← Chapters

အခန်း ၈၇

Vol. 9 Ch. 87

အခန်း ၈၇

Vol. 9 Ch. 87

87 01

အပိုင်း ၈၇ ပါးစပ်ကြီး ပန်းပွင့်

ရှုရှင်းကမူ သူမ၏ စိတ်ပိုင်းဆိုင်ရာ ကြောက်လန့်မှုကြောင့် တုံ့ပြန်မှုက ထိုကလေး နှစ်ကောင်အပေါ် ထိုသို့ သက်ရောက်သွားမည်ဟု မထင်ထားမိပေ။ သူမက ယန်မော့၏ ကိုယ်ပေါ်တွင် မျက်နှာကို ဝှက်ထားပြီး တည်ငြိမ်ဟန် ဆောင်နေလိုက်သည်။

“အခု အရမ်းရှက်တယ်၊ မျက်နှာပူတယ်၊ ဘယ်သူနဲ့မှ မတွေ့ချင်ဘူး”

ယန်မော့ကလည်း သူ့အကောင်ပေါက်၏မာနကို ကောင်းကောင်း ကာကွယ် ပေးတတ်သည်။ ယခု အခြေအနေမျိုးဆိုလျှင် ပို၍ပင် ဆိုးသေးသည်။ သူက တည်တည်ငြိမ်ငြိမ်ဖြင့်ပင် ထိုင်လိုက်ပြီး အကောင်ပေါက်လေးကို ချီထားသကဲ့သို့ အသာ ပွေ့ဖက်ထားကာ သက်တောင့်သက်သာ ရှိသော အမူအရာမျိုးကို ပြင်ပေးသည်။

သူမ၏ မျက်နှာပေါ်က အရှက်ရသော ပူလောင်မှုက ပျောက်ကွယ်သွားသည်နှင့် ရှုရှင်းက ယန်မော့ ရင်ခွင်ထဲမှ တိတ်တဆိတ် ဆင်းကာ ဘေးနားတွင် လာထိုင်နေသည်။ သို့သော် တင်းတင်းကြပ်ကြပ် ကပ်ထားသေး၏။

ပုရှန်းဝမ်နှင့် မူချီမိုင်တို့က ရွက်ဖျင်တဲကို ဆင်ပြီးသည်နှင့် ပြန်ရောက်လာသည်။ သူတို့က အလိုက်တသိ မမေးမြန်းခဲ့ချေ။ သူတို့ နှစ်ယောက်လုံးသည် အကြောင်းပြချက်ကို သိသည်။ မည်သို့ပင်ဆိုစေ အဖွဲ့ထဲမှ မိန်းကလေး၏ မျက်နှာကို ထိန်းပေးရပေမည်။

တောထဲမှလေသည် ညဘက်ဆိုလျှင် အလွန်အေးသည်။ ကျားဖြူနှင့် နှင်းဝံပုလွေတို့ကလည်း သူတို့၏ ခြေနှစ်ယောက်နှင့် သခင်များကို အနွေးဓါတ်ပေးရန် တာဝန် ယူပေးထားသည်။ တာ့ပိုင်နှင့် ရှောင်ပိုင်တို့က ပိုကြီးစေလိုက်ပြီး ရွက်ဖျင်တဲ၏ အဆုံးသတ်နားတွင် တစ်ကောင်စီ သွားကပ်အိပ်လိုက်ပြီး ရှေ့တစ်ကောင် နောက်တစ်ကောင် ရပ်ခြင်းအားဖြင့် တောင်မှ လေအများစုကို ပိတ်ကာ ပေးထားလိုက်သည်။

ကျွိမ်ဖုန်းနှင့် တာ့ယွင်တို့ကလည်း ပို၍ပင် ဒဲ့တိုးဆန်သေးသည်။ သူတို့က သူတို့ စတင် အရွယ်ရောက်လာသောအခါ ပုရှန်းဝမ်နှင့် မူချီမိုင်တို့ လဲကျသွားသည်၊ အားနည်းသည် ဆိုသော ထင်မြင်ချက်ကို ကောင်းကောင်း မှတ်မိနေခဲ့၏။

ထို့ကြောင့် ကျွိမ်ဖုန်းနှင့် တာ့ယွင်တို့က ပို၍ပင် အကောင်ကြီးအောင် ပြင်လိုက်ပြီးသည်နှင့် ခြေနှစ်ချောင်းနှင့် သခင်နှစ်ယောက်ကို သူတို့၏ ဗိုက်အောက်ထဲသို့ ဆွဲသွင်းလိုက်ကာ အနွေးဓါတ် ပေးထားလိုက်သည်။

သူတို့သည် ရုတ်တရက် သူတို့ မွေးထားသော အကောင်ပေါက် နှစ်ကောင်၏ အောက်ဘက်သို့ ဆွဲသွင်းကာ အအုပ်ခံလိုက်ရသည်။ သူတို့ကပင် မတုံ့ပြန်ရသေးခင် သူတို့ ကိုယ်ပေါ်မှ အလေးချိန် အနည်းငယ်ကို ရလိုက်ကြသည်။

ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကလည်း သူတို့၏ ချစ်ရသော တိရိစ္ဆာန်များ၏ လေးလံလွန်းသော ချစ်ခြင်းကြောင့် သည်းမတတ် ဖြစ်သွားသည်။

ရှုရှင်းက နံဘေးမှ မကြင်နာစွာ ရယ်နေသည်။ ယန်မော့၏ မျက်နှာပေါ်မှ အပြုံးကလည်း စစ်မှန်၏။

“တာ့ယွင် တာ့ယွင် မြန်မြန်ထအုံး ငါ သေတော့မယ်”

ပုရှန်းဝမ်က တာ့ယွင်၏ အမွှေးဖွားလက်ကို အသာ တွန်းထုတ်ရင်း လတ်ဆတ်သော လေကို မနည်းရှူရသည်။

ကျွိမ်ဖုန်း၏ အောက်ဘက်မှ မူချီမိုင်၏ အခြေအနေကလည်း ပိုမသာပါချေ။

တာ့ယွင်က ခြေနှစ်ချောင်းနှင့် သခင်အား တစ်ချက်ကြည့်သည်။ သူ၏ ခေါင်းကြီးကို ကူကယ်ရာမဲ့စွာ တစ်ချက်ခါပြီး ပုရှန်းဝမ်အတွက် စိုးရိမ်ပူပန်မှု အပြည့်ကို ဖော်ပြ၏။

တာ့ယွင် : အာ သူ့ရဲ့ ဒီခြေနှစ်ချောင်းနဲ့ သခင်က သူ ထင်ထားတာ ထက်တောင် အားနည်းနေသေးတယ်၊ သူ့ရဲ့ ဒီအလေးချိန် သေးသေးလေး ကိုတောင် မခံနိုင်ဘူး၊ မတတ်နိုင်ဘူးလေ၊ သူပဲ သည်းခံရမှာပေါ့။

ကျွိမ်ဖုန်း : ငါ သခင့်ကို အလိုလိုက် ပေးလိုက်ပါ့မယ်လေ။

တာ့ယွင်နှင့် ကျွိမ်ဖုန်းတို့၏ မျက်လုံးထဲမှ အဓိပ္ပါယ်က သိသာလွန်းသောကြောင့် ဖြစ်လောက်သည် ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကလည်း စိတ်ညစ်သွားကြသည်။

ကျားဖြူနှင့် နှင်းဝံပုလွေတို့က ညဘက်တွင် လေကာ ပေးထားသောကြောင့် ရှုရှင်းတို့သည်လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်သည်။ အာရုဏ် တက်ချိန်မှသာ နိုးတော့သည်။

87 02

မနက်စာကို ကုန်အောင် စားပြီးသည်နှင့် မနေ့က ခင်းထားပြီးသား ရွက်ဖျင်တဲကို ထိုခင်းထားပြီးသည့်အတိုင်း နေရာလပ် နယ်မြေထဲသို့ ထည့်လိုက်သည်။ ညဘက်တွင် ပြန်ထုတ်သုံးနိုင်၏။ ထို့နောက် တောင်ပေါ်သို့ စတက်သည်။

တစ်နာရီခန့် လမ်းလျှောက်ပြီးနောက် ယန်မော့က သူ၏ စိတ်စွမ်းအားကို လွှတ်ထုတ်ကာ သူ၏အရှေ့မှ ဒုတိယအဆင့် စွမ်းအင် လှုပ်ခတ်မှုကို ထုတ်လွှတ်နေသည့် အပင်တစ်ပင်ကို ရှာတွေ့လိုက်သည်။

“တာ့ပိုင် အရှေ့မှာ ဒုတိယအဆင့် ဆင့်ကဲပြောင်းလဲထားတဲ့ အပင်ရှိတယ်၊ မင်းတို့တွေ သွားပြီး ဆွဲချလိုက်၊ ဒါပေမဲ့ ခန္ဓာကိုယ် အကောင်းအတိုင်း ချန်ပေးနော်”

ယန်မော့က တာ့ပိုင်ခေါင်းကို အသာပွတ်ပြီး ပြောလိုက်သည်။

“အာ ဝူး”

တာ့ပိုင်ကလည်း လူသားဆန်စွာ ခေါင်းညိတ်ပြီး ရှောင်ပိုင်တို့ကို ခေါ်ကာ ထွက်သွားသည်။

ယန်မော့ကလည်း ရှုရှင်းတို့ကို ခေါ်ပြီး တိုက်ပွဲကို ကြည့်နိုင်မည့် သင့်တော်သည့် နေရာကို ရှာကာ ကြည့်နေလိုက်သည်။

တာ့ပိုင်တို့ အဖွဲ့က အလွန်တိုက်ရိုက်ကျကာ ရိုးရှင်းပြီး ကြမ်းတမ်းစွာ လှုပ်ရှားလိုက်ကြသည်။ တိုက်ရိုက်ကိုပင် သတ်လိုက်ကြ၏။

“ဝိုး ဒီဆင့်ကဲပြောင်းလဲထားတဲ့ အပင်က လက်စသတ်တော့ ကြီးတာပဲ၊ ပါးစပ်ကြီးတဲ့ အပင်နဲ့ တူတယ်၊ ဟို ပလက် ဗွီအက် ဇွှန်ဘီဂိမ်း ထဲကလိုလေ အဲ့ဒီထဲက အပင်ကြီးနဲ့ တူတယ်”

ချုံပုတ်နားတွင် ဆောင့်ကြောင့်ထိုင်ပြီး ခိုးကြည့်နေသော ရှုရှင်းကလည်း အပင်၏ အခြေအနေကို ကြည့်ပြီး တအံ့တဩ ပြောသည်။

“မရီး မရီး ပြောတာကြားပြီး ငါလည်း တော်တော်လေး တူတယ်လို့ ခံစားရတယ်၊ ငါ ဒီအပင်ကို မကြည့်ချင်တော့ဘူး၊ ဘယ်လိုပဲကြည့်ကြည့် စိတ်ပျက်စရာ ကောင်းတယ်”

ပုရှန်းဝမ်ကလည်း ရှုရှင်း၏ အနားတွင် ဆောင့်ကြောင့်ထိုင်နေပြီး တူညီသော အမူအရာမျိုးနှင့် ခိုးကြည့်နေခြင်းဖြစ်သည်။

အမှန်တကယ်အားဖြင့် ပေါ်တင်ကြည့်၍ ရသည်။ သို့သော် သူတို့သည်လည်း ထိုသို့သာ ကြည့်ချင်နေကြ၏။ မြေမျက်နှာပြင် အနေအထားကသာ အဆင်ပြေပါက ဖရဲစေ့များကိုပင် ခွာစားမည့် ပုံသဏ္ဍာန်မျိုး ရှိသည်။

“ဒါက ပြီးသွားပြီလား မြန်လိုက်တာ။ အင်း အရှေ့ ဆက်သွားရအောင် အခြားအပင်တွေ ရှိလောက်တယ်”

အဆင့်ဖိနှိမ့်မှုအရ တာ့ပိုင်တို့သည်လည်း ခပ်မြန်မြန် အနိုင်ရသွားကြသည်။ ရှုရှင်းနှင့် ပုရှန်းဝမ်တို့က မကျေနပ်ကြသေးဘဲ အရှေ့သို့ ဆက်သွားလိုကြ၏။

ရှုရှင်းနှင့် ပုရှန်းဝမ်တို့ မျှော်လင့်ထားသည့် အတိုင်းပင် နောက်ထပ် နှစ်ကီလိုမီတာ သုံးကီလိုမီတာခန့် သွားပြီးနောက် ဒုတိယအဆင့် ဆင့်ကဲ ပြောင်းလဲထားသော အပင်များ၏ သဲလွန်စကို ရှာတွေ့သည်။

ဒုတိယနေ့ အဆုံးသတ်နားတွင် သူတို့ အသင်းကလည်း အပင် ငါးပင်လုံးကို ရသွားပြီဖြစ်သည်။

တာဝန်ကို အချိန်ကြိုစောပြီး ပြီးမြောက်သောကြောင့် အခြားသော တိုက်ခိုက်နိုင်စွမ်းအား ပြင်းထန်သည့် အပင်များသာ ရှာပြီး အကောင်လေးများကို လေ့ကျင့်ခိုင်းရန် ဆုံးဖြတ်လိုက်၏။

လေ့ကျင့်သည့် ငါးရက်မြောက်နေ့တွင် ယန်မော့တို့ အသင်းက တတိယအဆင့် အပင်ကို ရှာတွေ့သည်။

ပိုဆိုးသည်မှာ နှစ်ပင်လုံးကို ရှာတွေ့ခြင်း ဖြစ်သည်။

“ကြည့်ရတာ တစ်ပင်နဲ့တစ်ပင် အမှီပြုပြီး ရှင်သန်နေထိုင်တာ ထင်တယ်၊ အပင်တောင်မှ အချင်းချင်း အဖော်ပြုရကောင်းမှန်း သိတယ်၊ အစောပိုင်းက တွေ့တဲ့ အပင်ထက်တောင် ပိုပြီး ခက်ခဲသေးတယ်၊ ဆိုတော့ တာ့ပိုင်တို့ အတွေ့အကြုံရတာပေါ့”

“ဒါပေမဲ့ တတိယဆင့်ကဲ ပြောင်းလဲထားတဲ့ အပင်တောင်မှ အဖော်ရှိတယ်၊ တာ့ပိုင်တို့က ဒဏ်ရာ ရသွားလောက်တယ်၊ ဆိုတော့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားကြ”

ယန်မော့က စိတ်စွမ်းအားကို လွှတ်ထုတ်ပြီးသည်နှင့် အခြေအနေကို ရှင်းပြပေးသည်။

87 03

သူဟာ အဓိကအားဖြင့် ပုရှန်းဝမ်နှင့် ရှုရှင်းတို့ကို ပြောပြခြင်းဖြစ်သည်။ မူချီမိုင်နှင့် ယန်မော့တို့က တူညီသော လေ့ကျင့်မှု အခြေအနေကို ကျော်ဖြတ်ခဲ့သူများ ဖြစ်လေရာ မူချီမိုင်သည် ယန်မော့၏စိတ်ကို နားလည်သည်။

“မော့ကော ငါတို့က မော့ကောရဲ့ ဆုံးဖြတ်ချက်ကို မယုံကြည်ဘဲ နေပါ့မလား၊ ကမ္ဘာကပ်ဘေးမှာ ရှင်သန်ဖို့က လွယ်တာမှ မဟုတ်တာ၊ ဆိုတော့ အခု နာကျင်ထားမှ အနာဂါတ်မှာ အသက်ရှင်နိုင်မှာ”

ပုရှန်းဝမ်ကပင် မြန်ဆန်စွာ နားလည်လာသေးသည်။

“အင်း သွားခိုင်းလိုက်ပါ”

ရှုရှင်းကပင် တစ်ခဏခန့် တိတ်ဆိတ်ပြီးနောက် ခေါင်းညိတ်ပြသည်။

သူတို့ အားလုံးကလည်း သည်ကလေးများအပေါ် နက်ရှိုင်းသော ခံစားချက် ရှိသည်။ ထိုကလေးများကို မထိခိုက်စေလိုသော်လည်း အဆုံးသတ် ကာလတွင် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ရန် အလို့ငှာ လွှတ်ပေးရပေမည်။

ထို့အပြင် သူတို့သည်လည်း အနီးအနားတွင် ကြည့်နေမည်ဖြစ်သည်။ ကလေးများက အမှန်တကယ် အသက်ကို ခြိမ်းခြောက်ခံရလျှင် သေချာပေါက် ဝင်ကယ်ပေးမည် ဖြစ်သည်။

တတိယအဆင့် ဆင့်ကဲ ပြောင်းလဲထားသော အပင်နှစ်ပင်က ပုံမှန်ကြည့်လျှင် မသိသာသော နွယ်ပင်သာသာ ဖြစ်သည်။

သို့သော် ထိုအပင် သုံးပင် ကာထားသော နေရာက ဒုတိယအဆင့် အပင်များထက် နေရာ ပိုကျယ်သည်။ ထို့အပြင် တာ့ပိုင်တို့၏ တည်ရှိမှုကို ချက်ချင်း သတိထားမိ သွားလေသည်။

တာ့ပိုင်တို့ထံမှ ထုတ်လွှတ်ထားသော ရန်လိုမှုကိုလည်း သူတို့က သတိထားမိပြီး ချက်ချင်းဆိုသလို တိုက်ခိုက်ကြသည်။

မရေမတွက်နိုင်သော သိပ်သည်းသည့် နွယ်ပင်ပေါင်း များစွာက ဖြာထွက်လာကာ တာ့ပိုင်တို့ကို ရိုက်သည်။

ဝေါင်း

ကျားဖြူများက အော်သည်။

“အာ ဝူး”

ဝံပုလွေများကလည်း အူကြ၏။

တာ့ပိုင်တို့ အဖွဲ့ကလည်း အလွန်ဉာဏ်ကောင်းကြသည်။ သူတို့၏ ခန္ဓာကိုယ်ကို သေးကျုံ့စေလိုက်ခြင်းအားဖြင့် ဖျတ်လတ်မှုကို တိုးမြှင့်လိုက်ကာ နွယ်ပင်များ အကြား ခုန်ပေါက် ပြေးလွှားနေကြ၏။

ရှောင်ပိုင်က သူ၏ တောင်ပံကိုပင် လှုပ်ခါလိုက်သည်။ ကျွိမ်ဖုန်းကလည်း သူ၏အရှိန်နှုန်း စွမ်းရည်ကို အသုံးပြုပြီး နွယ်ပင်များက သူတို့၏ ပုံရိပ်ယောင်များကိုသာ ထိသည်။ သူတို့၏ ခန္ဓာကိုယ်ကို မထိနိုင်ခဲ့ပါချေ။

ထို့အစား သူတို့ကို လွဲချော်နေသောကြောင့် နွယ်ပင်များက ဒေါသထွက်ပြီး တဆတ်ဆတ် တုန်နေကြသည်။ တာ့ပိုင်တို့ အဖွဲ့ကလည်း နွယ်ပင်များကို ဆက်တိုက်ဆိုသလို ခုတ်ဖြတ်နေကြ၏။

******

All Chapters