← Chapters

အခန်း ၈၈

Vol. 9 Ch. 88

အခန်း ၈၈

Vol. 9 Ch. 88

88 01

အပိုင်း ၈၈ ကတုံး

နွယ်ပင်၏ ဒေါသကလည်း အဖော်ပြုသော အပင်ပေါ်တွင် သက်ရောက်သည်။ တစ်ချိန်လုံး လှုပ်ရှားမှုကင်းမဲ့စွာ ရပ်နေသော အပင်ကလည်း ရုတ်တရက် ဆိုသလို တုန်ခါလာကာ သစ်ကိုင်းများကို ထုတ်လွှတ်လိုက်၏။

သစ်ရွက်များကလည်း တစ်ပင်ပြီးတစ်ပင် လှုပ်ခါလာကာ လေထဲတွင်ပင် မျောလွင့်ကုန်သည်။

အကင်းအပါးဆုံးသော တိရစ္ဆာန်များသည် အန္တရာယ်ကို ချက်ချင်း တန်းသိလိုက်ကာ တာ့ပိုင်၊ ရှောင်ပိုင်၊ ကျွိမ်ဖုန်း၊ တာ့ယွင်တို့ကလည်း ခြိမ်းခြောက်မှု အခြေအနေကို ခံစားရကာ ရှောင်ကာ အတူတကွ စုလာကြသည်။ သူတို့က လှုပ်ရှားသည်နှင့် အပင်များက လေထဲသို့ မြောက်တက်သွားသည်။ လေထဲမှ အပင်များက လှုပ်ရှားကြသည်။ ထို့နောက် တဟူးဟူး အသံများက အဆုံးအစမဲ့အောင် ထွက်ပေါ်လာပြီး သူတို့ရှိသော နေရာသို့ ၃၆၀ ဒီဂရီ အပြည့်ဖြင့် ပတ်ကာ ဝင်တိုးလာသည်။

တာ့ယွင်က ပါးစပ်ကို ဟလိုက်ကာ စက်ဝိုင်းခြမ်းလေး ကဲ့သို့သော ရေဒိုင်းကို ထုတ်လိုက်ပြီး သူတို့၏ ခန္ဓာကိုယ်ကို အတွင်းဘက်တွင် ထားထားပေးသည်။ ကျွိမ်ဖုန်းကလည်း အနောက်မှ ကပ်လိုက်ကာ လေဒိုင်း တစ်ခုကို ထုတ်လွှတ်ကာ အပြင်ဘက်သို့ ကာပေးလိုက်၏။

မရေမတွက်နိုင်သော သစ်ရွက်ပေါင်း များစွာက ဒိုင်းနှစ်လက်ကိုသာ ထိသွားပြီး သုံးမိနစ်ခန့် ကြာပြီးနောက် ဒိုင်းများက ကွဲကြေသွားသည်။

နွယ်ပင်များကလည်း နောက်ဆုံးတွင် လှုပ်ရှားလာနိုင်သည်။ လက်ရှိ အခြေအနေကို အခွင့်ကောင်း ယူခြင်းအားဖြင့် အခြားသော အပင်နှင့် ပူးပေါင်းကာ ရိုက်ခတ်ရန် ကြိုးစား၏။

ကျားဖြူနှင့် နှင်းဝံပုလွေက အတတ်နိုင်ဆုံး ကြိုးစားပြီး တိုက်ခိုက်ကာ ခုခံနေသည်။ သို့သော် သူတို့သည်လည်း သစ်ကိုင်းများကြောင့် အခြစ်ခံရခြင်း နွယ်ပင်ဖြင့် အရိုက်ခံရခြင်းတို့ကို ကြုံရလေသည်။ နီရဲသော သွေးများကလည်း စီးကျလာ၏။ သူတို့၏ အမွှေးဖြူများက ရဲကုန်သည်။

အပြင်ဘက်မှ လူလေးယောက်က မျက်တောင်ပင် မခတ်ဘဲ ကြည့်နေကြသည်။ ရှုရှင်းက ယန်မော့၏လက်ကို ဆွဲထားသည်။ ယန်မော့တို့ကလည်း သူတို့၏ ခြေထောက် ဘေးနားတွင် ချထားသော လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကြ၏။

ဝေါင်း

အူဝူး

ကျားဖြူနှင့် နှင်းဝံပုလွေတို့၏ အော်သံက တစ်တောလုံးကို လှုပ်ခါသွားစေသည်။ တိရစ္ဆာန်များက သွေးထွက်ကာ ဒဏ်ရာ ရသွားပြီးနောက် ပို၍ပင် ကြမ်းတမ်းသောစိတ်က လှုံ့ဆော်ခံရသည်။ သူတို့ မျက်လုံးက ကြမ်းတမ်းလာပြီး သစ်ရွက်များ တိုက်ခိုက်မှုကို ဂရုမစိုက်တော့ဘဲ အရှေ့သို့ ခုန်ဝင်သွား၏။

သားရိုင်း တိရစ္ဆာန်များက သားကောင်ကို သတ်သောအခါ တစ်ချက်တည်း အပြီးသတ်ရသည်ကို သဘောကျသည်။

ကျားဖြူနှင့် နှင်းဝံပုလွေတို့ကလည်း တောအုပ်ထဲတွင် တောက်လျှောက် ကျော်ဖြတ်လာခဲ့ပြီး အချင်းချင်း ကာပေးနိုင်ကြသည်။ ထို့ကြောင့် အပင်များ၏ တိုက်ကွက်များက မည်သို့ပင် ဖြစ်နေစေကာမူ သူတို့အပေါ် ခြိမ်းခြောက်မှုက အများကြီး‌ လျော့သွားစေသည်။

သစ်ရွက် တိုက်ခိုက်မှုကလည်း ကြာလာသည်နှင့်အမျှ နည်းပါးလာသည်။ အရှိန်နှုန်းကလည်း လျော့လာသည်။ သိသာစွာပင် ထိုတိုက်ကွက်ကို အကြာကြီး မထုတ်နိုင်ပေ။

ပြောင်မြောက် ထူးချွန်သော မုဆိုးကလည်း သဘာဝကို ကောင်းကောင်း နားလည်နိုင်စွမ်းရည် ရှိသည်။ အချိန်ကိုက်လည်း ဆုံးဖြတ်နိုင်၏။

88 02

ထိုသို့ဖြင့် တတိယအဆင့် အပင်က မောပန်းနွမ်းနယ်သည့် လက္ခဏာကို ပြသည်နှင့် အပင်များ၏ ကြမ်းတမ်းသော တိုက်ခိုက်မှုက စတင်လေသည်။

ရှောင်ပိုင်နှင့် တာ့ယွင်တို့က အများဆုံး တိုက်ခိုက်ပေးနေသည်။ တာ့ပိုင်နှင့် ကျွိမ်ဖုန်းတို့က သစ်ပင်နှင့် အမြှီးမရှိသော နွယ်ပင်ကိုသာ အဓိကထားပြီး တိုက်ခိုက်ကာ တစ်ချက်ချင်းစီနှင့် အရရှင်းရင်း အမြူတေကို ဆွဲထုတ် လိုက်ကြသည်။

စက္ကန့် သုံးဆယ်တည်းနှင့်ပင် တတိယအဆင့် ဆင့်ကဲ ပြောင်းလဲထားပြီးသား အပင်နှင့် အဖော်ပြု အပင်တို့ကလည်း မလှုပ်နိုင်တောာ့ပေ။

“ရှောင်ပိုင်တို့ အောင်မြင်သွားပြီ သူတို့ အောင်မြင်ပြီ”

ရှုရှင်းက စိတ်လှုပ်ရှားစွာ ထခုန်သည်။ ယန်မော့၏ လက်မောင်းကို ခါသည်။ လက်မောင်းကလည်း ရှေ့ပြန်နောက်ပြန် ခါရမ်းနေသည်။ ဟန်ချက်ကိုပင် မထိန်းနိုင်ပေ။

ပုရှန်းဝမ်နှင့် မူချီမိုင်တို့၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုကို မြင်နိုင်သည်။ သူတို့က ဂုဏ်ယူနေကြ၏။

“သွားရအောင် ဒဏ်ရာကို အရင် ကြည့်မယ်”

ယန်မော့က ရှုရှင်းအား တာ့ပိုင်တို့ အရှေ့သို့ ဆွဲခေါ်လာသည်။ ပုရှန်းဝမ်နှင့် မူချီမိုင်တို့ကလည်း ဆေးခြင်းတောင်းများဖြင့် အရောက်လာ၏။ ယန်မော့တို့ ထက်ပင် မြန်သေးသည်။

တတိယအဆင့် အပင်နှစ်ပင်ကြောင့် အနားတွင် မည်သည့်အပင်မှ မရှိကြလေရာ သည်နေရာက အတော်လေး လုံခြုံသည်ဟု ထင်သည်။ ထို့ကြောင့် ရှုရှင်းက ပိုရှင်းသော နေရာကို ရှာလိုက်ပြီး ဆေးအိတ်ကို ချလိုက်သည်။ ရေ၊ ကတ်ကြေးနှင့် သင့်တော်သော ဆေးပစ္စည်းများကိုလည်း ချလိုက်သည်။ စားစရာနှင့် ရေအမြောက်အမြား တို့ကိုလည်း တာ့ပိုင်တို့ကို ပေးလိုက်၏။

သူတို့၏ အရွယ်အစားလေးကို အနည်းငယ် ပြန်ကြီးစေပြီး နောက်ဆုံးတွင် သူတို့ တစ်ယောက်ချင်းစီတိုင်းကို သီးသန့် ခွဲယူကာ ထုတ်ထားပြီးသား ပစ္စည်းများနှင့် ဒဏ်ရာကို ဂရုစိုက်ပေးသည်။

ဒဏ်ရာ ရထားသော နေရာများမှ အမွှေးများကိုလည်း ပိုးမဝင်စေရန် အလို့ငှာ ညှပ်လိုက်ရသည်။

ကျားဖြူနှင့် နှင်းဝံပုလွေတို့ကလည်း သူတို့၏ သခင်များ၏ အာရုံဝင်စားမှုကို ခံစားနေပြီးနောက် ပါးစပ်ထဲသို့ လာခွံ့ပေးသော စားစရာများကို စားပြီး ပတ်တီး စည်းပေးခံနေသည်။ သူတို့၏ ပုံစံက မည်မျှ ရယ်စရာ ကောင်းနေကြောင်း မသိသေးပေ။ ယန်မော့နှင့် မူချီမိုင်တို့က ခပ်မြန်မြန် လှုပ်ရှားလိုက်သည်။ တာ့ပိုင်နှင့် ကျွိမ်ဖုန်းတို့၏ ဒဏ်ရာများကို အရင်ဆုံး ကုသ၍ ပြီးသွားသည်။ နှင်းဝံပုလွေ နှစ်ကောင်က မတည်မငြိမ် ထရပ်ကြပြီး တစ်ယောက် အခြေအနေကို တစ်ယောက် ကြည့်သည်။ အထူးသဖြင့် ရှောင်ပိုင်နှင့် တာ့ယွင်ကို ကြည့်ခြင်းဖြစ်သည်။

အား….

တာ့ယွင် ; ဟား ဟား ဟား ရုပ်ဆိုးလိုက်တာ

“ရှူး”

ကျွိမ်ဖုန်း : မင်း ဘာကို ပြောနေတာလဲ၊ မင်းကိုယ်မင်း ကြည့်ကောင်းတယ်လို့ ထင်နေတာလား

တာ့ယွင် : ငါက ကျားဖြူလောကမှာ အချောဆုံး ကျားပဲ၊ ငါက မင်းလို ဘယ်ဘက်ခြမ်း ညာဘက်ခြမ်းက ကတုံး ဖြစ်နေတာထက် ပိုကြည့်ကောင်းတယ်။

ကျွိမ်ဖုန်း : မင်း ဘာလို့ အဲဒီစကား မပြောခင် ကိုယ့်ကိုယ်ကို ဘာလို့ အရင် ပြန်မကြည့်တာလဲ။

တာ့ယွင်ကလည်း တာ့ပိုင်၏ လှောင်ပြောင်နေသော လေသံအရ တစ်စုံတစ်ရာကို ခံစားမိသွားပုံရပြီး ခေါင်းကို တဖြည်းဖြည်းချင်းစီ လှည့်ကာ လက်ရှိ ပုံပန်းသွင်ပြင်ကို ပြန်ကြည့်သည်။ မညီမညာ ညှပ်ထားသော အမွှေးများကို မျက်ဝါးထင်ထင် မြင်လိုက်ရပြီး မျက်လုံးက မဲမှောင်သွား၏။

88 03

ရှောင်ပိုင်က သူတို့၏ စကားကို နားထောင်နေရင်း ခေါင်းကို လှည့်ကာ ကိုယ့်အခြေအနေကိုယ် ပြန်ကြည့်ပြီးနောက် လန့်သွားသည်။

ရှောင်ပိုင် : ငါ မကြည့်ဘူး ငါ မကြည့်ဘူး ငါ ရုပ်မဆိုးဘူး။

ရှောင်ပိုင်သည် သူ့ကိုယ်သူ မနှစ်သိမ့်နိုင်ခဲ့ဘဲ မျက်ရည်များ ကျလာသည်။

: ဝူး ဝူး ဝူး ငါက ကောင်မလေးလေ ငါ့မျက်နှာ ထိန်းရအုံးမယ်၊ ငါ သားရဲတစ်ကောင် အနေနဲ့ အရှက်မရချင်ဘူး။

သူတို့ နှစ်ယောက်လုံးက မိန်းကလေး ဖြစ်သောကြောင့်လား မသိ ရှုရှင်း ကလည်း ရှောင်ပိုင်၏ ဝမ်းနည်းမှုကို နားလည်ပြီး နေရာလပ် နယ်မြေထဲတွင် ပစ္စည်း သွားရှာသည်။

သတိမထားမိသော ထောင့်တစ်နေရာတွင် သူမသည် တစ်ခါ ကြောင်သဲ ဝယ်ချိန်က ဆိုင်မှ ပေးလိုက်သည့် တိရစ္ဆာန် အဝတ်အစားလေးများကို တွေ့လိုက်သည်။ ရှောင်ပိုင်တို့ အရွယ်အစားနှင့်လည်း ကွက်တိဖြစ်သည်။

ထို့ကြောင့် ရှုရှင်း ထုတ်လာသော အဝတ်အစားများကို ပေးမှသာ တာ့ပိုင်၏ ဝံပုလွေအမွှေးက ထင်သလောက် လေးနက်ပုံ မပေါက်တော့ပေ။

အလှကြိုက်သော ရှောင်ပိုင်နှင့် ထိန်းထိန်းသိမ်းသိမ်း နေတတ်ပြီး ရှက်တတ်သော တာ့ယွင်တို့ကလည်း အလွန်အမင်း ကျေနပ်သွားသည်။ ထိုသို့ဖြင့် အစောပိုင်းက အခြေအနေကို လုံးဝ မေ့သွား၏။

******

All Chapters