အခန်း ၈၉
Vol. 9 Ch. 89
89 01
အပိုင်း ၈၉ ဘုရားရေ ဒါက အရမ်းမှော်ဆန်တာပဲလား
ထိုနေ့က အခြေစိုက်စခန်းတွင် ရှုရှင်းနှင့် ကတောက်ကဆ ဖြစ်ပြီးနောက် ပိုင်ကျန်းချူက ထိုညတွင် သူ၏အစ်ကိုကို သွားရှာကာ ရှုရှင်းသည်လည်း C မြို့ အခြေစိုက်စခန်းတွင် ရောက်နေကြောင်း ယန်မော့ဆိုသော ယန်မိသားစု ဆက်ခံသူနှင့် အတူနေကြောင်း ပြောပြလိုက်သည်။
“ကျန်းချူ မင်း သူတို့ကို ရင်ဆိုင်ချင်ရင်တော့ အရမ်း နောက်ကျသွားပြီ။ ငါတို့ မိသားစုရဲ့ ဒီအခြေစိုက်စခန်း အုတ်မြစ်က ထင်သလောက် မနက်ရှိုင်းသေးဘူး၊ ဒီလို အခြေအနေမျိုးမှာ စပြီး မတိုက်ခိုက်သင့်ဘူး”
“ယန်မော့ အတွက်ကတော့ အင်အားကြီးမားတဲ့ နဂါးကို နယ်မြေမြွေက အလဲ မထိုးနိုင်ဘူး၊ ငါတို့က Cမြို့ အခြေစိုက်စခန်းမှာ ခိုင်မာတဲ့ ခံတပ်ကို တည်ဆောက်နိုင်ပြီ ဆိုတာနဲ့ သူ့ရဲ့ ယန်မိသားစုက C မြို့ကမှ မဟုတ်တာ၊ ဆိုတော့ သူက ငါတို့ကို သူ တစ်ယောက်တည်းနဲ့ ဘယ်လောက်အထိ ခြိမ်းခြောက်လာနိုင်မှာ မို့လို့လဲ”
ခေါင်းတွင် ဆံပင်ဖြူ အများကြီး ပြည့်နှက်နေသည့် ပိုင်ရှန်းတိက ထိုအခြေအနေ တစ်ခုလုံးအား ပိုင်ကျန်းချူကို အလေးအနက် ရှင်းပြသည်။
ကမ္ဘာကပ်ဘေး ကာလပြီးနောက် ပိုင်ကျန်းချူသည် ဒါဟာ ပိုင်မိသားစုတွင် ကျန်ရစ်သောသူ ဖြစ်သည်။ ယခင်က သူ၏အရှေ့တွင် သူ့အဖေက ရှိခဲ့သေးသည်။ ပိုင်ကျန်းချူ၏ လေ့ကျင့်မှုကလည်း အတော်လေး ပေါ့လျော့ နေခဲ့ခြင်းအားဖြင့် ပိုင်ကျန်းချူသည် သူ ရှာတွေ့သောအခါ တစ်ဝက်လောက်သာ အသုံးကျတော့သည်။
သူ၏ သည်ဘဝအတောအတွင်း ပိုင်ကျန်းချူကို ပြန်လည်ဦးမော့တင်နိုင်ရန် မျှော်လင့်သည်။
“အဖိုး ငါ နားလည်ပါပြီ”
သူ့အဖိုးက ထိုကိစ္စ၏ အကျိုးအပြစ် သက်ရောက်မှုကို ရှင်းရှင်းလင်းလင်း ပြောပြပေးသည်။ သူကသာ နားမလည်သေးလျှင် သူ၏ ဦးနှောက်ကသာ မှားယွင်းနေပေတော့မည်။
“အဖိုးလည်း မင်း ဒေါသထွက်နေမှန်း သိတယ်၊ ဒါပေမဲ့ သူတို့က အခြေစိုက်စခန်းမှာ ထာဝရ မနေနိုင်ပါဘူး၊ သူတို့ သေချာပေါက် အပြင်ကို ထွက်ပြီး တာဝန်တွေ လွှတ်လို့ စွမ်းအင်အမှတ်တွေ ရှာရမှာပဲ၊ သလင်းအမြူတေတွေကို ရှာရမှာပဲ၊ နောက်တစ်ခေါက် သူတို့ တာဝန်ထွက်တဲ့အချိန်မှာ လူအနည်းစုကို အနောက်ကနေ ကပ်လိုက်သွားခိုင်းလိုက်ပြီး နည်းနည်း ပျက်စီးအောင် လုပ်လိုက်ပေါ့”
“သူတို့ ပြန်လာတဲ့အချိန်မှာ ငါတို့မှန်းလည်း သိမှာ မဟုတ်ဘူးလေ၊ နောက်ပြီး သက်သေလည်း မရှိဘူး၊ အရှုံးကို မြိုချထားရလိမ့်မယ်”
ပိုင်ရှန်းတိက သက်ပြင်းကိုချပြီး အကြံတစ်ခု ပေးလိုက်သည်။
“ငါ နားလည်ပါပြီ ကျေးဇူးတင်ပါတယ် အဖိုး”
ပိုင်ကျန်းချူ၏ မျက်လုံးက တောက်ပသွားပြီး ချက်ချင်းဆိုသလို ထရပ်ကာ ထွက်သွားပြီး စီစဉ်တော့သည်။
ရှုရှင်းတို့အဖွဲ့ ထွက်သွားသော တတိယတစ်ရက် မဲမှောင်ကာ လေထန်သော ညတွင် သူတို့၏ စံအိမ်က မဖိတ်ခေါ်ထားသော ဧည့်သည်တစ်အုပ်ကို ကြိုဆို လက်ခံရရှိသည်။
“သခင် ငါတို့ ဘယ်လောက် အတိုင်းအတာအထိ ဖျက်ဆီးရမှာလဲ”
အနက်ရောင်ဝတ်စုံ ဝတ်ထားသောလူက အရှေ့သို့ တက်ပြီး အရှေ့ဆုံးတွင် ရပ်နေသော ပိုင်ကျန်းချူကို မေးသည်။
“ဒါပေါ့ ယူနိုင်သမျှ အားလုံး ယူသွားရမယ်၊ မယူသွားနိုင်တာတွေကို ဖျက်ဆီးခဲ့ ငါ့ကို ရန်စတဲ့ အကျိုးဆက်ကို သူတို့ကို သိခိုင်းရမယ်လေ”
“ဟုတ်ကဲ့သခင်”
မူလကမူ ပိုင်ကျန်းချူသည် ကိုယ်တိုင်ကိုယ်ကျ လာရန် မလိုအပ်ခဲ့ပေ။ သို့သော် သူသည်လည်း ထိုနေ့က ရှုရှင်း၏ အရှက်ခွဲမှုကို သည်းမခံနိုင်ခဲ့သေးပေ။ ထို့ကြောင့် ကိုယ်တိုင်ကိုယ်ကျသာ မလာခဲ့လျှင် သူ၏ဒေါသက ပြေနိုင်တော့မည် မဟုတ်ပေ။
နဂိုကတည်းက စံအိမ်ထဲတွင် ပစ္စည်းအများကြီး မရှိပေ။ ဒါဟာ ပုံစံငယ် အခန်းတစ်ခုနှင့်ပင် မခြားနားပါပေ။ တစ်ခုတည်းသော ခြားနားချက်ကမူ တန်ကြေး ရှိပုံရသော ကုတင်သုံးလုံး ဖြစ်သည်။
89 02
ဒေါသထွက်နေသော ပိုင်ကျန်းချူက ထိုကုတင်သုံးလုံးအား အစိတ်စိတ် အပိုင်းပိုင်း ခုတ်ပိုင်းခဲ့ပြီး အစုတ်အပြတ်အပုံသာ ချန်ထားရစ်ခဲ့သည်။ သူသည် အိပ်ခန်းတံခါးကိုပင် ခပ်ကြမ်းကြမ်း ဆောင့်ကန်ကာ ဒေါသကို ဖောက်ထုတ်ခဲ့သည်။
ကျားဖြူနှင့် နှင်းဝံပုလွေက အသာပူးပေါင်းကာ တတိယအဆင့် ဆင့်ကဲပြောင်းလဲထားသော အပင်နှစ်ပင်ကို သတ်ဖြတ်ခဲ့သည်။ သူတို့၏ အသစ်စက်စက် ရထားသော သဘာဝလွန် စွမ်းအားများကလည်း သူတို့ကို အချင်းချင်း ပူးပေါင်းလိုက်စေပြီး ကောင်းကောင်းသုံးနိုင်စေသည်။ သူတို့ကို ဒီလောက် ခေါ်ထုတ်လာသည့် ရည်ရွယ်ချက်ကလည်း ပြည့်မြောက်သွား၏။
နောက်တစ်ရက်တွင် ကျားဖြူနှင့် နှင်းဝံပုလွေတို့က လှပသော အဝတ်လေးများကို ဝတ်ဆင်၍ ခြေနှစ်ချောင်း သခင်များ၏အနောက်မှ လိုက်ကာ အခြေစိုက်စခန်းသို့ ပြန်လာခဲ့ကြသည်။
အခြေစိုက်စခန်းသို့ ပြန်ရောက်ပြီးနောက် သူတို့၏ သခင်များက လုပ်ရိုးလုပ်စဉ် အတိုင်း ပုရှန်းဝမ်နှင့် မူချင်မိုင်တို့က အဆင့်နှစ် ဆင့်ကဲ ပြောင်းလဲထားသော အပင်ငါးပင်၏ အလောင်းများကို ယူကာ ခပ်အေးအေး လျှောက်သွားပြီး ဒုတိယထပ်သို့ တက်ကာ တာဝန် သွားအပ်သည်။
အပြန်လမ်းတွင်လည်း သူတို့ ဆွေးနွေးလာပြီးသား ဖြစ်သည်။
သူတို့နှင့် ပိုင်မိသားစုက အခြေစိုက်စခန်း တစ်ခုတည်းတွင် ရှိနေကြသည်။ ပိုင်မိသားစုက သူတို့ကို ရန်ငြိုးထားမည်မှာ သေချာပေါက်ဖြစ်သည်။ အနာဂါတ်တွင်လည်း အခြားသော သူများက သေချာပေါက် သိသွားပေ လိမ့်မည်။ ထို့အပြင် အခြေစိုက်စခန်းမှ အမျိုးမျိုးသော အင်အားစုများက စတင်ကာ ပုံသဏ္ဍာန် ပေါ်လာပြီဖြစ်ကြောင်း ကတောက်ကဆ ဖြစ်မှုများက လွှဲရှောင်၍ မရနိုင်တော့ပေ။
သူတို့သည် မည်သည့်အဖွဲ့ကမှ မဟုတ်ပေ။ ယခုက စတင်လေပြီး အခြေစိုက်စခန်းမှ လူများအား နံပါတ် ၆ အသင်းဟာ အင်အား ကြီးမားကြောင်း သိအောင်လုပ်ပြီး နံပါတ် ၆ အသင်းကို အလွယ်တကူ လာရှုပ်၍ မရကြောင်း ယုံကြည်စေရပေမည်။
ဒီတာဝန်က အကောင်းဆုံး အခွင့်အရေးဖြစ်သည်။
ထို့ကြောင့် ရှုရှင်းအား နေရာလပ်နယ်မြေကို သုံးကာ သွားပေးခိုင်းရမည့်အစား ပုရှန်းဝမ်နှင့် မူချင်မိုင်တို့ကသာ မစ်ရှင် ပြီးမြောက်သည့် ပစ္စည်းများကို ကိုယ်တိုင်ကိုယ်ကျ ထမ်းကာ သယ်လာပြီး အားလုံးကို ပြသသည်။
အခြေစိုက်စခန်းမှ စိတ်စွမ်းအားပညာရှင် အများစုကလည်း ကြောက်ရွံ့ရိုသေသွားကြ၏။ ဒါဟာ သူတို့၏ပထမဦးဆုံး အကြိမ်လည်း ဖြစ်သည်။
သူတို့ ရွေးချယ်ထားသော နေရာကလည်း အလွန်သင့်လျော်သည်။ မနက်က ငါးနာရီ ဖြစ်နေသည်။ ဝန်ဆောင်မှုခန်းမကလည်း လူအများဆုံး အချိန် ဖြစ်သည်။ ထိုနှစ်ယောက်က ကြီးမားသော အဆင့်နှစ် ဆင့်ကဲ ပြောင်းလဲထားသော အပင်ကြီးနှစ်ပင်ကို ထမ်းသယ်သွားလေရာ လူပေါင်းများစွာ၏ အာရုံကို ချက်ချင်း ဆွဲဆောင်မိသွားစေသည်။
လူတိုင်းကလည်း လှေကားထစ်တွင် ပျောက်ကွယ်သွားသော သူတို့၏ ပုံရိပ်ကို ကြည့်နေကြပြီး အပူတပြင်း ဆွေးနွေးနေရာက ဖြစ်ပေါ်လာ၏။
ဖြတ်လျှောက် အေ “ဝိုး ဒီနှစ်ယောက်က ဆင့်ကဲ ပြောင်းလဲထားတဲ့ အပင်အလောင်းတွေ သယ်သွားတာမလား။ အဆင့်တစ်တော့ မဟုတ်ဘူး ထင်တယ်။ အဆင့်တစ်က အဲဒီလောက် မကြီးဘူးလေ ဟုတ်တယ်မလား”
ဖြတ်လျှောက် ဘီ “ဟား ဟား မင်းရဲ့ ထောင်လွှားနေတဲ့ပုံကို ကြည့်အုံး။ ဒါက တကယ်တော့ အဆင့် နှစ်”
ဖြတ်လျှောက်အေ “အဆင့်နှစ် ဆင့်ကဲပြောင်းလဲထားတဲ့ အပင် သူတို့ ဘယ်နှစ်ပင်တောင် ယူလာကြတာလဲ၊ အားလုံးပေါင်း ငါးပင် မဟုတ်လား၊ ဘုရားရေ ဒါက အရမ်း အင်အားကြီးတာပဲ”
ဖြတ်လျှောက် စီ “အဆင့်နှစ် ဆင့်ကဲပြောင်းလဲထားတဲ့ အပင်တွေကို ကိုင်တွယ်နိုင်တဲ့ စိတ်စွမ်းအား ပညာရှင် အသင်းက အနည်းဆုံး အဆင့်နှစ်အဆင့် တစ်တော့ မဖြစ်နိုင်လောက်ဘူး။ ဆိုတော့ သူတို့ရဲ့ အင်အားကို သေချာပေါက် အထင်သေးလို့ မရတော့ဘူး၊ အခြေစိုက်စခန်းကြီး တစ်ခုလုံးမှာ အဲ့ဒီအဆင့်ကို ရောက်နိုင်တဲ့ အသင်းက ငါးသင်းတောင် ရှိတာမဟုတ်ဘူး၊ ဆိုတော့ သူတို့က ဘယ်အဆင့်မှာလဲ”
သူတို့၏ အနောက်ဘက်မှ သူတို့၏ စကားတစ်ခုလုံးကို ကြားသော ဖြတ်လျှောက် တစ်လျှောက်က ပြောသည်။
“ဟင် မင်းတို့က သူတို့ကိုတောင် မသိဘူးလား၊ သူတို့က အရင်တစ်ခေါက်က မစ်ရှင်ခန်းမမှာ လေးငါးရက် ဆက်တိုက် လျှောက်သွားနေပြီး ဘာတာဝန်မှ မယူခဲ့တဲ့ နံပါတ် ခြောက်အဖွဲ့လေ”
89 03
“အဲဒီအချိန်တုန်းက မစ်ရှင်တွေက သာမန်ပဲ ဘာမှ ထူးခြားတာ မရှိဘူး၊ အဲဒါကြောင့် သူတို့ မယူခဲ့တာဖြစ်မယ်၊ ဒါပေမဲ့ အခုတစ်ခေါက် တော်တော်လေးကို အန္တရာယ်များတဲ့ မစ်ရှင်းကို ရလာတော့ သူတို့က တန်းယူလိုက်ရော ဆိုတော့ သူတို့က ဒီဆင့်ကဲ ပြောင်းလဲထားတဲ့ မစ်ရှင်တွေကို ချိန်ရွယ်နေတာပေါ့”
“ဝိုး မင်း ပြောတာကို ကြားပြီးတော့ ဒီအသင်းကို တော်တော်လေးကို သိချင်လာပြီ၊ သူတို့ကိုတောင် တော်တော်လေး လေးစားမိသွားပြီ ဟား ဟား”
“ဘုရားရေ ဒါက မှော်ဆန်လွန်း မနေဘူးလား”
အခြားသူများ “….”
ထိုကဲ့သို့သော စကားပြောခန်းများကလည်း နေရာအနှံ့တွင် ဖြစ်ပွားနေခဲ့သည်။
ပုရှန်းဝမ်နှင့် မူချင်မိုင်တို့က သူတို့၏ တာဝန်ကို ပြီးမြောက်အောင် လုပ်ပြီးနောက် နံပါတ် ၆ အသင်း၏ တိုက်ခိုက်နိုင်စွမ်းအားက ကောင်းကင်ဘုံအထိ ထိုးတက်သွားကြောင်း သတင်းပျံ့နှံ့နေလေသည်။
နံပါတ် ၆ အသင်း၏သဘာဝလွန် စွမ်းအားကို ကြေညာမည့် အဆင့်ကတော့ အောင်မြင်သွားသည်။
သို့ရာတွင် သူတို့က အောင်မြင်လွန်းသောကြောင့် ဖြစ်လောက်သည်။ အချိန်အတန်ကြာသည့်တိုင်အောင် မည်သည့်နေရာသို့ သွားသွား လူအများက လူစုခွဲပြီး နေကြ၏။ မသိလျှင် တောင်ပေါ်မှ လူသတ်ဓါးပြများ ဆင်းလာသည်နှင့်ပင် တူသေးသည်။
ထိုတုံ့ပြန်မှုကလည်း ယန်မော့တို့ မျှော်လင့်ထားသော တုံ့ပြန်မှုမျိုး ဖြစ်လေသည်။
နောက်ဆုံး သက်ရောက်မှုက ရရှိခဲ့သော်လည်း မျှော်လင့်ထားသည်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသေးသည်။
ထို့ကြောင့် ထိုလူများ၏ စိတ်ကူးယဉ်နိုင်စွမ်းအားက ကြောက်စရာ ကောင်းသည်ဟုသာ တွေးရတော့ပေမည်။ ဒါဟာ သူတို့ မျှော်လင့်ထားသော အတိုင်းအတာကိုပင် ကျော်လွန်နေသည်။
******