် ပြောသော စကားလုံးတိုင်းက ပြတ်သားသည်။ ထုတ်လွှတ်ထားသော သူစိမ်းများ အနားမကပ်ရ ဆိုသော အရှိန်အဝါကလည်း ထင်းထွက်နေ၏။

လိုက်ကြည့်နေသော လူအများစုကလည်း ယခင်ရက် အနည်းငယ်အတွင်း သူတို့ လှုပ်ရှားမှုကို မြင်ပြီးသားဖြစ်သည်။ ယခုလိုမျိုး တာဝန် ယူထားကြောင်း မြင်သောအခါ နံပါတ် ၇၇ ကို ကြည့်လိုက်ကြ၏။

တာဝန်နံပါတ် ၇၇ အစ်တူ ဒုတိယအဆင့် ဆင့်ကဲပြောင်းလဲထားတဲ့ အပင် ငါးပင်ကို အကောင်းအတိုင်း ပြန်ယူလာပေးရမယ်၊ တာဝန်ရဲ့ဆုလာဘ် စွမ်းအင် အမှတ် ခြောက်ထောင်

လူတိုင်းက ဘယ်ကြည့် ညာကြည့် ကြည့်သည်။ တာဝန်ပါ အကြောင်းအရာက သိသာထင်ရှားခြင်းမျိုး မရှိပေ။ မည်သို့ပင် ကြည့်ကြည့် လျှို့ဝှက် ဆန်းကြယ်မှုကို မြင်နိုင်ကြသည်။ မူချီမိုင်တို့၏ အပြုအမူကိုလည်း စိတ်ရှုပ်သွားကြ၏။

ပုရှန်းဝမ်နှင့် မူချီမိုင်တို့က လူတိုင်း၏ အကြည့်ကို လျစ်လျူရှုကာ ထွက်သွားကြသည်။

“ဘယ်လိုလဲ ဘယ်လိုလဲ သင့်တော်တဲ့ တာဝန် တွေ့လား”

ရှုရှင်းက ပြန်လာသော လူကို မြင်သည်နှင့် ခပ်မြန်မြန် မေးသည်။

“ဟီး ဟီး ဒီတစ်ခေါက် ငါတို့ ကံကောင်းတယ်၊ ဒီနေ့ အဆင့်မြှင့်တင်ထားတဲ့ တာဝန်က တိုက်တိုက်ဆိုင်ဆိုင် ငါတို့ လိုအပ်ချက်နဲ့ ကိုက်ညီတယ်၊ ငါတို့ မနက်ပိုင်း စောစော ထရတာ ထိုက်တန်တယ်”

ပုရှန်းဝမ်က သူ၏ ဝေမျှလိုစိတ်ကို မထိန်းချုပ်တော့ဘဲ ပြုံး၍ ပြောသည်။

“တကယ်လား ဘာတာဝန်လဲ” ရှုရှင်းကလည်း သိချင်သွားသည်။

“ဒီမှာလေ ဒုတိယအဆင့် ဆင့်ကဲပြောင်းလဲသွားတဲ့ အပင်ကို ယူလာပေးရမှာ၊ ကြည့်ရတာ သုတေသနလုပ်ဖို့ ထင်ပါတယ်၊ အမှတ်က မဆိုးဘူး ခြောက်ထောင်တဲ့”

ပုရှန်းဝမ်ကလည်း တာဝန်ကတ်ကို ထုတ်ပြပြီး ပေးသည်။

“ဝိုး ကောင်းတာပေါ့၊ ဆင့်ကဲ ပြောင်းလဲသွားတဲ့ အပင်က လုံလောက်အောင် အင်အား ကြီးမားပြီး အတူတွဲပေါက်ကြတာ များတယ်၊ သူ့ရဲ့အဆင့်က သိပ်ပြီး မမြင့်ဘူး ဆိုတော့ လေ့ကျင့်ဖို့ အဆင်ပြေပါတယ်”

ယန်မော့ကလည်း တာဝန်ကတ်ကို ယူပြီး ခိုင်မာစွာ ဝင်ပြောသည်။

85 02

မူချီမိုင်က လက်ကို ခပ်မြန်မြန် ဆေးပြီးနောက် ထမင်းစား စားပွဲတွင် ဝင်ထိုင်ကြောင်း မြင်သောအခါ ပုရှန်းဝမ်ကလည်း သွားဆေးသည်။

စားသောက်တဲ့ အချိန်မှာ မတက်ကြွဘူးဆိုရင် အတွေးက မှားနေလို့ပဲ။

“ငါတို့က တာဝန်ကို ယူလာပြီ ဆိုတော့ ဘယ်အချိန် သွားမှာလဲ”

ပုရှန်းဝမ်က ခေါင်းကို ငုံ့လိုက်ပြီး ဆန်ပြုတ်ပူပူကို အရင် သောက်သည်။ မနက်က ရှိုက်သွင်းခဲ့သော လေပူများကပင် မရှိတော့သလို ခံစားရပြီး သက်တောင့်သက်သာ ရှိသွား၏။

“အင်း နေ့လည် ထမင်းစားပြီး နားပြီးတာနဲ့ သွားကြမယ်၊ ဒီတစ်ခေါက် ငါတို့ အပြင်မှာ တစ်ပတ်လောက် နေဖြစ်လောက်တယ်၊ ရှင်းပေါင် ငါတို့ မသွားခင် စံအိမ်ထဲက ပစ္စည်းတွေကို သိမ်းထားခဲ့”

ယန်မော့ကလည်း သူ၏လက်ဖြင့် နို့ပူခွက်စွန်းနားကို တစ်ချက် သုတ်လိုက်ရင်း ပြောသည်။

“ဟင် ဘယ်လ အတိုင်းအတာ အထိလဲ”

ရှုရှင်းကလည်း သလင်းပုစွန် ဖက်ထုပ်ကိုသာ လုနေသောကြောင့် အာရုံသိပ်မစိုက်မိပေ။ ရုတ်တရက် အခေါ်ခံရသောအခါ ပြန်မေးလိုက်သည်။

“အခြေခံကျဆုံး ပစ္စည်းတွေကိုပဲ ထားခဲ့၊ ငါတို့က တစ်ပတ်လောက်ပဲ သွားမှာ နောက်ပြီး ပိုင်မိသားစုက လူတွေကလည်း ငါတို့ကို ခိုးကြည့်နေကြသေးတယ်၊ ဆိုတော့ ငါတို့ ထွက်သွားတာနဲ့ တစ်ခုခု ဆိုးအောင် လုပ်လောက်တယ်၊ သူတို့က နံရံကို ကျော်တက်နိုင်ရင်တောင်မှ ငါတို့ မသိနိုင်ဘူးလေ၊ ဆိုတော့ သတိထားတာ ကောင်းမယ်”

“အင်း သိပြီ”

ယန်မော့၏ ခွဲခြမ်း စိတ်ဖြာမှုကလည်း ဖြစ်သင့်သည်။ ယခုတွင် သူတို့ဘက်က လူအရေအတွက် နည်းသည်။ လေးယောက်တည်းသာ ရှိ၏။ ထို့ကြောင့် စံအိမ်ထဲမှ ထွက်သွားသည်နှင့် စံအိမ်ကလည်း လူရှိတော့မည် မဟုတ်ပေ။ ထို့ကြောင့် စောင့်ကြည့် ခံရနိုင်သည်။

သို့သော် သူတို့ဟာ သည်တစ်ခေါက် ပြန်လာပြီးသောအခါ လျှပ်စီး လွှတ်သော စနစ်ကို တပ်ရန် ဆုံးဖြတ်လိုက်သည်။

နေ့လည်စာ စားပြီးနောက် သူတို့ လေးယောက်က ပစ္စည်းများ သိမ်းကာ ထွက်သွားကြသည်။ ရှုရှင်းက စံအိမ်ထဲတွင် မရှိသင့်သော ပစ္စည်းများ အားလုံးကို သိမ်းလိုက်သည်။ ယန်မော့ကလည်း အပြင်ထွက်ရန်အတွက် လိုအပ်သော ပစ္စည်းများကို စီစဉ်ရန် တာဝန်ယူပေး၏။

ပြောရမည်ဆိုလျှင် သူမ၏ နေရာလပ် နယ်မြေထဲတွင် အားလုံး ရှိနေပြီးသား ဖြစ်သည်။ အပြင်သို့ မထွက်ရန် အားလုံးကို သိမ်းရန် လိုအပ်၏။ ဒါဟာ သူတို့၏ အသိစိတ်ကို ကျင့်သားရအောင် လုပ်ပေးထား၍ ဖြစ်သည်။ သို့သော် မတော်တဆ လူစုကွဲသွားခဲ့သော် ကျောပိုးအိတ်ထဲတွင် ပစ္စည်းများ ရှိနေရုံနှင့် အဆင်ပြေမည်ဖြစ်သည်။ ထို့အပြင် ထိုကျောပိုးအိတ်ထဲတွင် မည်သည့်ပစ္စည်း ရှိသည်။ လိုအပ်သည့် မည်သည့် ပစ္စည်းပါသည် စသည်ဖြင့် အားလုံးကိုလည်း သိနေရန် လိုအပ်သည်။

အချိန်အများစုကိုမူ ယန်မော့ကသာ ကူညီပြီး ပစ္စည်း ထုပ်ပေးတတ်သည်။ ရှုရှင်းတွင် ကိုယ်ပိုင် နေရာလပ်နယ်မြေ ရှိနေကတည်းက ထိုလေ့ကျင့်မှုက သူမအတွက် မလိုအပ်တော့ပေ။

သူတို့က နေ့လည်စာ စားပြီးနောက် ထွက်သွားခဲ့ချိန်တွင် ကျားဖြူနှင့် နှင်းဝံပုလွေ တို့ကိုလည်း ခေါ်ထုတ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် သူတို့သည်လည်း လေးဘက်ထောက်ကလေး အရွယ်အစားမျိုးအထိ ကြီးလိုက်ပြီးနောက် ကားထဲသို့ ခုန်ဝင်ကာ စောင့်နေကြ၏။

ယခုအခါ သူတို့သည် အခြေစိုက် စခန်းထဲတွင် ပေါ်တင်ပေါ်နိုင်ပြီဖြစ်သည်။ သို့သော် အဝေးသို့ လျှောက်မပြေးနိုင်သေးခင် သူတို့ သွားလာနိုင်သော နေရာက အကန့်အသတ်နှင့် ဖြစ်သည်။ သို့တိုင်အောင် အပြင်သို့ ထွက်သောအခါတွင်မူ ထူးခြားသည်။ သူတို့ စိတ်ထင်တိုင်း လျှောက်သွားနိုင်၏။ ရှုရှင်းတို့ အဖွဲ့၏ သည်တစ်ခေါက် ပစ်မှတ်က Cမြို့၏ အရှေ့တောင်ပိုင်း တစ်ဆယ် ကီလိုမီတာ အကွာမှ တောင်ဖြစ်သည်။

85 03

ထိုတောင်က စိမ်းလန်းသော အရွက်များ ပြည့်နှက်နေလေရာ ဆင့်ကဲ ပြောင်းလဲထားသော အပင်များ မရှားလောက်ပေ။ ထို့ကြောင့် အဆင့်တက်ပြီးကာစ ကလေးများအတွက် လေ့ကျင့်ရန် အကောင်းဆုံး နေရာလည်း ဖြစ်သည်။

သူတို့ ရွေးချယ်သော တောင်ကလည်း အမှန်ပင် စိမ်းလန်းလွန်းနေသည်။ တောင်ခြေသို့ ကားမောင်း ဝင်သွားသည်နှင့် အမည်မသိရသော နွယ်ပင်များနှင့် အပင်များက စတင်ကာ တိုက်ခိုက်သည်။

“ကားထဲက ထွက်”

ယန်မော့ကလည်း သူ့ကို ကြိုတင်ကာ သတိပေးထားသောကြောင့် မည်သူကမှ အငိုက် မမိကြပေ။

အကြာကြီး မမောင်းနိုင်လောက်သော အခြေအနေကို ထည့်သွင်းခြင်းအားဖြင့် တံခါးကို တန်းဖွင့်လိုက်ကာ ကားထဲမှ ထွက်ပြီး ကားကို တစ်ခါတည်း သိမ်းလိုက်သည်။

သူတို့က ကားတံခါးကို ဖွင့်လိုက်သည့် အချိန်တွင်ပင် ကျားဖြူနှင့် နှင်းဝုံလွေ ကလည်း အဟကြားနေရာမှ အတင်း တိုးထွက်ပြီးနောက် တိုက်ခိုက်သည့် အခြေအနေထဲသို့ အတင်း တိုးဝင်ကြသည်။

တိရစ္ဆာန်များက ပိုင်နက်နယ်မြေကို အကင်းပါးစွာ အာရုံ ခံတတ်ကြသည်။ ကျားဖြူနှင့် နှင်းဝံပုလွေတို့အတွက်မူ ကားနှင့် သူတို့၏ ပိုင်ရှင်က သူတို့အပိုင် ဖြစ်သည်။ ထို့ကြောင့် အပြင်လူများက ကျူးကျော်လာသည်အား သည်းညည်းခံလိမ့်မည် မဟုတ်ပေ။

သည်ခရီး၏ ရည်ရွယ်ချက်ကလည်း သူတို့ကို လေ့ကျင့်ပေးရန် ဖြစ်သည်။ ထို့ကြောင့် ရှုရှင်းတို့ကလည်း သူတို့ကို သည်အတိုင်း လွှတ်ထားပေးလိုက်ပြီး ကိုင်တွယ် ဖြေရှင်းခိုင်းလိုက်ကာ အနောက်ဘက်မှ လိုက်သည်။ အနောက်ဘက်မှ လိုက်ခြင်းအားဖြင့် ပိုက်ကွန်ထဲမှ ချော်ထွက်လာသော ငါးကို သာ ကိုင်တွယ်ပေးသည်။

တောင်ခြေမှ ဆင့်ကဲပြောင်းလဲထားသော အပင်များကလည်း အဆင့် သိပ်မမြင့်သောကြောင့် ကလေးများက အသာလေး ကိုင်တွယ်နိုင်သည်။

သူတို့ကို တိုက်ခိုက်လာသော အပင်နှစ်ပင်ကို ဖြေရှင်းပြီးသည်နှင့် အခြားမှ အပင်များကလည်း တိုက်ခိုက်နိုင်စွမ်းအား မရှိကြတော့ပေ။ သူတို့သည် တောင်ခြေတွင် အကြာကြီး မနေကြဘဲ အရှေ့သို့ ဆက်သွား၏။

တောင်သို့ တက်သော လမ်းကြောင်းကိုလည်း အပင်များက ပေါက်ကာ အုပ်နေကြသည်။ ထို့ကြောင့် လမ်းကိုသာ ရှင်းရင်း သွားနေရသည်။

တောင်ပေါ်တွင် အပင်က များလွန်းသည်။ ထို့အပြင် ပိုးကောင်များကလည်း များ၏။ ပိုးကောင်များကလည်း ဆင့်ကဲ ပြောင်းလဲထားကြသည်။ သို့သော် အဖွဲ့လိုက်နေ၏။ ထို့ကြောင့် သတိမထားမိချိန်တွင် အကိုက်ခံရနိုင်သည်။

သည်တစ်ခေါက်တွင်မူ သူတို့ အပြင်ထွက်လာချိန်တွင် ဦးထုပ်ဆောင်း လာသည်။ မက်စ်များ တပ်လာသည်။ လေလုံမျက်မှန်ကိုပါ တပ်လာကြ၏။ ထို့အပြင် အင်္ကျီလက်ရှည်များနှင့် ဘောင်းဘီရှည်များကိုလည်း ပြောင်းဝတ် လာသည်။ ဘွတ်ဖိနပ်ရှည်များကိုလည်း ဝတ်လာကြပြီး ကြိုးများကို ခပ်တင်းတင်း ချည်ထားကြခြင်းအားဖြင့် ခေါင်းမှ ခြေအဆုံး လုံခြုံနေစေလေသည်။ ထိုသို့ဖြင့် ပိုးကောင်များက အခွင့်ကောင်း ယူနိုင်ခြင်း မရှိပေ။

“ငါတို့က အမြင့်ပိုင်းကို တက်လေလေ အပင်များက ပိုများလေလေ အဆင့်က ပိုမြင့်လေလေပဲ၊ ငါတို့ ဒီနေ့ အနက်ပိုင်းထဲအထိ သွားစရာ မလိုဘူး၊ သူတို့ကို မြေမျက်နှာသွင်ပြင်နဲ့ ရင်းနှီးအောင် လုပ်ခိုင်းလိုက်ရအောင် မနက်ဖြန်မှ အပေါ် ဆက်တက်မယ်”

သူတို့ လေးယောက်ကလည်း သုံးပုံတစ်ပုံအထိ တက်ပြီးသည်နှင့် ရပ်တန့် လိုက်ကြသည်။ ယန်မော့က ပတ်ဝန်းကျင်ကို လေ့လာရင်း ပြော၏။

“အင်း ငါတို့ ဒီည ဒီမှာ နေမယ်လေ၊ ကြမ်းတမ်းတဲ့ တိရစ္ဆာန်တွေနဲ့တော့ မတွေ့လောက်ဘူး၊ တိရိစ္ဆာန်ကြီးတွေ အများစုက တောင်အနက်ပိုင်းမှာ သွားလာကြတာ များတယ်၊ အစွန်ပိုင်းမှာ မနေတတ်ဘူးလေ၊ ဆိုတော့ ငါတို့ သွားလာဖို့ အဆင်ပြေပါတယ်”

မူချီမိုင်ကလည်း ယခုလို တောရိုင်းတွေ ရှင်သန်သွားလာ နေထိုင်မှုအား ကျွမ်းကျင်သူ ဖြစ်သည့်အလျောက် ကောင်းကောင်း နားလည်နေသည်။

******

All Chapters